နင်တော့ လှည့်စားခံရပြီ
Vol. 27 Ch. 394
လင်းရီ နှုတ်မှ အမြဲတစေ ပေါက်တတ်ကရတို့ ရွတ်တတ်သည်ကို သိနေသောကြောင့် လျန်ရူရွှယ် မျက်လုံးအသာလှန်၍ ထွက်လာခဲ့လိုက်သည်။
ကားထဲသို့ ရောက်ရှိပြီးနောက် သူမအိတ်ထဲရှိ ဖုန်းသံ မြည်လာလေသည်။
သူမအဘိုးမှ ခေါ်ဆိုလာခဲ့ခြင်းဖြစ်၏။
"ဘိုးဘိုးရဲ့ အစည်းအဝေးက ပြီးသွားပြီလား..."
"အင်း....အဘိုးပြောဖို့ လိုအပ်တာတွေ ပြောပြီးပြီဆိုတော့ ကျန်တဲ့ အစည်းအဝေးတွေတော့ လိုက်တက်မနေတော့ဘူး..."လျန်ရူရွှယ်၏ အဘိုးမှ ပြောလိုက်သည်။
"အဘိုးကြီးရန်ရဲ့ အခြေအနေကော...ဒေါက်တာက ဘာပြောလဲ..."
"ဒေါက်တာပြောတာတော့ သူ နောက်ထပ် ဆယ်စုနှစ်နှစ်ခုလောက်အထိ နေလို့ရဦးမယ်ဆိုပဲ..."လင်းရီ ခွဲစိတ်ခန်းထဲမှ ထွက်လာပြီးနောက် ပြောခဲ့သည့် စကားများကို ပြန်လည်ပြောပြရင်း "ဒေါက်တာက သူသေရင်တောင် သူ့အတွက် ငွေစက္ကူမီးရှို့ပေးချင်တောင် ရသေးတယ်ဆိုပဲ....."
"ဟားဟား...ဟုတ်လို့လားကွာ... သူ့အသက်ကဖြင့် သင်္ချိုင်းကုန်းကို ခြေတစ်ဖက်လှမ်းနေပြီကိုပဲ ခွဲစိတ်ခန်းထဲမှာ မသေရင်တောင် အတော်လေးကံကောင်းနေပြီ...."
"သူများကို အဲ့လိုမပြောရဘူးလေ... ဘိုးဘိုးကြီးက အရမ်းစိတ်သဘောထား ကျဉ်းမြောင်းတာပဲ...."
"ဟေ...ဘာမှားနေလို့ ဒီအဘိုးကြီးက စိတ်သဘောထားကျဉ်းမြောင်းတဲ့သူဖြစ်သွားတာ...အသက်ကြီးတယ်ဆိုပြီး အထင်မသေးနဲ့....မြေးတောင် ဘိုးဘိုးနဲ့ယှဉ်နိုင်မှာမဟုတ်ဘူး..."
"ဟွန့်...အသက်ကဖြင့် ဒီလောက်ကြီးနေပြီကို အားမှမနာ ကိုယ့်မြေးမလေးနဲ့ လာယှဉ်နေသေးတယ်..အရမ်းအရှက်မဲ့လွန်းတယ်...."
"ဟိုးဟိုး....သတိတော့ပေးလိုက်မယ်...မြေးအဘိုးက ရူးတော့မရူးသေးဘူး..."
"ဟုတ်ပါပြီ ဟုတ်ပါပြီ...ဘိုးဘိုးလျန်က ဒီနိုင်ငံရဲ့ မဏ္ဍ်ုကြီးပါ...ဘယ်သူမှ ဘိုးဘိုးကြီးနဲ့ မယှဉ်ပြိုင်နိုင်ဘူး..."
လျန်ရူရွှယ်အပြုံးလေးဖြင့် ပြောလိုက်ပြီး "ဒါပေမယ့် ဒီတစ်ခေါက် အဘိုးရန်ကို ခွဲစိတ်ပေးတဲ့သူက ဒေါက်တာငယ်ငယ်လေး...ပြီးတော့ သူက သမီးသူငယ်ချင်းထဲက တစ်ယောက်ပဲ...."
"ဒေါက်တာ ငယ်ငယ်လေး...ပြီးတော့ မြေးရဲ့သူငယ်ချင်း....."လျန်ရူရွှယ်၏ အဘိုးမှာ အံ့အားသင့်စွာ မေးမြန်းလိုက်ပြီး "ဟမ့်...ဒိအဘိုးကြီးကို အသက်ကြီးတယ်ဆိုပြီးတော့ အကြောင်တော့ လာမရိုက်နဲ့....မြေးသူငယ်ချင်းတွေ အကုန်လုံးက ရန်ကျင်းမှာလေ...ပြီးတော့ ဆရာ၀န်လည်း တစ်ယောက်မှ မရှိဘူးမဟုတ်လား...."
"သမီးရဲ့ သူငယ်ချင်းအသစ်က ကျိုးဟိုင်ကကော မဖြစ်နိုင်ဘူးလား...."
"မြေးကျိုးဟိုင်ရောက်တာတောင် ဘယ်လောက်ကြာသေးလို့...မြေးနှုတ်က ပြောဖူးတဲ့သူဆိုလို့ ဟို လီတိုဂရပ်ဖီစက် ဖန်တီးနေတဲ့ ကောင်စုတ်လေးပဲ ကြားဖူးသေးတယ်....နေစမ်းပါဦး.....အဲ့ကောင်က ရန်အဘိုးကြီးကို ခွဲစိတ်ပေးလိုက်တာလား...."
"အင်း...."
"အင်း..."လျန်အဘိုးကြီး ကြောင်အသွားခဲ့ပြီး မသိလိုက်စွာဖြင့် သူ၏အသံကို မြင့်လိုက်မိသည်။
စကားတစ်လုံးတည်းသာဖြစ်သော်လည်း ၎င်းနောက်ရှိ အဓိပ္ပာယ် တစ်ခုလုံးကတော့ ပြောင်းလဲသွားလေသည်။
"အသက်ကြီးလာလို့ ငါပဲနားကြား မှားသလားတော့မသိဘူး....နောက်တစ်ခေါက်လောက် ပြန်ပြောဦး ...ဘယ်သူက ခွဲစိတ်ပေးလိုက်တာ..."
"လီတိုဂရပ်ဖီစက် ဖန်တီးနေတဲ့ သမီးရဲ့ သူငယ်ချင်းက အဘိုးရန်ကို ခွဲ စိတ် ကု သ ပေး လိုက်တာ...." သေချာစေရန် လျန်ရူရွှယ် တစ်လုံးချင်းခြားပြီး သေချာစွာ ပြောပြလိုက်၏။
"အဓိပ္ပာယ်မရှိလိုက်တာ...ဖိုတိုလီတိုဂရပ်ဖီစက်ကို ဖန်တီးနေတဲ့သူက ရန်အဘိုးကြီးကို ခွဲစိတ်ပေးလိုက်တယ်လား.... "
"ယုံချင်စရာ မကောင်းဘူးဆိုပေမယ့် အမှန်ပဲ..အဲ့ဒီအချိန်တုန်းက ဟွာရှန်းဆေးရုံက ဒေါက်တာတွေ အကုန် လက်မြောက်ဖို့ ဆုံးဖြတ်ထားပြီးသား....နောက်ကျတော့ သူပဲ အကောင်းဆုံးကြိုးစားပြီးတော့ အောင်မြင်သွားခဲ့တာလေ...."
နောက်ထပ် မိနစ်နှစ်ဆယ်ခန့်လောက်အထိ လျန်ရူရွှယ် သူမအဘိုးကို ဖြစ်ကြောင်းကုန်စင်ကို ပြောပြခဲ့သည်။
လျန်ရူရွှယ်၏ အဘိုးကတော့ ဖုန်းတစ်ဖက်တွင် ပါးစပ်အဟောင်းသားဖြင့် နားထောင်နေလေသည်။ သူ့မြေးမလေးမှ စိတ်ကူးယဉ်ပုံပြင်တစ်ခုကို ပြောပြနေသည့်အလား ခံစားနေမိတော့၏။
အဘယ်ကြောင့်ဆိုသော် ဖြစ်နိုင်ချေ မရှိလုနီးပါး နည်းပါးသောကြောင့်ပင်။
"အဘိုး လက်မခံနိုင် ဖြစ်နေတယ်ဆိုတာ သမီးသိတယ်... သမီးတုန်းကလည်း အဲ့အတိုင်းပဲ...ကိုယ်တိုင်သာ မကြုံတွေ့ခဲ့ရင် ယုံဖို့ ခက်ကြီးရယ်...."
"အဲ့ကောင်စုတ်လေးက ဘယ်လိုမျိုးတုန်းဟ...သူ့ဦးနှောက်က ဘယ်လိုတောင် ဆံ့နေတာ..."
"အင်း...ပါရမီရှင်လို့ ခေါ်ထိုက်တဲ့သူနေမှာပေါ့..."
လျန်ရူရွှယ် အပြုံးလေးဖြင့် ပြောလိုက်သည်။
"အဲ့ကောင်လေးက ချောလား..ကြည့်ကောင်းလား...."
"အွန်း...ချောတယ် တော်တော်လေးလည်း ကြည့်လို့ကောင်းတယ်......."
"အိုက်ယား...အဲ့လိုဆို အိမ်ကို တန်းခေါ်ခဲ့လိုက်တော့လေ...မြေးအဘွားက အဲ့လို ရုပ်ချောပြီး ထက်မြက်တဲ့သူတွေဆို အရမ်းသဘောကျတာ....မြေးနဲ့ဆို သေချာပေါက် သဘောတူမှာ...."
"ဘိုးဘိုး...သမီး အိမ်ထောင်မပြုချင်သေးဘူးလို့ အထပ်ထပ် ပြောထားပြီးသားနော် ..ဒီကိစ္စပဲ ဆက်ပြောနေမယ်ဆိုရင်တော့ ဖုန်းချပစ်လိုက်မှာ ဟွန်း လူကိုဘာမှတ်...."
"ဒီကောင်မလေးကတော့...."အဘိုးကြီးမှ ခေါင်းခါရမ်းလိုက်ပြီး "အသက်ကဖြင့် ဒီအရွယ်တောင်ရောက်နေပြီကို အိမ်ထောင်မပြုချင်သေးဘူးဆိုတော့ ဘယ်အချိန်ကျမှ အိမ်ထောင်ပြုမှာ...ကြာရင် အပျိုးဟိုင်းကြီးဖြစ်သွားပြီး ဘယ်သူမှ မလိုချင်ပဲ ဖြစ်သွားလိမ့်မယ်...ဒီအလုပ်က ဘာများ အရေးကြီးနေလို့....ယုံချင်ယံ မယုံချင်နေအဘိုးပြန်ခေါ်ပြီးတော့မှကို အိမ်ထောင်ချပေးတော့မှာ......"
လျန်ရူရွှယ်၏ အဘိုးမှ စိတ်ပိုင်းဖြတ်ထားသည့် ပုံစံဖြင့် ပြောလိုက်ပြီး "တကယ်လို့ အဘိုးသာ ၀င်မပါဘူးဆိုရင်မြေးလည်း ဒိတစ်သက် အမြဲတမ်းအရာရှိဖြစ်ဖို့ လမ်းမမြင်ပါဘူးကွာ.."
"ဟီးဟီး အဘိုး အဲ့လိုထင်နေရင်တော့ မှားသွားလိမ့်မယ်နော..... အဘိုး၀င်မပါရင်တောင်မှ သမီးက နှစ်နှစ်အတွင်း အမြဲတမ်းအရာရှိဖြစ်ဖို့ ယုံကြည်ချက် ရှိပြီးသား.... "
"နှစ်နှစ်..."လျန်ရူရွှယ်၏ အဘိုးမှ မျက်ခုံးပင့်လိုက်ပြီး "ဘာလဲ...အခွင့်အရေးကောင်းတွေ ရှာတွေ့သွားလို့လား.... "
"သူက သမီးနာမည်ကို ဖိုတိုလီတိုဂရပ်ဖီပရောဂျက်ထဲမှာ ထည့်ထားပေးတယ်လေ..."လျန်ရူးရွှယ်မှ ဂုဏ်ဆာနေသည့်လေသံဖြင့် "သမီးတို့ ပရောဂျက်သာ အောင်မြင်မှု တစ်ချို့ရခဲ့မယ်ဆိုရင် ရာထူးက အလိုအလျောက်တိုးသွားတော့မှာ..."
လျန်ရူရွှယ် ကြွားဝါချင်နေခဲ့၏။ သို့သော်လည်း တစ်ဖက်မှ ဘာမျှပြောမလာချေ။
"ဘိုးဘိုး....စကားပြန်ပြောဦးလေ..."
“ဟင်း ….. ငတုံးမလေး….”
လျန်ရူရွှယ်၏အဘိုးမှ သက်ပြင်းချလိုက်ပြီး “ ကျိုးဟိုင်က လူတွေက ထင်သလောက်မရိုးရှင်းဘူး … ဒီလိုမှန်းသိရင် မြေးကို ရှီးပေပဲ ပို့လိုက်ပါတယ်ကွာ…..ခုတော့ဘယ်လောက်မှတောင် မကြာသေးဘူး သူများထောင်ချောက်ထဲ ရောက်နေပြီ…..”
“ဟမ်…. ဘာကို ထောင်ချောက်လဲ….”
“ မြေး နဲ့ ချည်နှောင်ထားတဲ့ ထောင်ချောက်ပေါ့….”
“ သမီး လက်မှတ်ထိုးလိုက်တာကိုလား…. ခု ပတ်သက်နေတာက နှစ်ဦးနှစ်ဖက်အကျိုးအမြတ် ရှိနေလို့ပဲလေ…. ဒါပေမယ့် ထောင်ချောက်တော့ မဖြစ်နိုင်လောက်ဘူးနော…..”
“အင်း ဒါပေမယ့် မြေးက တစ်ယောက်တည်းမှ မဟုတ်တာ…. မြေးနောက်မှာက လျန်မိသားစုတစ်ခုလုံး ရှိနေသေးတယ်လေ….”
လျန်ရူရွှယ်၏ အဘိုးမှ ပြောလိုက်ပြီး
"သူက လီတိုဂရက်ဖီစက်ကိုတောင်မှ ထွင်ရဲလောက်တဲ့အထိ ဇရှိတဲ့သူနော်.... မြေးလို သေးနုပ်တဲ့ ပုံရိပ်လေးကို ဂရုစိုက်နေမှာ မဟုတ်ဘူး ...သူလိုချင်တာက မြေးနောက်မှာရှိတဲ့ လျန်မိသားစုကိုပဲ....."
"ဒါ....."
လျန်ရူရွှယ် တိတ်ဆိတ်သွားခဲ့၏။
"ဒါပေမယ့် သမီးနောက်ခံကို ဖော်မပြထားတာပဲကို...."
"ဖော်ပြနေစရာ လိုသေးလို့လား...ရှန်းထျန်းကျိုးကိုတောင် ဒီရောက်အောင် ဆွဲဆောင်နိုင်တဲ့သူက မြေးရဲ့နောက်ခံကို ပြောပြမှ သိမယ်လို့ ထင်နေတာလား.... တကယ်လို့ သူမှားပြီး လောင်းကြေးထပ်လိုက်မယ်ဆိုရင်တောင်မှ သူ့ဘက်က ဘာမှ ဆုံးရှုံးစရာအကြောင်း မရှိဘူး.... ဒါပေမယ့် သူလောင်းကြေးထပ်တာသာ မှန်သွားမယ်ဆိုရင် သူ့အတွက် ကိစ္စတွေ ဘယ်လောက်တောင် အဆင်ပြေမလဲဆိုတာ မြေးခန့်မှန်းကြည့်စမ်း .... သူလောင်းတာ မှန်သွားတယ်လို့တောင် ပြောရမယ်.... "
"ဒါပေမယ့် သမီးကတော့ စိတ်ပူစရာမလိုဘူးလို့ ထင်တာပဲ...."
လျန်ရူရွှယ်မှ ဆက်လက်ခေါင်းမာနေဆဲဖြစ်၏။
"တကယ်လို့ သူသာ တကယ်ကြီး လီတိုဂရပ်ဖီစက်ကို ဖန်တီးနိုင်လိုက်မယ်ဆိုရင် လျန်မိသားစုကလည်း ဒီကနေ အကျိုးအမြတ်ရမှာပဲလေ.... ကျရှုံးခဲ့တယ်ဆိုရင်တောင်မှ သမီးတိူ့ဘက်က ဘာများဆုံးရှုံးစရာ ရှိနေလို့...."
"ငတုံးမလေး... နင်က အရမ်း ရိုးအလွန်းတယ်....."
"ဟွန့် သမီးက ဘယ်နား တုံးအနေလို့လဲ....."လျန်ရူရွှယ် ၏ နှုတ်ခမ်းလေးများ မကျေနပ်စွာဖြင့်တွန့်ကွေး သွားခဲ့သည်။
"တကယ်လို့ ကိစ္စတွေကသာ မြေးပြောတဲ့အတိုင်း ဖြစ်လာပြီဆိုရင်တော့ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အခြေအနေပဲ...ဒါပေမယ့် စဉ်းစားကြည့်ကြည့်....ဟွာရှမှာ စီးပွားရေး အင်ပါယာ ထူထောင်ထားတဲ့သူတွေ ဘယ်လောက်တောင် များပြားလိုက်လဲ.....ပြီးတော့ အဲ့ဒီထဲက နာမည် သန့်ရှင်းနေတဲ့သူတွေက ဘယ်နှစ်ယောက်လောက် ရှိမယ်ထင်လဲ.....အဲ့ဒါတောင်မှ သူတို့ဘာလို့ အေးဆေး ဖြစ်နေတယ်လို့ထင်လဲ....သူတိူ့ကို ကာကွယ်ပေးထားတဲ့ လူတစ်ချို့ရှိနေလို့ပဲ မဟုတ်ဘူးလား....."
"တကယ်လို့ တစ်နေ့ သူက ပစ်မှတ်ထားခံရပါပြီတဲ့.... ဒီနေ့ မြေးလုပ်လိုက်တဲ့ လုပ်ရပ်ကြောင့် လျန်မိသားစုက ဘယ်လိုပဲ ဖုံးကွယ်နေပါစေ အဘိုးတို့က အဲ့ဒီဂယက်ထဲမှာ ပါ၀င်ပတ်သက်ရတော့မှာ... မြေး အဲ့တာကိုကော စဉ်းစားမိလား.... "
လျန်ရူရွှယ်မှာ သူမမှားယွင်းသည့် အမှုကို ပြုမိသလို ခံစားလိုက်ရပြီး "ဟွန့် ဒါဆို သူက အကြံအစည်ကြီးနဲ့ ချဉ်းကပ်လာတာပေါ့နော်ဘိုးဘိုး...."
"အဲ့တော့ကော မကောင်းဘူးလား..."လျန်ရူရွှယ်၏ အဘိုးမှ ပြုံးလိုက်ပြီး "သူက ဉာဏ်ပြေးတယ်.. ဘာပဲဆိုဆို ဟိုကောင်စုတ်လေး ကျောက်မိုထက်တော့ အပုံကြီး သာပါသေးတယ်...."
"သူ့အကြောင်း လာမပြောနဲ့....."လျန်ရူရွှယ် ကျွဲမြီးတိုသွားပြီး "ဒါပဲ သမီး လုပ်စရာလေးတွေ ရှိလို့ ဖုန်းချလိုက်တော့မယ်...."
လျန်ရူရွှယ် အလျင်အမြန်ဖုန်းချလိုက်ပြီး ရင်ဘက်ထဲတွင်တော့ အကြီးအကျယ် ရှုံးနိမ့်သွားသည့် ခံစားချက်တို့ ပြည့်နှက်နေလေသည်။
သူမဒီအကြောင်း ဘာလို့ မစဉ်းစားခဲ့မိပါလိမ့် ...
အဲ့ကောင်စုတ်က လူကို ဘယ်လိုလှည့်စားရမလဲဆိုတာ အရမ်းသိတာပဲ....
သူမ သက်ပြင်းအရှည်ကြီးတစ်ချက်ချ၍ စိတ်တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။ တည်ငြိမ်ပြီးနောက် ကားကို မောင်းထွက်သွားတော့၏။
လင်းရီ စားသောက်ပြီးနောက် ထရပ်လိုက်ပြီး အ၀တ်အစားများလဲကာ အိမ်သို့ ပြန်ရန် ဟန်ပြင်လိုက်သည်။
လီချူးဟန်ကဲ့သို့ ကျွမ်းကျင်သူကြီးမှ လူနာကို စောင့်ကြပ်ပေးနေသည့်အတွက် သူဆေးရုံ၌ မရှိနေလည်း ရပေသည်။
လင်းရီ ကားပါကင်ထိုးသည့် နေရာသို့ ထွက်လာခဲ့ပြီး စစ်သုံးလိုင်စင်နံပါတ်ပြားများနှင့် ကားတို့မှာ ထွက်ခွာသွားပြီးဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။
အနီရောင် Civic Type R တစ်စီးသာ နေရာ၌ ကျန်နေရစ်ခဲ့၏။
လင်းရီ စတင်ထွက်ခွာတော့မည့် အချိန်တွင် လီချူးဟန် သူ့ဘက်သို့ လျှောက်လာနေသည်ကို အံ့အားသင့်စွာ မြင်တွေ့လိုက်ရသည်။ ဆရာ၀န်ကုတ်ကို ချွတ်ထားပြီး ၀တ်စားဆင်ယင်ထားပုံမှာတော့ နူးညံ့သိမ်မွေ့သည့် ခံစားချက်ကို ရရှိစေသည်။
ပိုးထည်အပိုင်းစကိုးခုကို တစ်စုတစ်စည်းတည်း ပြုလုပ်ထားသည့် အဝါရောင်ဖျော့ဖျော့ tulle top နှင့် မီးခိုးရောင် ဘောင်းဘီအပွကို ၀တ်ဆင်ထားပုံမှာ ရုံး၀န်ထမ်း လုပ်ကိုင်နေသည့် အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်အလား ခံစားရစေပြီး ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းတွင် ယုံကြည်မှုအပြည့်နှင့် လျှောက်လှမ်းနေမှုတို့က သူမကို ပို၍ လှပသွားစေသည်။
နောက်တစ်ခဏတွင် လင်းရီကို အံ့အားသင့်စေသည်မှာတော့ လီချူးဟန် သူမအိတ်ထဲမှ ကားသော့ကို ထုတ်လိုက်ပြီး အနီရောင် civic နားတွင် ကားသော့ကို ဖိနှိပ်လိုက်သည်။
"ဒီကားက ဒေါက်တာလီရဲ့ကားပေါ့...."လင်းရီ အံ့အားသင့်သွားခဲ့သည်။
"ဟုတ်တယ်လေ...."လီချူးဟန်၏ အေးစက်သည့် မျက်နှာထက်တွင် ထင်မှတ်မထားလောက်အောင် နွေးထွေးသော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာခဲ့ပြီး "ငါ့ဝါသနာက ကားပြိုင်ရတာဆိုတော့ အခွင့်သင့်ရင် လေးငါးပတ်လောက်တော့ သွားမောင်းတတ်တယ်...."
လင်းရီ နှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွှတ်သွားခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း ဒေါက်တာလီကဲ့သို့ ရှေးရိုးမစွဲကပ်သူတို့၏ အမူအကျင့်တို့မှာ သာမန် မိန်းကလေးတို့နှင့် ကွဲပြားနေလေသည်။
"အိမ်ပြန်မယ်ဆိုတော့ လူနာကို တစ်ယောက်တည်း ထားခဲ့တော့မလို့ပေါ့....."လင်းရီ စပ်စပ်စုစု မေးမြန်းလိုက်၏။
"ဟင့်အင်း...ငါအရမ်းပင်ပမ်းနေတာကို ဒေါက်တာမြောင်မြင်တော့ အိမ်ပြန် နားခိုင်းလိုက်တာလေ ...သူကပဲ လူနာကို ဆက်ကြပ်မတ်ပေးလိမ့်မယ်...."
လင်းရီ သူ့ကိုယ်သူ တွေးလျက် ပြုံးလိုက်သည်။
'ဒီမြေခွေးအိုကြီးကတော့ အတော်လည်တာပဲ....လူနာတစ်ယောက်အတွက် အရေးကြီးဆုံးအချိန်က ခွဲစိတ်တဲ့အချိန်နဲ့ ခွဲစိတ်ပြီးတဲ့ ပထမရက်ပဲ....လီချူးဟန်ကို ပထုတ်လိုက်တယ်ဆိုတော့ သောက်အဘိုးကြီးက အကျိုးအမြတ်တစ်ချို့ ရချင်လို့နဲ့တူတယ်.....'
သိူ့သော်လည်း လီချူးဟန်မှာ ထိုအခြင်းအရာတို့ကို အာရုံစိူက်နေမည့်လူစားမျိုး မဟုတ်သောကြောင့် လူနာအသက်ကို ကယ်တင်ပြီးသည့် အတွက် သူမရည်မှန်းချက်မှာ ပြည့်၀သွားပြီဟု ဆိုနိုင်လေသည်။
"ညစာ စားပြီးသွားပြီလား.... မစားရသေးရင် ငါနဲ့လိုက်ခဲ့လေ.... ငါနင့်ကို ထမင်းတစ်နပ်လောက် လိုက်ကျွေးချင်လြို.."
"ကောင်းတာပေါ့... ကျွန်တော်လည်း ခုလေးတင် သွားစားမလို့ စဉ်းစားနေတာ...."
"အဲ့တာဆိုလည်း အတူသွားစားကြမယ်လေ...."
"ဒေါက်တာလီ...."
ညစာစားရန် ချိန်းဆိုပြီးနောက် လင်းရီတို့ ထွက်ခွာတော့မည့် အချိန်တွင် အနောက်မှ အော်ဟစ်သံတစ်သံကို ကြားလိုက်ရသည်။ အသံ၏ လားရာဘက်သို့ လှည့်ကြည့်လိုက်သောအခါ သွမ့်ဖန့် ဖြစ်နေသည်ကို မြင်တွေ့လိုက်ရ၏။
သူ့ဘေးတွင် အမျိုးသားတစ်ဦး ရှိနေပြီး အပေါ်ယံ ဆုံးဖြတ်ကြည့်မည် ဆိုပါက ချမ်းသာသည့် မိသားစုမှ ပေါက်ဖွားလာသူ ဖြစ်ပုံပင်။
အမျိုးသား၏ နာမည်မှာတော့ စွန်းထျန်းဟန်ဖြစ်ပြီး ဆေးရုံအတွင်းရေးမှူး၏ သားဖြစ်သူလည်း ဖြစ်သည်။
"ဟူး.... နောက်ဆုံးတော့ မှီပြီလေ...."
အမောတကောနှင့် ပြေးလာပြီးနောက် သွမ့်ဖန့် သက်ပြင်းချလိုက်၏။
"ဒါရိုက်တာသွမ့်က တစ်ခုခုလိုအပ်လို့လား...."
"ကျုပ် စူပါကားကလပ်တစ်ခုကို ၀င်ထားတာမကြာသေးဘူး....တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့ အဲ့ဒီကလပ်က ကားပြိုင်ပွဲ ကျင်းပမှာ... ဒေါက်တာလီက ကားပြိုင်တာတွေ စိတ်၀င်စားတယ်ဆိုတော့ ကျုပ်က ဖိတ်ခေါ်ချင်လို့ပါ.....”