အပျိုကြီးလုပ်မယ့် အမျိုးသမီး
Vol. 27 Ch. 395
"စိတ်မကောင်းပါဘူး...ကျွန်မ ဒေါက်တာလင်းနဲ့ ညစာ အတူသွားစားဖို့ ကတိပေးထားတယ်....."
သွမ့်ဖန့် လင်းရီကို အေးစက်သည့် အကြည့်တို့ဖြင့် တစ်ချက်ကြည့်လိုက်သည်။ ဒေါသအရိပ်အယောင်တို့ပင် စွက်နေသေးလေသည်။ သို့သော် လီချူးဟန်ကိုတော့ ချိုသာစွာ ပြောဆိုနေဆဲဖြစ်၏။
"အစားက ဘယ်အချိန်စားစား ရတယ်.... ဒါပေမယ့် ကားပြိုင်ပွဲသာ လွှတ်သွားပြီဆိုလို့တော့ ဘယ်အချိန်မှ နောက်တစ်ခေါက် ပြန်မလုပ်ဆိုတာ ဘယ်သူမှ မသိဘူးနော...."
"ဒါပေမယ့် ကျွန်မဘက်က ဒေါက်တာလင်းနဲ့ ကြိုချိန်းပြီးသွားပြီဆိုတော့ စိတ်မရှိပါနဲ့... ကျွန်မ မလိုက်နိုင်တော့ဘူး...."
"ဒေါက်တာလီ စိတ်၀င်စားသွားအောင် ကျုပ်တစ်ခုပြောပြမယ်...ဒီကနေ့ ယှဉ်ပြိုင်မယ့်ပြိုင်ပွဲက ကျိုးဟိုင်ရဲ့ သခင်လေး လေးယောက်က ပြိုင်မှာ...ဒီလ်ု ပွဲမျိုးဆိုတာက အရမ်းကြည့်ရခဲတယ်...ဒေါက်တာလီ သေချာလေး ဆုံးဖြတ်သင့်တယ်နော..."
"ကျိုးဟိုင်က သခင်လေး လေးယောက်...."လင်းရီ ရေရွတ်လိုက်သည်။ သူ ကျင်းချန်မြို့က သခင်လေး လေးယောက်ကိုသာ ကြားဖူးပြီး ကျိုးဟိုင်မြို့ရှိ သခင်လေး လေးဦးကိုတော့ မကြားဖူးချေ။
"ဟက်...မင်းလိုရှာရီပဲ စီးနိုင်တဲ့ကောင်က အထက်တန်းလွှာ အသိုက်အ၀န်းကလူတွေက သိမှာတဲ့လား..."သွမ့်ဖန့် နှာခေါင်းရှုံ့၍ အထင်သေးစွာ ပြုမူလိုက်ပြီး "မင်းလိုကောင်မျိုး ကြားဖူးနား၀ရှိအောင် ပြောပြလိုက်မယ်...ကျိုးဟိုင်ရဲ့ သခင်လေး လေးယောက်ထဲက ပထမတစ်ယောက်က ကျိုးဟိုင်ရဲ့အင်ပါယာချင်းဟန် ၊ သူ့နောက်က ချင်းမိသားစုနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ကျောက်မိသားစုရဲ့ သခင်လေး ကျောက်ကျိန်းရန်...ကျန်တဲ့နှစ်ယောက်က ဖန်ချီနန်နဲ့ ဝူကျင်းယွီ.....ဒီလေးယောက်က ကျိုးဟိုင်ရဲ့ ချမ်းသာတဲ့ သခင်လေး လေးဖော်ပဲ..."
"လက်စသတ်တော့ သူတိူ့ကိုး...."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ဒါရိုက်တာသွမ့်သာ မပြောပြရင် ကျုပ်သိမှာတောင် မဟုတ်ဘူး..."
"ဟမ့်...မင်းက ဘာမဟုတ်တဲ့ ဆရာ၀န်လေးဆိုတော့မသိတာ မဆန်းဘူး..."
လင်းရီ ခွဲစိတ်ခန်းထဲတွင် မည်သို့လက်စွမ်းပြခဲ့သည်ကို သွမ့်ဖန့် သိရှိပြီးဖြစ်၏။
သို့သော်လည်း လင်းရီအကြောင်း များစွာမဉ်းစားချေ။
ဒီတိုင်း ခွဲစိတ်တာလေးပဲ မဟုတ်လား... ဘယ်လောက်များ ကြီးကျယ်နေလို့... လက်ထဲမှာ ပိုက်ဆံရှိမှ အကောင်ဖြစ်မှာကွ...
"ဒေါက်တာလီ .. ဒီညရဲ့ ပွဲစဉ်က ချင်းဟန်ရဲ့ SR ကလပ်နဲ့ ကျောက်ကျိန်းရန်ရဲ့ FB ကလပ်ရဲ့ ပွဲစဉ်ပဲ...ထိပ်တန်းပွဲတစ်ပွဲဖြစ်မယ်ဆိုတာ လုံး၀ သေချာတယ်...တကယ်လို့ မကြည့်လိုက်ရရင် နောင်တရစရာကြီး ဖြစ်နေမှာနော..."စွန်းထျန်းဟန်မှ ၀င်ရောက် ဖြောင်းဖြလိုက်၏။
ချင်းဟန်တို့ သခင်လေး အချင်းချင်း ပြိုင်ဆိုင်တာကို သူမ စိတ်မ၀င်စားချေ။ သူမကားပြိုင်သည်ကိုသာလျှင် စိတ်၀င်စား၏။
သို့သော်လည်း
"မရဘူး...ကျွန်မဒေါက်တာလင်းနဲ့ ညစာအတူသွားစားဖို့ ချိန်းထားပြီးသား."
“ ဒေါက်တာလီ….. စိတ်ဝင်စားတယ်ဆိုရင်လည်း သွားကြည့်လေ… ကျွန်တော်တို့ ညစာစားတာက ဘယ်အချိန်ဖြစ်ဖြစ် စားလို့ရတယ်…..”
လင်းရီ အပြုံးလေးဖြင့်ပြောလိုက်သည်။
“ ဟုတ်တယ် ဟုတ်တယ် …. ဒေါက်တာလင်းကတောင် ပြောနေပြီ….အတူသွားကြစို့ ကျုပ်တလောတုန်းကမှ ကားအသစ်တစ်စီး ဝယ်ထားတာ…. ဒေါက်တာလီ မျက်စိကျနေတဲ့ Mercedes-Benz AMG လေးလေ…. သောက်ရမ်းလန်းတာ...မြင်းကောင်ရေအားက 639 ရှိတယ်….. အဲ့တာလေးနဲ့ စီးပြီးသွားကြမယ်ဆိုရင်ကော….”
လီချူးဟန် ဘာမျှပြန်မပြောဘဲ လင်းရီကို ကြည့်လိုက်ပြီး အသံနိမ့်၍ “ နင်လိုက်မှာလား…”
“ကျွန်တော်လား….”
“အွန်း တကယ်လို့ နင်လိုက်မယ်ဆိုရင် အတူသွားကြမယ်လေ….ပြီးမှ ညစာသွားစားကြတာပေါ့…..”
“ အဲ့လိုဆိုလည်း အတူသွားကြတာပေါ့ …. ဘာပဲဆိုဆို ကျွန်တော်လည်း အားနေတာပဲလေ….. “
ပုံမှန်ဆိုပါက လင်းရီ သာမန်ကားပြိုင်ပွဲလေးကို ကြည့်ရန် စိတ်ရှိလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ချင်းဟန်နှင့် ထိုကျပ်မပြည့်သည့် ကျောက်ကျိန်းရန် တို့ကြားရှိ ပြိုင်ပွဲရလဒ်ကိုတော့ စိတ်ဝင်စားလေသည်။
“ မင်းကော လိုက်ခဲ့မှာလား…..” သွမ့်ဖန့် အမူအရာပြောင်းသွားခဲ့ပြီး “မင်းလို ရှာရီမောင်းတဲ့ကောင်က ကားပြိုင်ပွဲဆိုတာက ဘာလဲတောင် သိလို့လား……”
“ ကျုပ်မသိဘူး…. အဲ့တာဆိုလည်း ဒေါက်တာလီနဲ့ ညစာသွားစားရုံပဲပေါ့….”
“ ကောင်းပြီလေ နင့်သဘောပဲ…..”
"မရဘူးလေ ဒေါက်တာလီ...ကျုပ်တို့ အတူသွားဖို့ သဘောတူထားတယ်မလား..."
သွမ်ဖန့် နှင့် လင်းရီမှာ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်၏။ ထို့ကြောင့် လီချူးရွှယ်ကို ခေါ်လာခဲ့ချင်သော်လည်း လင်းရီလိုက်လာသည်ကိုတော့ အလိုမရှိပေ။
"ဒါပေမယ့် ကျွန်မက ဒေါက်တာလင်းနဲ့ အတူသွားဖို့ ကတိပေးထားတာလေ... သူဘယ်သွားသွား ကျွန်မလိုက်မှာပဲ..."
"သွမ့်ကြီးဟျောင့် ဘာမှစိတ်ပူမနေနဲ့...အဲ့ကောင်ပါခေါ်ခဲ့လိုက်ပေါ့ကွာ... ရှာရီလောက်ပဲ စီးနိုင်တဲ့ကောင်က ဘာများသိမှာမို့လို့လဲ....သူ့ကို မရှိတဲ့ကောင်လို့ပဲ သဘောထားပြီး ဆက်ဆံလိုက်..."စွန်းထျန်းဟန်မှ တီးတိုးပြောလိုက်၏။
သွမ့်ဖန့် လင်းရီကို အထင်သေးစွာကြည့်လိုက်ပြီး "အဲ့တာဆိုလည်း အတူသွားကြတာပေါ့..."
"ဒါရိုက်တာသွမ့်က ကျုပ်လိုက်လာတာကို သိပ်သဘောမတွေ့ဘူးနဲ့တူတယ်....အဲ့တော့လည်း မလိုက်ရုံပေါ့...."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
"အဲ့တာဆို ငါလည်း မသွားတော့ဘူး..."
"ဟာ ဟာ မဟုတ်တာ ဒေါက်တာလင်းကလည်း..."သွမ့်ဖန့်ပြောလိုက်ပြီး "ကျုပ် ဒေါက်တာလင်းလိုက်လာတာကို လှိုက်လှိုက်လဲလဲ ကြိုဆိုပြီးသားပါ... ဟုတ်တယ်မလားဟျောင့် စွန်းကြီး...."
"ဒါ ဒါပေါ့...."
"ဒါရိုက်တာသွမ့်က ဒီလောက်ထိ ကြိုဆိုနေမှတောါ ကျုပ်ကလည်း ဘယ်ငြင်းလို့ကောင်းမှာ...အတူသွားကြတာပေါ့..."
"ငါ့ကားနဲ့ အတူသွားမလား..."လီချူးဟန် လင်းရီကိုကြည့်၍ မေးလိုက်၏။
"ရတယ်လေ... အဲ့လိုဆို ဒေါက်တာလီကို ဒုက္ခပေးရပြန်ဦးမယ်..."
"အသေးမွှားလေးပါ...."
နှစ်ယောက်သား ကားတစ်စီးတည်း အတူသွားမည်ကိုသိတော့ သွမ့်ဖန့် မျက်လူံးများကျဥ်းမြောင်းသွားခဲ့သည်။ သို့သော်လည်း လီချူးဟန် သဘောတူစေရန် အံကြိတ်၍ ပြုံးလိုက်ရလေသည်။
"ဒေါက်တာလီ ကျိုးဟိုင် နိုင်ငံတကာကားပြိုင်ပွဲကွင်းကို မောင်းသွားလိုက်...ဟိုရရောက်ရင် အပေါက်၀မှာ စောင့်နေ...ကျုပ် ဒေါက်တာလီကို အထဲခေါ်သွားပေးမယ်...."
လီချူးဟန် ခေါင်းညိမ့်လိုက်ပြီး လင်းရီနှင့်အတူ ကားထဲသို့ ၀င်သွားလေသည်။
လီချူးဟန်၏ ယာဉ်မောင်းစကေးတို့မှာတော့ သူမ၏ ပရော်ဖက်ရှင်နယ် စကေးကဲ့သို့ ထိပ်တန်းအဆင့်ပင်။
ကားစတီယာရင်ကို လက်တစ်ဖက်တည်း မောင်းနေသည်မှာ မိန်းကလေးအချိူ့သာ စွမ်းသာသည့် ကိစ္စတစ်ခုဖြစ်၏။
CIVIC TYPE Rမှာ မျက်စိဖမ်းစားနိူင်လွန်းလှပြီး ၎င်း၏ အိတ်စောသံကို နားထောင်ကြည့်ရသလောက်တော့ ပြုပြင်ထားသည့်ပုံပင်။ ထို့ကြောင့် လင်းရီတို့မှာ သောက်ရမ်းဟိုက်နေကြ၏။
"သွမ့်ဖန့်က ခင်များကို စိတ်၀င်စားနေသလိုပဲနော်...."
လင်းရီ ပျင်းရိစွာဖြင့် ပြောလိုက်သည်။
"နေမှာပါ...."လီချူးဟန် ပြောလိုက်ပြီး "ဒါပေမယ့် ငါက အိမ်ထောင်ပြုဖို့ရော ကလေးယူဖို့ရော ရည်ရွယ်ချက်မရှိဘူး...သူ့ဘာသူ ဘယ်လိုပဲလိုက်လိုက် အလကားပဲ..."
"အမ်... အဲ့တာဆို အပျိုကြီး လုပ်တော့မယ်ပေါ့..."
လီချူးဟန် ခေါင်းညိမ့်လိုက်ပြီး "အင်း.. အဲ့တာကလည်း ဆိုးတဲ့ အကြံဉာဏ် မဟုတ်ဘူးလို့ ထင်တာပဲ...လက်ထပ်ရတာက အရမ်းဒုက္ခရောက်တယ်...ငါက သူများကို ဘယ်လိုပြုစုရမလဲပဲ သိတာ..ပြီးတော့ တော်တော်များများကလည်း ငါ့ရဲ့ စရိုက်နဲ့ ကီးမကိုက်တဲ့ လူတွေပါပဲဟယ်...အပျိုကြီးလုပ်တာပဲ ကောင်းတယ်...."
"စကားပြောမယ့်သူ မရှိတော့ အထီးကျန်ဆန်ပြီးတော့ မငြီးငွေ့ဘူးလား..."လင်းရီ မေးလိုက်၏။
"အဲ့လိုဖြစ်ရင် ပါပီလေးတစ်ကောင် မွေးလိုက်တာကတောင် ပိုကောင်းဦးမယ်... "
"အချိန်ရရင် ICU ကို တစ်ချက်သွားကြည့်လိုက်...လူ့ဘ၀က ဘယ်လောက်တောင် တိုလိုက်လဲဆိုတာ နားလည်သွားလိမ့်မယ်..."
"အဲ့နေရာက လူတွေကို မျှော်လင့်ချက်မဲ့သလို ခံစားရအောင် လုပ်တဲ့နေရာမဟုတ်ဘူးလား...."
"ငါ ဟွာရှန်း ဆေးရုံက်ု စစရောက်ချင်းတုန်းကဆို ICU မှာ တာ၀န်ကျမှာကို အရမ်းကြောက်တာသိလား...နောက်တော့လည်း လူသေတွေ မြင်ပါများတော့ ကျင့်သားရသွားတာပါပဲ..."လီချူးဟန် ကားကို ညာဘက်သို့ ချိုးရင်း ဆိုလိုက်၏။
လင်းရီ ဘာမျှ မပြောပေ။ အဘယ်ကြောင့်ဆိုသော် ယင်းက သူမ၏ အလုပ်နှင့် သက်ဆိုင်နေသောကြောင့်လည်း ဖြစ်၏။
လီချူးဟန်၏ ယာဉ်မောင်းစကေးတို့မှာ အချို့အမျိုးသားများမောင်းသည်ထက်ပင် ကျွမ်းကျင်နေကြောင်း လင်းရီ စိတ်ထဲတွင် ကောက်ချက်ချလိုက်သည်။
ဆယ်မိနစ်ကြာပြီးနောက် သွမ့်ဖန့်နှင့် စွန်းထျန်းဟန်မှာ သူတို့၏ ကားနောက်မီးကိုပင် မြင်နိုင်ခြင်း မရှိတော့ချေ။
ပြေးလမ်းသို့ရောက်ရှိလာသည့် အချိန်တွင် မီးများအားလုံးဖွင့်ထားကြောင်း လင်းရီ မြင်တွေ့လိုက်ရသည်။
အပြင်ဘက် ကားပါကင်တွင် ကားအစင်းပေါင်း တစ်ရာကျော်ထိုးရပ်ထားပြီး ထိုကားများအားလုံးမှာ ပြုပြင်ထားသည်များ ဖြစ်လေသည်။
လင်းရီ ကားများကို နှစ်သက်သော်လည်း ပြန်လည် မွမ်းမံရသည်ကိုတော့ ဝါသနာမပါပေ။ အဘယ်ကြောင့် လူတိုင်းမှာ ပြိုင်ကား၀ယ်ပြီးသည်နှင့် မွမ်းမံပြင်ဆင်ကြလဲဆိုတာကို သူအဖြေရှာရခက်နေပြီး အယူသီးမှုတစ်မျိုးဟုသာ မှတ်ယူလိုက်တော့၏။
"ဘာတွေ ဖြစ်နေတာလဲဟဲ့...ဒီနေရာကို Civic ကြီး မောင်းလာရဲတယ်တဲ့လား..."
ကားထဲမှ ထွက်လျှင်ထွက်ခြင်း ဆံပင်အနီရောင်တိုးထားသည့် မိန်းကလေးမှ လင်းရီတို့ကိုကြည့်လျက် ဆိုလိုက်သည်။
သူမဘေးတွင်တော့ အပြာရောင်Mustang ကားတစ်စီးကို ထိုးရပ်ထားပြီး တောက်ပြောင်၀င်းလက်နေသည့် စတစ်ကာတို့က မီးအလင်းရောင်တို့ကြောင့် ပိုပြီး ကြည့်ကောင်းသည်ဟု ထင်နေရ၏။
"ငိုးပဲ... မင်းက ကားအကြောင်း ဘာသိလို့ အာလာချောင်နေတာလဲကွ...မင်းသောက်ပါးစပ်ကြီး ပိတ်ထားရင်တောင် ဘယ်သူကမှ မင်းကို လအကြီးလို့ ဆက်ဆံမှာ မဟုတ်ဘူး... "ကားပိုင်ရှင်မှာ ကျိန်ဆဲလိုက်ပြီး "အဲ့တာက သောက်ခွေးကျတဲ့ Civic Type R ...မင်းကားအကြောင်းကို မသိဘူးလား..အဲ့ဒီရဲ့ ယွမ် ၂၃,၀၀၀ တန် AMG caliperကိုမေ့နေတာလား...မြန်မြန်လစ်ပြီး ထွက်သွားလိုက်တော့...."
ဆံပင်အနီရောင်ဆိုးထားသည့် အမျိုးသမီးမှာ အံ့အားသင့်သွားခဲ့သည်။
ကာလီပါ တစ်လုံးလျှင် ယွမ် ၂၃,၀၀၀ ရှိ၏။လေးခုဆိုလျှင် ၉၂,၀၀၀ ကျသင့်ပေလိမ့်မည်။
"ဒီက မိတ်တွေ နှစ်ယောက်ကို နှောက်ယှက်မိသွားလို့ စိတ်မရှိပါနဲ့..."
တောင်းပန်ပြီးနောက် ကားပိုင်ရှင်မှာ သူ့ကားကို မောင်းထွက်သွားလိုက်လေသည်။
လီချူးဟန်၏ Civic Type R ရှေ့တွင်တော့ သူတို့၏ Mustang လေးမှာ တကယ့်ကို ဘာမျှ မပြောပလောက်ချေ။
"ဒီမှာခဏလောက်စောင့်ကြတာပေါ့... နောက်လေးငါးဆယ်မိနစ်ဆို သူတို့ ရောက်လာတော့မှာ..."
ယခုလေးတင် ဖြစ်ပျက်ခဲ့သည့် ကိစ္စက လီချူးဟန်ကို စိတ်အနှောက်အယှက် မပေးနိုင်သည်မှာ သိသာနေလေသည်။
"မင်းကြည့်ရတာလည်း သူတို့ကို သဘောတွေ့တဲ့ပုံမပေါ်ဘူး...စောင့်မနေနဲ့.. ကျုပ်အထဲခေါ်သွားပေးမယ်...."
လီချူးဟန် လင်းရီကို ကြည့်လိုက်ပြီး "နင်က ခေါ်သွားပေးနိုင်တယ်ပေါ့...."
"ကျုပ်နဲ့သာ အသာလိုက်ခဲ့စမ်းပါ..."
လုံခြုံရေးအစောင့်မှာ လင်းရီ သူတို့ဘက်လာနေသည်ကို မြင်လိုက်ရသည်။ သို့သော်လည်း မည်သူကမျှ မပိတ်ပင်ခဲ့ချေ။ သို့နှင့် နှစ်ယောက် ပြေးလမ်းထဲသို့ ချင်းနင်း၀င်ရောက်လာတော့သည်။
ထိုင်ခုံများမှာ လူအပြည့်မရှိသော်လည်း အနည်းဆုံး လူတစ်ရာလောက်တော့ ရှိလေသည်။
အားပေးချီးမြှောက်သံများ ၊ အားအင်ဂျင်သံများနှင့် ဆူညံနေပြီး လင်းရီ ချင်းဟန်နှင့် ကျောက်ကျိန်းရန်တို့က်ုတော့ ရှာမတွေ့ချေ။ ထိုနှစ်ကောင် မရောက်လာသေးတာလည်း ဖြစ်နိုင်ပေသည်။
လီချူးဟန် အလှမ်းသိပ်မကွာဝေးသော နေရာရှိ ထောင့်တစ်နေရာကို လက်ညှိုးညွှန်လိုက်ပြီး "ဟိုမှာ ထိုင်ခုံအလွှတ်တွေ ပိုများတယ်..အဲ့မှာ သွားထိုင်ကြမယ်လေ..."
"အဲ့နားကနေဆို ဝေးလွန်းတယ်... ဒေါက်တာလီ ရှင်းရှင်းလင်းလင်း မြင်လို့ရမှာတဲ့လား...."
လင်းရီ လီချူးဟန်၏ လက်မောင်းကို ဆွဲခေါ်သွားပြီး "အောက်မှာသွားကြည့်ကြမယ်... အဲ့နေရာက နီးတော့ကြည်လို့လည်း ပိုကောင်းမှာ...."
သိူ့သော်လည်း သူမ ထိုစကားလုံးများကို မကြားလိုက်ပေ။ အဘယ်ေကြာင့်ဆိုသော်သူမ၏ နှလုံးသာလေးမှာတော့ လင်းရီ ဆွဲလိုက်သောကြောင့် ကဆုန်ပေါက် ပြေးလွှားနေလေသည်။
တခဏလေးမျှသာ ကြာသော်လည်း ခံစားချက်မှာ သူမကို နတ်ပြည်တက်အောင် လုပ်ရန် လုံလောက်ပေသည်။