သူကြိုက်သမျှစော်တွေအကုန်လုံးက ငါ့ကိုခိုက်သွားတာ
Vol. 27 Ch. 396
သာမန်ကားပြိုင်ပွဲများတွင် ဘေး၌ အရံအတားများ ရှိလိမ့်မည်မှာ မလွဲမသွေပင်။
သို့သော်လည်း ယခုလို ကိုယ်ရေးကိုယ်သာ ပြိုင်သည့် ပွဲများတွင်တော့ ထိုသို့ ကာရံထားခြင်းမျိုးမရှိချေ။
သိူ့တိုင်အောင် ယခုလိုနေရာမျိုး၌ လာရောက်အားပေးခွင့်ရှိသူတိူ့မှာ အဆင့်အတန်းတစ်ခြတော့ ရှိကြလေသည်။
တိကျသေချာသည့် အဆင့်အတန်းတစ်ခု မရှိပါက ယခုလိုပွဲမျိုး တက်ရောက်ခွင့်ရှိလိမ့်မည် မဟုတ်ချေ။
လင်းရီနှင့် လီချူးဟန်တို့ ရောက်ရှိလာမှုက လူတိုင်း၏ အာရုံကို ဖမ်းစားသွားခဲ့သည်။
သူတို့နှစ်ယောက ဘယ်ကဖြစ်မလဲဆိုတာကို အားလုံးက ခန့်မှန်းရန် ကြိုးစားနေကြ၏။
ပြိုင်ပွဲမှာ စတင်တော့မှာဖြစ်ပြီး သူတိူ့ထဲမှ ဆယ်ယောက်ကသာလျှင် ယခုလို အောက်ဘက်နေရာ၌ ကြည့်ခွင့်ရှိလေသည်။
သူတိ့နှစ်ယောက် ဒီရောက်လာတယ်ဆိုတော့ သေချာပေါက် သာမညောင်ညတော့ မဟုတ်လောက်ဘူး...
"ငါတို့ ဒီမှာ ကြည့်လို့ အဆင်ပြေပါ့မလား...."
လီချူးဟန်မှ ဘေးလူများ၏ အကြည့်ကို ခံစားမိတော့ လင်းရီကို ဆွဲဆိတ်ရင်း မေးမြန်းလိုက်သည်။
"ကျုပ်က ဒီခေါ်လာခဲ့မှတော့ ပြဿနာ ရှိမယ်လို့ ထင်လား...."
"ဟင် တကယ်ကြီးလား...."
လီချူးဟန် မျက်နှာထက်တွင် ထိန်းချုပ်ရန် ခက်ခဲလှသည့် စိတ်လှုပ်ရှားမှုတို့ ပေါ်ပေါက်လာခဲ့သည်။
သူမ ကားပြိုင်ပွဲကွင်းကို လာရောက်ကြည့်ရှုလေ့ရှိသော်လည်း အလှမ်းကွာဝေးသည့် နေရာမှ ကြည့်ရှုကာ အားပေးခဲ့ရသည်။ ယခုလိုအနီးကပ် ရှင်းလင်းစွာ မြင်တွေပြီး အားပေးရသည့် ခံစားချက်တို့မှာတော့ အမှန်ပင်မတူညီချေ။
ကလင် ကလင် ကလင်
ထိုအချိန်တွင် လီချူးဟန်၏ ဖုန်းသံမြည်လာခဲ့ပြီး သွမ့်ဖန့်ဆီမှဖုန်းဆက်လာခြင်းပင်။
"ဒေါက်တာလီ... ခု ဘယ်မှာလဲ.. ကျုပ် ဒေါက်တာရဲ့ကားကို အပြင်မှာတွေ့တယ်... ဒါပေမယ့် လူကို ရှာမတွေ့ဘူးဖြစ်နေတာ....."
"ဒေါက်တာလင်းနဲ့ ကျွန်မက အထဲတောယင် ရောက်နှင့်နေပြီ... ခု ကျွန်မတို့ ဧရိယာA ထဲမှာလေ...."
"အာ... ဒေါက်တာက အဲ့ရောက်နေတာလား.."သွမ့်ဖန့် ရှော့ခ်ရသွားခဲ့ပြီး "သခင်လေး လေးယောက်ဆီက ဖိတ်ကြားချက်ကို လက်ခံရရှိတဲ့သူတွေပဲ အဲ့ဒီမှာ ကြည့်ရဖို့ အတွက် အရည်အချင်းပြည့်မှီတာ...ကျုပ်တို့လိုကောင်တွေက သာမန်ပွဲကြည့်ခုံမှာပဲ ထိုင်ကြည့်ရမှာ... မြန်မြန်လေး ဒေါက်တာလီ မဟုတ်ရင် အကုန်မောင်းထုတ်ခံရလိမ့်မယ်..."
"ဒါပေမယ့် ဒေါက်တာလင်းပြောတာတော့ ကျွန်မတို့ ဒီနေရာမှာ ကြည့်လို့ရတယ်ဆိုပဲ..."
"ဟမ့်... ဒေါက်တာလီက ရှာရီမောင်းတဲ့ကောင်ရဲ့ စကားကို ယုံတယ်လို့တော့ ကျုပ်ကို လာမပြောနဲ့...."
သွမ့်ဖန့်မှ ကျယ်လောင်စွာ ဆိုလာခဲ့သည်။
"အဲ့မှာစောင့်နေ...ကျုပ်နဲ့ စွန်းကြီးတို့ ခုပဲ လာခေါ်မယ်..."
လီချူးဟန် ဖုန်းချလိုက်ပြီး အမူအရာကင်းမဲ့စွာဖြင့် "အဲ့ကောင်က ဘာပြောတာ.လဲတဲ့..." လင်းရီ မေးမြန်းလိုက်သည်။
"သူပြောတာ ကျွန်မတို့ ဒီမှာ ကြည့်လို့မရဘူးတဲ့... ထိုင်ခုံတွေဆီ ပြန်သွားခိုင်းနေတာ...."
"ခင်များ သူ့ကို ယုံမလား ဒါမှမဟုတ် ကျုပ်ကို ယုံမလား...."
"နင်က ရုပ်ပိုချောတယ်ဆိုတော့ နင့်ကို ယုံကြည်လိုက်ပါမယ်လေ...."
"မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုပဲ..."လင်းရီပြုံးလိုက်၏။ ထို့နောက် နှစ်ယောက်သား သူတို့၏ ထိုင်ခုံတွင် ထိုင်ချလိုက်ပြီး ပြိုင်ပွဲစတင်သည်ကို စောင့်ဆ်ုင်းနေကြသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် သွမ့်ဖန့်နှင့် စွန်းထျန်းဟန်တို့ အပြင်ဘက်မှ အလောသုံးဆယ်နှင့် ရောက်ရှိလာပြီး "ဒေါက်တာလီ.. အပေါ်ပြန်သွားကြစို့.. ဒီနေရာက ကျုပ်တို့နေလို့ရတဲ့ နေရာမဟုတ်ဘူး..."
သွမ့်ဖုန်း စိုးထိတ်စွာဖြင့် ပြောလိုက်သည်။
သူ့အလုပ်မှ ပိုက်ဆံ၀င်ငွေများစွာ ရရှိသော်လည်း အောက်ဘက်တွင် ထိုင်နေသည့် လူများနှင့်တော့ မယှဉ်နိုင်သေးချေ။
ယုတ်စွအဆုံး သာမန် ပွဲကြည့်ခုံရှိ လူတစ်ချို့ကိုပင် ယူမယှဉ်သာချေ။
"ဒေါက်တာလင်းပြောတာတော့ ငါတို့ ဒီမှာ ကြည့်လို့ရတယ်တဲ့....
လီချူးဟန် ပြောလိုက်သည်။
"သု့လို ဘာမဟုတ်တဲ့ကောင်ရဲ့ စကားကို ဘာလို့ အရာသွင်းပြီး နားထောင်နေတာ..."
သွမ့်ဖန့် ပြောလိုက်ပြ "အဲ့ကောင်က ဒီကစည်းမျဉ်းတွေကို ဘာတစ်ခုမှ သိတာမဟုတ်ဘူး...သခင်လေး လေးယောက် ရောက်လာတဲ့ အခ်ျန်ကျရင် သူသေချာပေါက် ကန်ထုတ်ခံရတော့မှ ....အဲ့လိုသာဆိုရင် ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်မလဲ..."
"ကျွန်မသူ့ကို ယုံကြည့်တယ်...."
သွမ့်ဖုန်း လက်ကာပြလိုက်ပြီး လက်မြှောက်အရှုံးပေးလိုက်တော့၏။
"ဒေါက်တာလင်း.. ခင်များ လူတွေကို မလိမ်လို့ မရဘူးလား..ခင်များက ကိုယ့်ကိုယ်ကို ဘာကောင်ကြီးလို့ ထင်နေတာလဲ...မသိရင်လည်း လျှောက်မပြောနဲ့.. ခင်များက ဒေါက်တာလီ လူတိုင်းရှေ့မှာ အရှက်ကွဲတာကို မြင်ချင်လို့လား..."
"ကျုပ်တို့က ဒီတိုင်း ပြိုင်ပွဲလေး လာကြည့်တာကို ဘာကိစ္စ အရှက်ရရမှာ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ပြီးတော့ ဒီကနေဆို ကောင်းကောင်းမြင်ရတယ်လေ.. ဘာဆိုင်လို့ ဟိုးအဝေးကြီးကနေ သွားကြည့်ရမှာ...ကျုပ်ကို ငတုံးများ အောက်မေ့နေလား..."
"အဲ့တာဆိုလည်း ခင်များမျက်လုံးကို ပြူးကျယ်နေအောင် ဖွင့်ပြီး တစ်ချက်ကြည့်လိုက်... "သွမ့်ဖန့် ထိုင်ခုံပေါ်ရှိ လူတစ်ချို့ကို ညွှန်ပြလိုက်ပြီ "ဒီအောက်မှာ ထိုင်နေတဲ့ ဘယ်သူမဆို အနည်းဆုံး တစ်ဘီလီယောက်တော့ ရှိကြတယ်...မင်းလို ရှာရီ အစုတ်တောင် ပြန်ပြင်သုံးနေရတဲ့ကောင်က ဒီမှာ လာပြီး ထိုင်ကြည့်ဖို့ အခွင့်အရေးရှိမယ်ထင်လား...မင်းဘာမင်း ဘာဖြစ်ဖြစ် ကိစ္စမရှိဘူး ဆိုပေမယ့် ဒေါင်က်တာလီကိုတော့ မင်းနဲ့အတူ ဆွဲမချနဲ့ဟျောင့်..."
"ဒါက ကျုပ်ကိစ္စ.... ခင်များစိတ်ပူပေးနေစရာ မလိုဘူး.... "လင်းရီ ပြောလိုက်ပြီး "ခင်များ မျက်နှာပျက်မှာ ကြောက်နေရင် အပေါ်က ပွဲကြည့်ခုံမှာ သွားထိုင်ကြည့် နေလိုက်...."
သွမ့်ဖန့်နှင့် စွန်းထျန်းဟန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အကယ်၍ သူတို့ ဤနေရာ၌ ဆက်နေမည်ဆိုပါက သေချာပေါက် မောင်းချခံရပေမည်။ ထို့ပြင် ဤနေရာသို့ ရောက်နေကြသည့် သူ့သူငယ်ချင်း အများအပြားလည်း ရှိနေသေး၏။ ထိုသို့ ဖြစ်ပွားခဲ့ပါက သူ့မျက်နှာကို မည်သိူ့ ထားရမှန်းတောင် သိလိမ့်မည် မဟုတ်တော့ချေ။
ဘွန်း ဘွန်း ဘွန်း...
သူတို့ တွေဝေနေကြစဉ် ကားဟိန်းသံများ ကျယ်လောင်စွာ မြည်ဟီးလာလေသည်။
လင်းရီနှင့် ကျန်သူများအားလုံး ကြည့်လိုက်ကြသောအခါ ဒါဇင်နှင့် ချီသော ပြိုင်ကားများ ပြေးလမ်းထဲသို့ ရောက်လာခဲ့ကြောင်း မြင်တွေ့လိုက်ရ၏။
အက်စတွန်မာတင် one-77 မှာ ရှေ့မှ ဦးဆောင်နေပြီစး၎င်းနောက်မှ လမ်ဘိုဂီနီ veneno နှင့် မက်စတွန်မာတင်လာဂွန်ဒါတို့က အသီးသီး လိုက်ပါလျက်ရှိသည်။ ကျန်သည့်ကားများကတော့ ဖာရာရီနှင့် Acuras ဘရန်းများသာဖြစ်၏။
ကားများ ၀င်ရောက်လာသည်ကိုမြင်တော့ ကွင်းကြီးတစ်ခုလုံး အားပေးချီးမြောက်သံတို့ဖြင့် ညံလာခဲ့လေသည်။
"အဲ့ဒီ အက်စတွန်မာတင် One-77 က ကျောက်ကျိန်းရန်ရဲ့ကားကြီးဟ...."
"သောက်ရမ်း လန်းလိုက်တာကွာ...ပြောကြာတာတော့ အဲ့ကားက သန်း၄၀လောက်ရှိတယ်ဆိုပဲ... ပြီးတော့ ချိုင်းနားမှာတောင် နှစ်စီးပဲရှိတာ..တစ်စီက ရန်ကျင်းမှာ နောက်တစ်စီးကကျတော့ ငါတို့သခင်လေးကျောက်က်ျန်းရန်ရဲ့ လက်ထဲမှာ...."
"ငါအရင်တုန်းက သခင်လေးကျောက်ရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပြီ..ခုမှပဲ လူနဲ့ တွဲမှတ်မိတော့တယ်...."
ယွမ်သန်းပေါင်းများစွာ တန်ကြေးရှိသည့် ပြိုင်ကားများ ချီတက်လာသည်ကိုကြည့်ရင်း ကားချစ်သူဧည့်ပရိသတ်တို့မှာ အရူးအမူး ဖြစ်နေကြသည်။ လီချူးဟန်လည်း ထို့အတူပင်။ လင်းရီလက်ကို ကိုင်ပြီး သူမကိုယ်တိုင်တောင် မသိစွာဖြင့် ခုန်ပေါက်နေလေသည်။
ကားမှာ ပြိုင်ပွဲကွင်းထဲသို့ ၀င်ရောက်လာပြီးနောက် လင်းရီရှေ့၌ ရပ်တန့်သွားခဲ့သည်။
သွမ့်ဖန့်နှင့် စွန်းထျန်းဟန်တို့၏ နှလုံးမှာတော့ ရူးသွပ်စွာ ခုန်ပေါက်နေလေသည်။
"ဘာတွေ ဖြစ်နေတာလဲ... သခင်လေးကျောက်ရဲ့ကားက ဘာလို့ ငါတို့ရှေ့မှာ ထိုးရပ်လိုက်တာလဲတဲ့...."
"ငါတို့ကို မောင်းထုတ်မလို့တော့ မဟုတ်လောက်ပါဘူးနော..."
စွန်းထျန်းဟန်မှ ပြောလိုက်သည်။
"ဖြစ်...ဖြစ်နိုင်လောက်တယ်...."
ကားရပ်ပြီးနောက် ကားတံခါးများမှာ ပွင့်ဟလာခဲ့ပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်လာခဲ့ကြသည်။ ကျောက်ကျိန်းရန်မှာ သာမန်အ၀တ်အစားများ ၀တ်ဆင်ထားပြီး သူ၏ ဆံပင်ကိုတော့ ငွေရောင် ဆိုးထားသည်။ ထို့နောက် လင်းရီ ရှေ့သို့ တည့်မတ်စွာ လျှောက်လာနေလေသည်။
"ကျောက်ကျိန်းရန် တစ်ယောက်တည်းမဟုတ်ဘူးဟ... ကျိုးဟိုင်က နောက်ထပ် သခင်လေးနှစ်ယောက်လည်း ပါသေးတယ်..."
ကျောက်ကျိန်းရန်နောက်မှ လိုက်ပါလာသည့် လူနှစ်ဦးမှာ ဖန်ချီနန်နှင့် ဝူချင်းယွီတို့ ဖြစ်ကြောင်း လင်းရီ ပြောနိုင်သော်လည်း ဘယ်သူက ဘယ်သူပါဆိုတာကိုတော့ သူလည်းမသိပေ။
တစ်ခုတည်းသော ထင်သာမြင်သာရှိသည့် အချက်ကတော့ နှစ်ယောက်စလုံးမှာ အရုပ်ဆိုးလှသည်။
"ရို... မစ္စတာလင်းပါလား...ဘာလဲ.. နောက်စော်တစ်ပွေနဲ့ ပွဲလာကြည့်တာလား..."
လင်းရီကို ခေါ်ဆိုလိုက်သည့် လေသံက လူတိုင်းကို ရှုပ်ထွေးသွားစေခဲ့သည်။
လီချူးဟန်ပင်လျှင် အံ့အားသင့်သွားခဲ့၏။
ကျောက်ကျိန်းရန်က လင်းရီနဲ့ သိနေတာလား....
တစ်ခုခုတော့ မူမမှန်ဘူး...
"ပျင်းတာနဲ့ပဲ မင်းစော်ပလော်တီးခံရမှာကို ကောင်မလေးနဲ့ လာကြည့်တာလေ..."လင်းရီလည်း အပြုံးလေးဖြင့် ပြန်ပြောလိုက်၏။
"အစ်ကိုကျောက်.. ခင်များ ပြောပြောနေတဲ့ လင်းရီဆိုတာ သူလား.."၀ပြီး ပုကွကွရှိသည့် ဖန်ချီနန်မှ မေးလိုက်သည်။
"ဟုတ်တယ်...သူပဲ..."ကျောက်ကျိန်းရန် လီချူးဟန်ကို ကြည့်လိုက်ပြီး "အလှလေး... မင်းသတိထားမှရမယ်... မင်းဘေးနားမှာ ထိုင်နေတဲ့ကောင်က တကယ့်ကို မကောင်းတဲ့ကာင်ကြိးနော်...သူမိန်းကလေးတစ်ယောက်ကို အထည်လဲတွဲတာက ကျုပ်ကားချိန်းတာထက်တောင် မြန်နေသေးတယ်....သူအရူးလုပ်တာကို မခံရစေနဲ့..."
လင်းရီ လီချူးဟန်ကို ပွေ့ဖက်လျက် အားပါးတရပြုံးလိုက်ပြီး
"ရုပ်ချောတဲ့ အကြီးမားဆုံး အားသာချက်က ဘာလဲ မင်းသိလား "
"ဘာကြီးလဲ...."
"ငါက မကောင်းတဲ့ကောင်မှန်း သိလျက်နဲ့ သူတို့ကိုက လိုလိုလားလားနဲ့ လိုက်ချင်နေတာပဲကွ... "လင်းရီ လီချူးဟန်ကို ကြည့်လိုက်ပြီး "ဟုတ်တယ်မလား..."
သို့သော်လည်း လီချူးဟန်မှာ အလွန်အမင်း တုန်လှုပ်နေပြီး မျက်နှာများမှာလည်း နီရဲနေကာ ဘာကိုမျှ မတွေးတောနိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် သူမ ရုတ်ချည်း အမျိုးသားတစ်ဦး၏ ပွေ့ဖက်ခြင်းကို ခံလိုက်ရသောကြောင့်ပင်။
လီချူးဟန် တိတ်ဆိတ်နေသည်ကိုမြင်တော့ ကျောက်ကျိန်းရန်၏ အမူအရာမှာ ကိုးရို့ကားယားဖြစ်သွားခဲ့သည်။
"မင်းက ကြည့်ကောင်းတယ်ဆိုတိုင်း ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်နေတာလား... ချောတာက ဘာတွေများသောက်ရေးပါနေလို့လဲကွ..."ဖန်ချီနန် လှောင်ပြောင်လိုက်သည်။
"ကြည့်ကောင်းတာက ဘယ်လောက်တောင် အံ့သြဖို့ကောင်းလဲဆိုတာ မင်းလဲမသိဘူးပေါ့..."လင်းရီ မေးမြန်းလိုက်ပြီး "မသိရင် ကျောက်ကျိန်းရန်ကို မေးကြည့်လိုက်... အဲ့ကောင်ကြိုက်တဲ့ စော်လေးတွေ အကုန်လုံး ငါ့ကောင်မလေး ဖြစ်လာတာချည်းပဲ…”