← Chapters

လင်းရီနှင့် ပိုင်နက်အကြောင်း ဆွေးနွေးခြင်း

Vol. 27 Ch. 397

လင်းရီနှင့် ပိုင်နက်အကြောင်း ဆွေးနွေးခြင်း

Vol. 27 Ch. 397

"ဒီကောင်စုတ်လေးက ဘယ်သူလဲဟ...ဘာလို့ ဒီလောက် မောက်မာနေတာ....သခင်လေးကျောက်က ဒီလောက်ချမ်းသာတာကို သူကြိုက်တဲ့ကောင်မလေးတွေက ဘယ်လိုလုပ်ပြီး အဲ့ကောင် လက်မောင်းထဲ ရောက်သွားမှာလဲတဲ့...."

"အဲ့ကောင် လျှောက်ကြွားနေတယ်ဆိုတာ အသိသာကြီးပဲ... မင်းကြည့်နေ... ခဏနေကျရင် သခင်လေးကျောက်က ပြန်တိုက်ခိုက်တော့မှာ...."

ကျောက်ကျိန်းရန် ပြန်တိုက်ခိုက်ရန် မျှော်လင့်ချက်ဖြင့် လူတိုင်း၏ အကြည့်များက ကျောက်ကျိန်းရန်ထံ စုပြုံသွားခဲ့ကြသည်။

သို့သော်လည်း ဆယ်စက္ကန့်လောက် ကြာပြီးသည့်တိုင်အောင် ကျောက်ကျိန်းရန်မှာ စကားတစ်ခွန်းမျှ ဟမလာ‌ချေ။

"ငါလခွမ်း..မဖြစ်နိုင်လိုက်တာ... သခင်လေးကျောက်က ဘာဖြစ်လို့ စကားပြန်မပြောတာလဲကွ...."

"ဖြစ်နိုင်တာက သခင်လေးကျောက် ကြိုက်တဲ့ကောင်မလေးတွေအကုန်လုံး ဒီကောင်လေးလက်ထဲ ရောက်သွားလို့များလား....ဖက်ခ် ဒီကောင်က အဲ့လောက် အံ့ဩဖို့ကောင်းနေတာလားကွ...."

"ဘာမဟုတ်တဲ့ ကိစ္စတွေကို လာပြိုင်နေလဲ အလကားပဲ."ကျောက်ကျိန်းရန် ဟောက်လိုက်ပြီး "မင်းကိုယ်မင်း ဘုရားတထားလို့ပဲ ပြောလိုက်မယ်...မင်းက ကျန်းအောက်နဲ့ အချင်းများရုံတင်မကသေးဘူး ၀မ်မာဇီရဲ့ ပိုင်နက်ကိုပါလုယူခဲ့တာဆိုတော့ မင်းထမင်း၀အောင်စားထား..... "

လင်းရီ ဂရုမစိုက်စွာ ပခုံးတွန့်လိုက်ပြီး "အဲ့တာဆိုလည်း မင်းအဲ့ကောင်ကို မြန်မြန် လုပ်ဖို့ ‌သွားပြောလိုက်...မဟုတ်ရင် ငါအဲ့ကောင်နဲ့ ကစားပေးချင်စိတ် ရှိမှာ မဟုတ်တော့ဘူး...."

"မပူနဲ့... ရှိုးကခုမှစတာ...ဖြည်းဖြည်းချင်း ကစားကြတာပေါ့...."

ဘွန်း ဘွန်း ဘွန်း....

ကားအင်ဂျင်သံများ ထွက်ပေါ်လာခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ ပို‌မိုကျယ်လောင်နေပြီး ဒါဇင်နှင့်ချီသည့် ပြိုင်ကားများ အခြား၀င်ပေါက်တစ်ခုမှ ၀င်ရောက်လာကြလေသည်။

ရှေ့ဆုံးမှ ဦးဆောင်လာသည့် အနီရောင် လွိုင်ကန်ကို မြင်တော့ လင်းရီ ကြက်သေသေသွားခဲ့၏။

အဲ့တာသူ့ကား မဟုတ်လား....

ငိုးပဲ ဒီကောင် ငါ့အိမ်လာအိပ်တုန်းက ကားပါ တစ်ခါတည်း မ လာခဲ့တာနေမှာ....

"သခင်လေးချင်းက သူ့ရဲ့ SR ကလပ်နဲ့ရောက်လာနေပြီ..."

"ဟိုက် ရှေ့ဆုံးက လွိုင်ကန်ကြီးမဟုတ်လားဟ...ပြည်တွင်းဈေးကွက်မှာဆို အဲ့ကားက သန်း၆၀ တောင်ကျော်‌တယ်လေကွာ one-77 ထက်ကို သန်း၂၀ ကျော်လောက် ဈေးများနေသေးတယ်... ချမ်းသာတဲ့ကောင်တွေက သောက်ရမ်းဖြုန်းနိုင်တာပဲ...."

"တခြားဟာတွေ ထည့်မပြောနဲ့ဦး... ကားတန်ဖိူးချင်းယှဉ်ရင်ကိုပဲ SR ကလပ်က အပေါ်စီးက ဖြစ်နေပြီ...."

ကျောက်ကျိန်းရန်နည်းတူ ချင်းဟန်နှင့် ကျန်သူများလည်း ကားမောင်းလာပြီး လင်းရီရှေ့၌ ရပ်တန့်လိုက်ကြသည်။

"လင်းကြီး... မင်းလည်း လာကြည့်တာပဲလား.."

လင်းရီကိုမြသ်တော့ ချင်းဟန် ရယ်မောလျက် မေးလိုက်သည်။

"ငါ့သူငယ်ချင်းမလေးက စိတ်၀င်စားနေတာနဲ့ အဖော်လုပ်ပြီး လာကြည့်ပေးတာပါကွာ... ငါ့အလိုဆို မင်း သောက်စကေးနုကြီးနဲ့မောင်းတာကို ကြည့်ဖို့ လာခဲ့မှာ မဟုတ်ဘူး...."

ချင်းဟန်၏ အကြည့်များက လီချူးဟန်ထံ ကျရောက်သွားခဲ့သည်။ အေးစက်စက် အလှတရားတို့က ချင်းဟန်ကို လျိုရီဖေးအကြောင်း သတိရသွားစေသည်။

"လင်းကြီး မင်းကတော့ တကယ့်ကောင်ပဲ...ဒီလို အေးစက်စက် အလှလေးတောင် မင်းလက်ကမလွတ်ဘူးဆိုတော့ ငါသောက်ရမ်းတွေ အထင်ကြီးမိသွားပြီ...."

လင်းရီနှင့် ချင်းဟန်တို့ ရင်းရင်းနှီးနှီး ပြောဆိုနေကြသည်ကိုမြင်တော့ သွမ့်ဖန့်နှင့် စွန်းထျန်းဟန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ဒီလင်းရီက ဘယ်ကလဲကွ... သူ့နောက်ခံက ‌ဘယ်လောက်တောင် ကောင်းနေတာလဲ....

သူ့မှာ တကယ်ကြီး ဒီလို အကောင်ကြီးကြီးတွေနဲ့ တိုက်ခိုက်ဖို့ အရည်အချင်းမှီတယ်တဲ့လား....

"ချင်းကြီး...ငါတို့ ဒီကနေ့ ရောက်လာတာက ကားပြိုင်ဖို့နော်...စမြုံ့ပြန်ဖို့ မဟုတ်ဘူး...."

ကျောက်ကျိန်းမှ ပြောလိုက်သည်။

"ကောင်းပြီလေ.. ခုလူစုံနေပြီဆိုမှတော့ စကြတာပေါ့...ဒီကနေ့ မင်းကို နေ့တိုင်း ဟန်မများသင့်ဘူးဆိုတာ သင်ပြပေးရတာပေါ့...."

ကျောက်ကျိန်းရန် ထီမထင်စွာ ပခုံးတွန့်လိုက်ပြီး "ဟန်ကိုယ့်တယ်ဆိုကလည်း အဲ့လို လုပ်နိုင်တဲ့ အရည်အချင်းရှိဖို့လိုတယ်ကွ... ငါ့လိုကောင်မျိုးက အဲ့လိုလုပ်တာ ဘာမှမဆန်ဘူး..."

"ဟမ့်... မင်းကြိုက်တဲ့ စော်တွေအကုန်လုံး လင်းရီလက်ထဲရောက်သွားတာတောင်မှ ဒီစကားမျိုး ပြောထွက်သေးတယ်ပေါ့လေ......ငါတော့ မင်းနဲ့ ကျိုးဟိုင်က သခင်လေး လေးဖော်ဆိုပြီး တစ်တန်းတည်းပြောခံရတာ ရှက်တယ်ဟျောင့်...."

"သောက်ရေးမပါတာတွေ... နောက်ဆုံးကျရင် ခွန်အားကပဲ စကားပြောသွားမှာ...မိန်းမဆိုတာ ဒီတိုင်း အပိုစာသားသပ်သပ်ပဲ .."

"ခွန်အားက စကားပြောတယ်...ဟက် လင်းရီရဲ့ အရည်အချင်းတွေနဲ့ဆိုလို့တော့ သူသာ ၀င်ပြိုင်ရင် မင်း သူ့နောက်မီးတောင် မြင်လိုက်ရမှာ မဟုတ်ဘူး...."

"သူကလား...."ကျောက်ကျိန်းရန်၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားပြီး "မင်းတို့ကောင်တွေက တစ်သင်းသားတည်းဆိုတော့ ဘာလို့ ဆင်းလာပြီး ၀င်မပြိုင်တာ...စည်းမျဉ်းတွေကတော့ ပြောထားတဲ့ အတိုင်းပဲ...ရှုံးတဲ့ကောင်က ကျိုးဟိုင်ရဲ့ သခင်လေး လေးယောက်စာရင်းထဲကနေ ကန်ထုတ်ခံရမယ် မင်းပြိုင်ရဲ့လားဟျောင့်."

"မင်းတို့ လောင်းကြေးကလည်း ဒါလေးပဲလား...ဗီလာတစ်လုံးကြေး ချရင်တောင် ပိုပျော်ဖို့ ကောင်းဦးမယ်...."လင်းရီ အထင်သေးစွာ ပြောလိုက်သည်။

"အဲ့တာဆို မင်း ဘယ်လိုမျိုး လောင်းကြေးချချင်လဲ...ငါ ကျောက်ကျိန်းရန် မင်းနဲ့ အဆူံးထိ လိုက်ကစားပေးမယ်...."

"ငါလည်း ဒီက စည်းမျဉ်းတွေကို နားလည်ပြီးသားဆိုတော့ စိတ်၀င်စားဖို့ကောင်းတာလေး လောင်းကြရအောင်...."လင်းရီ ပြုံးလိုက်ပြီး "မင်းနောက်ကျတဲ့ တစ်စက္ကန့်ချင်းစီတိုင်း ကားကိုမီးရှို့ပြရမယ်... မလုပ်ရဲရင် မင်းက ကြက်ပေါက်လေးပဲ..."

ဟစ်....

၎င်းကိုကြားတော့ လူတိုင်း လေအေးများ ရှုသွင်းလိုက်ကြရသည်။

လင်းရီ ဒီလောက်ထိ မဆင်မခြင်နိုင်လိမ့်မည်လို့ မည်သူကမျှ ထင်မထားကြချေ။

ကျောက်ကျိန်းရန်၊ ဖန်ချီနန်နှင့် ဝူချင်းယွီတို့လည်း ရှော့ခ်ရသွားခဲ့ကြ၏။

သူတိူ့ လက်ရှိမောင်းနေသည့် ကားများ၏တန်ဖိုးမှ အနည်းဆုံး ၅သန်းတန်ကြေးရှိသည်။သူတို့ နိုင်မည်သေချာနေသော်လည်း လောင်းကြေးမှာ အတန်ငယ် မြင့်မားလှသည်။

"လင်းရီ... မင်းရဲ့ကြေးက စိတ်၀င်စားဖို့ကောင်းသား...ဒါပေမယ့် ငါက ကားချစ်တဲ့သူ‌တစ်ယောက်ဆိုတော့ ကားတွေကို ‌မီး မရှို့ရက်ဘူး.. အထူးသဖြင့် မင်းရဲ့ လွိုင်ကန်ပဲ...ဈေးကွက်ထဲမှာ လိုက်ရှာ၀ယ်ရင်တောင် တွေ့ရတော့မှာ မဟုတ်တော့ဘူး...တကယ်လို့ အဲ့‌ကားကြီးသာ မီးရှို့ခံလိုက်ရမယ်ဆိုရင် ဘယ်လောက်တောင် ရင်နာဖို့ ကောင်းလိုက်မလဲ...မင်းရှုံးရင် မင်းကားကို ငါ့ပေးလိုက်....နောက်ကျတဲ့ စက္ကန့်တိုင်းကို ကားတစ်စီးပေးရမယ် .. အဆင်ပြေလား.... "

"ရတယ်လေ... မင်းသဘောပဲ..."

ကျောက်ကျိန်းရန် ချင်းဟန်ကို ကြည့်လိုက်ပြီး "စည်းမျဉ်းဟောင်းတွေအတိုင်းပဲ. တစ်ဖက်ကို လူလေးယောက်..."

"ငါတို့ကတော့ ရွေးပြီးပြီ.. လင်းကြီးရယ်၊ ငါရယ် ၊ ကောင်းကြီးရယ်၊ လျန်ကြီးရယ်... "ချင်းဟန်ပြောလိုက်ပြီး "မင်းဘက်ကကော ...မင်းတို့သုံးယောက်နဲ့နောက်တစ်ယောက်က ဘယ်သူလဲ..."

ကျောက်ကျိန်းရန် လက်ကို ဟန်ပါပါ ဝှေ့ယမ်းလိုက်ပြီး "ငါ့ဘက်က ငါတစ်ယောက်တည်းပဲ... သူတို့နှစ်ယောက် မပါဘူး... သူ့တို့နှစ်ယောက်နေရာမှာ ကျန်တဲ့သူတွေက အစားထိုး၀င်ပြိုင်မှာ...."

ပြောပြီးနောက် ကျောက်ကျိန်းရန် သူ့နောက်ရှိ ပြိုင်ကားများ ရှိရာဘက်သို့ ဦးတည်၍ "ညီကိုတို့ ပြိုင်ပွဲက‌စတော့မှာဆိုတော့ ထွက်လာလို့ရပြီ...."

ကျောက်ကျိန်းရန်၏ အပြုအမူက လူတိုင်း၏ အာရုံစူးစိုက်မှုကို ဖမ်းစားသွားခဲ့သည်။

လူတိူင်း၏ အကြည့်က စူပါကားနောက်ရှိ လူများထံသို့ ကျရောက်သွားလေသည်။ သူတို့အားလုံး အသက်သုံးဆယ်အရွယ်ရှိသည့် အမျိုးသားများ ကားထဲမှ ထွက်လာကြသည်ကို မြင်တွေ့လိုက်ရ၏။

"ဟမ် ဒီလူတွေကို ငါဘာလို့ ရင်းနှီးနေသလို ဖြစ်နေပါလိမ့်...."

"မှတ်မိပြီ...."တစ်ယောက်ယောက်မှ ထအော်လိုက်ပြီး "ဆံပင်အရှည်နဲ့တစ်ယောက်က WRC ကမ္ဘာ့ချန်ပီယံ ကောလီ... ကတုံးပေါက်ကေနဲ့ လူကကျတော့ စတုတ္ထဆုရှင် ၀မ်ရှောင်ကျွင်း... ကျန်တဲ့ တစ်ယောက်က WTCC ကမ္ဘာ့ချန်ပီယံ ဟွမ်၀မ်ချီ.....သုံးယောက်လုံးက ဆရာကြီးတွေပဲ...."

ထိုသူသုံးယောက် ဘယ်သူလဲဆိုတာကိုသိတော့ ပွဲကြည့်ထိုင်ခုံရှိလူတိုင်း တစ်ယောက်တစ်ပေါက် သက်ပြင်းရှိုက်လိုက်ကြသည်။

"ဒီလူတွေက အရင်တုန်းကတည်းကနေ ကမ္ဘာ့ကားပြိုင်ပွဲတွေမှာ ၀င်ပါဖူးတဲ့ သူတွေချည်းပဲ..ပြီးတော့ သူတို့ရဲ့ အဆင့်ကလည်း အရမ်းကောင်းတယ်...တစ်နိုင်ငံလုံးမှာတောင်မှ သူတို့ရဲ့ စကေးတွေက လုံး၀ကို ထိပ်တန်းပဲ....ဒီလို ဆရာကြီးတွေ ၀င်ပြိုင်မယ်ဆိုတော့ တက္ကသိုလ်ကျောင်းသားတွေက KG ကလေးတွေကို အနိုင်ကျင့်‌သလိုတောင် ဖြစ်နေပြီ...."

ချင်းဟန်မှာ ပရော်ဖက်ရှင်နယ် တစ်ယောက် မဟုတ်သော်လည်း ကားဝါသနာရှင် တစ်ယောက်ဖြစ်သောကြောင့် ထိူလူများအကြောင်းကိုတော့ ကြားဖူးနား၀ ရှိလေသည်။

သူတို့အားလုံးမှာ ပရော်ဖက်ရှင်နယ်ယာဉ်မောင်းများဖြစ်ပြီး ကျိန်းသေပေါက် စကေးကောင်းကြမည်မှာ မလွဲမသွေပင်။

၎င်းတို့နှင့်ယှဉ်မည်ဆိုလျှင်တော့ သူတို့၏ အရည်အချင်းမှာ အနည်းငယ် အလှမ်းဝေးနေဆဲဖြစ်။

လင်းရီတစ်ဦးတည်းကသာလျှင် ထိူသူတိူ့နှင့် ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မှီလိမ့်မည်။

"သူတို့သုံးယောက်လုံးက ကားပြိုင်ပွဲ နယ်ပယ်မှာ ထိပ်တန်း ပြိုင်ကားမောင်းတဲ့သူတွေချည်းပဲ... အထူးသဖြင့် ကောလီ ဟွမ်၀မ်ချီ...သူတိူ့နှစ်ယောက်က နိုင်ငံထဲမှာ ပုံရိပ်ကောင်းတွေ ရထားတဲ့အထိကို သန်မာတယ်...."

လီချူးဟန် ပြောလိုက်၏။

လင်းရီ အံ့အားသင့်သွားခဲ့၏။ "ဒေါက်တာလီက သူတို့ကို သိနေတယ်လား...."

"အင်း.. ငါက ကားပြိုင်ပွဲတွေ ကြည့်လေ့ကြည့်ထရှိတော့ သူတို့ နာမည်တွေကို မှတ်မိနေတာလေ...."လီချူးဟန်ပြောလိုက်ပြီး "နင် သူတို့ကို အနိုင်ယူချင်တယ်ဆိုရင် သူတို့ ဒီပြေးလမ်းနဲ့ မရင်းနှီးတာကို အခွင့်ကောင်းယူပြီးတော့ ယှဉ်ပြိုင်မှပဲရမှာ..."

ချင်းဟန် ကျောက်ကျိန်းရန်ကို ကြည့်လိုက်ပြီး "ကျောက်ကျိန်းရန် မင်းက အတော်လေး ရွံ့ဖို့ကောင်းတဲ့ကောင်ပါလားကွ....မင်းမနိုင်တိုင်းနဲ့ ဒီလိုကစားရဲတယ်ပေါ့လေ......"

"ချင်းကြီး ..မင်းအဲ့လို မပြောစမ်းနဲ့... သူတို့သုံးယောက်က အနားယူသွားပြီ....ပြီးတော့ ငါကလည်း သူတိူ့ကို ငါ့အသင်းထဲ ခေါ်ထားတာ... သူတို့က တရား၀င် ငါ့အသင်းတွေပဲ.. အဲ့တာကို ငါက သူတိူ့ကို ၀င်ပြိုင်ခိုင်းလို့မရဘူးဆိုတော့....ဘာလဲ ချင်းဟန် မင်းက ကြောက်နေတာလားကွ...."ကျောကျိန်းရန် မျက်နှာထက်တွင် လှောင်ရိပ်တို့က အထင်းသားပင်။

"ကြောက်နေရင်လည်း စောစီးအရှုံးပေးလိုက်... အချိန်တွေကြာတယ်... ကားကိုတစ်ခါတည်း တန်းပေးလိုက်...."

"ငါ့ဖင်ကြီးကိုပဲ ကြောက်နေလိုက်လေ....ငါချင်းဟန်ရဲ့ အဘိဓာန်ထဲမှာ ကြောက်တယ်ဆိုတဲ့ စကားလုံး မရှိဖူးသေးဘူးကွ ..."

"မကြောက်ရင်လည်း ပြိုင်ပွဲစကြတာပေါ့...."

ကျောက်ကျိန်းရန် လင်းရီကိုကြည့်လိုက်ပြီး "ဒါပေမယ့် မင်းကို တစ်ခု ပြောရဦးမယ်....မင်းခု ထိုင်နေတဲ့ နေရာက ငါတို့ FB ကလပ် အသင်းသားတွေ အားပေးတဲ့နေရာ... မင်း ကောင်မလေးက ပြိုင်ပွဲ ကြည့်ချင်တယ်ဆိုရင် သူ့ကို ဟိုဘက်ခြမ်းပို့လိုက်....ငါတို့ဘက်ကတော့ မကြိုဆိုနိုင်ဘူး.... "

"စောက်ရူး...ဒီပြိုင်ပွဲကွင်းတစ်ခုလုံးကို ငါပိုင်တာကွ...အဲ့တာကို မင်းက ပိုင်နက်အကြောင်း လာဆွေးနွေးနေတယ်ဆိုတော့ မင်းက သောက်ရူးလား.....”

All Chapters