မင်းရဲ့ ထမင်းအိုးကို ရိုက်ခွဲပစ်မယ်
Vol. 27 Ch. 398
"ဘာ... ဘာပြောလိုက်တယ်... ဒီရဲ့ ကားပြိုင်ပွဲကွင်းက မင်းအပိုင်...."ကျောက်ကျိန်းရန် အံ့အားကြီးစွာ မေးမြန်းလိုက်သည်။
"မယုံတာလား...ကျိုးဟိုင်ထောင်ကို ခေါ်ပြီး အတည်ပြုပေးရဦးမှာလား..."လင်းရီ မေးခွန်းပြန်ထုတ်လိုက်၏။
"ငိုးပဲ...."
ကျောက်ကျိန်းရန် သူ၏လက်စီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ယခုလို အခြေအနေမျိုးအောက်တွင် လင်းရီမှ လိမ်နေစရာ အကြောင်းမရှိချေ။
တစ်နည်းအားဖြင့်ဆိုသော် ကျိုးဟိုင်နိုင်ငံတကာ ကားပြိုင်ပွဲကွင်းမှာ တကယ်ကြီး လင်းရီ၏ အပိုင်ပင်။
ထိုအကြောင်းကိုတွေးမိသောအခါ ကျောက်ကျိန်းရန် ရူးသွပ်တော့မလို ခံစားလိုက်ရသည်။
ဘာလို့ ဒီကောင်နဲ့ ဆုံလိုက်တိုင်း ခံရတဲ့ကောင်က ငါပဲ ဖြစ်နေတာလဲဟ....
ဖက်ခ်ပဲကွာ....
သွမ့်ဖန့်နှင့် စွန်းထျန်းဟန်တို့လည်း အံ့အားသင့်သွားကြသည်။
သူတိူ့ကြောက်လန့်လွန်း၍ ဘောင်းဘီထဲ ထွက်ကျတော့မလိုတောင် ဖြစ်လာခဲ့ကြ၏။
ဒေါက်တာလင်းက ဘယ်သူလဲ...
သူက ပြိုင်ပွဲကွင်းကြီးတစ်ခုလုံးကိုတောင်မှ ပိုင်ဆိုင်ထားတယ်ပေါ့လေ....
"ကျောက်ကျိန်းရန်....ငါပြောတာကို နားထောင်မင်းဘယ်တော့မှ အစ်ကိုကြီးလင်းရှေ့မှာ မိမိုက်သလို သွားမလုပ်မိစေနဲ့..မင်းက သူ့ရဲ့ ပြိုင်ဖက်မဟုတ်ဘူး...."
လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့ပဲ မနေနိုင်ပဲ ရယ်မောလိုက်ကြသည်။
"အဲ့ဒီတော့ ဘာဖြစ်လဲ... နိဂုံးမှာ ဘာဖြစ်မလဲဆိုတာ ဆုံးဖြတ်ပြီးသားပဲ.. မင်းတို့ကောင်တွေသာ ကားပေးဖို့ ပြင်ထားကြ...."
"ကောင်းပြီ... အဲ့ကောင်ကို လွှတ်ထားလိုက်တော့...ငါတို့ နည်းဗျူဟာတွေအကြောင်း အရင်ဆွေးနွေးကြမယ်...."
ချင်းဟန် အားလုံးကို ဘေးသိူ့ ခေါ်လာခဲ့ပြီး လင်းရီကို ကြည့်လိုက်၏။
"လင်းကြီး ငါတို့အားလုံးမှာ မင်းက အတော်ဆုံးပဲ.. ဒီတော့ အကြံဉာဏ်လေးတစ်ချို့ လုပ်ပါဦး...."
လင်းရီ ခေါင်းမော့ပြီး ကောင်းကျုံးယွမ်နှင့် လျန်ကျင်းမင်ကို ကြည့်လိုက်ပြီး "မင်းတို့ထဲက ဘယ်သူ စကေးပိုကောင်းလဲ...."
"ကောင်းကြီးက ကျွန်တော့်ထက် ပိုကောင်းတယ်...."လျန်ကျင်းမင် ပြောလိုက်၏။
"အဲ့တာဆို လျန်ကြီး..တစ်ခုလောက် ကူညီကွာ...ငါ့သူငယ်ချင်းမလေးကို မင်းအစား ၀င်ပြိုင်ခိုင်းချင်လို့..."
"ပြဿနာမရှိဘူး...အစ်ကိုကြီးလင်းရဲ့ စကားက ဥပဒေပဲ..."
လီချူးဟန် လင်းရီကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး "နင် နင်က ငါ့ကို ၀င်ပြိုင်စေချင်နေတယ်...."
"ဒေါက်တာလီပဲ ဝါသနာပါတယ်လို့ ပြောဖူးတယ် မဟုတ်လား.... ဒီရောက်နေပြီးတော့မှတော့ ၀င်ပြီး လေးငါးပတ်လောက် မောင်းလိုက်ပေါ့...."
"ဒါကြီးက တာ၀န်ကြီးလွန်းတယ်... ငါ့ရဲ့ စကေးက သူတို့နဲ့ မယှဉ်နိုင်ဘူး...."
"ဒေါက်တာလီရဲ့ Civic Type R စွမ်းဆောင်ရည်ကလည်း ခုလက်ရှိ ပြိုင်ကားတွေအောက် မလျော့ပါဘူး.....ဘာမှ မဖြစ်ဘူး ရဲရဲသာမောင်း ...အကုန်အဆင်ပြေစေရမယ်..."
"နင် .... နင်ငါ့ကို ယုံကြည်တယ်ပေါ့နော်.. "လီချူးဟန် မေးမြန်းလိုက်၏။ သူမ ရွှေသမင်မျက်လုံးလေးတို့မှာတော့ ရွှန်းစိုတောက်ပနေလေသည်။
"ယုံတယ်..."လင်းရီ လီချူးဟန်၏ မျက်လုံးအစုံကို စူးစိုက်ကြည့်လိုက်ပြီး "ကျုပ် မင်းကို ယုံကြည်တယ်....."
"ကောင်းပြီ... နှစ်ယောက်သား အကြည်စိုက်မနေကြနဲ့..."ချင်းဟန် လက်ကာ၍ ကြား၀င် သာသနာဖျက်လိုက်ပြီး "ပွဲပြီးတော့မှ တ၀ကြီး စကားပြောလို့ရအောင် မင်းတို့နှစ်ယောက်ကို ဟိုတယ်ငှားပေးမယ်...ခုတော့ ပြိုင်ပွဲနည်းဗျူဟာအပေါ် အာရုံစိုက်ထားကြစို့... ကားတွေ ဆုံးရှုံးလိုက်ရတာက ဘာမှ မဖြစ်ဘူး.... ဒါပေမယ့် ငါမျက်နှာတော့ အပျက်မခံနိုင်ဘူး..."
"ဘာမှ ဆွေးနွေးနေစရာမလိုဘူး...သူတို့ဘက်က ပထမဆုံး ထွက်မယ့်သူက သေချာပေါက် ကျောက်ကျိန်းရန်ပဲ....ဒီတော့ ငါတို့ဘက်က ချင်းကြီး မင်းသွားလိုက်...ကောင်းကြီးကတော့ ဒုတိယထွက်ရမယ့်သူ...ပြီးတော့ ဒေါက်တာလီကျတော့ တတိယ ယှဉ်ပြိုင်ရမယ့်သူပဲ...ဘာမှ မစိုးရိမ်နဲ့.. မင်းတို့ စွမ်းနိုင်သလောက်သာ အကောင်းဆုံးလုပ်...နောက်ဆုံးရလဒ်ကိုတော့ ငါ့တာ၀န်ထားလိုက်...မင်းတို့ကောင်တွေကို သေချာပေါက် နိုင်အောင် ကူညီပေးမယ်..."
"လင်းကြီး...သေချာလို့လား..."
လင်းရီ ကျောက်ကျိန်းရန်ကိုကြည့်ရင်း သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာကာ "သောက်ရမ်းသေချာတာပေါ့ကွာ...."
"မင်းအဲ့လိုပြောမှတော့ ငါစိတ်ချသွားပြီ...အသင့်ပြင်ထား...ခဏနေဆို ပြိုင်ပွဲက စတော့မှာ...."
ဆွေးနွေးပြီးနောက် လီချူးဟန် ပြေးလမ်းထဲမှ ထွက်ကာ သူမ၏ Civic ကို ပြေးလမ်းပေါ်သို့ မောင်းလာခဲ့သည်။
မီးလျှံကဲ့သို့ နီရဲနေသည့် Civic Type R ကို မြင်တော့ ပွဲကြည့်နေကြသူများမှာ ပင့်သက်ရှိုက်မိသွားကြသည်။ သူတိူ့ လီချူးဟန်ကို ပင့်သက်ရှိုက်နေခြင်းပင်။
ဆယ်မိနစ်ခန့်ကြာသော် ပါ၀င်ယှဉ်ပြိုင်သူများအားလုံး သူတိူ့၏ ကားများနှင့်အတူ ပြေးလမ်းပေါ်တွင် နေရာယူထားကြ၏။
ပထမဆုံး ယှဉ်ပြိုင်မည့် ချင်းဟန်နှင့် ကျောက်ကျိန်းတို့ သူတိူ့၏ ကားများကို ပြေးလမ်းပေါ်သို့ မောင်းလာကြသည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် လေးနက်စွာ ကြည့်လိုက်ကြ၏။ သူတို့ထဲက မည်သူကမျှ ရှိန်မနေကြချေ။
တစ်ချိန်တည်းတွင် ဘစ်ကနီ၀တ်ထားသည့် ဆံပင်ရှည်ရှည်နှင့် ဆက်ဆီမော်ဒယ်လ်တစ်ဦး သူတိူ့ကားနှစ်စီး၏ အလယ်တွင် သေနတ်ကို ဖောက်လိုက်၏။
"သုံး နှစ် တစ်...."
" ဒိုင်း...."
သေနတ်သံနှင့်အတူ ချင်းဟန်၏ McLaren P1 နှင့် ကျောက်ကျိန်းရန်၏ One-77 တို့ နေရာမှ တစ်ဟုန်ထိုး ပြေးထွက်သွားကြသည်။
P1 မှာ အနည်းငယ် ဈေးပေါသော်လည်း ပြုပြင်မွမ်းမံပြီးနောက် ၎င်း၏စွမ်းဆောင်ရည်တို့မှာ One-77 နှင့် ခြားနားခြင်း မရှိတော့ချေ။
သုံးပတ် မောင်းပြီးနောက် ချင်းဟန်မှ သုံးစက္ကန့်အသာစီးဖြင့် ပန်း၀င်သွားခဲ့သည်။ အဖွင့်ကောင်းဟု ဆိုရပေမည်။
ဒုတိယအချီ စတင်လေပြီ။ ကျောက်ကျိန်းရန်ဘက်မှ WRC စတုတ္ထဆုရှင် ၀မ်ရှောင်ကျွင်းကို စေလွှတ်လာခဲ့၏။
ပထမပွဲစဥ်တွင် ချင်းဟန်မှ သူံးစက္ကန့် အသာစီးရခဲ့သော်လည်း ကောင်းကျုံးယွမ်နှင့် ၀မ်ရှောင်ကျွင်းတို့ကြားတွင် နည်းစနစ်ကွာဟမှု၊ အတွေ့အကြုံကွာခြားမှုတိူ့ ရှိနေလေသည်။ အမှန်အတိုင်းဆိုရသော် သူတို့မှာ တူညီသော အဆင့်အတန်းတွင်ပင် ရှိမနေချေ။
ကားနှစ်စင်း တတိယအပတ်မောင်းနေချိန်တွင် တတိယပွဲစဉ်၌ ယှဉ်ပြိုင်မည့် လီချူးဟန်နှင့် ဟွမ်၀မ်ချီတို့ သူတိူ့ကားများကို စောင့်ဆိုင်းသည့် ဧရိယာအတွင်းသို့ မောင်းနှင်လာကြသည်။
"ဟေ့ အလှလေး... မင်းရဲ့ ကားအသံ နားထောင်ကြည့်ရသလောက်တော့ ပြန်ပြီး ရွှိုင်းထားတဲ့ပုံပဲ....ဝီချက်အပ်ကြမလား.. ဒီအစ်ကိုကြီးက ကားဘယ်လိုမောင်းရမလဲဆိုတာ သင်ပေးမယ်လေ...."
လီချီးဟန်မှ သူမ၏ လုံခြုံရေးခါးပတ်ကို ပတ်ရင်း တစ်ခွန်းမျှ ပြန်မပြောချေ။ ရှေ့တည့်တည့်ကိုသာ စူးစိုက်ကြည့်ပြီး သူမခွဲစိတ်မှု ပြုနေစဥ်ကကဲ့သို့ လေးနက်နေလေသည်။
"ကျွတ် ကျွတ် ကျွတ် .. ဘယ်လောက် နှမြောဖို့ကောင်းလိုက်လဲ...ဒီလောက်လန်းတဲ့ Civic Type R ကြီးက ခဏလေးနဲ့ ငါ့အပိုင်ဖြစ်လာတော့မှာ...."
ဟွမ်၀မ်ချီ နှမြောသသ ဖြစ်နေဟန်ဖြင့် ပြောလိုက်ပြီး "ဒါပေမယ့် မင်းသာဒီည ငါနဲ့ အဖော်ပြုပေးမယ်ဆိုရင်တော့ ကျောက်ကျိန်းရန်ကို မင်းရဲ့ကား ပြန်ပေးလိုက်ဖို့ ပြောပေးမယ်လေ.... "
"ကျွန်မက ဟွာရှန်းဆေးရုံက ခွဲစိတ်ဆရာ၀န်နော်...ရှင့်ကို အစိတ်တစ်ရာလောက် အပိုင်းပိုင်းစိပ်လိုက်ရင်တောင် ချုပ်ရာ ပါးပါးလေးပဲ ကျန်အောင် လုပ်လို့ရတယ်... မယုံရင် စမ်းကြည့်လိုက်..."
ရုတ်ချည်းဆိုသလို ဟွမ်၀မ်ချီ လေးအေးတစ်ချက် တိုက်ခတ်သွားပြီး သူကျောချမ်းသလို ခံစားလိုက်ရသည်။ မသိလိုက် မသိစွာဖြင့် သူ၏ ခြေထောက်ကိုပင် ကျုံ့မိသွား၏။
ဒုတိယပွဲစဉ်မှာလည်း လျင်မြန်စွာဖြင့် ပြီးဆုံးသွားခဲ့သည်။
သုံးပတ်မောင်းပြီးနောက် ကောင်းကျုံးယွမ်မှ သူ၏ပြိုင်ဖက်ကို ငါးစက္ကန့် အသာစီးယူခွင့် ပြုလိုက်ရ၏။
ကွာခြားမှုမှာ ကြီးမားလွန်းလှပေသည်။
ထိုအချိန်တွင် လီချူးဟန်နှင့် ဟွမ်၀မ်ချီတို့ ကားအင်ဂျင်များကို အပူပေးရင်း အသင့်ပြင်ထားကြသည်။ သားရဲဟိန်းသံကဲ့သို့ အသံလှိုင်းများမှာ လူတိုင်း၏ အဒရီနလင်းများကို လှုံ့ဆော်သွားပြီး စိတ်အားတက်ကြွစွာ အားပေးအော်ဟစ်နေကြတော့၏။
"ဝှက်သယ်ဖက် စကီလေးမောင်းတဲ့ Civic Type R ကြီးက ကောင်းလှချည်လားဟ...ဟွမ်၀မ်ချီနဲ့ တစ်တန်းတည်းယှဉ်မောင်းပြီးတော့မှ ကွာခြားချက်ကလည်း မတိမ်းမယိမ်းလောက်ပဲ.... "
"ဒီရဲ့ အမျိုးသမီးယာဉ်မောင်းက လူံး၀ အံ့ဩစရာပဲ... ဟွမ်၀မ်ချီနဲ့တောင် လက်ရည်တူ ယှဉ်ပြိုင်နိုင်တယ်...."
"သူမက မိန်းကလေးကော ဟုတ်ရဲ့လားဟ... မောင်းနေတာက လုံး၀ ဂျွတ်ဆင်ကြီး...ငါ့လို ယောက်ျားအရင့်မာကြီးတောင်မှ အဲ့လောက် အကြမ်းစားကြီးတစ်ခါမှ မမောင်းဖူးဘူး....."
"စိတ်လှုပ်ရှားစရာပဲ..."
လီချူးဟန်၏ ပြောင်မြောက်သည့် စွမ်းဆောင်ရည်ကို မြင်တွေ့သွားသည့် အချိန်တွင်တော့ ချင်းဟန် စိတ်လှုပ်ရှားသွားခဲ့ပြီး "လင်းကြီး...မင်းရဲ့ ကောင်မလေးအသစ်က အတော်လေး မဆိုးဘူးပဲကွ...စကေးတွေက ကောင်းကြီးထက်တောင် ဂွတ်နေသေးတယ်... မင်းအတော်လေး ကြိုးစားပြီးတော့ ကိုယ်ဖိရင်ဖိ သင်ပေးထားတဲ့ပုံပဲ.. ဟုတ်တယ်မလားဟျောင့်....."
"သင်ပေးထားတာ မဟုတ်ရပါဘူးကွာ...သူမကိုက ပါရမီပါနေတာ...."
"အေးပါ အေးပါ ငါနားလည်ပြီ....မင်းလည်း အသင့်ပြင်ထားတော့...ခုတောင် ဒုတ်ယအပတ်စနေပြီ...ခဏနေဆိုရင် မင်းအလှည့်ရောက်လာတော့မှာ....."
"အေးဆေးပေါ့... အချိန်တွေအများကြီး လိုပါသေးတယ်...."
ဘေးတစ်နေရာတွင် ပွဲကြည့်နေသည့် ကျောက်ကျိန်းရန်မှ လင်းရီကိုကြည့်လျက် ပြောလိုက်ပြီး "လင်းရီ မင်းခေါ်လာခဲ့တဲ့ ကောင်မလေးက အတော်လေး ကောင်းပါတယ်...သူမရဲ့ စကေးတွေက ဆိုးတော့ မဆိုးဘူး...ဒါပေမယ့် ဟွမ်၀မ်ချီကလည်း သူ့ရဲ့ ခွန်အား အပြည့်အ၀ကို အသုံးမချရသေးဘူးလေ....တကယ်လို့ သူသာ တကယ်ကြီး ထုတ်သူံးလိုက်မယ်ဆိုရင် တတိယအပတ် မောင်းပြီးသွားတာနဲ့ မင်းတို့ကောင်တွေထက် ဆယ်စက္ကန့်လောက် အသာစီး ရနေတော့မှာ..."
"ဆယ်စက္ကန့်လေးလောက်ကတော့ ငါက စာကို မဖွဲ့တာ...."
လင်းရီ လီချူးဟန်တို့ ယှဉ်ပြိုင်သည်ကို အစကတည်းကပင် အနီးကပ် လေ့လာပြီးဖြစ်၏။
ဟွမ်၀မ်ချီနှင့် ကျန်သူများမှာ အမှန်တကယ် သန်မာလှပေသည်။ သိူ့သော်လည်း လီချူးဟန်ပြောသည့် အတိုင်း ယခုပြေးလမ်းတွင်တော့ သူတ်ို့ဘက်မှ တစ်ပန်းရှုံးနေဆဲဖြစ်၏။ လမ်းဘေးပြေးလမ်းတွင်သာ ယှဉ်ပြိုင်လေ့ရှိသောကြောင့် ယခုလို ကားပြိုင်ပွဲကွင်းနှင့် နေသားမကျသေးသည်မှာတော့ အမှန်ပင်။ ထို့ကြောင့်လည်း လီချူးဟန်မှ ကပ်လျက် ယှဉ်မောင်းနေနိုင်ခြင်းဖြစ်သည်။
"ဒါနဲ့ မင်းတို့ကောင်တွေ ကားဆယ့်တစ်စီး ယူလာခဲ့တယ်မလား....."လင်းရီ ရုတ်တရက် မေးမြန်းလိုက်သည်။
"ဘာလုပ်မလို့လဲ...."
"မင်းပဲ ရှုံးတဲ့ဘက်က တစ်စက္ကန့်ကို ကားတစ်စီးပေးရမယ်လို့ မပြောထားဘူးလား...ဒါကြောင့်မို့ ငါ အချိန်ကို တစ်ချက် တွက်ကြည့်နေတာလေ..."
ပထမတော့ ကျောက်ကျိန်းရန် ကြက်သေသေသွား၏။ ထို့နောက် အားပါတရရယ်မောလိုက်ပြီး
"လိုး....လာနောက်နေတာလားဟျောင့်...နောက်ဆုံးမောင်းမဲ့သူက ကမ္ဘာ့ချန်ပီယံကောလီကွ...မင်းက သူ့ပြိုင်ဖက်ဖြစ်မယ်လို့ထင်လား...နောက်ဆုံးရလဒ်က အနည်းဆုံး စက္ကန့်နှစ်ဆယ်လောက်တော့ ကွာမှာပဲ...ဒါတောင်မှ ငါတို့ကို ဆယ့်တစ်စက္ကန့်နဲ့ ကြောချင်နေတယ်ဆိုတော့ အိပ်မက်မက်မနေနဲ့... နှိုးထတော့..."
"ဟမ့်... ခုခေတ် သူဌေးပေါက်စနလေးတွေက ကောင်းကင်နဲ့ မြေပြင်ရဲ့ ကွာဟမှုကို မသိကြတော့ဘူးပဲ...."
ကောလီ အထင်သေးစွာ ပြောလိုက်ပြီး " မင်း ဒီစကားကို မကြားဖူးဘူးလား... သူများရဲ့ ပရော်ဖက်ရှင်နယ်အလုပ်(ထမင်းအိုး) ကို ကိုယ်က ဝါသနာပါရုံလောက်နဲ့သွားစိန်မခေါ်နဲ့ ဆိုတာကိုလေ...."
"ငါမကြားဖူးဘူး...ဒါပေမယ့် ငါက စိန်ခေါ်ချင်နေတာမဟုတ်ဘူး...."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ဖျက်ဆီးချင်နေတာ....”