ရင်နာဖွယ်ရာ မီးပုံပွဲ
Vol. 27 Ch. 399
"ဖျက်ဆီးချင်နေတယ်..."ကောလီ နှာခေါင်းရှုံ့လိုက်ပြီး "အဲ့လိုလုပ်နိုင်တဲ့သူက ခုထိ မမွေးသေးဘူး....."
"မပူနဲ့... ခဏနေကျရင် ပေါ်လာတော့မှာ...."
"ကောလီ... အဲ့ကောင်နဲ့ ပြိုင်ငြင်းမနေနဲ့...ခဏနေကျ ငါတို့ အောင်ပွဲခံနိုင်ဖို့ဆိုရင် အနည်းဆုံး စက္ကန့်နှစ်ဆယ်စာလောက်တော့ အသာစီးယူထားမှရမှာ...အဲ့ကောင်ကို အခွင့်အရေး တစ်က်မှ မပေးစေမိနဲ့...."
"ငါဘာလုပ်ရမလဲဆိုတာ သိပြီးသား...ခု ဒီကို ယူလာခဲ့တဲ့ အက်စတွန်မာတင်ဆိုတာကလည်း ငါ့စိတ်ကြိုက် စပယ်ရှယ်ရွှိုင်းထားတာ....ပြီးတော့ လက်ရင်းတနှီးလည်း ရှိပြီးသား...နှစ်ဆယ်စက္ကန့် မဟုတ်ဘူး...သုံးဆယ်စက္ကန့်ဆိုရင်တောင် ဖြစ်နိုင်ချေရှိတယ်...."
"ငါလိုချင်တာလည်း အဲ့တာမျိုးပဲ...အဲ့ကောင်ကို အခွင့်အရေးလုံး၀လုံး၀ ပေးလို့မဖြစ်ဘူး..."
"မင်းက ငါတို့ကို စက္ကန့်၃၀လောက် အသာစီးယူချင်နေတယ်......မင်းတို့ အိပ်မက်လေးတွေကို မဖျက်ဆီးချင်ပေမယ့် ယီးပဲရမယ်လို့...."
ချင်းဟန် လက်ခလယ်ထောင်ပြလိုက်သည်။
"ချင်းကြီး မင်းခုချိန်မှ လာဆဲနေလည်း အပိုပဲ...မင်းတို့ကားကို နောက်ဆုံးအကြိမ် နှုတ်ဆက်ပြီးတော့မှ ငါတို့လက်ထဲအပ်ဖို့ အသင့်ပြင်ထားတာ ပိုကောင်းမယ်...."
"သောက်ခြေမပါတာတွေ လာမပြောနဲ့.. အဲ့အကြောင်းကို ပွဲပြီးမှ ဆက်ပြောမယ်...."
ထိုအခိုက်အတန့်တွင် အံ့အားတကြီး ပင့်သက်ရှိုက်သံများ ကွင်းတစ်ခုလုံးတွင် လှိုင်းထလာခဲ့လေသည်။
"ကြည့် ဒရိုင်ဘာအလန်းလေးက ဟွမ်၀မ်ချီကို အနီးကပ်လိုက်နေတာ ခုဆို တတိယအကျော့ထဲတောင် ရောက်နေပြီ....ငါ့အထင်တော့ နောက်ဆုံးရလဒ်က ဆယ်စက္ကန့်လောက်ပဲ ကွာမယ်လို့ ထင်တာပဲ..."
"ငါလည်း အဲ့လိုထင်တာပဲ...ဒီရဲ့ မိန်းကလေးက သောက်ရမ်းကြမ်းလွန်းတယ်...ပြီးတော့ ကားကလည်း Type R ဆိုတော့ ပိုဆိုးပေါ့ကွာ...သာမန်ကားတွေဆို အဲ့လောက်အကြမ်းစားကြီးမောင်းရင် ခံနိုင်ရည်ရှိမှာတောင် မဟုတ်ဘူး..."
"ကြိုးစားထား အလှလေး..."
"မင်း ဆယ်စက္ကန့်အသာစီးနဲ့ အနိုင်ယူရမယ်... "
"ခုကစပြီး မင်းက ငါ့အိုင်ဒေါပဲ...ကိုးကွယ်ခွင့်ပြုပါ...."
တစ်မိနစ်ကြာပြီးနောက် တတိယအကျော့မှာ ပြီးဆုံးသွားခဲ့ပြီး ရလဒ်က လူတိုင်းကို ရှော့ခ်ရသွားစေခဲ့သည်။
ကွာခြားမှုက ရှစ်စက္ကန့်တည်းပင်။
တစ်နည်းအားဖြင့် သုံးပတ်မောင်းနှင်ပြီးနောက် ချူးဟန်မှာ ပရော်ဖက်ရှင်နယ် ယာဉ်မောင်းထက် သုံးစက္ကန့်သာ နောက်ကျခဲ့ခြင်းဖြစ်၏။ ယင်းရလဒ်ကြီးက ထိတ်လန့်စရာကြီးပင်။
လူတိုင်း ရှော့ခ်ရစွာဖြင့် ပင့်သက်ရှိုက်နေစဉ် စတုတ္ထပွဲစဉ်မှာ စတင်ချေပြီ။
"တကယ်တမ်း ငါ့အတွေးတွေကို ထုတ်ဖော်ရမယ်ဆိုရင် စတုတ္ထအကျော့က ယှဉ်ပြိုင်ဖို့မလိုဘူးလို့တော့ ထင်တာပဲ...သုံးစက္ကန့်အသာစီးရထားတဲ့သခင်လေးချင်းကလွဲရင် ကျန်တဲ့သူတွေ အကုန်လုံးက နောက်ကောက်ကျန်နေကြတဲ့သူတွေချည်းပဲ..ဘယ်လောက်ပဲ ကြိုးစားပါစေ နိုင်စရာအကြောင်း မရှိလောက်တော့ဘူး....."
"အမှန်ဆို ရှုံးတာက သဘာ၀ပဲ.....ဘာလို့ဆို သူတို့အားလုံးက ပရော်ဖက်ရှင်နယ်ကြေးစားတွေလေ... အပျော်တမ်းမောင်းသူတွေမှ မဟုတ်တာ...ဒီလိုဆို ငါတို့က သူတိူ့ စက္ကန့်ဘယ်လောက်နဲ့ ရှုံးသွားတာလဲဆိုတာကိုပဲ ရင်ခုန်ရတော့မှာ..."
"သခင်လေးချင်းက ကျိုးဟိုင်ရဲ့ အင်ပါယာဆိုပြီး ဂုဏ်သတင်းကြီးနေတာကွ...သူသာ ဒီပြိုင်ပွဲမှာ ရှုံးသွားလို့ကတော့ အတော်လေး မျက်နှာပျက်သွားတော့မှာပဲ...."
"ဘယ်တတ်နိုင်မှာ...သူက ကျောက်ကျိန်းရန်ရဲ့ လှည့်ကွက်ထဲ ရောက်သွားခဲ့တာလေ....အရှုံးကို လက်ခံလိုက်ဖို့ပဲ တတ်နိုင်တော့မှာ..."
တစ်ချိန်တည်းတွင် ဟွမ်၀မ်ချီ ပြန်ရောက်လာခဲ့ပြီး "ကျိန်းရန် ဆောရီးကွာ...သုံးစက္ကန့်ပဲ အသာစီးရလိုက်တယ်...အဲ့ကောင်မက တစ်ခုခုတော့ တစ်ခုခုပဲ...."
"အဆင်ပြေပါတယ်... သူတို့ ဒီနေ့ ကားဆယ့်နှစ်စီး ပါလာခဲ့တယ်ဆိုတော့ ကောလီရဲ့ ခွန်အားနဲ့ဆိုရင် လေးစက္ကန့်အသာစီးလောက် ယူပေးဖို့က ပြဿနာမရှိဘူး...."
(TN - တစ်ယောက်ချင်းစီ အသာစီးရတဲ့ စက္ကန့်တွေပေါင်းတွက်တာပါ )
"ဟားဟား... ငါတွေးထားတာလည်း အဲ့လိုပဲလေ....."
"သေစမ်း... ဘာတွေ ဖြစ်နေတာလဲ....လွိုင်ကန်ရဲ့ အမြင့်ဆုံးအမြန်နှုန်းက ၂၀၀ မဟုတ်ဘူးလား....သူက ကောလီရဲ့ အက်စတွန်မာတင်ကိုတောင်မှ လိုက်မှီတော့မယ်....."
"၂၀၀ ထိရောက်တာက အံ့ဩဖို့မကောင်းသေးဘူး...ဒါပေမယ့် အဲ့ကောင်က အရှိန်လျှော့ဖို့ ရည်ရွယ်ချက်မရှိတာကိုပဲကွ... အဲ့ဒီအမြန်နှုန်းတဲ့ ကွေ့ဖို့ စဉ်းစားနေတာလားမသိဘူး...."
"ဖက်ခ် ဖက်ခ် ဖက်ခ် ...."
"အဲ့ကောင်တကယ်ကြီး အရှိန်နဲ့ ကွေ့တော့မှာဟ...."
ယင်းမြင်ကွင်းကို မြင်လိုက်သူတိုင်း ကြောက်လန့်နေကြပြီး အသက်ရှူဖို့ရာ မော့လျော့နေကြသည်။
ထိုမြင်ကွင်းမျိုးကို သူတို့ F1 ပြိုင်ပွဲတွင်သာ မြင်ဖူးလေသည်။ သို့သော်လည်း F1 တွင် ပြိုင်ကားမောင်းသည်ကိုတော့ သူတို့ မမြင်ဖူးကြချေ။
"ကြည့်... ကောလီကတော့ အကွေ့နားလေးမှာ အရှိန်လျော့လိုက်ပြီ....ကွာခြားမှုက အနည်းဆုံး သုံးစက္ကန့်လောက် ဖြစ်သွားမယ် ထင်တာပဲ...."
လီချူးဟန်၏ မျက်လုံးလေးတို့မှာလည်း အံ့အားသင့်စွာ ဝိုင်းစက်နေလေသည်။ သူမ ကားကို ထိုသို့ မောင်း၍ရမှန်း မသိခဲ့ပေ။
သူက အဲ့လောက်တောင် တော်တာလား....
လီချူးဟန် မည်သူ့ကိုမျှ လေးစားအားကျခြင်း မရှိခဲ့ပေ။ သိူ့သော်လည်း သူမလင်းရီကိုတော့ လေးစားမိကြောင်း ၀န်ခံရပေမည်။
လင်းရီ၏ အရှိန်မှာ မြန်သထက် မြန်ဆန်လာပြီး သူနှင့် ကောလီကြားရှိ ကွာခြားမှုမှာလည်း နည်းသထက် နည်းလာခဲ့သည်။
ထိုအချိန်တွင်တော့ လူတိုင်း၏ အတွေးများမှာ တူညီနေကြသည်။ လင်းရီ ပထမအကျော့ မောင်းပြီးနောက် ကျောက်ကျိန်းရန်တို့၏ အမှတ်ကို လိုက်မှီသွားလိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းထားပြီးဖြစ်၏။
ထို့ကြောင့် သူတို့ ပွဲ၏ အဆုံးသတ်ကိုသာ စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်ရပေတော့မည်။
"အစ်ကိုကြီးလင်းက အံ့ဩဖိူ့ မကောင်းလွန်းဘူးလား...ကောလီက ပရော်ဖက်ရှင်နယ် ယာဉ်မောင်းလေ...ဒါကိုတောင်မှ ပထမအကျော့မောင်းရုံနဲ့တင် ရှစ်စက္ကန့် အသာစီး ချန်ထားနိုင်လိုက်သေးတယ်..."
လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့မှာ လင်းရီ ကားမောင်းသည်ကို မမြင်ဖူးသောကြောင့် လုံး၀ အံ့အားသင့်နေကြ၏။
"လင်းကြီးက အံ့ဩဖို့ကောင်းပါတယ်လို့ ငါမပြောဘူးလား...မင်းတို့မှ မယုံတာ... အဲ့ကောင်က သောက်ရမ်းစကေးကြမ်းတဲ့ ဒရိုင်ဘာတစ်ယောက်... ရိုလာကိုစတာ နတ်ဘုရားပဲ...."
လူအချို့မှာ ပျော်ရွှင်နေကြပြီး လူအချို့ကတော့ ၀မ်းနည်းကြေကွဲကွာ ကျောက်ကျိန်းရန်နှင့် ကျန်သူများကတော့ ယူကျုံးမရ ဖြစ်နေကြ၏။
ပရော်ဖက်ရှင်နယ် ဒရိုင်ဘာသုံးယောက်နှင့်ဆိုလျှင် ပြိုင်ပွဲမှာ သူတိူ့အနိုင်ဖြစ်လိမ့်မည်ဟု တသတ်မှတ်တည်း တွေးထားကြသည်။ သိူ့သော်လည်း လင်းရီတွင် ထိုမျှ အံ့ဩဖို့ကောင်းသည့် ကျွမ်းကျင်မှုတို့ ရှိနေလိမ့်မည်လို့ ထင်မထားခဲ့ချေ။
"ကိုးစက္ကန့်...."
"ငိုးပဲ ဒါကြီးကတော့ လူမဆန်လွန်းသွားပြီ... ဒုတိယအကျော့ကြီးပြီးတော့ ကိုးစက္ကန့် အသာစီးရနေပြီတဲ့လား...."
ရလဒ်ကိုမြင်တွေ့သည့်အချိန်တွင်တော့ကျောက်ကျိန်းရန် ရင်ကွဲပက်လက်ဖြစ်သွားခဲ့၏။
ပထမအကျော့ပြီးစဉ်က ရှစ်စက္ကန့်ကိုပါ ပေါင်းလိုက်မယ်ဆိုပါက ဆယ့်ခုနစ်စက္ကန့်ပင်။ ထို့ကြောင့် တတိယအကျော့ မောင်းသည့်အချိန်တွင်တော့ ကောလီမှာ လင်းရီ၏ နောက်မီးကိုပင် မြင်နိုင်လိမ့်မည် မဟုတ်တော့ချေ။
လူတိုင်း လင်းရီ၏ စကေးကို ရင်သပ်ရှုမော ဖြစ်နေကြစဉ် ...
လင်းရီရုတ်တရက် တတိယအကျော့၏ ပန်းအ၀င်နေရာတွင် ကားကို ရုတ်တရပ် ရပ်တန့်လိုက်သောကြောင့် ရှော့ခ်ရသွားခဲ့ကြ၏။
ယင်းက လူတိုင်းကို ကြက်သေသေသွားစေပြီး ချင်းဟန်ပင်လျှင် သူ၏ပေါင်ကို စိုးထိတ်စွာဖြင့် ထရိုက်မိလိုက်သည်။
"လင်းကြီးက ယီးတွေလုပ်နေတာလားဟ...မြန်မြန် စည်းကိုကျော်လိုက်တော့လေကွာ...ကျော်လိုက်တာနဲ့ နိုင်နေပြီပဲကို.."
"ဟဟား...."ကျောက်ကျိန်းရန် ၀မ်းသာသွားခဲ့ပြီး "စိတ်ကူးယဉ်မနေနဲ့...ငါ့အထင်တော့ အဲ့ကောင်ကားပျက်သွားလို့ပဲဖြစ်ရမယ်..စည်းကျော်ဖို့ဆိုတာ မဖြစ်နိုင်လောက်တော့ဘူး...."
"မင်း လာနောက်နေတာလားကွ...ဒါကြီးက လွိုင်ကန်လေကွာ.. အဲ့လောက်လေးနဲ့ ပျက်ရောတဲ့လား...."
"အဲ့လောက် အကြမ်းပတမ်းမောင်းနေမှတော့ဘယ်ကားက ခံနိုင်မှာ...သေချာပေါက် ပေါက်ကွဲမှာပဲလေ..."
ကျောက်ကျိန်းရန် အကြောက်အလန့်ကင်းစွာ ရယ်မောလိုက်ပြီး "ကောင်းကင်ကြီးက နောက်ဆုံးတော့ ငါ့ကို မစပြီ...မင်းစောင့်ကြည့်နေလိုက်..."
ဘွန်း ဘွန်း ဘွန်း....
ထိုအချိန်တွင် ကားအင်ဂျင်သံမှာ တစ်ဖန်ကျယ်လောင်လာခဲ့လေသည်။
လင်းရီ၏ လွိုင်ကန်မှာ တာမျဉ်းကို ဖြတ်ကျော်သွားသည်အား မြင်တွေ့လိုက်ရ၏။
"ဘာ....ဘာတွေဖြစ်နေတာလဲဟ... သူ့ကားက ပျက်သွားပြီ မဟုတ်လား..."
ချင်းဟန်လည်း ဝေခွဲမရဖြစ်သွားခဲ့သည်။ သူ့ကား မပျက်ဘူးဆိုရင် ဘာလို့ အဲ့နားမှာ ရပ်ပစ်လိုက်တာလဲတဲ့...
"ဖက်ခ်ပဲ..အဲ့ဒီသခင်လေး ဘာလုပ်ဖို့ကြိုးစားနေလဲဆိုတာ ငါသိပြီ...သူက အချိန်တွက်နေတာပဲကွ...သူက ၁၁ စက္ကန့်ဖြစ်အောင် လုပ်လိုက်တာက FB ကလပ်က ကားဆယ့်တစ်စီးပဲယူခဲ့လို့လေ..."
"ဟားဟား..ဒါကြီးက မျက်နှာဖြတ်ရိုက်လိုက်တာပဲ....."
"သခင်လေးလင်းက အံ့ဩစရာပဲ.. ဒီလို ပါးဖြတ်ရိုက်တဲ့ နည်းလမ်းက နိတ်လယ်ဗယ်တောင် ရောက်နေပြီ...."
"ဆယ့်တစ်စက္ကန့်တဲ့လား...စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာကွာ..."
ပြိုင်ပွဲမှာပြီးဆုံးသွားခဲ့ပြီး လင်းရီနှင့် ကောလီတို့ ကျောက်ကျိန်းရန်ထံ မောင်းနှင်လာခဲ့ကာ လင်းရီကတော့ အပြုံးလေးဖြင့် "ဆယ့်တစ်စက္ကန့်တည်းနဲ့ အသာစီးရသွားပြီဆိုတော့ မင်းတို့ကောင်တွေရဲ့ကားကို လက်ခံရမှာတောင် ခပ်ရှက်ရှက်ရယ်...."
"ကားတွေပို့ ...."
"ကားတွေပို့...."
"ကားတွေပို့ဟေ့....ကားတွေပို့...."
ပွဲကြည့်ခုံရှိ လူတိုင်း ညီညွှတ်စွာ ပြောဆိုလိုက်ကြသည်။ ကျောက်ကျိန်းရန်ကတော့ သူ့လက်စီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သွေးတစ်လုပ်အန်ထွက်သည်အထိ ရင်ထဲ နာကျည်းမုန်းတီးနေလေသည်။
"အစ်ကိုကျောက် အဆင်ပြေရဲ့လား..."ဖန်ချီနန်နှင့် ဝူချင်းယွီတို့ ရောက်လာခဲ့ပြီး ကျောက်ကျိန်းရန်ကို ကူညီပေးလိုက်ကြ၏။
"အဆင်ပြေပါတယ်...သေတော့ မသေနိုင်သေးဘူး..."
"ကျုပ်တို့ခု ဘာလုပ်ကြမလဲ..."
"ဘာလုပ်ရဦးမှာ...သူတို့ကို ကားသော့ပေးလိုက်တော့...."
FB ကလပ် အသင်းသားများမှာ ရှက်ရွံ့စွာဖြင့် သူတိူ့၏ ကားသော့များကို ကမ်းပေးလိုက်ကြသည်။
သူတို့ကားကို နှမြော၍တော့မဟုတ်ပဲ ရှက်စရာကောင်းလွန်းသောကြောင့်ပင်။
လင်းရီ ကျောက်ကျိန်းရန်၏ One-77 ကို လက်ဖြင့် ဗုန်းခနဲ မြည်အောင် တစ်ချက်ပုတ်လိုက်ပြီး "ခုကစပြီး ကျိုးဟိုင်ရဲ့ သခင်လေးယောက်ဆိုတဲ့ ဂုဏ်ပုဒ်က မင်းတို့နဲ့ ဘာမှမသက်ဆိုင်တော့ဘူး..."
"ဟမ့်... ငါတို့ကလည်း သောက်ဂရုစိုက်နေတယ်များ အောက်မေ့နေတာလား...."
ကျောက်ကျိန်းရန် နှာခေါင်းရှုံ့လိုက်ပြီး "သွားစို့...."
"ဟေ့ ဟေ့... အဲ့လောက် မလောနဲ့ဦးလေ..."လင်းရီ အနောက်မှ လှမ်းအော်လိုက်ပြီး
"လမ်းက မှောင်နေပြီဆိုတော့ လမ်းလျှောက်လို့လည်း အဆင်ပြေမှာ မဟုတ်ဘူး..."
ကျောက်ကျိန်းရန် နောက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး "မင်း....ဘာပြောချင်နေတာ...."
"ညက အရမ်း အသက်၀င်နေတော့ မီးပုံပွဲလေးမလုပ်ရင် ဘယ်ပျော်ဖို့ကောင်းမှာ... One-77 ကို မီးသွားညှိလိုက်...ပြီးရင် သခင်လေးကျောက်ကို လိုက်ပို့ကြတာပေါ့…”