အချစ်ကြောင့်လား
Vol. 27 Ch. 400
"ငိုးပဲ...."
"အဲ့ကောင် သန်း ၄၀ တန် One-77 ကို မီးရှို့ချင်နေတယ်ဆိုတာ ငါယုံတောင်မယုံနိုင်ဘူး..."
ကျောက်ကျိန်းရန်တို့မှာလည်း လူအုပ်ကြီးအောက်မလျော့ အံ့အားသင့်နေကြသည်။
ချင်းဟန်၊လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့ကတော့ လင်းရီ၏ ကြီးမြတ်မှုကို အံ့အားတကြီး ဖြစ်နေကြလေသည်။
မနီးမဝေးတွင် ရပ်နေသည့် သွမ့်ဖန့်နှင့် စွန်းထျန်းဟန်တို့ကတော့ သူတို့ခေါင်းချာချာလည်နေသလို ခံစားလိုက်ကြရ၏။
လင်းရီက ဘယ်သူလဲ...
ဒီလောက် အံ့ဩဖို့ကောင်းနေတာတောင်မှ ဆေးရုံမှာ ဘာလို့ ဒေါက်တာလာလုပ်နေတာလဲဟ...
လီချူးဟန်ကို ပိုးပန်းချင်နေလို့များလား...
"လာ လာ ... မီးမွှေးကြမယ်." လျန်ကျင်းမင် ကျယ်လောင်စွာ ရယ်မောလျက် ကျောက်ကျိန်းရန်၏ One-77 ကို သူ၏ ဇစ်ပို မီးခြစ်ဖြင့် မီးရှို့လိုက်သည်။
"ဟေ့ ဟေ့ ကားပါကင်နားကအစောင့်.. သီချင်းသံ ခပ်မြူးမြူးလေး လုပ်ပါဦးဟ...."ကောင်းကျုံးယွမ် ကျယ်လောင်စွာ အော်ပြောလိုက်သည်။
မကြာမီ သန်း၄၀ကျော်တန်ကြေးရှိသော One-77 မှာ မီးတောက်မီးလျှံထဲတွင် အရှိန်တညီးညီး တောက်လောင်နေတော့၏။ ကားပါကင်နား တာ၀န်ကျနေသည့် အစောင့်မှာ ကောင်းကျုံးယွမ်၏ အမိန့်ကို နာခံပြီး နိုက်ကလပ်တွင် ဟစ်ထနေသည့် သီချင်းကို စပီကာနှင့် ချိတ်စက်၍ ဖွင့်ပေးလိုက်သည်။ ကောင်းကင်သို့ တညွှန့်ညွှန့် တက်လျက်ရှိသော မီးတောက်များနှင့် ပွဲကျင်းပရာ နေရာတစ်ခုလုံးမှာ မီးပုံပွဲကြီးဖြစ်နေသည့်အလား ရင်နာစရာ ကောင်းလောက်အောင် လှပနေချေတော့သည်။
"ဖက်ခ်ပဲ... သခင်လေးလင်းရဲ့ အံ့ဩဖို့ကောင်းလိုက်ပုံကတော့ ငါစကားရှာလို့ကို မရတော့ဘူး.. "
"သန်း၄၀ကျော် တန်ကြေးရှိတဲ့ ကားကို ဒီတိုင်းမီးရှို့ပစ်လိုက်တယ်...သူက ကျိုးဟိုင်မှာ ပထမဦးဆုံးပဲ..."
"သခင်လေးလင်း...ကျွန်မရှင့်ကို ချစ်တယ်... ရှင်နဲ့ အတူ ပေပီလေးတွေ မွေပေးချင်လို့ပါ...."
ဖူး....
သူ၏ ဂုဏ်သိက္ခာကို အဖတ်ဆယ်ရန်အတွက် တစ်ခုခု ပြန်ပြောချင်နေသော်လည်း သူ မပြောနိုင်ခဲ့ပေ။နောက်ထပ် သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး ဖြူလျော်သွားခဲ့တော့၏။
"မင်းတို့ဘော့စ်က ယောက်ျားမသီသလိုက်တာကွာ...ငါတို့အစ်ကိုကြီးက ကားလေးတစ်စီး မီးရှို့လိုက်တာကို သွေးလာအန်နေတယ်တဲ့...ကိုယ့်လူ...ပျော့ချက်ပဲ...."
"ဖက်ခ်ပဲ....မင်းတို့ စောင့်နေစမ်းပါ...."
ဖန်ချီနန် ကျိန်ဆဲပြီး ဝူထျန်းယွီနှင့်အတူ ကျောက်ကျိန်းရန်ကို တွဲခေါ်ကာ ထိုနေရာမှ ထွက်လာခဲ့လိုက်၏။
"လင်းကြီး ငါဂျာအေးသူ့အမေရိုက်နေပေမယ့် မင်းက အကောင်းဆုံးပဲ ဟားဟား....အဲ့လိုလုပ်ရတာက သောက်ရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်ကွာ...."
ချင်းဟန် ရယ်မောလိုက်သည်။
"အဲ့ကောင်နောက်ဆို ကလိမ်ကကျစ်လုပ်ရဲတော့မှာ မဟုတ်လောက်ဘူး...."လျန်ကျင်းမင်မှ ပြောလိုက်၏။
"သူ့လို သောက်ရူးက ရိုးသားနေမှပဲ ထူးဆန်းနေမှာ...."လင်းရီ ပြုံးလိုက်ပြီး "အနာဂတ်ကျ အဲ့ကောင် ဘာတွေလျှောက်လုပ်ဦးမလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး..."
"အင်း အစ်ကိုလင်း ပြောတာလည်း မမှားဘူး...."
"ကောင်းပြီ...မင်းတို့ သုံးယောက် ဒီမှာ နေရစ်ခဲ့ကြ...ငါအိမ် ပြန်အိပ်လိုက်ဦးမယ်..."
ချင်းဟန် ရယ်မောလိုက်ပြီး "ဒီလောက်လှတဲ့ မိန်းကလေးရှိတာတောင် မင်းက ညအိပ်ဦးမယ်ဆို တော့ ငါတို့က ယုံမယ်များ မှတ်နေလားဟျောင့်...အချင်းချင်းတွေကိုပဲ သူတော်ကောင်းကြီးပုံစံ လာဖမ်းမနေစမ်းပါနဲ့....."
"ငိုးပဲလေ..."လင်းရီ ပြောပြီးနောက် ကျန်သူများကို နှုတ်ဆက်ကာ လီချူးဟန်နှင့်အတူ ထွက်လာခဲ့လိုက်၏။
သွမ့်ဖန့်နှင့် စွန်းထျန်းဟန်လည်း နောက်မှလိုက်လာခဲ့ပြီး သကောင့်သားမှ "သွမ့်ကြီး...ငါတို့ခု ဘာဆက်လုပ်ကြမလဲ...မင်း ဒေါက်တာလီကို ဆက်ပိုးပန်းဦးမှာလား...."
"မင်းကြီးတော်မို့လို့ လိုက်ပိုးပန်းနေရဦးမှာလားကွ...မောင်းစမ်း...အရက်ဆိုင်ကို..."
လင်းရီ သူ၏ လွိုင်ကန်ကို မယူလာခဲ့ပဲ ချင်းဟန်ဆီထားခဲ့ကာ လီချူးဟန်နှင့်အတူ လိုက်လာခဲ့၏။
"ကျုပ်ကို အိမ်လိုက်ပို့ပေး...ဆေးရုံတော့ ပြန်မနေတော့ဘူး...."လင်းဂီ ပြောလိုက်၏။
"အိုကေလေ...."
လင်းရီ၏ လမ်းညွှန်မှုများနောက် လိုက်ပါ၍ လီချူးဟန် သူ့ကို အိမ်လိုက်ပို့ပေးလိုက်သည်။
ခမ်းနားထည်ဝါလှသည့် ကျိုကျုံးဗီလာကို မြင်တွေ့သည့်အချိန်တွင်တော့ သူမ၏ ချယ်ရီကဲ့သိူ့ ရဲရဲနီနေသော နှုတ်ခမ်းလေးတို့မှာ အံ့အားသင့်စွာဖြင့် ပွင့်ဟနေလေသည်။
လင်းရီ၏ နောက်ခံမှာ သူမစိတ်ကူးယဉ်ထားသည်ထက်ကိုပင် ကျော်လွန်နေလေသည်။
"နင်က ဒေါက်တာလုပ်ရတာကို ဝါသနာပါတာလား..."လင်းရီ၏ အိမ်သို့ရောက်သောအခါ လီချူးဟန်မှ မေးမြန်းလိုက်၏။
လီချူးဟန်၏ မျက်လုံးထဲတွင် လင်းရီ ဤမျှ တောင့်တင်းသည့် နောက်ခံရှိနေပြီး အကယ်၍ သူသာ ဆရာ၀န်အလုပ်ကို မနှစ်သက်ပါက ယခုလမ်းကြောင်းကို လျှောက်လှမ်းရန် ရွေးချယ်လိမ့်မည်မဟုတ်ချေ။
လင်းရီ တခဏမျှ တုံ့ဆိုင်းသွားခဲ့ပြီး "နှစ်သက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး..ကျုပ်ကဒီတိုင်း ကိူယ်တတ်ကျွမ်းတဲ့ပညာနဲ့ လူတွေကို ကယ်တင်ချင်ရုံလေးတင်ပါ..."
ပျော်ရွှင်မှုအရဆိုလျှင်တော့ ကားမောင်းသည်ဖြစ်စေ၊ အီရန်ပြေးသည်ဖြစ်စေ ခြားနားခြင်းမရှိချေ။ သိူ့သော်လည်း လူတို့၏ သက်တမ်းမှာ တိုတောင်းလွန်းလှ၏။ သူ၏ အချိန်ကို မလုပ်ဖူးသည့် အသစ်အဆန်းများကို စမ်းသပ်ကြည့်ရင်း ထိုက်တန်အောင် အသုံးချရပေမည်။
"အထဲ မ၀င်တော့ဘူးလား..."လင်းရီ ဖိတ်မန္တက ပြုလိုက်ပြီး "ဆန္ဒရှိရင် ကြိုက်တဲ့ ဗီလာမှာ တစ်ညတည်းသွားလို့ရတယ်.. ကိုးခုလုံးက ကျုပ်အပိုင်တွေချည်းပဲ...."
"တော်ပြီ...ကားနည်းနည်းလောက် ဆက်မောင်းချင်သေးလို့ မ၀င်တော့ဘူး... မနက်ဖြန်ကျရင်တော့ နင့်ကို လာကြိုပေးမယ်လေ...."
လင်းရီ၏ နောက်ခံကို ခန့်မှန်းထားပြီးဖြစ်၍ ဗီလာကိုးခုလုံး လင်းရီအပိုင်ဖြစ်နေသည်ကို သူမ အံ့အားသင့်မနေတော့ချေ။
"တကယ်ကြီး လာကြိုပေးမှာလား...."
"ဒါပေါ့.....မကြိုပေးရဘူးလား..."
"ရတယ် ဒေါက်တာလီ အလုပ်ရှုပ်နေပါမယ်... ကျုပ်အိမ်မှာ ကားတွေ ရှိသေးတယ်ဆိုတော့ မနှောင့်ယှက်တော့ဘူး... "
"ကောင်းပြီလေ.. အဲ့တာဆို ငါပြန်တော့မယ်နော်...."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး ကားထဲမှ ထွက်ကာ လီချူးဟန် ထွက်ခွာသွားသည်ကို ရပ်၍ ကြည့်နေမိ၏။ လမ်းမှာ လူသူကင်းမဲ့နေပြီး အနီရောင် Civic Type R တစ်စင်းက အဖော်မဲ့နေဟန်တူသည်။
လင်းရီ ဗီလာထဲသိူ့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့ရင်း လီချူးဟန်မှာ အခြားသာမန်မိန်းကလေးတိူ့နှင့် ကွဲပြားနေကြောင်း တွေးတောမိနေတော့၏။
သို့သော်လည်း သေချာဆန်းစစ်ကြည့်မည်ဆိုပါက သူစနစ်ကို ပိုင်ဆိုင်ပြီးသည့် အချိန်မှစ၍ ကြုံတွေ့ရသည့် အမျိုးသမီးတို့မှာ တမူထူးခြားနေပြီး သူမတို့၏အကျင့်စရိုက်မှာလည်း လုံး၀ ကွဲပြားနေလေသည်။
သူ Didi မောင်းရင်း ကျီချင်းရန်ကဲ့သိူ့ ချစ်စဖွယ်အမူအရာနှင့် အလှတရားအပေါ် ဂုဏ်ယူနေတတ်သည့် သူမနှင့် ဆုံတွေ့ခဲ့ရသည်။
သူ ကျူတာအဖြစ် အလုပ်လုပ်စဉ်အခါကလည်း ရှောင်ထျန်ကဲ့သို့ ဂိမ်းသရဲမလေးနှင့်လည်း ဆုံတွေ့ခဲ့ရပြန်သည်။
အီန်ဘွိုင်းလုပ်စဉ်တစ်ဖြတ်၌လည်း ဉာဏ်အမြော်မြင်ကြီးမားပြီး ရင့်ကျက်သိမ်မွေ့သည့် အလှတရားတို့အားပိုင်ဆိုင်ထားသည့် ရန်ရွှေကိုလည်း တွေ့ခဲ့ရလေသည်။
ယခု ဒေါက်တာ ဖြစ်ပြန်တော့လည်း အေးစက်ပြီး တစ်ဘ၀လုံး အထီးကျန်စွာ နေသွားတော့မည့် လီချူးဟန်နှင့် ဆုံတွေ့ရပြန်သည်။
သို့သော်လည်း သူ၏ သူတော်ကောင်းနှလုံးသားလေးက ထိုအလှလေးများအားလုံးကို စာနာသနားတတ်စွာဖြင့် အထီးကျန်ရစ်မည်ကို မလိုလားပေ။
ထိုအကြောင်းတို့ တွေးတောရင်း အိမ်သိူ့ရောက်သည့်အခါ ည ဆယ့်နှစ်တင်းတင်း ထိုးနေချေပြီ။ ဆေးကြောသန့်စင်ပြီးနောက် အိပ်ရာ၀င်ရန် အသင့်ဖြစ်နေချိန်တွင် သူ၏ ဖုန်းသံ မြည်လာခဲ့၏။
ကလင် ကလင် ကလင်
ဤတစ်ကြိမ်တွင်တော့ လျန်ရူရွှယ်မှ ခေါ်ဆိုလာခဲ့ခြင်းပင်။
"ညလယ်ကြီးမှာ ခေါ်လာတယ်ဆိုတော့ ကလပ်သွားမလို့များလား မိန်းကလေးလျန်...."
"ကျွန်မရဲ့ ရာထူးပုံရိပ်နဲ့ အဲ့လိုနေရာမျိုးကို သွားဖို့သင့်တော်မလားလို့ စဉ်းစားပါဦးလားရှင်ရယ်...."
"အဲ့တာဆို ဘာကိစ္စနဲ့ ဖုန်းလှမ်းခေါ်လိုက်တာ..."လင်းရီ မေးလိုက်ပြီး "မဟုတ်မှလွဲရော ညသန်းခေါင်မှာ တစ်ကိုယ်တည်းအထီးကျန်လွန်းလို့ ကျုပ်ဆီ ဖုန်းဆက်ပြီး အဖော်ပြုခိုင်းစေချင်လို့များလား...."
"ဟွန်း... ရှင့်ရဲ့စကားလုံးတွေနဲ့ လာမချုပ်နဲ့.. ကျွန်မကို မရင့်ကျက်သေးတဲ့ မိန်းအငယ်လေးများ အောက်မေ့နေလား...."
"ကျုပ်ရဲ့ မျက်လုံးထဲမှာတော့ မိန်းကလေးလျန်က ထာ၀ရ ဆယ့်ရှစ်နှစ်ပါပဲ.... "
ရုတ်ချည်းသာယာမှုလှိုင်းတစ်ခုက လျန်ရူရွှယ်၏ ခါးထံသို့ လှိမ့်တက်လာပြီး တစ်ဖက်မှ တခစ်ခစ် ရယ်မောသံတို့ ထွက်ပေါ်လာလေသည်။
"တကယ်ပဲ... ဒီနှစ်တွေထဲမှာ ကျွန်မကို အဲ့လိုစကားလုံးမျိုးတွေနဲ့ ကလူကျီစယ်ရဲတဲ့သူဆိုလို့ ရှင်တစ်ယောက်တည်းပဲ ရှိဦးမယ်...စိတ်လှုပ်ရှားစရာ မကောင်းဘူးလား...."
" စိတ်လှုပ်ရှားဖို့ကောင်းလွန်းလို့ ဒီက သေတောင်သေတော့မယ်..."လင်းရီ ပြောလိုက်ပြီး "တစ်နေ့ ကျုပ် မိန်းကလေးလျန်ရှေ့ ရောက်တဲ့အချိန်ကျ သေချာပေါက် နှလုံးဆေးဆောင်ထားမှဖြစ်မှာ...."
"နှလုံးဆေးနဲ့ ဘယ်ရမှာ.. ရှင် ကျည်ကာအင်္ကျီလောက် ဆောင်ထားသင့်တယ်..."လျန်ရူရွှယ် ပြောလိုက်၏။
"ကျည်ကာအင်္ကျီ...Durexလား ..."လင်းရီ ပြောလိုက်ပြီး "အဲ့အင်္ကျီက တကယ်ကောင်းတယ်... ကျည်ဆံအချက်တစ်ရာကို တစ်ချီတည်းနဲ့ ခံနိုင်ရည်ရှိတယ်...."
"ရှင်က တကယ့်ကို ချီးထုပ်အကြီးစားပဲ...."လျန်ရူရွှယ်ပြောလိုက်ပြီး "မနက်ဖြန် အလုပ်မသွားနဲ့တော့ ... ကျွန်မရှင့်ကို ဆယ်နာရီကျရင် လာကြိုပေးမယ်....ရှင့်ကိုတစ်နေရာ ခေါ်သွားစရာရှိတယ်..."
"ဘာလုပ်မို့...."
"ကျိုးဟိုင်ကို ၀င်ဖို့ အဆင်သင့်ရှိတဲ့ နိုင်ငံခြားက တင်သွင်းလာမယ့် ဆေးတစ်သုတ်ရှိတယ်...ကျွန်မ အထက်ကြီးပိုင်းတွေကို တိုက်ရိုက် ပြောပြီးသွားပြီ...ကျွန်မတို့ လေလံတင်တာတွေ မလုပ်တော့ဘူး..မျက်နှာချင်းဆိုင် အင်တာဗျူးပဲ လုပ်လိုက်တော့မှာ..." လျန်ရူရွှယ် ပြောလိုက်ပြီး "ဒီကိစ္စက အရမ်းအရေးကြီးတယ်...ကျွန်မဘက်မှာ အားကိုးလို့ရမယ့် လူတစ်ယောက်မရှိရင် စိတ်မချနိုင်ဘူး...."
"ဒီကိစ္စကို ကိူယ်တိုင်ကိုယ်ကျ ကိုင်တွယ်မယ်ဆိုတော့ မိန်းကလေးလျန်ရဲ့ အရည်အချင်းတွေကို ဖြုန်းတီးရာ မကျဘူးလား..."
"ဒီရဲ့ဆေးက အရမ်းအသောက်များတဲ့ဆေးလေ...ကျိုးဟိုင်ရဲ့ အသက်ကြီးပိုင်း ၃၈ ရာခိုင်းနှုန်း ရှိတဲ့ထဲက စစ်တမ်းတွေအရဆိုရင် ၂၇ ရာခိုင်နှုန်းလောက်က ဒီရဲ့ဆေးကို တစ်နှစ်လုံး မှီဝဲနေရတာ...."
"နောက်ပြီး ဒီရဲ့ဆေးက လူငယ်တွေကြားထဲမှာလည်း ဈေးကွက်က တော်တော်ကြီးမားတယ်ပြောရမယ်..."
လျန်ရူရွှယ် ခဏရပ်တန့်၍ ဆက်ပြောလိုက်ပြီး "ခု ကျိုးဟိုင်ကို အရင်စမ်းသပ်ကြည့်တာ ..တကယ်လို့ ဒီရဲ့ အော်ပရေးရှင်းတာ အော်မြင်သွားမယ်ဆိုရင် သူတိူ့ တခြားစီရင်စုတွေနဲ့ မြို့တွေကိုပါ မိတ်ဆက်ပေးတော့မှာလေ...ဒီလိုကြီးမားတဲ့ အော်ဒါပမာဏနဲ့ဆိုရင် ဈေးတစ်ယွမ်လေး ကွာခြားသွားရင်တောင် နောက်ဆုံးရလဒ်က ဧရာမ ပြောင်းလဲမှုကြီး ဖြစ်သွားလိမ့်မယ်...အဲ့လိုဆို သာမန်လူတွေအတွက်ကျ ၀ယ်ယူဖို့ရာ အဆင်မပြေဖြစ်သွားနိုင်တယ်..."
"နားလည်ပြီ..."
လင်းရီ လီချူးဟန်ပြောသည့် အသောက်များသည့်ဆေး ဟူသော ကိစ္စ၏ အရေးပါပုံကို သတိထားမိပြီးဖြစ်၏။
၎င်းမှာ သွေးတိုးရောဂါရှိသည့် လူနာတို့ တစ်နှစ်ပတ်လုံး မှီဝဲသောက်သုံးနေရသည့် ဆေးတစ်မျိုးဖြစ်ပြီး လျန်ရူရွှယ်ပြောနေသည်မှာလည်း ချဲ့ကားနေခြင်း မဟုတ်ချေ။
ဆေးဈေးနှုန်းများ ပိုကြီးလေ သူံးစွဲရသည့် လူနာတို့ ပို၍ အခက်အခဲဖြစ်လေပင်ဖြစ်သည်။
"ကျုပ်ကို ဒီလောက် အရေးကြီးတဲ့ တာ၀န်ပေးချင်တာ သေချာရဲ့လား... ကျုပ်က ခွဲစိတ်တာတစ်ခုလေးတည်း လုပ်ပြရသေးတာနော်...မိန်းကလေးထင်သလောက်လည်း အံ့ဩဖိူ့ ကောင်းမနေဘူး....."
"ဒါပေမယ့် ကျွန်မယုံကြည်နိုင်တဲ့သူကလည်း ရှင်တစ်ယောက်တည်းရှိတာလေ...."
"ဘာလို့လဲ... အချစ်ကြောင့်လား...."