ဆေး၀ါးညှိနှိုင်းဆွေးနွေးခြင်း
Vol. 27 Ch. 401
"ငွေကြောင့်မို့လေ..."
"ကျုပ် တကယ်ထင်မထားဘူးဗျာ ...မိန်းကလေးလျန်က ဒီလိုမျိုး ပစ္စည်းဥစ္စာကို စွဲလမ်းတတ်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လိမ့်မယ်လို့....."
"ကျွန်မ ဆိုလိုချင်တာက ရှင့်မှာ ပိုက်ဆံမရှားတော့ အတန်အသင့် လွှမ်းမိုးမှုရှိတယ်လို့ပြောချင်တာ...အဲ့တာကြောင့်မို့ ဒီအလုပ်နဲ့ ပိုပြီး ကိုက်ညီတယ်...."
"မလုပ်ပါနဲ့... ကျုပ်က ငွေမရှိတဲ့ သူဆင်းရဲလေးပါ... အပြင်ထွက်ရင်တောင် လွိုင်ကန်နဲ့ Phantom ပဲ စီးနိုင်လို့ ကျုပ်ကားရဲ့ အဲကွန်းပျက်နေတာတောင် မပြင်နိုင်တာ အတော်ကြာနေပြီ...ကျုပ်ကားထဲမှာ ၀င်ထိုင်လိုက်တဲ့ မိန်းကလေးတိုင်းက လည်း ပူတယ်ဆိုပြီး ပြောပြောနေကြတော့ ကျုပ်ဘ၀ကြီးက ဘယ်လိုလုပ်ပြီး လွယ်ကူတယ်လို့ ပြောရက်လိုက်တာ...."
"ဒရာမာခင်းမနေနဲ့..ရှင်ဘယ်မှာနေလဲပြောလိုက်..ကျွန်မ မနက်ဖြန် လာကြိုမယ်...."
"ကျိုးကျူံး အဆောက်အအုံ...."
"ဘယ်တစ်ခုလဲ...."
"ကိုးခုလုံးက ကျုပ်ဟာတွေပဲ...."
တီ တီ တီ .....(ဖုန်းချသံ)
ဖုန်းကျသွားသည့် အသံကိုကြားတော့ လင်းရီ ပြောစရာစကားတို့ ပျောက်ဆုံးသွားခဲ့ရသည်။
'ငါတစ်ခုခု မှားပြောလိုက်မိလို့များလား....'
'ကျိုးကျုံးအဆောက်အဦးက ဗီလာကိုးခုလုံးကငါ့ဟာဆိုရင်တောင်မှ ငါက ဆင်းရဲနေတုန်းပဲလေ....'
ဖုန်းချပြီးနောက် လင်းရီ အနားယူရန် လဲလျောင်းလိုက်သည်။
သိူ့သော်လည်း လင်းရီ ချက်ချင်း အိပ်မပျော်နိုင်ခဲ့ ပေ။
သူ၏ လက်ထဲတွင် ဘီလီယမ်ပေါင်းများစွာ ရှိနေသည့် အချိန်တွင်တောင်မှ ယခုကဲ့သို့ မဖြစ်ခဲ့ဖူးချေ။
ယခုက သူ၏လက်ထဲတွင် လူတို့၏ သေခြင်းရှင်ခြင်းစွမ်းအားကို ချုပ်ကိုင်ထားနေရသကဲ့သို့ ခံစားမိနေတော့၏။
သာမန်ပြည်သူတိူ့ ထိုဆေးကို သောက်သုံးနိုင်ခြင်းနှင့် ဈေးအနည်းဆုံးနှင့် ၀ယ်ယူနိုင်မလားဆိုတာ သူ၏ ဆုံးဖြတ်ချက်ပေါ်တွင် မူတည်နေလေသည်။
သူမတ်တပ်ထရပ်လိုက်ပြီး ပြတင်းပေါက်နားသို့သွားကာ အပြင်ဖက်ရှိ တလှိမ့်လှိမ့်ရိုက်ခတ်နေသော ရေလှိုင်းတိူ့အား ကြည့်ရှုလိုက်သည်။
သူ့ကိုယ်သူ တီးတိုးရေရွတ်ရင်း "ငွေကြေးနဲ့အာဏာ....တယ်လည်း စိတ်၀င်စားဖို့ ကောင်းတဲ့အရာပါလား.... "
.......
ကျိုးဟိုင်၊ ကျန်းနန် နွေဦးဟိုတယ်၊ ၁၈၀၂ တော်၀င်ခန်းတွင်။
အမျိုးသားနှင့် အမျိုးသမီးတစ်ဦးတို့ အခန်းထဲတွင် ထိုင်နေကြသည်။ အမျိုးသမီး၏ နတ်သမီးအလှ ရင်ညှပ်ရိုးများကိုတွေ့မြင်နေရပြီး ကိုယ်ကိုလည်း တဘက်အရှည်တစ်ခုဖြင့် ရင်ရှားထားလေသည်။ သူမ၏မျက်နှာသွင်ပြင်မှာတော့ နှစ်သက်ဖွယ်ကောင်းသည့် ဘဲဥပုံသဏ္ဌာန်မျက်နှာကို ပိုင်ဆိုင်ထားပြီး ဆံနွယ်တို့မှာလည်း ရေစိုစိုနက်မှောင်နေကာ ၀င်းမွတ်နေသည့် သူမ၏အသားအရေအား ပို၍ ဂရုပြုမိစေလေသည်။ သိသာစွာပင်၊ သူမရေချိုးပြီးခါစဖြစ်၏။
သူမနှင့် မျက်နှာချင်းဆိုင်တွင်တော့ ၀တ်စုံပြည့်နှင့် အမျိုးသားတစ်ဦး ထိုင်နေလေသည်။
အမျိုးသမီး၏ နာမည်မှာတော့ ကျောက်ဝေဖြစ်ပြီး Pfizer ကမ္ဘာ့ဆေးဝါးဖြန့်ဖြူးရေးဌာန၏ ဒါရိုက်တာတစ်ဦးဖြစ်၏။
အမျိုးသား၏နာမည်မှာတော့ မုန့်ဟိုင်ချင်းဖြစ်ပြီး ကျောက်ဝေ၏ လက်အောက်ငယ်သားတစ်ဦးဖြစ်သည်။
မုန့်ဟိုင်ချင်း၏ အနေအထားမှာ ဌာနတွင် အမြင့်စားကြီးမဟုတ်သော်လည်း ဟွာရှနှင့် ညှိနှိုင်းဆွေးနွေးမည်ဖြစ်သောကြောင့် ကျောက်ဝေ သူမ၏ အဆင့်မြင့်လုပ်ဖော်ကိုင်ဖက်တို့အား လျစ်လျူရှုကာ မုန့်ဟိုင်ချင်းအား ခေါ်ဆောင်လာခဲ့လေသည်။
"အားလုံးစီစဉ်ပြီးသွားပြီလား....."
"ကျုပ် ကျွမ်းကျင်သူ ၁၄ ယောက်နဲ့ ဆွေးနွေးပြီးသွားပါပြီ...ဆေးတစ်ဘူးရဲ့ အနိမ့်ဆုံးတန်ဖိူးက တစ်ဘူးကို ၂၈၉ ယွမ် သတ်မှတ်ထားပါတယ်...."မုန့်ဟိုင်ချင်း ပြောလိုက်ပြီး
"ဒီလူတွေက အရမ်းဆွေးနွေးရခက်တယ်...သူတိူ့တောင်းဆိုတာက အရမ်းများလွန်းတယ်... ဒီတစ်ခေါက် PR Fee ဆို ယွမ် ၁၀၀ မီလီယမ်နီးပါးလောက် သုံးလိုက်ရတယ်.....မစ္စတာဟေ့စ်က အတော်လေးကို မကျေမနပ်ဖြစ်နေတာ...တော်သေးလို့ ဥက္ငဌက ကျုပ်တို့ကို ထောက်ခံပေးနေလို့သာပေါ့...."
(TN- PR fee က မီဒီယာတွေ၊ အင်ဖလူရန်ဆာတွေကနေတစ်ဆင့် ကိုယ့်ကုမ္ပဏီရဲ့ပုံရိပ်၊ ကိုယ့်ရဲ့ဘရန်းကို အမြင်ကောင်းရှိအောင်၊ လူသိများအောင် လုပ်ခိုင်းတာပါ)
"အဲ့ ထိပ်ပြောင်ကို ပြောလိုက်...စိတ်ထဲထားမနေနဲ့ ...သူံးလိုက်ရတဲ့ ငွေထက် ဆယ်ဆပြန်ရှာပေးနိုင်တယ်လို့...."
"နားလည်ပါပြီ ဒါရိုက်တာကျောက်...."
"နင် ဒီကိစ္စတွေ လုပ်ခဲ့တာ အရမ်းကောင်းတယ်...နောက်ကျနေပြီဆိုတော့ ပြန်နားလိုက်တော့...မနက်ဖြန် တရား၀င် ညှိနှိုင်းဆွေးနွေးပွဲအတွက် အသင့်ပြင်ထား...."
မုန့်ဟိုင်ချင်း ခေါင်းညိမ့်လိုက်ပြီး "ဒါရိုက်တာကျောက် ကျုပ် ဖန်မိသားစုကို အသိပေးလိုက်ရဦးမလား....."
စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်ငြိမ်သက်ပြီးနောက် "မလိုဘူး...ငါကိုယ်တိုင်ပြောလိုက်မယ်...."
"ကောင်းပါပြီ... အဲ့တာဆိုခွင့်ပြုပါဦး...."
"အင်း...."
.......
ကျိုးဟိုင်မြို့၊ ရန်ရှန်း ခြံ၀န်း
ရန်ရှန်းခြံ၀န်းမှာ ဗီလာတစ်ခုမဟုတ်ပေ။ ရန်ကျင်းမြို့ရှိ ခြံ၀န်းတို့နှင့် ပိုပြီး ဆင်တူသည်။
သို့သော်လည်း သာမန် ခြံ၀န်းများကဲ့သိူ့ မဟုတ်ပဲ ခေတ်ဆန်သည့် အငွေ့အသက်ကို ရရှိစေသည်။ ဆောက်လုပ်ထားသည့် ဒီဇိုင်းမှာ ဟွာရှနှင့် အနောက်တိုင်းတို့၏ အငွေ့အသက်ကို ပေါင်းစပ်၍ ဆောက်လုပ်ထားခြင်းဖြစ်၏။ ရန်ကျင်းဟူသော စကားလုံးအတိုင်းပင်။
မနက်နှစ်နာရီတွင် အနီရောင် ဖရာရီတစ်စီးမှာ ရန်ရှန်းခြံ၀န်းရှေ့၌ ရပ်တန့်လာခဲ့သည်။
ဖန်ချီနန် ကားပေါ်မှ ရေးကြီးသုတ်ပျာနှင့် ဆင်းပြေးပြီး အိမ်ထဲသို့ ရောက်လာခဲ့၏။
ခန်းမထဲတွင်တော့ အပြာရောင် ပဂျားမားကို ၀တ်ဆင်ထားသည့် မျက်မှန်နှင့် သက်လတ်ပိုင်းလူကြီးမှာ ထိုင်လိုက် ထလိုက်ဖြင့် မီးခဲဖင်ခု ထိုင်ထားရသကဲ့သို့ ဂနာမငြိမ်ဖြစ်ကာ တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေလေသည်။
ထိုသက်လတ်ပိုင်းအမျိုးသား၏ နာမည်မှာ ဖန်တုန်းဟွေ့ဖြစ်ပြီး ဟွာရှတွင် အကြီးမားဆုံး ဆေးဝါးဖြန့်ဖြူးရေးကုမ္ပဏီဖြစ်သည့် တုန်းဟန် ဆေးဝါးဖြန့်ဖြူးရေးကုမ္ပဏီ၏ ဦးဆောင်သူပင်။
"အဖေ... ဘာကိစ္စရှိလို့ ကျွန်တော့်ကို အလောတကြီးနဲ့ ပြန်လာခဲ့ခိုင်းတာ..ကျွန်တော့်မှာက လုပ်စရာတွေ တောင်လိုပုံနေပါတယ် ဆိုနေမှ...."
"မင်းလို တစ်နေကုန် သောက်စားပျော်ပါးနေတဲ့ကောင်က ဘာတွေများ လုပ်စရာရှိဦးမှာ...မင်းငါခိုင်းထားတဲ့ ကိစ္စကိုကော မေ့သွားပြီလား...."
"သိပါတယ် အဖေရ ... မနက်ဖြန် ညှိနှိုင်းဆွေးနွေးပွဲမှာ ၀င်ပါပေးရမှာမဟုတ်လား..."
ဖန်ချီနန်ပြောလိုက်၏။
"ဒါအရေးကြီးတဲ့ ကိစ္စပဲ...."
"ကျွန်တော်တို့က အေးဂျင့်တွေလေ...တိုက်ရိုက်ဆွေးနွေးမှာမှ မဟုတ်တာ...သွားပြီးတော့ အကဲခတ်ရုံလေးပဲမဟုတ်လား...အဲ့လောက်လည်း အရေးမကြီးတာကို ဘာတွေ စိတ်ပူနေတာ.... "
"ငါ့သားငပိန်းလေး...ဒီကိစ္စက ငါတို့မိသားစုရဲ့ အနာဂတ်ရင်းနှီးမြုပ်နှံမှုနဲ့လည်း သက်ဆိုင်နေသေးတယ်ကွ...ပြီးတော့ အဲ့တာကို မင်းက ပေါ့ပျက်ပျက်တွေးနေတယ်ပေါ့...."ဖန်တုန်းဟွေ့ စိတ်ပျက်သည့် လေသံဖြင့် ပြောလိုက်သည်။ထို့နောက်
"Pfizerက ခုလေးတင် ဆက်သွယ်လာတယ်...ဆေးရဲ့တန်ဖိုးက သတ်မှတ်ပြီးသွားပြီ ...တစ်ဘူးကို ၂၈၉ ယွမ်....ငါတို့က တစ်ဘူးကို အေးဂျင့်၀န်ဆောင်ခ ၈ ရာခိုင်နှုန်းယူမယ်...."
"အမ်...."
ဖန်ချီနန် ကြက်သေသေသွားပြီး "တကယ်.... Ibuprofen(အိုင်ဘီဖရိုဖင်း) က ပုံမှန်သောက်ဆေးလေ...၆၀ မီလီဂရမ်ပါတဲ့ တစ်ဘူးကိုမှ တစ်ပတ်လောက်ပဲ ခံမှာ....တစ်လဆို လေးဘူး...ဘယ်သူက အဲ့လောက်ကြီး တတ်နိုင်တော့မှာ...."
"သူတိူ့လည်း သူတိူ့ကုန်ကျစရိတ် ကာမိဖို့ရာကရှိသေးတယ်လေကွာ... ဘာပဲဖြစ်ဖြစ် အဲ့တာ ငါတို့အလုပ်မှမဟုတ်တာ...."
"ကျွန်တော်လည်း ဂရုစိုက်မနေပါဘူး...သူတိူ့ ဈေးများများတင်လေ..ကျွန်တော်တို့ များများမြတ်လေပဲလေ...ဒါပေမယ့် ဈေးဖြတ်မယ့် ကျွမ်းကျင်သူတွေအတွက်ကျတော့ကော.... Pfizer ဘက်က ဘာသတင်းကြားသေးလဲ..."
"သူတို့ဘက်က PR fee ၁၀၀ မီလီယမ်လောက် သုံးထားတယ်ဆိုတော့ အားလုံး စီစဉ်ပြီးသားပဲ...."
"Pfizer က အတော်လေး အံဩဖို့ကောင်းတာပဲ...ဒီလောက် ငွေအများကြီးကိုတောင်မှ ပို့လိုက်တယ်...."
"သူတိူ့ရဲ့ ဂလိုဘယ်မားကတ်တင်းဌာနက ဒါရိုက်တာအသစ်က သူများနဲ့မတူဘူး....အရမ်း ကိုင်တွယ်ရခက်တယ်....."
ဖန်တုန်းဟွေ့ပြောလိုက်ပြီး "ငါ့ရဲ့ မူလက အေဂျင်စီခက ၁၁ ရာခိုင်နှုန်း...အဲ့တာကို သူနဲ့ဆွေးနွေးလိုက်တော့မှပဲ ၈ ရာခိုင်နှုန်းဖြစ်သွားတယ်....."
"Pfizer က ကမ္ဘာ့အကြီးဆုံး ဆေးဝါးဖြန့်ချီရေး ကုမ္ပဏီပဲလေ...သူတိူ့ရဲ့ ဂလိုဘယ်မားကတ်တင်းဌာနမှာ ဒါရိုက်တာဖြစ်လာမှတော့ စကေးတစ်ချို့ မရှိပဲနဲ့တော့ ဘယ်ဖြစ်နိုင်မှာ...."ဖန်ချီနန် ပြောလိုက်ပြီး
"ဒါပေမယ့် တစ်ခါတည်းနဲ့ ၃ ရာခိုင်နှုန်း ဖြတ်ချနိုင်လိုက်တာကတော့ အတော်လေး အထင်ကြီးဖို့ ကောင်းတယ်..."
"ဒါကြောင့်မို့ မင်း မနက်ဖြန် သွားတဲ့အချိန်ကျရင် အဲ့ဒီအမျိုးသမီးနဲ့ ရင်းနှီးအောင် လုပ်...အဲ့တာမှ မင်းသူမနားကနေ အများကြီး သင်ယူနိုင်မှာ...."
"ကျွန်တော်သိပါတယ် အဖေရ...."
......
နောက်တစ်နေ့နနံနက်တွင်တော့ လင်းရီ မျက်လုံးပင် ကောင်းစွာ မဖွင့်နိုင်သေးခင် လျန်ရူရွှယ်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိလိုက်သည်။
"ဟေး ဒီလောက် အစောကြီး ဘယ်ကောင်လဲကွ...."
"ဘာကိုစောတာ နောက်တောင်ကျတော့မယ်...မြန်မြန်ထပြီး ရေမိုးချိုးတော့...ကျွန်မတို့ အလုပ်က နှောင့်နှေးလို့မဖြစ်ဘူးနော်...."
နံနက် ရှစ်နာရီ ဆယ်မိနစ်အတိတွင် လျန်ရူရွှယ်၏ ကားမှာ ဗီလာနံပါတ်၀မ်း၏ အ၀င်၀သိူ့ ရောက်ရှိလာပြီး လင်းရီကို ချက်ချင်း တင်ဆောင်ကာ ထိုနေရာမှ မောင်းထွက်လာခဲ့လိုက်၏။
"မနက်စာတောင် ယူလာခဲ့ပေးတယ်ဆိုတော့ မိန်းကလေးလျန်က သဘောတွေ ဇွတ်ကောင်းနေပါလား...."လင်းရီ ပြောလိုက်၏။
"ဒီကနေ့ တစ်ရက်တည်းရတဲ့ ကျွန်မရဲ့ အထူး၀န်ဆောင်မှုလေ..."လျန်ရူရွှယ် ပြောလိုက်ပြီး "ဒါပေမယ့် ရှင် ကျွန်မကျွေးတာကို အလကားစားလို့မရဘူးနော်...ခဏနေကျရင် ဆွေးနွေးတဲ့အချိန်ကျ သေချာလေး လုပ်ဆောင်ပြီးတော့ အကြံဉာဏ်တွေ ပေးရမယ်...."
"အဲ့တာက မိန်းကလေးလျန်အပေါ် မူတည်နေတယ်...."
"ကျွန်မအပေါ် မူတည်နေတယ်....."
"မိန်းကလေးလျန်ဘက်က အ၀တ်စားနည်းရင်နည်းသလောက် ကျုပ်က အကောင်းဆုံး ဆောင်ရွက်ပေးသွားမှာ...."
"ရှင့်ဘက်ကသာ ကျေနပ်လောက်တဲ့အထိ ဈေးရနိုင်ရင် လုံး၀ ပြဿနာမရှိဘူး...."
"ဟမ်...."
လင်းရီ မနက်စာစားရင်း ကြက်သေသေသွားခဲ့၏။
သူက ဒီတိုင်း လျှောက်စနေတာလေ.. တကယ်ကြီး အတည်ယူသွားတယ်တဲ့လား....
"မင်းလိုချင်တဲ့ ဈေးက ဘယ်လောက်လဲ...."
"၆၀ မီလီဂရမ် တစ်ဘူးကို ၁၃၈ယွမ်..."
"အိုကေ ဖြစ်စေရမယ်...."
"အိုကေ...."လျန်ရူရွှယ်ခေါင်းညိမ့်လိုက်ပြီး "အဲ့ဒီ ဈေးပမာဏကိုသာ ရလို့ကတော့ ရှင်၀တ်စေချင်သာ ၀တ်ပြပေးမယ်...ရှင့်ဘက်က တအားတော့ မလွန်စေနဲ့ပေါ့..."
"ငိုးပဲ...ကျုပ်က ဒီတိုင်းပြောလိုက်တာကို အတည်တွေ မှတ်နေတာလားဟ...."
"ဒါက လူတွေရဲ့ စား၀တ်နေရေးနဲ့ ဆက်နွယ်နေတဲ့ ကိစ္စလေ..ဂရုမစိုက်လို့မှ မရတာ...."
"ကောင်းပြီ.. ကျုပ်အကောင်းဆုံး ကြိုးစားပေးမယ်...."
လင်းရီတို့ ဆွေးနွေးမည့် နေရာသို့ မောင်းလာခဲ့ကြသည်။ ပြည်သူပိုင်နေရာ မဟုတ်သော်လည်း ဤနေရာ၌ တရား၀င် တွေးနွေးပွဲများကို ကျင်းပလေ့ရှိသည်။
လျန်ရူရွှယ်ကို မြင်သည့် အချိန်တွင်တော့ ၀န်ထမ်းများမှာ နှုတ်ဆက်လိုက်ကြပြီး သူမကလည်း အသိမှတ်ပြုစွာဖြင့် ခေါင်းညိမ့်ပြ၏။
ထို့နောက် နှစ်ယောက်သား ဓာတ်လှေကားထဲသို့ ၀င်လိုက်ပြီး စတုတ္ထအထပ်ရှိ အစည်းအဝေး ခန်းမထဲသိူ့ ရောက်လာခဲ့လေသည်။
အစည်းအဝေးခန်းထဲတွင်တော့ လူများဖြင့် ပြည့်ကျပ်နေလေသည်။ လင်းရီ အခန်းထဲရှိ လူတိုင်းကို ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်လိုက်သောအခါ သူ၏ မေးထူးခေါ်ပြော မိတ်ဆွေဟောင်းကြီး ဖန်ချီနန်ကိုလည်း မြင်တွေ့လိုက်ရ၏။
ဖန်ချီနန်ရှေ့ရှိ စားပွဲကို တစ်ချက်ရှိုးလိုက်သောအခါ တုန်းဟန် ဆေးဝါးဖြန့်ချီရေးဟု ရေးသားထားလေသည်။
လင်းရီ ဘာဖြစ်နေလဲဆိုတာ သဘောပေါက်သွားခဲ့၏။ ဖန်ချီနန်မှာလည်း ဆွေးနွေးသူများထဲမှ တစ်ယောက် ဖြစ်ရပေမည်။
လင်းရီကို မြင်သည့်အချိန်တွင်တော့ ဖန်ချီနန်လည်း အံ့အားသင့်သွားခဲ့သည်။
သူလင်းရီကို ဤနေ၌ လာတွေ့ရလိမ့်မည်လို့ ထင်မထားခဲ့ချေ။
သိူ့သော်လည်း ထိုအခိုက်အတန့်တွင်တော့ ဖန်ချီနန် သူ၏ စိတ်ခံစားချက်တို့ကို ထုတ်မပြခဲ့ပေ။ သူတိူ့၏ အာဃာတ ရန်ငြိုးတို့ကို သီးသန့် ဖြေရှင်း၍ရသည်။ သူပိုက်ဆံရမည့် အခြေအနေကိုတော့ အထိခိုက် မခံနိုင်ပါ။
မကြာမီ လင်းရီ၏ အကြည့်မှာ အဓိက ညှိနှိုင်းဆွေးနွေးပစ်မှတ်အပေါ်သို့ ရောက်ရှိသွားခဲ့သည်။
Pfizer ဆေးဝါးဖြန့်ချီရေး....
သူ၏ အကြည့်မှာ ညှိနှိုင်းဆွေးနွေးသူထံသို့လည်း ရောက်ရှိသွားခဲ့သည်။ အကယ်၍ သူခန့်မှန်းသာ မှန်မည်ဆိုပါက အင်္ကျီအနီရောင်နှင့် အမျိုးသမီးဖြစ်ရပေမည်။
လက်ရှိ ရောက်နေကြသည့် လူတိုင်း၏ ပုံရိပ်နှင့် အထောက်အထားများကို တစ်ချက်လေ့လာပြီးနောက် စိတ်သက်သာရာ ရသွားခဲ့သည်။
နောက်ထပ် ခြေလှမ်းကတော့ ညှိနှိုင်းဆွေးနွေးမှုတွင် ဘယ်လိုလာမလဲဆိုတာကို စောင့်ကြည့်ရုံသာ ကျန်သည်။
"မြို့တော်၀မ်လျန် ... ရောက်လာပြီလားခင်ဗျ...."
လျန်ရူရွှယ် ၀င်ရောက်လာသည်က်ုမြင်တော့ လူတိုင်းမှ မတ်တပ်ရပ်ကာ သူမအား လေးစားသမှုကိုပြရင်း နှုတ်ဆက်လိုက်ကြသည်။
"ရှင်တို့က ယဉ်ကျေးလွန်းနေပြီ... ခုလူတိုင်းလည်း ဒီရောက်နေပြီဆိုတော့ စကြတာပေါ့...."
လျန်ရူရွှယ် အလယ်ရှိ သတ်လတ်ပိုင်းအမျိုးသားကို ကြည့်လိုက်ပြီး "မစ္စတာ၀မ် ရှင်က ကျွန်မတို့ရဲ့ ကိုယ်စားပြု ဆွေးနွေးတဲ့သူဖြစ်လိမ့်မယ်...ကျန်တာကိုတော့ ရှင့်ဆီအပ်ခဲ့ပြီနော်..."
"ကောင်းပါပြီခင်ဗျ...."
မစ္စတာ၀မ်ဟု ခေါ်လိုက်သည့် အမျိုးသားကို လင်းရီ အကြည့်တစ်ချက်ပို့လိုက်သည်။ သူ၏ အမည်ကိုတော့ စားပွဲရှေ့တွင် ရေးသားထားလေသည်။
၀မ်ရန်ရှင်း
ရိုးရှင်းစွာ မိတ်ဆက်ပြီးနောက် နှစ်ယောက်မှာ ထိုင်ခုံကိုယ်စီ ယူထိုင်လိုက်ကြ၏။ ထို့နောက် ဆွေးနွေးညှိနှိုင်းမှုမှာ စတင်လေသည်။
နှစ်ဖက်စလုံးတွင် ကိုယ်စားဆွေးနွေးမည့်သူများ ရှိနေပြီး လင်းရီတို့က အရေးကြီးသည့် အခိုက်အတန့်တွင်သာ အကြံဉာဏ်များ ၀င်ပေးရုံပင်။ ကျန်သည်ကတော့ ၀မ်ရန်ရှင်းလက်ထဲသို့ အပ်ထားလိုက်၏။
ဆွေးနွေးညှိနှိုင်းမှု မစတင်မီ ၀မ်ရန်ရှင်း လင်းရီကို လေးနက်စွာ တစ်ချက်ကြည့်လိုက်သည်။ လျန်ရူရွှယ် အဘယ်ကြောင့် သူစိမ်းတစ်ယောက်ကို ယခုနေရာသို့ ခေါ်လာခဲ့လဲဆိုတာ သူအရမ်းသိချင်နေလေသည်။
ဖြစ်နိုင်တာက နှစ်ယောက်ကြားထဲ ထုတ်ပြောလို့မရတဲ့ ဆက်ဆံရေးတွေ ရှိနေတာများလား....
သို့သော်လည်း ၀မ်ရန်ရှင်း သူ၏ အကြည့်ကို ပြန်လည်ရုပ်သိမ်းဂာ စားပွဲပေါ်ရှိ စာရွက်စာတမ်များ စတင် စုစည်းတော့သည်။
"ဒါရိုက်တာကျောက်...ရှင့်ဘက်က အဆင်သင့်ဖြစ်ပြီဆိုရင် ညှိနှိုင်းဆွေးနွေးပွဲကို စတင်လိုက်တော့မယ်...ရှင့်ဘက်က သင်တင့်လျောက်ပတ်တဲ့ ဈေးနှုန်းတစ်ခု ပေးမယ်လို့တော့ ကျွန်မ မျှော်လင့်ပါတယ်...."
ကျောက်ဝေ ပြုံးပြီး ခေါင်းညိမ့်လိုက်သည်။ အထူးသဖြင့် သူမ လျန်ရူရွှယ်ကို တွေ့သည့် အချိန်တွင် ခါးကို အနည်းငယ် တိမ်းညွှတ်လိုက်ပြီး လေးစားမှုကို ပြသကာ "လေးစားရပါသော မြို့တော်၀န်လျန်နှင့် အကဲဖြတ်လူကြီးမင်းတို့.....ကျွန်မတို့ ကုမ္ပဏီက ဒီရက်ပိုင်းတွေမှာ ဆေးဝါးတွေရဲ့ ဈေးတန်ဖိုးကို သုတေသနအများအပြား ပြုလုပ်ထားပါတယ်.....ဟွာရှရဲ့ ဈေးကွက်ကို သေချာခွဲခြမ်းစိတ်ဖြာပြီးတော့ ကျွန်မတို့ ဆေးဝါးရဲ့ အရည်အသွေးကြောင့် တစ်ဘူးကို ၄၅၉ ယွမ် အဖြစ် သတ်မှတ်ထားပါတယ်.....”