← Chapters

ကျောက်ဝေ၏ ညှိနှိုင်းဆွေးနွေးမှု စွမ်းရည်

Vol. 27 Ch. 402

ကျောက်ဝေ၏ ညှိနှိုင်းဆွေးနွေးမှု စွမ်းရည်

Vol. 27 Ch. 402

ဈေးနှုန်းကို ကြားသည့် အချိန်တွင် လျန်ရူရွှယ်၏ ခန္ဓာကိုယ်မှာ တုန်ယင်လာခဲ့ကြောင်း လင်းရီသတိထားမိသွားသည်။

ဈေးနှုန်းမှာ သူမမျှော်လင့်ထားသည်ထက် သုံးဆခန့် ပိုများနေလေသည်။

လင်းရီ စားပွဲအောက်တွင် လျန်ရူရွှယ်၏ လက်ကို တင်းတင်း ဆုပ်ကိုင်ထားလိုက်ပြီး စိတ်လျှော့ရန် အချက်ပြလိုက်၏။

လင်းရီလက်မှလာသည့် နွေးထွေးမှုတို့ကို ခံစားမိတော့ လျန်ရူရွှယ်မှာ စိတ်သက်သာရာရသွားခဲ့ပြီး ...

'လင်းရီကတော့ သူမကို စိတ်ပျက်စေမှာ မဟုတ်ဘူးမလား..'

"ဒါရိုက်တာကျောက်...ခင်များက Pfizer ရဲ့ ဂလိုဘယ်မားကတ်တင်းဌာနက ဒါရိုက်တာဆိုတော့ ဟွာရှရဲ့ မျက်မှောက်အခြေအနေတွေနဲ့ ရင်းနှီးနေလိမ့်မယ်လို့ ကျုပ်ထင်ပါတယ်..."

၀မ်ရန်ရှင်း ပြောလိုက်ပြီး "Ibuprofenဆိုတာက သက်လတ်ပိုင်းကော သက်ကြီးပိုင်းတွေမှာပါ အသုံး‌များတဲ့ဆေးတစ်ခွက်ပဲ...ကိုယ်နဲ့မကွာ ဆောင်ထားရတဲ့ ဆေးလို့ ညွှန်းဆိုရင်တောင် မမှားဘူး...ဒါပေမယ့် ဒီလောက် များတဲ့ ဈေးပမာဏကြီးကိုတော့ ကျုပ်တို့ဘက်က လက်မခံနိုင်ဘူး... ‌"

"ဒါက ကျွန်မတို့ကမ်းလှမ်းနိုင်တဲ့ အနိမ့်ဆူံး ဈေးပါ....."ကျောက်ဝေပြောလိုက်ပြီး "ဈေးကွက်ထဲမှာ အာနိသင်တူတဲ့ ဆေးတွေ အများကြီး ရှိတယ်ဆိုပေမယ့် ကျွန်မတို့ Pfizer ဆေးဝါးဖြန့်ချီရေးက ဆေးနယ်ပယ်ရဲ့ ထိပ်ဆုံးမှာပဲ...ကျွမ်းကျင်သူတွေအားလုံးလည်း ကျွန်မတို့ ဆေးဝါးရဲ့ အရည်အသွေးကို မျက်ဝါးထင်ထင် မြင်တွေ့ပြီးလောက်ပြီ ထင်ပါတယ်...ဒီတော့ ဒီလောက်ဈေးပမာဏတောင်းတာက မြင့်မားတယ်လို့တော့ မထင်ဘူး...."

"ကျုပ်တို့က Pfizer ဆေးဝါးရဲ့ အရည်အသွေးကို ယုံကြည်ပြီးသားပါ...ဒါပေမယ့် ခင်များတိူ့ဘက်က ကျုပ်တို့ရဲ့ ပြည်တွင်းရေးအခြေအနေကို တစ်ချက် ထည့်တွက်စဉ်းစားပေးမယ်လို့တော့ မျှော်လင့်တယ်...ဒီလောက်မြင့်မားတဲ့ ဈေးပမာဏကိုတော့ လက်မခံနိုင်ဘူး...တကယ်လို့ ခင်များတို့ဘက်က ဈေးထပ်လျှော့ဖို့ ရည်ရွယ်ချက်မရှိတော့ဘူးဆိုရင်တော့ ညှိနှိုင်းဆွေးနွေးတာကို ဒီမှာတင် ရပ်လိုက်ကြတာပေါ့....."

၀မ်ရန်ရှင်း၏ စကားလုံးများက ညှိနှိုင်းသည့်အခြေအနေကို တင်းကြပ်သွားစေသည်။

လင်းရီ လူတိုင်းကို သေချာလေ့လာ အကဲ‌ခတ်ကြည့်လိုက်၏။ အထူးသဖြင့်တော့ ဖန်ချီနန်ပင်။

သူလျန်ရူရွှယ်ကို ဟွာရှရှိ Pfizer အေးဂျင့်က ဘယ်သူလဲဆိုတာကို မေးထားပြီး ဖြစ်သည်။

အကယ်၍ ညှိုနှိုင်းဆွေးနွေးမှုသာ အောင်မြင်သွားမည်ဆိုပါက ဖန်မိသားစုမှာ အဓိက အကျိုးမြတ်များမည့်သူပင်။

ထို့ပြင် လင်းရီကို အံ့အားသင့်သွားစေသည့် အချက်တစ်ချက်က ဖန်ချီနန်တွင် စကေးတစ်ချို့ရှိနေပြီး အစမှ အဆုံးထိတိုင်အောင် သူ၏ မျက်နှာအမူအရာမှာ တစ်စက်မျှ မပြောင်းလဲချေ။ သူဘာစဉ်းစားနေလဲဆိုတာ လူတိုင်းကို တွေးရခက်စေလေသည်။

‌ကျောက်ဝေ၏ အမူအရာမှာ ခေတ္တမျှ ရပ်တန့်သွားပြီး ဆက်လက်၍ "ခဏလေးနော်...ကျွန်မ ဌာနချုပ်ကို တစ်ချက် လှမ်းမေးကြည့်လိုက်ဦးမယ်...."

ကျောက်ဝေ အပြင်ထွက်၍ ဖုန်းပြောလိုက်ပြီး ဆယ်မိနစ်ကြာပြီးနောက် ပြန်လည်၀င်ရောက်လာခဲ့၏။

"အားလုံးပဲ.. ကျွန်မ ဌာနချုပ်က လူတွေနဲ့ စကားပြောပြီးသွားပြီ...ပြီးတော့ ဆေးတစ်ဘူးကို ၃၉၈ ယွမ်အထိ လျော့ပေးဖို့ သဘောတူလိုက်တယ်....ဒါက ကျွန်မတို့ ကမ်းလှမ်းနိုင်တဲ့ အနိမ့်ဆုံး ဈေးနှုန်းပဲ..."

အစည်းဝေးခန်းထဲရှိ လေထုမှာ သိပ်သည်းလေလံနေသည်။ ‌သို့သော်လည်း ၀မ်ရန်ရှင်းမှ ခေါင်းခါရမ်းဆဲဖြစ်၏။

"တကယ်လို့ ဈေးကို ၃၀၀ အောက် မလျှော့နိုင်ဘူးဆိုရင် ကျုပ်မှ မဟုတ်ဘူး.. တခြား ဘယ်သူကမှ လက်ခံနိုင်မှာ မဟုတ်ဘူး..."၀မ်ရန်ရှင်း ပြောလိုက်ပြီး "တကယ်လို့ ခင်များကသာ ယွမ် ၃၀၀ အထက် ဈေးတင်နေဦးမယ်ဆိုရင်တော့ ကျုပ်တို့ ဆက်ဆွေးနွေးစရာအကြောင်း မရှိတော့ဘူး... အဆုံးသတ်လိုက်ကြတာပေါ့..."

လင်းရီ ခေါင်းမော့ပြီး ၀မ်ရန်ရှင်းကို ကြည့်ရင်း တီးတိုးရေရွတ်လိုက်၏။

'ဒီလူရဲ့ စကေးတွေကလည်း ဘယ်ဆိုးလို့လဲဟ...'

"အားလုံးပဲ.. ကျွန်မတို့ရဲ့ သုတေသနကို လေးစားသမှုလေး ထားဖို့တော့ တောင်းဆိုချင်ပါတယ်...ပြီးတော့ ရှင်တို့ဘက်ကလည်း ရိုးသားမှုကို ပြဖို့ရောပဲပေါ့..."ကျောက်ဝေပြောလိုက်ပြီး "စကားပုံအဟောင်းတွေ အတိုင်းပဲလေ.. ကိုယ်ပေးသလောက် ကိုယ်ပြန်ရမှာပဲ...ရှင်တို့ကကော ဈေးပေါတဲ့ဆေးတွေဆို ၀ယ်သောက်ရဲမှာတဲ့လား...."

"တခြားကုမ္ပဏီက ဆေးဝါးတွေက ဈေးပေါရင်ပေါလိမ့်မယ်...ဒါပေမယ့် ကျွန်မတို့ရဲ့ ဆေးဝါးလောက်တော့ အာနိသင်ကောင်းမှာ မဟုတ်ဘူး...ဒါကြောင့်မို့ ဈေးများတာကို မကြည့်ပါနဲ့.. အရည်အသွေးကသာ အရေးကြီးဆုံးပါ...."

‌"ရှင့်ရဲ့ ဆေးက ကောင်းပါတယ်...ဒါပေမယ့် ကျွန်မတို့မှာလည်း ကိုယ်ပိုင်စိန်ခေါ်မှုတွေ ရှိနေသေးတုန်းပဲ...ရှင်ခေါ်လိုက်တဲ့ဈေးက သာမန်လူတွေ ၀ယ်ဖို့ တတ်နိုင်မှာမဟုတ်ဘူး...ဒီတော့ ကျွန်မတို့ သဘောမတူနိုင်ဘူး....

"သေရေးရှင်ရေး ရောက်နေတာတောင်မှ ငွေကို ရှေ့တန်းတင်နေဦးမှာတဲ့လား...ကျွန်မတို့ ကုသမှုက ဘယ်လောက် ထိရောက်တယ်ဆိုတဲ့ အကြောင်းပဲ ဆွေးနွေးသင့်တယ်လို့ ထင်တယ်...."

"ဒါရိုက်တာ‌ကျောက် အင်ပါယာရဲတပ်ဖွဲ့ကိုက ယွမ် ၃၀၀ ထက်ဈေးမြင့်ရင် လက်မခံနိုင်ဘူးလို့ ပြောထားပြီးသား...ရှင့်ဘက်က သင့်တင့်မျှတတဲ့ ဈေးနှုန်းတစ်ခု ပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်...." လျန်ရူရွှယ် ပြောလိုက်လေသည်။

ကျောက်ဝေ လျန်ရူရွှယ်ကို တစ်ချက်ကြည့်လိုက်ပြီး "ဒါဆို ကျွန်မ နောက်တစ်ခေါက်ပြန်ပြောကြည့်လိုက်ဦးမယ်...ဒါပေမယ့် အထက်ပိုင်းအရာရှိတွေ သဘောတူမယ်လို့တော့ အာမ မခံနိုင်ဘူးနော်...."

"သူတို့ သဘောမတူရင်လည်း ဒီကနေ့ဆွေးနွေးပွဲက ဒီနေရာမှာတင် အဆုံးသတ်ပြီပဲ...."

"ကျွန်မ အကောင်းဆုံး ကြိုးစားပေးပါ့မယ်...."

ကျောက်ဝေ သူမဖုန်းကို ကိုင်လျက် အစည်းအဝေးခန်းထဲမှ ထွက်ခွာသွားခဲ့သည်။ သူမပြန်ရောက်လညသည့် အချိန်တွင်တော့ မျက်နှာထက်၌ ချိုသာသည့် အပြုံးတစ်ခုကို ဆင်မြန်းထား၏။

"မြို့တော်၀န်လျန်..ကျွန်မ ပြောကြည့်ပြီးသွားပြီ.....တစ်ဘူးကို ၂၉၉ယွမ်က ကျွန်မတို့ရဲ့ နောက်ဆုံးစည်းပဲ...."

ကျောက်ဝေ၏ ဈေးနှုန်းကိုကြားတော့ ဖန်ချီနန် အမူအရာကင်းမဲ့လျက်ပင်။ သိူ့သော်လည်း တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။

'ဒါရိုက်တာကျောက်က တကယ့်ကို သာမန်မဟုတ်တာပဲ။ ဒီလောက်ထိ လှည့်ကွက်တွေအများကြီး ထုတ်သုံးနိုင်တယ်။

မြိုတော်၀န်‌လျန်သာ တော်ရုံလူမဟုတ်လို့ကတော့ ဒီလောက်ထိ လှည့်ကွက်တွေ အများကြီးကို တောင့်ခံဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး...

ခုပဲကြည့်လိုက်...ကျောက်ဝေက ဈေးနှုန်းကို ၂၉၉ ယွမ် သတ်မှတ်ထားလိုက်ပြီ...ဒါ သူတို့ သတ်မှတ်ထားတဲ့ ဈေးထက် ၁၀ ယွမ်တောင်ပိုနေသေးတယ်.....

ပြီးတော့ သရုပ်တေဆောင်တာကလည်း ပီပြင်ချက်ပြ...

ဘာမှကို အပြစ်ဆိုစရာမရှိတာ...'

ဖန်ချီနန်၏ အကြည့်များက လင်းရီထံသို့ မရည်ရွယ်ဘဲနှင့် ကျရောက်သွားခဲ့ပြီး အနည်းငယ် ‌ဇဝေဇဝါဖြစ်နေလေသည်။

လျန်ရူရွှယ်က ဒီကောင့်ကို ဘာလို့ ခေါ်လာခဲ့တာလဲဟ...

ဒီကောင်က လာဘ်ကောင်မို့လို့လား..

"ကျွန်မက ဈေးကို ၃၀၀ အောက်လျော့ရမယ်ဆိုတော့ ရှင်က ၂၉၉ ယွမ်ထိတောင် လျှော့ပေးလိုက်တယ်... ဒါရိုက်တာကျောက်က စီးပွားရေးဘယ်လိုလုပ်ရမလဲဆိုတာ အရမ်းနားလည်တာပဲ..."

လျန်ရူရွှယ် ပြောလိုက်သည်။

"မြို့တော်၀န်လျက်ဘက်ကလည်း ကျွန်မတို့ရဲ့ အခက်အခဲတွေကို နားလည်ပေးမယ်လို့ မျှော်လင့်တယ်...ကျွန်မတို့ရဲ့ ဆေးဝါးကုန်ကျရိတ်တွေ၊ သောင်းနဲ့ချီတဲ့ အလုပ်သမားခတွေ.. ဒါတွေ ထည့်တွက်လိုက်မယ်ဆိုရင် ဒီဈေးက အတော်လေးကို နည်းနေပါပြီ...."

၀မ်ရန်ရှင်း လျန်ရူရွှယ်ကို ကြည့်လိုက်ပြီး "မြို့တော်၀န်လျန်.....ကျွန်တော်တို့ တစ်ချက်ဆွေးနွေးကြမလား..."

စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်ပြီးနောက် လျန်ရူရွှယ်မှ "ကောင်းပြီလေ...."

"အဲ့တာဆို ကျွန်မတို့ကို ခဏလောက် ခွင့်ပြုပါဦး...."

ကျောက်ဝေနှင့် မုန့်ဟွာချင်းတို့ မတ်တပ်ရပ်ပြီး အစည်းအဝေးခန်းထဲမှ ထွက်လာခဲ့ကာ လျန်ရူရွှယ်နှင့် ကျန်သူများကို ဆွေးနွေးလို့ရအောင် ချန်ထားခဲ့လိုက်၏။

"‌ဒါရိုက်တာကျောက်က ဈေးနှုန်းကို ၂၉၉ မှာထားလိုက်တယ်ဆိုတော့ အောင်မြင်မယ်မှန်း သေချာနေလို့မလား.... ဒီလိုဆို ၁၀ ယွမ်ပိုတာက ကျွန်တော်တို့အတွက် အကျိုးအမြတ် အကြီးစားကြီး ရလာနိုင်တယ်... "မုန့်ဟိုင်ချင်းမှ လှေကားနားသို့ ရောက်သည့် အချိန်တွင် ပြောလိုက်သည်။

"ဘယ်နားကသာ..ဈေးနှုန်းက ငါတို့ သဘောတူထားတဲ့ အတိုင်း ၂၈၉ ယွမ်ပဲ..မပြောင်းလဲဘူး...."ကျောက်ဝေ ပြောလိုက်၏။

"ဒါပေမယ့် သူတိူ့က ဈေးနှုန်းကို စပြီး ဆွေးနွေးနေကြပြီလေ.. ဆိုလိုတာက သူတို့ ဈေးနှုန်းကို လက်ခံတယ်ဆိုတဒ့ သဘောပဲမဟုတ်ညူးလား...."

"နင်က နိုင်ငံခြားရောက်နေတာဆိုတော့ ပြည်တွင်းက အခြေအနေတွေကို နားမလည်ဘူး...."

မုန့်ဟိုင်ချင်း ရှုပ်ထွေးသွားခဲ့ပြီး ကျောက်ဝေပြောသည့် စကားကို နားမလည်မှန်း သိသာနေလေသည်။

"၁၀ ယွမ်ချန်ထားတယ်ဆိုတာက လျန်ရူရွှယ်ကို စိတ်ကျေနပ်စေဖို့ပဲ..."ကျောက်ဝေပြောလ်ုကပြီး "ဟွာရှမှာ ခေါင်းဆောင်ပိုင်းတွေနဲ့ မရင်းနှီးထားရင် စီးပွားရေးလုပ်ရတာ အရမ်းခက်ခဲတယ်...."

"ဆိုတော့ ၁၀ ယွမ်က ခေါင်းတောင်တွေအတွက် တံစိုးခပေါ့...."

မုန့်ဟိုင်ချင်း အံ့အားသင့်စွာ မေးမြန်းလိုက်ပြီး "အဲ့လောက်ကြီးက မများလွန်းဘူးလား...."

"လက်ဆောင်ပေးမှာမဟုတ်ဘူး...လျှော့ပေးဖို့ ချန်ထားတာ..."ကျောက်ဝေပြောလိုက်ပြီး "ခေါင်းဆောင်ကို မျက်နှာသာပေးပြီး အလျှော့ပေးလိုက်တဲ့ ပုံစံနဲ့ တခြားဟာတွေ ဆက်ဆွေးနွေးလို့ရတယ်လေ..."

ထိုစကားကိုကြားတော့ မုန့်ဟိုင်ချင်း သတိပြုမိသွားပြီး အပြုံးလေးဖြင့် "ဒါရိုက်တာကျောက် ခင်များက အံ့မခန်းပါပဲ...."

မိနစ် ၂၀ ကြာပြီးနောက် ၀န်ထမ်းတစ်ဦးမှ လှေကားထံသို့ ရောက်လာခဲ့ပြီး "ဒါရိုက်တာကျောက် ဆက်ပြီး ဆွေးနွေးဖို့ လိုက်ခဲ့ပေးပါဗျ...."

"ကောင်းပြီ... လမ်းပြပါ...."

ကျောက်ဝေနှင့် မုန့်ဟိုင်ချင်းတို့ အစည်းအဝေးခန်းထဲသို့ ပြန်ရောက်လာခဲ့သည်။ ထိုင်ပြီးနောက် ၀မ်ရန်ရှင်းမှ "ဒါရိုက်တာကျောက် .. ကျုပ်တို့ရဲ့ မြို့တော်၀န်လျန်က ခင်များကမ်းလှမ်းတဲ့ ဈေးနှုန်းကို သိပ်သဘောမကျသေးဘူး...."

"ကျွန်မတို့က ယွမ် ၃၀၀အောက်လျှော့ပြီးတာတောင် မကျေနပ်သေးဘူးဆိုတော့ ခေါင်းတေယင်တို့လည်း ကျွန်မတို့ဘက်ကို ပြန်ငဲ့ပေးလိမ့်မယ်လို့‌ေ မျှာ်လင့်ပါတယ်...."

"ရှင်တို့ လျှော့ပေးတာက ၃၀၀ယွမ်အောက်ပါ... ဒါပေမယ့် လျှော့ပေးတာက တစ်ယွမ်တည်းလေ... ယွမ် ၃၀၀ နဲ့ ဘာများ ကွာခြားသွားမှာမို့လို့...ဒါကြောင့်မို့ ကျွန်မတို့ သဘောမတူနိုင်သေးဘူး...."

ကျောက်ဝေ လျန်ရူရွှယ်ကို ကြည့်လိုက်ပြီး "မြို့တော်၀န်လျန်... ကျွန်မတို့က လုံး၀ ရိုးသားတဲ့စိတ်အခံနဲ့ လာခဲ့တာပါ..ကျွန်မတို့ဘက်က အကန့်အသတ်လို့ ခံစားရတဲ့ ဈေးပမာဏကိုလည်း ကမ်းလှမ်းပြီးသွားပြီ... မြို့တော်၀န်လျန်လိုချင်တဲ့ ဈေးကို ပြောပြလို့ရမလား..."

"၂၈၉...."

အမှန်တော့ လျန်ရူရွှယ် အလိုရှိသည်မှာ ၁၃၈ ပင်။ ၂၈၉ မဟုတ်ပေ။

သို့သော်ဘည်း Pfizer မှ သူမတိူ့ကို အတတ်နိုင်ဆုံးဈေး ၂၉၉ ပေးထားပြီးဖြစ်၏။ ထို့ကြောင့် သူမဘက်မှ တစ်၀က်ကျော်၍ ဈေးသွားဆစ်လို့ မကောင်းပေ။ မည်သိူ့ပင်ဆိုစေ ကနေဦးခေါ်ထားသည့် ဈေးမှာ ၄၅၉ ဖြစ်၏။

အ၀တ်အစား၀ယ်သည်နှင့် တူညီလေသည်။ ယွမ် ၁၀၀ ရောင်းသည်ကို ၅၀ ရာခိုင်နှုန်း ဒစ်စကောင့်တောင်း၍ရသည်။ အဆိုးဆူံးဖြစ်လာမည်ဆိုလျှင်တော့ ဈေးသည်မှ သင့်ကို ရောင်းဖို့ ငြင်းဆန်ရုံသာ ရှိမည်။

သို့သော်လည်း ၉၀ယွမ် လျော့ဈေး သွားတောင်းမည်ဆိုပါက တစ်ဖက်လူမှာ မရောင်းပေးသည့် အပြင် ရိုက်ပါရိုက်သွားနိုင်လေသည်။

"မြို့တော်၀န်လျန်ရဲ့ အထောက်အထားကြောင့် ကျွန်မတို့ဘက်က ဆယ်ယွမ် ထပ်လျော့ပေးလိုက်ပါမယ်..ဒါပေမယ့် ၂၈၉ ယွမ်ကိုမှ မကျေနပ်သေးဘူးဆိုရင်တော့ ကျွန်မတို့လည်း ဘာမှ မတတ်နိုင်တော့ဘူး...."

မုန့်ဟိုင်ချင်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

ဒါရိုက်တာကျောက်က လူတော်ပဲဟ...

သူမကိုတောင် မျက်နှာသာပေးသလို လုပ်လိုက်သေးတာ်...

လျန်ရူရွှယ် မျက်မှောင်ကြုတ်လိုက်သည်။

သူမ ငြင်းဆိုရန် အချက်ရှာမတွေ့ချေ။

"လင်းရီ နင်ဘယ်လိုမြင်လဲ…”

All Chapters