← Chapters

ကိုးယွမ်နှင့်ပြားကိုးဆယ်

Vol. 27 Ch. 403

ကိုးယွမ်နှင့်ပြားကိုးဆယ်

Vol. 27 Ch. 403

"လင်းရီ...."လျန်ရူရွှယ် အသံနိမ့်၍ပြောလိုက်သော်လည်း လင်းရီမှာ မတုန့်ပြန်ချေ။

သူမ ခေါင်းလှည့်ကြည့်လိုက်သောအခါ လင်းရီမှာ အိပ်မောကျနေကြောင်း မြင်တွေ့လိုက်ရ၏။ သကောင့်သားမှာ သားရည်‌တို့ပင် ယိုစီးကျနေလေသည်။

"လင်းရီ...."လျန်ရူရွှယ် အသံအနည်းငယ် မြင့်လိုက်သည်။

"ဟမ် ဘာလဲ ... ပြီးသွားပြီလား...."

လင်းရီ အိပ်စုံမှုန်မွားဖြင့် ကြောင်အပြီး ရုတ်ချည်း မတ်တပ်ရပ်လိုက်၏။ "အာ... စိတ်မရှိပါနဲ့...ကျုပ် မနေ့ညက အိပ်ရေးသိပ်မ၀လိုက်တော့ ခဏအိပ်ပျော်သွားတယ်....."

အစည်းအဝေး ခန်းထဲရှိလူတိုင်း မတူကွဲပြားသည့် အမူအရာများ ဖြစ်သွားကြပြီး လင်းရီနှင့် ပတ်သက်၍ ခံစားချက် အမျိုးမျိုးတို့ ဖြစ်လေသည်။

သို့သော်လည်း လျန်ရူရွှယ်ကို လေးစားမှုထား၍ မည်သူကမျှ ဘာမှမပြောခဲ့ချေ။ ထို့ပြင် ၎င်းက သူတိူ့လက်ရှိ အရေးစိုက်နေရမည့် ကိစ္စမဟုတ်ချေ။

ဈေးနှုန်းမှာ သတ်မှတ်ပြီးဖြစ်၏။ သူတိူ့ လျန်ရူရွှယ်၏ နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရုံပင်။ ပြီးနောက် လူတိုင်းမှာ ပျော်ရွှင်စွာနှင့် ယခုနေရာမှ ထွက်ခွာသွားနိုင်ပေမည်။

"ပြီးသွားပြီ....တစ်ဘူးကို ၂၈၉ ယွမ်..."လျန်ရူရွှယ် ညင်သာစွာ ဆိုလိုက်၏။

"အာ...."လင်းရီ၏ အမူအရာမှာရှုံမဲ့၍ အလွန်အမင်း ချဲ့ကားသွားပြီး "မိန်းကလေးလျန်က အဲ့ဒီဈေးနှုန်းကို လက်ခံလိုက်တယ်လား...."

"အဲ့တာက သူတိူ့ ကမ်းလှမ်းနိုင်တဲ့ အနိမ့်ဆုံးဈေးပဲလေ....ကျွန်မလည်း ထပ်လျှော့ခိုင်းလို့မှ မရတော့တာ...."လျန်ရူရွှယ်က ပြောလိုက်သည်။

"ဒါပေမယ့် မင်း ရည်မှန်းထားတာက ၁၃၈ မဟုတ်ဘူးလား...၂၈၉ က အရမ်းမြင့်လွန်းတယ်..."

၁၃၈ ယွမ် ဟူသည့် ဈေးနှုန်းကိုကြားတော့ လူတိုင်း၏မျက်နှာထက်တွင် စိတ်၀င်စားသည့် အမူအရာတို့ ပေါ်ပေါက်လာလေသည်။ သိူ့သော်လည်း Pfizer ဘက်ရှိလူများက အရူးမဟုတ်ချေ။ သူတိူ့က ဆေးကို ‌ပေါပေါပဲပဲနှင့် ရောင်းနိုင်လိမ့်မည် မဟုတ်ချေ။

ဟာသသာ ဖြစ်ပေလိမ့်မည်။

"အွန်း... ငါမျှော်မှန်းထားတာကတော့ ၁၃၈ ပဲ... ဒါပေမယ့် ငါမျှော်မှန်းထားတာနဲ့ ခုမြင်တွေ့နေရတာက တစ်ခြားစီဖြစ်နေတာ....."

"အဲ့လောက်ကြီး ခြားနေမှတော့ ဆက်ဆွေးနွေးမနေနဲ့တော့...၆၀ မီလီဂရမ်ပါတဲ့ ဆေးတစ်ဘူးကို ၂၈၉ ယွမ် ၊ အဲ့တာက တစ်ပတ်လောက်ပဲ သုံးစွဲလို့ရမှာ...တစ်လဆိုရင် ၁၁၅၆ ယွမ်... မင်းတို့က ငါတို့ဟွာရှရဲ့ ပိုက်ဆံတွေကို ခိုးဖို့ လာခဲ့တာလားကွ....."

လင်းရီ၏ အသံမှာ လွန်စွာ ကျယ်လောင်နေပြီး လက်ရှိရောက်နေကြသည့် လူတို့၏ ရာထူးကိုပင် ဂရုစိုက်နေခြင်း အလျင်းမရှိချေ။

ယခင်က အေးချမ်းစွာ ဆွေးနွေးနေသည် ကန်ရေပြင်ကို လင်းရီက လှိုင်းဂယက်တို့ ထသွားစေ၏။

"မစ္စတာလင်း... ရှင် ဒီကိစ္စကို ပရော်ဖက်ရှင်နယ် အမြင်နဲ့ ကြည့်ပေးမယ်လို့ မျှော်လင့်ပါတယ်.... Pfizer ထုတ်ကုန်တွေရဲ့ အရည်အသွေးက လုံး၀ ငြင်းရက်စရာတောင် မရှိဘူး....ကုန်ကြမ်းခ၊ ထုတ်လုပ်ခ ပြီးတော့ သယ်ယူပို့ဆောင်ရေးခ...ဒါတွေအားလုံးရဲ့ စရိတ်စက က အရမ်းကြီးမားလွန်းတယ်....ကျွန်မတို့ မဆွေးနွေးခင် မစ္စတာလင်းက ဒါတွေကိုပါ ထည့်သွင်းစဉ်းစားပေးမယ်လို့ မျှော်လင့်ပါတယ်....."ကျောက်ဝေပြောလိုက်ပြီး

"ပြီးတော့ ကျွန်မ ခုလေးတင် ခေါင်းဆောင်တွေနဲ့ ကျွမ်းကျင်သူတွေအားလူံးကို ပြောပြီးသွားပြီ...‌‌ ဈေးကွက်ထဲမှာ တခြား ဆင်တူတဲ့ ဆေးတွေ ရှိဦးမယ်ဆိုပေမယ့် အကျိုးသက်ရောက်မှုကွာခြားပုံချင်းကြတော့ ကျွန်မတို့ရဲ့ ဆေးတွေကို လက်လှမ်းမှီမှာ မဟုတ်ဘူး....ပြီးတော့ သူတိူ့က ဘေး‌ထွက်ဆိုးကျိုးတွေလည်း ရှိသေးတယ်... ဒါကြောင့်မို့ ကျွန်မတို့ သတ်မှတ်ထားတဲ့ဈေးက မြင့်မားတယ်လို့ မခေါ်ပါဘူး.... "

ကျောက်ဝေ မရပ်တန့်ပဲ ဆက်လက်၍ တရစပ်ပြောလိုက်သည်။

"ရှင်က ထိုင်ပြီး ဆွေးနွေးဖို့ ဆန္ဒရှိနေတယ်ဆိုရင်တော့ ကျွန်မတို့ ဆေးဝါးကို အကောင်းဘက်က မြင်ပေးရမယ်လေ...ဒါပေမယ့် မစ္စတာလင်းရဲ့ ရိုးသားမှုကိုလည်း ကျွန်မ မမြင်ရပါလား...."

လျန်ရူရွှယ် တစ်ခွန်းမျှ မပြောဘဲ လင်းရီ၏ ခွန်းတုံပြန်ချက်ကိုသာ တိတ်တဆိတ် စောင့်ဆိုင်းနေလေသည်။

"မင်းက ပရော်ဖက်ရှင်နယ်အကြောင်းနဲ့ ရိုးသားမှုက်ု ငါနဲ့ လာဆွေးနွေးချင်နေတယ်ပေါ့ ဟုတ်လား....ငါလည်း ခုလေးတင် နိုးလာတာဆိုတော့ သေချာလေး စကားပြောကြတာပေါ့... နားမလည်ရင် ရေးမှတ်ထားဖို့ တစ်ခါတည်း မင်းရဲ့ ဘောပင်နဲ့ မှတ်စုစာအုပ်ပါ ထုတ်ထားလိုက်...ဒါမှ မင်းပြန်တဲ့ အချိန်ကျ အထက်ကြီးပိုင်းတွေက်ု ပြန်မေးလို့ရမှာ...."

" Ibuprofen က နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ရောဂါတွေ သွေးတိုးရှိတဲ့ လူတွေကို ကုသဖို့ အဓိက အသုံးပြုတာ...သူ့ရဲ့ အဓိက ပါ၀င်ပစ္စည်းတွေက Metroprolol tarate ပြီးတော့ သူ့ရဲ့ ဓာတုကွန်ပေါင်းက 1- (Isopropylamino) -3-(2-(2 methoxyethyl phenoxy) propan-2-ol )...ကောင်းပြီ....ငါသိပ်အများကြီးတော့ မပြောတော့ဘူး...ပြောလည်း နားလည်မှာမှ မဟုတ်တာ....ပြီးတော့ နားလည်ရင်တောင်မှ မင်းက နာမည်တွေကို မှတ်မိမှာတဲ့လား.....

ကျောက်ဝေ "......"

ဒီမျိုးမစစ်က ဘယ်ကနေ ရောက်လာတာလဲဟဲ့.....

"တကယ်တမ်း ဒီဆေးထုတ်တာက ဘယ်လောက်မှ ကုန်ကျတာမဟုတ်ဘူး... Pfizerကိုမေ့ထားလိုက်....အင်္ဂါဂြိုဟ်က ကုမ္ပဏီဆိုရင်တောင်မှ ၆ ယွမ်ထက်ပိုတောင်းမှာ မဟုတ်ဘူး....ဒါကို မင်းက စဆွေးနွေးကတည်းကနေ မိုးလောက်ကြီးမြင့်တဲ့ ဈေးနှုန်းနဲ့ စခေါ်တယ်...ပြီးတော့ မင်းကပဲ ၂၈၉ ရအောင် အသေအကြေ လျော့ပေးဖို့ တောင်းဆိုလိုက်ရတဲ့ စတိုင်နဲ့ လုပ်လိုက်သေး.....သယ်ယူပို့ဆောင်စရိတ်တွေ ဈေးကြီးပါတယ်လို့တော့ ငါ့လာမပြောနဲ့....ဘာလဲ... မင်းတို့က ဒုံးပျံနဲ့ လိုက်ပို့နေလို့လား....."

လျတ်ရူရွှယ် လင်းရီကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

လင်းရီ ယခုလို အများအပြား နားလည်နေလိမ့်မည်လို့ သူမ ထင်မှတ်မထားခဲ့ချေ။

ဒီလိုဆို ဒီကနေ့ ဆွေးနွေးပွဲကတော့ ခက်ခဲတော့မှာပဲ...ဖြစ်နိုင်တာက သူ မနေ့ညက တစ်ညလုံး ဒီအကြောင်းတွေ ရှာနေခဲ့တာများလား....

လင်းရီ၏ ဈေးနှုန်းကို ကြားသည့် အခါတွင်တော့ လူတိုင်း၏ အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။

သူက ဒီလိုပရော်ဖက်ရှင်နယ်ဆန်တဲ့ အကြောင်းအရာတွေကို ဘယ်လို သိနေတာလဲဟ....

"မစ္စတာလင်း... Pfizer မှာလည်း ကိုယ်ပိုင် ထုတ်လုပ်တဲ့ နည်းလမ်းတွေရှိပါတယ်...ကျေးဇူးပြုပြီး သက်သေမရှိဘဲနဲ့ ကျွန်မတို့ရဲ့ ဆေးဝါးကို လာမဝေဖန်ပါနဲ့...."‌‌ ကျောဝေ ပြောလိုက်သည်။ သူမ၏ လေသံမာ အနည်းငယ် မာထန်နေလေသည်။

"အဲ့လောက်ကြီးလည်း ဒေါသထွက်မနေစမ်းပါနဲ့......မင်းက Pfizer ကဆိုတော့ ငါ့ထက်တောင် ဘာတွေဖြစ်နေလဲဆိုတာ နားလည်နေဦးမယ်...ဒါပေမယ့် မင်းက စီးပွားရေးသမားဆိုတော့ အမြတ်အစွန်းနောက် လိုက်တာကို ပြောစရာမရှိဘူး...ဒီတော့ ဈေးကို ကိုးယွမ်နဲ့ ပြားကိုးဆယ်ထားလိုက်... ဒါငါတို့ ကမ်းလှမ်းနိုင်တဲ့ ဈေးပဲ....."လင်းရီ ပြောလိုက်ပြီး "တကယ်လို့ မင်း သဘောတူတယ်ဆိုရင် စာချုပ် လက်မှတ်ထိုးကြမယ်.... သဘောမတူဘူးဆိုရင်တော့ တံခါးက မင်းတို့နောက်တည့်တည့်လေးမှာပဲ....."

လင်းရီ၏ စကားလုံးများက အခန်းထဲရှိ လေထုကို ထူးဆန်းသွားစေသည်။

"ရှင်က ပေါက်တတ်ကရဈေးနှုန်းတွေ လျှောက်ပေးနေတာပဲ..."

ကျောက်ဝေ ဒေါသထွက်စွာ ပြောဆိုလိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှာ ဒေါသကြောင့် တဆတ်ဆတ်တုန်ယင်နေလေသည် ။

လျန်ရူရွှယ်ပေးသည့် ဈေးနှုန်းမှာ တစ်ရာကို တစ်၀က် ၀က်သကဲ့သို့ သာတူညီမျှရှိ၏။ ယခု လင်းရီ လုပ်ပုံမှာ ယွမ်တစ်ရာကုန်ကျသည့် လည်ပတ်မှုဖြစ်စဉ်ကို ရှင်းပြသွားသော်ငြား ကုန်ကျမှုမှာ နှစ်ယွမ်တည်းဟုဆိုကာ သုံးယွမ်နှင့် ရောင်းခိုင်းသလို ဖြစ်နေလေသည်။ ယခုလို ကြုံတွေ့လာရသည့် အချိန်တွင်တော့ သဘာ၀အားဖြင့် ကျောက်ဝေ သူမ၏ တည်ငြိမ်နိုင်စွမ်းကို ဆက်လက် ထိန်းမထားနိုင်တော့ချေ။

"ငါပြောနေတာကပဲ ပေါက်တတ်ကရလား....မင်း‌သတ်မှတ်တဲ့ ‌ဈေးနှုန်းကကော ပေါက်တတ်ကရ မဟုတ်ဘူးလား....မင်းက ၃၅၉ ယွမ် စပေးပြီးတော့မှ မင်းလိုချင်တဲ့‌ ဈေးနှုန်းရဖို့ လူတိုင်းကို အကြာကြီး ပြဇာတ်ခင်းသလို လုပ်ပြနေတာလေ....ငါတို့ကို သောက်ပိန်းတွေလို့များ ထင်နေတာလား...မင်းက မင်းပေးချင်တဲ့ ဈေးနှုန်းကိုပဲ ပေးမယ်...မင်းလိုချင်တာ ဒါပဲ မဟုတ်လား...."

"ကျွန်မ လုပ်နေတာက လုံး၀မမှားဘူး.. ဈေးကွက်စည်းမျဉ်းတွေအတိုင်း ဆွေးနွေးနေကြတာပဲလေ...."

လင်းရီ အေးစက်စွာ ရယ်မောလိုက်ပြီး "ဒါက ဟွာရှရဲ့ ဈေးကွက်... ငါတို့ ဒီဈေးနှုန်းကိုပဲ လက်ခံနိုင်တယ်....."

ကျောက်ဝေ အလွန်အမင်း ဒေါသထွက်နေပြီး သူမရှေ့ရှိ ကလိမ်ကျစ် လူယုတ်မာကို အပိုင်းပိုင်း လုပ်ချင်နေလေသည်။

"မြို့တော်၀န်လျန်...ကျွန်မတို့ ခုလေးတင် သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့ပဲ ဆက်လက်ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်တယ်.....ရှင့်ရဲ့ အတိုင်ပင်ခံက ဒီတိုင်း အတွေ့အကြုံမရှိတဲ့ လက်သစ်လေးနေမှာ...သူက ဒီအကြောင်းတွေ ဘာမှ နားလည်တာ မဟုတ်ဘူး.... ."

တစ်ချိန်တည်းတွင် ဖန်တုန်းဟွေ့လည်း ဖင်ငြိမ်အောင် ထိုင်မနေနိုင်တော့ချေ။

"မြို့တော်၀န်လျန် ..ကျွန်တော်တို့က Pfizer ရဲ့ အေးဂျင့်တွေပါ...မူလအတိုင်းဆိုရင်တော့ ကျုပ်မှာ ၀င်ပြောဖို့ အခွင့်အရေးမရှိဘူးဆိုပေမယ့် ဒီရဲ့ ဘာမှ မသိနားမလည်တဲ့သူက လျှောက်ပြောနေတာတွေကိုတော့ ရပ်တန့်မှ ဖြစ်မှာ...သူက ထင်ရာမြင်ရာတွေ လျှောက်ပြောပြီး ပြဿနာတွေ ရှာနေမယ်ဆိုရင် ဒီကနေ့ ဆွေးနွေးပွဲက ဆက်ဆွေးနွေးလို့ မရမှာကို စိုးရိမ်မိပါတယ်...."

လျန်ရူရွှယ် သူမလက်ကို အတူတကွ ထားလိုက်ပြီး ပေါ့ပါးစွာဖြင့် "ဒါပေမယ့် သူက ကျိုးဟိုင်ရဲ့ ထိပ်တန်း နှလုံးအထူးကုလေ...တကယ်လို့ ရှင်တို့က သူ့ကို ဝါနုသေးတယ်လို့ သတ်မှတ်မယ်ဆိုရင်တော့ ဘယ်သူ့ကိုမှ ကျွမ်းကျင်တယ်လို့ ခေါ်လို့ရမှာ မဟုတ်တော့ဘူး...."

၎င်းကိုကြားတော့ လူတိုင်း ရှော့ခ်ရသွားခဲ့ကြသည်။

သူတို့အားလုံး လင်းရီ၏ အထောက်အထားကို အံ့အားသင့်နေကြလေသည်။

ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ထိပ်တန်း နှလုံးအထူးကုကြီးတောင် ဖြစ်နေပြီတဲ့လား....

သို့သော်လည်း လျန်ရူရွှယ်၏ ပုံရိပ်နှင့်ဆိုပါက သူတိူ့ကို လိမ်နေခြင်း မဖြစ်နိုင်ချေ။

ဒီကောင် ဘာတွေများ စားလို့ပါလိမ့်....

"သူက ထိပ်တန်း နှလုံးအထူးကုဆိုရင်တောင်မှ ဆေးဝါးနယ်ပာ်မှာ ၀င်စွက်ဖက်ဖို့ အခွင့်အရေးမရှိဘူးလေ ... ဟုတ်တယ်ဟုတ်...."

"အဲ့လိုဆိုရင်တောင်မှ ကျွန်မ သူ့စကားတွေကို ထောက်ခံတယ်...၉.၉၉ ယွမ်ဆိုတဲ့ ဈေးနှုန်းက ‌နည်းနည်းလေး ရယ်စရာကောင်းနေတယ်ဆိုပေမယ့် ၂၈၉ ယွမ်ကိုတော့ ကျွန်မ မျှော်မှန်းမထားတာ အမှန်ပဲ.... "

"ကျွန်မတို့ဘက်ကလည်း ၂၈၉ ဆိုတဲ့ ဈေးနှုန်းထက် ထက်မလျှော့ပေးနိုင်တော့ဘူး....အဲ့တာက ကျွန်မတို့ရဲ့ နောက်ဆုံးဈေးပဲ.."

"တံခါးက မင်းတို့နောက်မှာပဲ... ဖြည်းဖြည်းသွားပါ....."

ညှိနှိုင်းဆွေးနွေးမှုမှာ ယခုအခြေအနေသို့ ရောက်ရှိနေပြီး ပျက်ဆီးလုနီးပါးပင်။ အကယ်၍ တစ်ဖက်မှ အလျှော့ပေးမှုကြီး မပြုပဲ ကိုယ်လိုချင်တာချည်း ဆက်ပြောနေမည်ဆိုပါက ဆွေးနွေးမှုမှာ ရပ်တန်းက ရပ်ရပေမည်။

သို့သော်လည်း ကျောက်ဝေနှင့် ကျန်သူများက ထွက်မခွာသွားသေးချေ။ အဘယ်ကြောင့်ဆိုသော် လျန်ရူရွှယ်က ယခု ညှိနှိုင်းမှုကြီး၏ အခရာ ဖြစ်နေသောကြောင့်ပင်။

"ဒါဆိုလည်း အစည်းအဝေးကို ဒီမှာပဲ ရပ်တန့်လိုက်ကြတာပေါ့...အစည်းအဝေး ရပ်ဆိုင်းပြီ...."

လျန်ရူရွှယ် မတ်တပ်ရပ်ပြီး သူမ ပစ္စည်းများကို သိမ်းဆည်းကာ ထွက်ခွာဟန် ပြင်လိုက်သည်။

"မြို့တော်၀န်လျန်... တကယ်လို့ ရှင်တို့မှာသာ ကျွန်မတို့ Pfizer ရဲ့ ဆေးမရှိဘူးဆိုရင် ကျိုးဟိုင်ရဲ့ လူထုကျန်းမာရေးအပေါ် ဘယ်လောက်တောင် အကျိုးသက်ရောက်မှုတွေ ရှိလာမလဲဆိုတာကိုတော့ သိပါတယ်နော်...ဒါတောင်မှ ရှင်က ဒီလူကို ဒီရဲ့ ဆွေးနွေးပွဲကို ထိန်းချုပ်ခွင့်ပေးလိုက်တော့ မလို့လား...."

"သူ့မှာ ဈေးနှုန်းသတ်မှတ်ပေးဖို့ အခွင့်အရေး မရှိဘူး...ဒါပေမယ့် ကျွန်မကိုယ်တိုင်ကလည်း ဆေးရဲ့ ဈေးနှုန်းကို သံသယရှိနေလို့ပဲ...."လျန်ရူရွှယ် ပြောလိုက်ပြီး

"ကျွန်မတို့ ဆက်လက်ဆွေးနွေးနိုင်မလားဆိုတဲ့ ဆုံးဖြတ်ချက်က ရှင့်လက်ထဲမှာပဲ.....”

All Chapters