← Chapters

အရေးပါသည့် လူနှင့် တွေ့ဆုံခြင်း

Vol. 27 Ch. 404

အရေးပါသည့် လူနှင့် တွေ့ဆုံခြင်း

Vol. 27 Ch. 404

"ဒါပေမယ့် ဒီရဲ့ ဈေးနှုန်းကတော့ သေချာပေါက် မရဘူးလေ...."ကျောက်ဝေ ပြောလိုက်၏။

"ရှင်လည်း ဟွာရှကပဲ..ကျိုးဟိုင်မှာ လူဘယ်လောက်ရှိတယ်...ဟွာရှမှာ လူဘယ်လောက်ရှိတယ်ဆိုတာ ရှင် သိမှာပါ....လင်းရီ ကမ်းလှမ်းတဲ့ ဈေးနှုန်းက ရှင်တို့ အိတ်ကပ်ထဲ အများကြီးထည့်ဖို့ လုံလောက်ပါတယ်....ဒီဈေးနဲ့ဆို ဟွာရှရဲ့ ဈေးကွက်ထဲကို ၀င်ရောက်ရင်တောင် အကျိုးအမြတ် များမှာပဲလေ.... "

လျန်ရူရွှယ်ပြောလိုက်၏။

"ဒါပေမယ့် ဘယ် ဆေးဝါးဖြန့်ဖြူးရေးကုမ္ပဏီက ဒီလိုမျိုးလုပ်မှာလဲတဲ့...."

"အဲ့တာဆိုလည်း ရှင်တို့ဘက်က ဟွာရှရဲ့ ဈေးကွက်ထဲကို ခြေမဆန့်နဲ့တော့ပေါ့...."

လျန်ရူရွှယ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

Ibuprofen ၏ ကုန်ကျစရိတ်ကို လျန်ရူရွှယ် မသိသော်ငြား လင်းရီ၏ နှုတ်မှတော့ သက်သေမရှိပဲနှင့် လျှောက်ပြောလိမ့်မည် မဟုတ်ကြောင်း သူမယုံကြည်လေသည်။ ကုန်ကျစရိတ် ၆ ယွမ်မှာ တိကျ မှန်ကန်ချင်မှ မှန်ကန်ပေလိမ့်မည်။ သို့သော်လည်း သူမတို့ ခေါ်သည့် ဈေးနှုန်းထက်လျော့နည်းမှာတော့ အမှန်ပင်။

ကုန်ကျစရိတ် မည်မျှ ကြီးနေစေကာမူ တစ်ဘူး ၂၈၉ယွမ် ပေးရသည်ကိုတော့ လုံး၀ လက်မခံနိုင်ချေ။

"မြို့တော်၀န်လျန်...ကျွန်မတို့ ဒီကိစ္စကို အနာဂတ်မှ ဆက်ဆွေးနွေးလို့ ရဦးမယ်လို့ မျှော်လင့်ပါတယ်...."ကျောက်ဝေ ပြောလိုက်၏။

"အဲ့တာဆို နောက်သုံးရက်နေရင် ပြန်ဆုံကြတာပေါ့...."

ကျောက်ဝေမှ ဟွာရှ၏ စီးပွားရေးဈေးကွက်ကို လက်မလျှော့ချင်သကဲ့သို့ လျန်ရူရွှယ်ကလည်း စဉ်းစားဆုံးဖြတ်ရန် အချိန်လိုအပ်လေသည်။

လူတိုင်းကောင်းမွန်စွာ အနားယူပြီး သုံးရက်ကြာမှ ဆက်လက်ဆွေးနွေးသည်က ရွေးချယ်မှုကောင်းဖြစ်၏။

လင်းရီ ပျင်းရိစွာ အညောင်းဆန့်၍ လျန်ရူရွှယ်နှင့်အတူ ထွက်လာခဲ့လိုက်သည်။

အခန်းထဲရှိ လူတိုင်းကတော့ လင်းရီထွက်သွားသည်ကို နာကျည်းမုန်းတီးမှုတို့ဖြင့် ကြည့်နေကြ၏။

သူမ အော်ဒီသို့ ရောက်သည့် အချိန်တွင်တော့ လျန်ရူရွှယ် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။

"လင်းရီ ... ကုန်ကျတဲ့ စရိတ်က တကယ်ကြီး ၆ ယွမ်တည်းလား....."

"အင်း အဲ့လောက်ပဲ...တကယ်လို့ ကုန်ကြမ်းတွေရဲ့ ဈေးနှုန်းက အတက်အကျရှိတယ်ဆိုရင်တောင်မှ အလွန်ဆုံးကွာလှ ပြားသုံးဆယ်ပေါ့.... "

"ရှင်က ဘယ်လိုလုပ်ပြီးသိတာ...ဒါက စက်ရုံလျှို့ဝှက်ချက်ကြီး ဖြစ်သင့်တာမဟုတ်ဘူးလား...."

"ဆေးဝါး ဈေးကွက်ဆိုတာက အင်မတန်ကိုမှ အမြတ်ကျန်တဲ့ စီးပွားရေးပဲ... ဆေးတစ်ဘူးကိုမှ ကုန်ကျစရိတ်က ပြားအနည်းငယ်လောက်လေးပဲ ရှိမှာ...မကွယ်ဝှက်တမ်း ၀န်ခံရမယ်ဆိုရင် ထုပ်ပိုးစရိတ်နဲ့ သယ်ယူပို့ဆောင်စရိတ်ကတောင်မှ ဆေးထက် ပိုဈေးကြီးနေဦးမယ်... "

လင်းရီ၏ ခန့်မှန်းချက်မှာ ဤအကြောင်းပြချက်ကို အခြေခံ၍ ခန့်မှန်းထားခြင်းမျိုးမဟုတ်ပဲ သူ၏စိတ်ထဲရှိ ‌အသ်ပညာတို့ကြောင့် ဖြစ်လေသည်။

ထို့ကြောင့် သူ၏ အဆိုပြုချက်မှာ ကျိုးကြောင်းသင့်တင့်သည်ဟု ယူဆ၍ရ၏။

"တကယ်လို့ မယုံသေးဘူးဆိုရင်လည်း မိန်းကလေးလျန်ကိုယ်တိုင် ဆေးဝါးဖြန့်ဖြူးရေးကုမ္ပဏီတစ်ခုကို သေချာ လေ့လာမယ်ဆိုရင်လည်း မခက်ခဲပါဘူး...ဆေးဝါးလုပ်ငန်းကိုက အမြတ်များတဲ့ စီးပွားရေးပဲ... လူတော်တော်များမျာလည်း ဒါကို လက်ခံထားကြတယ်...."

လင်းရီ ပြောလိုက်ပြီး "ဒါပေမယ့် ဒီဆေးကျမှ ထူးထူးခြားခြား ၂၈၉ ယွမ်တဲ့...တစ်လဆိုရင် ဆေးဖိုးချည်းသပ်သပ်တည်း ၁၁၅၆ ယွမ် ကျသင့်မှာ...အဲ့လောက်ကြီးကျ ဘယ်သူက တတ်နိုင်မှာ....ဘယ်ငနွားက ကျုပ်တို့ ဟွာရှသားတွေကို ကျုပ်လိုမျိုး ရုပ်ရှိရေလျှံကောင်လို့ ထင်နေတာလဲ မသိဘူး....."

ဟမ်.....

လင်းရီ၏ ပထမစာကြောင်းမှာ နား၀င်ပီယံရှိသောကြောင့် လျန်ရူရွှယ် ချီမွမ်းမလို့ ဟန်ပြင်ကာ ရှိသေး လင်းရီနှုတ်မှ ထွက်လာသည့် နောက်စကားတစ်ခွန်းကြောင့် သူမ လည်ချောင်း၀သို့ရောက်နေသည့် စကားလုံးများကို ကမန်းကတမ်း ပြန်မျိုချလိုက်ရသည်။

"ပြီးတော့ နိုင်ငံကလည်း ဆေးဝါးလုပ်ငန်းရဲ့ အမြတ်ရာခိုင်းနှုန်းက ၁၅ ရာခိုင်နှုန်းထက် မကျော်ရဘူးလို့ အတိအလင်း ကြေညာထားပြီးသားလေ...သူတို့ကို ၉.၉၀ ယွမ် ကမ်းလှမ်းလိုက်တာက ရက်ရောတာထက်တောင် ပိုနေသေးတယ်...."

လင်းရီ ပြောရင်းဆိုရင်းဖြင့် မကျေမနပ်ဖြစ်လာခဲ့ပြီး

"ဒီလို ခွေးကျင့်ခွေးကြံနဲ့ ဘီလူးရုပ်ပေါက်နေတဲ့ လူတွေကများ ကျုပ်ရှေ့မှာ မိမိုက်သလို လာလုပ်ရတယ်လို့ကွာ......သူတို့ မြင်နေရတာနဲ့တင် အော့နှလုံးနာတယ်...."

"ရှင်က သူတိူ့ရုပ်ဆိုးတာကို မကျေမနပ်ဖြစ်နေတာလား...."

"အမ် ကျုပ်သဘောက မင်း ရုပ်ဆိုးချင်ဆိုးလို့ရတယ်... ဒါပေမယ့် သောက်ဆရာကြီးတော့ လာမလုပ်နဲ့...."

လျန်ရူရွှယ်လည်း လင်းရီ၏ ခံယူချက်နှင့် ပတ်သက်၍ လက်လန်သောကြောင့် တခြားခေါင်းစဉ်တစ်ခုကို ပြောင်းလိုက်သည်။

"ဒီလိုဆို ရှင့် အမြင်ကကော...သူတိူ့ သုံးရက်ပြီးလို့မှ သဘောမတူသေးရင် ဘယ်လိုလုပ်မှာ...."

"မှန်းကြည့်ကြည့်ပေါ့...."

"အခြေအနေတွေက ဒီလောက် အရေးပေါ်ဖြစ်နေတာကို ရှင်ဘယ်လိုလုပ် ပေါ့တီးပေါ့ဆနဲ့ နေဝံ့တာလဲ...."

လျန်ရူရွှယ် မကျေနပ်စွာဖြင့် ပါးလေးဖောင်းလိုက်သည်။

လင်းရီကတော့ အေးခဲသွား၏။

"ဟေ့... ကျုပ်ကို အဲ့ဒီ အကြည့်တွေနဲ့ ကြည့်ရင် နိုင်မယ်လို့ ထင်နေရင် မှန်တယ်လို့....မိန်းကလေးလျန်သဘောကကော...."

"ကျွန်မက ရှင့်ကို မေးနေတာလေ...."

"ငါလည်း ခုလောလောဆယ်တော့ အဖြေမပေးနိုင်သေးဘူး..."လင်းရီ စက္ကန့်အနည်းငယ်ကြာအောင် ငြိမ်သက်သွားပြီးနောက် "ဒါပေမယ့် ဒီပြဿနာကို ဖြေရှင်းပေးမယ်လို့တော့ ကတိပေးတယ်...."

"သေချာတယ်နော်...."လျန်ရူရွှယ်မေးမြန်းလိုက်ပြီး "ဒါက အသေးမွှားကိစ္စလေး မဟုတ်ဘူး...ရှင် သေချာမှပြော...."

"ငါ့ဘက်အပိုင်းကိုတော့ စိတ်မပူနဲ့ မိန်းကလေးလျန်ဘက်ကသာ ပေးထားတဲ့ ကတိကို မေ့ချင်ယောင်မဆောင်နဲ့..."

"ဒီဈေးနဲ့သာ အလုပ်ဖြစ်မယ်ဆိုလို့ကတော့ ရှင့်ကို ရေကူး၀တ်စုံတောင် ၀တ်ပြလိုက်ဦးမယ်..."

"တကယ်ကြီး ၀တ်တော့မှာလားဟ...."

"နင့် ဦးနှောက်က ဘာတွေလဲမှားနေတာ..."လျန်ရူရွှယ် မျက်စောင်းထိုးလိုက်ပြီး "ကျွန်မမှာက ထူးခြားတဲ့ အထောက်အထားတွေ ရှိတယ်ဆိုပေမယ့် ကျွန်မလည်း မိန်းမသားပဲလေ......ဘယ်မိန်းကလေးက ရေကူး၀တ်စုံတို့ စကတ်တို့ မရှိလို့လဲလို့...."

"ဟီးဟီး ကျုပ်ရဲ့ ရေကူးကန်ကလည်း မိန်းကလေးလျန် လာမှာကို စောင့်မျှော်နေပါသတဲ့ဗျာ...."

လင်းရီ စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်ကို ပွတ်ဆွဲလိုက်သည်။

လျန်ရူရွှယ်ကတော့ ဆွံ့အလျက်ရှိ၏။

ဒီတိုင်း ရေကူးဝတ်ဆုံလေးပဲမဟုတ်ဘူးလား….. ဘာကြည့်စရာရှိလို့ အဲ့လောက်တောင်စိတ်လှုပ်ရှားနေတာ…..

“နင်ခု ဘယ်လဲသွားမှာ….ငါလိုက်ပို့ပေးမယ်….”

“ဆေးရုံကို…… နှလုံးသားလှတဲ့ ဆရာဝန်တစ်ယောက် အနေနဲ့ ကျုပ်က ကျုပ်လူနာတွေနဲ့ပဲ ရှိချင်တာ…..”

လျန်ရူရွှယ် သူမခေါင်းလေးကို စောင်းလိုက်ပြီး “ ကျွန်မက လူနာတွေလောက် ဆွဲဆောင်မှု မရှိလို့ပဲလား….”

လင်းရီ သူ့မေးစေ့ကို ပွတ်၍ စဉ်းစားနေဟန် ပြုလိုက်ပြီး “ အဲ့လိုဆိုရင်တော့ မိန်းကလေးရဲ့ ရင်ဘက်တစ်ဝိုက်မှာ အဖုကြီး ရှိနေလို့နဲ့တူတယ်…..ဒီကိစ္စက နက်နဲတော့ ဟိုတယ်သွားကြမလား…..ဒေါက်တာလင်းက မင်းကို သေချာလေး ဂရုစိုက်ပေးမယ်လေ….”

“လစ်စမ်းပါ…” လျန်ရူရွှယ်ကားစက်နှိုးလိုက်ပြီး “ရှင်ဘာရှင်ပဲ ဂရုစိုက်နေလိုက်….. ကျွန်မရှင့်ကို ခု ဆေးရုံလိုက်ပို့ပေးမယ်…..”

သို့နှင့် နှစ်ယောက်သား ထွက်လာခဲ့လိုက်ပြီး လင်းရီကို ဆေးရုံသို့ လိုက်မပို့မီ နေရာတစ်နေရာရှာ၍ နေ့လည်စာ ဝင်စားလိုက်၏။ ထို့နောက် ဆေးရုံသို့ ဦးတည်လိုက်ကြသည်။

ဆေးရုံရောက်သည့်အချိန်တွင်တော့ လင်းရီ အရေးပေါ်ဌာနသို့ ချက်ချင်းသွားလိုက်ပြီး ချောင်ရှင်းလည်း ရောက်နေလေသည်။

“အစ်ကိုရီ…..”

"လာလေ ရှင်းရှင်း ငါမင်းကို လူနာမှတ်တမ်းနဲ့ ဆေးစာတွေ ကူရေးပေးမယ်...."

"ဟီးဟီး ကောင်းတယ်... အစ်ကိုရီရဲ့ အကူအညီနဲ့ဆိုရင် ပိုပြီး လွယ်ကူသွားတော့မှာ..."ချောင်ရှင်း ပြောရင်း သူမ အိတ်ကပ်ထဲရှိ ငှက်ပျောသီး နှစ်လုံးကို ထုတ်လိုက်၏။

"အစ်ကိုရီ ရော့ တစ်လုံးစား...."

"လာဘ်ထိုးနေတာလား...."

"ဟီးဟီး....အစ်ကိရီ ပြောသလိုပဲ...."

လင်းရီ ထိုင်ခုံပေါ်ထိုင်လျက် ငှက်ပျောသီးစားရင်း ညှိနှိုင်းဆွေးနွေးမှုအကြောင်း အတွေးနက်နေလေသည်။

Pfizer မှ ibuprofen ဈေးနှုန်းကို ၉.၉၀ ယွမ်သိူ့ လျှော့ချရန်မှာ ဖြစ်နိုင်ချေ အခွင့်အလမ်းက အတော်နည်း၏။

အခြားအစားထိုးဆေးများ ရှိသော်လည်း အကျိုးသက်ရောက်မှုကတော့ ဆိုးရွားပေလိမ့်မည်။ တစ်ခုတည်း‌သော အကျိုးသက်ရောက်မှုရှိသည့် ဖြေရှင်းချက်မှာ‌တော့ ပြီးပြည့်စုံသည့် အစားထိုးဆေးတစ်ခုကို ရှာဖွေရန်ပင်။

ယခုအချိန်တွင်တော့ သူ၏ မဟာဆေးကျမ်းမှာ အသုံး၀င်လာချေပြီ။

သိူ့သော်လည်း စစ်မှန်သည့် ဆေးဝါးကောင်းတစ်ခွက်ကို ဖော်စပ်ရန်မှာတော့ အနည်းငယ် ပြဿနာ ရှိနေသေး၏။

ထိုအကြောင်းကို စဉ်းစားရင်း လင်းရီ ကျီချင်းရန်နှင့်အတူ စကားပြောကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ချလပ်....

လင်းရီ ရောက်တတ်ရာရာ တွေးတောရင်း အခန်းတံခါးမှာ ပွင့်ဟလာခဲ့၏။

အံ့အားသင့်စွာဖြင့် ၀င်လာခဲ့သူမှာ လျန်ရူရွှယ်မှ တစ်ပါး အခြားသူမဟုတ်ပေ။

"မင်း...ဘာလို့ ဒီမှာ ရှိနေသေးတာလဲဟ...ရင်ဘက်တစ်ဝိုက်မှာ တကယ်ကြီး အဖုရှိနေတယ်လို့တော့ လာမပြောနဲ့...လာ....အထဲသွားကြရအောင် ..ဒေါက်တာလင်းက သေချာလေး စမ်းသပ်ပေးမယ်...."

ယ‌မန်နေ့မှ ခွဲစိတ်မှုကြောင့် လျန်ရူရွှယ် မည်သူဖြစ်လဲဆိုတာကို ချောင်ရှင်းမှ သိရှိပြီး ဖြစ်လေသည်။

သိူ့သော်လည်း ထိုအချိန်က သူမ လျန်ရူရွှယ်၏ သန်မာလှသည့် အရှိန်အဝါတို့ကြောင့် အဝေးတစ်နေရာမှသာ ကြည့်ဝံ့လေသည်။

ယခု သူမနှင့် မျက်နှာချင်းတိုင် မြင်တွေ့နေရသည့် အချိန်တွင်တော့ သူမ စိတ်လှုပ်ရှားပြီး အလွဲလွဲ အချောချော်ချော်တို့ ဖြစ်ကုန်လေသည်။

"ဘာ ရင်ဘက်ကအဖုလဲ... အဲ့မှာပေါက်တတ်ကရတွေ ပြောနေလိုက်..."

အကယ်၍ အနီးတွင် အခြားသူများ မရှိပါက သူမ ဘာမျှ ပြောလိမ့်မည် မဟုတ်သော်လည်း အပြင်လူရှိနေသည့် အချိန်တွင်တော့ လျန်ရူရွှယ် အနည်းငယ် ရှက်ရွှံ့မိနေသည်။

"အဲ့တာဆို ဘာကိစ္စလဲ..."လင်းရီ ငှက်ပျောသီးခွံကို နောက်သို့ ကောက်ပစ်ရင်း ပြောလိုက်၏။

"အဘိုးရန်ရဲ့ အခြေအနေက အတော်လေးတိုးတက်လာနေပြီ.. အစ်ကိုကောင်းက ခုလေးတင် ကျွန်မဆီကို ဆက်သွယ်လာတယ်... အဘိုးရန်က ရှင့်ကို တွေ့ချင်နေတယ်ဆိုပဲ...."

"ငါ့ကို တွေ့ချင်နေတယ်....ဆုချချင်‌နေလို့တဲ့လား..."လင်းရီ ပြောလိုက်ပြီး "ဒါ သတင်းကောင်းပဲလေ.... ဘာရပ်လုပ်နေတာ သွားကြမယ်..."

"ရှင် အတွေးတွေ လွန်နေပြီ...တကယ်လို့ ဆုဆိုရင် ကျွန်မကနေတစ်ဆင့် ရှင့်ကို ပေးလိုက်မှာပေါ့..."လျန်ရူရွှယ် ပြောလိုက်ပြီး "ဒီတိုင်း ကျေးဇူးတင်စကား ပြောချင်လို့ နေမှာပေါ့... ဘာပဲဆိုဆို ရှင်က သူ့အသက်ကို ကယ်တင်ထားတာပဲလေ....."

"အဲ့တာဆိုလည်း သွားစို့လေ... မိန်းကလေးလျန်တို့ နှစ်ယောက်လုံးက အရာရှိကြီးတွေဆိုတော့ ကျုပ်တို့လို သာမန်ပြည်သူတွေက အမိန့်နာခံရုံပဲ ရှိတော့မှာပေါ့...."

"ဟွန့် ရှင်ကသာ သာမန်ပြည်သူဆိုလို့ကတော့ ကျန်တဲ့သူတွေက ဘာတွေ ဖြစ်ကုန်မလဲဆိုတာ တွေးမိရဲ့လား...."လျန်ရူရွှယ် ပြုံးလိုက်ပြီး "လိုက်ခဲ့....အဘိုးရန်က ရှင့်ကို မျှော်နေတာ...."

လျန်ရူရွှယ်၏ ဦးဆောင်မှုအောက်တွင် နှစ်ယောက်သား ၁၈လွှာရှိ အဆင့်မြင့် လူနာကုသဆောင်ထံသို့ ရောက်ရှိလာခဲ့သည်။

လမ်းတွင်တော့ လျန်ရူရွှယ်မှ တစ်ဖက်လူ၏ အထောက်အထားကို လင်းရီအား အကြမ်းဖျင်းမိတ်ဆက်ပေးလေသည်။

ထိုအဘိုးကြီး၏ သတင်းအချက်အလက်တို့မှာ လျှို့ဝှက်ထားရသောကြောင့် လျန်ရူရွှယ်လည်း အများကြီး သိပ်မပြောပြခဲ့ချေ။

ထိုအဘိုးကြီး၏ နာမည်မှာ ရန်ကွမ်းရှ ဖြစ်သည်ကိုသာ သိခွင့်ရှိပေသည်။

လူနာခန်းထဲတွင်တော့ အမျိုးသားငါးဦးအပြင် နာ့စ်နှစ်ဦးတို့ မတ်တပ်ရပ်နေကြ၏။ သူတိူ့အားလုံး ကိုယ်ကို ဖြောင့်တန်းစွာ ရပ်နေကြပြီး ဝါရင့် စစ်သားတစ်ယောက်၏ သတ်ဖြတ်ချင်း အရှိန်အဝါတို့မှာ အနားတွင် သိပ်သည်းနေလေသည်။

လင်းရီ ထိုလူများကို တစ်ချက်ကြည့်သည်တွင် ရင်းနှီးနေသည်ဟု ခံစားနေရပြီးနောက် သူ ရန်ကွမ်းရှကို ခွဲစိတ်စဉ်အခါက အခန်းအပြင်ဘက်တွင် စောင့်ကြပ်နေသည့် စစ်သားများဖြစ်ကြောင်း ပြန်အမှတ်ရသွားခဲ့သည်။

ထိုအထဲမှ လူတစ်ယောက်မှာ လင်းရီကို မြင်တော့ သူ၏ မျက်လုံးသူငယ်အိမ်တို့ ကျုံ့သွားခဲ့ပြီး ရန်ကွမ်းရှကို ပြန်ကြည့်လိုက်သည်။

ရန်ကွမ်းရှ ပြုံးရုံသာ ပြုံး၏။

တစ်ခွန်းမျှ မဆိုသော်လည်း အဓိပ္ပာယ်ပါသည့် အပြုံးက ကိစ္စများစွာတို့ကို ညွှန်းဆိုနေလေသည်။

All Chapters