အာရှ၀က်ဝံနက်အား လက်ဗလာဖြင့် တိုက်ခိုက်ခဲ့သူ
Vol. 27 Ch. 405
"ဒေါက်တာလင်း...ရောက်လာပြီလား..."
လင်းရီ ၀င်လာသည်ကို မြင်တော့ ရန်ကွမ်းရှ နှုတ်ဆက်လိုက်သည်။
လင်းရီလည်း အိပ်ရာပေါ်တွင် လဲလျောင်းနေသည့် အဘိုးကြီးကိုကြည့်ရင်း နှုတ်ဆက်သည့် အနေဖြင့် ခေါင်းညိမ့်ပြလိုက်၏။
"မစ္စတာရန် ... ကျွန်တော့်ကို တွေ့ချင်နေတယ်ဆိုလို့...."
ရန်ကွမ်းရှ သူ့အိပ်ရာ၏ ဘေးတစ်နေရာကို တစ်ချက်ပုတ်လိုက်သည်။ "ကောင်လေး ဘာတွေ စိတ်လှုပ်ရှားနေတာ...လာ ဒီမှာလာထိုင်......"
လင်းရီ ထိုင်ချလိုက်၏။ "မစ္စတာရန် ဘာကိစ္စများလဲ..."
"ဘာလဲ... မင်းက ဒီအဘိုးကြီးရဲ့ အသက်ကို ကယ်ထားတာလေကွာ.. ငါက တွေ့လို့ မရဘူးလား...."
"မဟုတ်တာ..ကျွန်တော် နည်းနည်း စိတ်လှုပ်ရှားသွားလို့ပါဗျ...."လင်းရီ ပြုံးလိုက်ပြီး "မစ္စတာရန်တို့လို TV ပေါ်မှာပဲ မြင်တွေ့နိုင်တဲ့ ပုဂ္ဂိုလ်ကြီးကို အပြင်မှာ တွေ့ရပြီဆိုတော့ စိတ်မလှုပ်ရှားတဲ့လူ ဘယ်သူရှိမှာ...."
"ဟားဟား... အတော်လေး စကားပြောကောင်းတဲ့ကောင်ပါလားကွ...မီလိကိုတောင်မှ အရူးလုပ်ပြီးသွားပြီထင်တယ်..."
"အမ်... မီလိက ဘယ်သူကြီးတုန်း..."
"မင်းက လျန်ရူရွှယ်ရဲ့ သူငယ်ချင်း မဟုတ်ဘူးလား....သူရဲ့ အိမ်နာမည်ကိုတောင် မသိဘူးပေါ့... "
ဘေးနားရပ်နေသည့် လျန်ရူရွှယ်မှာ ရှက်ရွံ့သွားခဲ့ပြီး ပါးလေးများ နီရဲလာကာ "ဘိုးဘိုးရန်ကလည်း ဘာလို့ ဒီအကြောင်းတွေကို သူများ လျှောက်ပြောပြနေတာ..."
"အေးကွာ ဒီအဘိုးကြီးရဲ့ နှုတ်ကလည်း...."ရန်ကွမ်းရှ ပြုံးလိုက်ပြီး "ဒါပေမယ့် ဒါက အသေးမွှားလေးမဟုတ်လား... သူက ဒီအဘိုးကြီးရဲ့ အသက်ကို ကယ်တင်ထားတာဆိုတော့ ပြန်ကူညီပေးတဲ့ အနေနဲ့ တခြားအကြောင်းတွေပါ ပြောပြသင့်တယ် ထင်တာပဲ... "
အခန်းထဲရှိ လူတိုင်း ရယ်မောလိုက်ကြပြီး လေထုကို သက်တောင့်သက်သာ ဖြစ်သွားစေခဲ့သည်။
"ကောင်လေး မင်းအနာဂတ်ကျရင် ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ...ဟွာရှန်းဆေးရုံမှာပဲ အကြာကြီး ဆက်နေဖို့ ရှိလား...ငါ မင်းကို လက်ထောက် ဆေးရုံဒါရိုက်တာ ရာထူးပေးဖို့ ပြောပေးမယ်...."ရန်ကွမ်းရှ အပြုံးလေးဖြင့် ပြောလိုက်၏။
"မလုပ်ပါနဲ့..."လင်းရီ အလျင်စလို လက်ခါရမ်းလိုက်၏။ "ကျွန်တော်က နိမ့်ချနေရတာကိုပဲ နှစ်သက်တာဆိုတော့ အဲ့လောက် အရေးကြီးတဲ့ ရာထူးကို လက်မခံနိုင်ဘူး..."
လင်းရီမှာ ခေတ္တခဏ အတွေ့အကြုံခံစားရုံမျှသာဖြစ်ပြီး ဆေးရုံ၏ အရင်းအမြစ်များကို မဖြုန်းတီးချင်ပေ။
"ဘာကြီး... မင်းက လက်ထောက် ဆေးရုံဒါရိုက်တာ ရာထူးကို စိတ်မ၀င်စားဘူးပေါ့...."
"မဟုတ်ဘူးလား...ဆရာ၀န်တစ်ယောက်ရဲ့ အခန်းကဏ္ဍက အသက်တွေကို ကယ်တင်ဖို့ပဲလေ... လူနာတွေကို ကယ်တင်နိုင်နေတာကိုပဲ ပျော်ရွှင်လှပြီ... ရာထူးနေရာတွေက ကျွန်တော့်အတွက် အရေးမပါဘူး..."
"အိုး အရမ်းတော်တဲ့ လူငယ်လေးပဲ.. မင်းက အသက်တော့ မကြီးသေးဘူး... အသိဉာဏ်တွေက အတော်လေး ရင့်ကျက်နေပြီ...မင်းပြောတာကို ငါသဘောကျတယ်...."
လျန်ရူရွှယ်ကတော့ လင်းရီပြောတာကို နားထောင်ရင်း သူမ၏ ချယ်ရီနှုတ်ခမ်းဖူးတို့ ကွေးညွှတ်သွားခဲ့သည်။ လင်းရီမှာ အဘိုးရန် ရှေ့မှောက်တွင်တောင်မှ လိမ်ဝံ့လေသည်။
ထိုသို့ ပြုလုပ်ရဲသူမှာ ဟွာရှတွင် လက်တစ်ဆုပ်စာထက် မပိုချေ။
" ကျေးညီနောင်လိုပဲ.... တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး... တို့ရဲ့ မီလိက ဒီလောက်ကြီး ပြောင်းလဲသွားတာ အံ့ဩစရာတော့ မရှိဘူးပဲ...."
လျန်ရူရွှယ် ပြုံးလိုက်၏။ သူမယခုတော့ မိန်းမလှလေးများက မကောင်းသည့်ကောင်ကို အဘယ်ကြောင့် နှစ်သက်ကြပြီး ရိုးရိုးအအ ယောက်ျားလေးများကို မနှစ်သက်ကြလဲဆိုတာကို သူမနားလည်သွားချေပြီ။
အဘယ်ကြောင့် ဆိုသော် ထိုမကောင်းသည့်ကောင်တို့မှာ အင်မတန် စကားကြွယ်ကြသောကြောင့်ပင်။
"ဒီအဘိုးကြီး အထင်ကတော့ မင်းတို့နှစ်ယောက်ကြားထဲမှာ တစ်ခုခုတော့ ဖြစ်ထားတယ်မလား.... "ရန်ကွမ်းရှ ရယ်မောလိုက်ပြီး "တို့ရဲ့ မီလိလေးကလည်း မဆိုးပါဘူး...ပြီးတော့ ကောင်လေး မင်းလည်း တကယ်မဆိုးဘူး...ရုပ်လည်းချောတယ်..အရည်အချင်းလည်း ရှိတယ်.....ငါ့ အထင်တော့ မင်းတို့နှစ်ယောက်က နတ်ဖက်တဲ့ စုံတွဲလိုပဲ...."
"ကျွန်တော်လည်း အဲ့လို ထင်တာပဲဗျ...ကျွန်တော်တို့ နှစ်ယောက်က အတော်လေး လိုက်ဖက်ညီတဲ့ စုံတွဲတွေလေ...."
ရန်ကွမ်းရှ လင်းရီကို ပြုံးလျက် ကြည့်လိုက်ပြီး "ကောင်လေး...မင်းရဲ့ နာမည်က လင်းရီ ဟုတ်တယ်နော်...မင်း ဘယ်ကလဲကွ... ကျိုးဟိုင်ကပဲလား...."
"ရန်ချိန်ကပါ...."
"ရန်ချိန်...."
ရန်ရွမ်းရှ ခေတ္တမျှ ရပ်တန့်လိုက်ပြီး "မင်းက ရန်ချိန်မှာ မွေးတာလား...."
"မဟုတ်ဘူး.. ကျွန်တော်က ဆေးရုံမှာ မွေးတာ...."
"ဟားဟား....ကောင်လေး... မင်းက ငါ့ရှေ့မှာ ပေါက်တတ်ကရတွေ လျှောက်ပြောဝံ့တယ်ပေါ့လေ...."
လင်းရီ ပြုံးလိုက်၏။ သိူ့သော်လည်း ဤအဘိုးကြီးမှ အဘယ်ကြောင့် ယခုလို မေးခွန်းတွေ လာမေးနေလဲဆိုတာကို သူအတော်လေး သိချင်နေမိသည်။
ဒီမေးခွန်းတွေက အရမ်း သာမန်ဆန်လွန်းတယ်လေ....
"တကယ်တော့ ကျွန်တော် ဘယ်မှာ မွေးခဲ့မှန်းကိုမသိတာ..ကျွန်တော်က မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့တာ...."
"မိဘမဲ့လား...."
ထိုသတင်းကို ကြားတော့ ရန်ကွမ်းရှ ဘေးနားတွင် ရပ်နေသည့် သက်လတ်ပိုင်းလူ၏ မျက်နှာအမူအရာထက်တွင် ထူးဆန်းမှုအချို့ ဖြတ်ပြေးသွားခဲ့၏။
ရန်ကွမ်းရှ၏ အမူအရာကတော့ သူမျှောမမှန်းထားသည့် အဖြေကို ရရှိလိုက်သကဲ့သို့ တည်ငြိမ်နေလေသည်။
ကောင်းချုံးနှင့် ကျန်သူများမှာ အနည်းငယ် အံ့အားသင့်သွားခဲ့ကြသည်။ သိူ့သော်လည်း အခြေအနေကို လျှင်မြန်စွာ လက်ခံလိုက်ကြလေသည်။
အနည်းငယ် တမူထူးနေသော်လည်း ထွေထူးပြောရလောက်သည့် ကိစ္စ မဟုတ်ချေ။
မတည်ငြိမ်နိုင်သည့်သူမှာတော့ လျန်ရူရွှယ်ပင်။
လင်းရီက မိဘမဲ့ဆိုတော့ သူတို့ သုတေသန လုပ်ဖို့ ပိုက်ဆံတွေ ဘယ်ကနေရခဲ့တာလဲ...
ချမ်းသာတဲ့ အမျိုးသမီးဆီကလား...
သူ့မိဘတွေဆီက အမွေရထားတာများလား...
ဒါလည်း မဖြစ်နိုင်လောက်ဘူး...
"ဘယ်မိဘမဲ့ဂေဟာကများ ဒေါက်တာလင်းလို ထူးချွန်သူတစ်ယောက်ကို ပြုစုပျိုးထောင်ပေးခဲ့လဲဆိုတာကို သိချင်စမ်းပါဘိ...."
"ဒီတိုင်း ဟောင်းနွမ်းနေပြီးတော့ ယိုယွင်းနေတဲ့ ဂေဟာအစုတ်လေး တစ်ခုပါပဲဗျာ... ထုတ်ပြောရလောက်တဲ့အထိ မဟုတ်ပါဘူး... "
ရန်ကွမ်းရှမှာ တစ်ခုခု မရိုးသားဟု လင်းရီ၏ မသိစိတ်မှ ခံစားမိနေလေသည်။ ထို့ကြောင့် သူထိုမေးခွန်းကို ရှောင်ရှားလိုက်၏။
"ဘယ်လောက်တောင် ရှားပါးလိုက်လဲ..."ရန်ကွမ်းရှ လင်းရီ၏ ပခုံးကို ပုတ်လိုက်ပြီး "မဆိုးဘူး ကောင်လေး...မင်းက တခြား မိဘမဲ့ကလေးတွေထက်စာရင် ငါ့ကို တမူထူးခြားတဲ့ ခံစားချက် ပေးစွမ်းနိုင်တယ်...အနာဂတ်မှာ မင်းအတတ်နိုင်ဆုံးကို ကြိုးစားကွာ... အကူအညီလိုအပ်ရင် ဒီအဘိုးကြီးကို ပြောလိုက်...တခြားနေရာမှာတော့ မသိပေမယ့် ဒီရဲ့ ကျိုးဟိုင်မှာတော့ ငါ့ရဲ့ စကားလုံးတွေက အတော်လေးတာသွားတယ်...."
"ကျေးဇူးတင်ပါတယ် အကြီးအကဲရန်...."လင်းရီ လေးစွာစွာ ပြန်ဖြေလိုက်သည်။
"ခုတော့ ဒီလောက်ပဲကွာ... ဒီရဲ့ အရိုးအိုတွေက အချိန်အကြာကြီး သိပ်မထိုင်နိုင်တော့ဘူး... ငါ ပြန်သက်သာလာရင် ငါ့ဆီ တစ်ခေါက်လောက် ထပ်လာခဲ့.... ငါမင်းကို ကောင်းကောင်းကြီး ဧည့်ခံပေးမယ်..."
"ကောင်းပြီလေ... ကျွန်တော်လည်း စစ်တပ်ရဲ့ထူးရှယ်အရက်က ဘယ်လိုအရသာလဲဆိုတာကို မြည်းစမ်းကြည့်ချင်နေတာ ကြာပြီ..."
"ဟားဟား... အဲ့လိုဆိုမှတော့ ဖြည်းဆည်းပေါ့ရမှာပေါ့ကွ...."
" ရှောင်ကောင်း..မီလိ...မင်းတို့အားလုံး ဒေါက်တာလီကို လိုက်ပို့လိုက်ကြ ...."
'အားလုံး'ဟူသည့် စကားလုံးကို စကား၀ှက်တစ်ခုအနေနှင့် အသုံးလိုက်ခြင်းပင်။
လျန်ရူရွှယ်နှင့် ကောင်းချုံသာမက အခြား အမျိုးသား သုံးဦးပါ လင်းရီကို လိုက်ပါပို့ဆောင်ကြလေသည်။
လင်းရီကတော့ ရှုပ်ထွေးလျက်ရှိ၏။ ဒီလောက် ရေးကြီးခွင်ကျယ် လုပ်ဖို့ လိုလို့လားဟ...
အဘိုးကြီးရဲ့ အသက်ကို ကယ်ပေးခဲ့တယ်ဆိုရင်တောင်မှ ငါက ဘာကောင်မှ မဟုတ်ဘူလေကွာ...
တစ်ခုခုတော့ တစ်ခုခုပဲ....
အခန်းထဲတွင်တော့ ရန်ကွမ်းရှနှင့် သက်လတ်ပိုင်း အမျိုးသားတို့သာလျှင် ကျန်နေရစ်ခဲ့ကြ၏။
ရန်ကွမ်းရှ၏ အမူအရာမှာ လင်းရီနှင့် စကားပြောစဉ်အခါကကဲ့သို့ ခင်မင်ဖွယ် ကောင်းမနေတော့ပဲ သာမန်လူတို့ စေ့စေ့မကြည့်ဝံ့သည့် အရှိန်အဝါတို့ လွှတ်ထုတ်နေလေသည်။
"ဘယ်လိုလဒ...သူတိူ့နှစ်ယောက်က မတူဘူးလား..."
"သူတိူ့က ရုပ်ချင်းတော့ အတော်လေးဆင်တယ်..ဒါပေမယ့် အကျင့်စရိုက်ကတော့ သိပ်မတူသလိုပဲ..."သက်လတ်ပိုင်း အမျိုးသားမှ ပြောလိုက်ပြီး "အဲ့ဒီလူနဲ့ နှိုင်းယှဉ်မယ်ဆိုရင် လင်းရီက နည်းနည်းလေး မဆင်မခြင် နိုင်လွန်းတယ်...."
"တစ်ချက်ကြည့်လိုက်တာနဲ့ အဓိပ္ပာယ်တစ်ချို့ ပျောက်ဆုံးနေသလိုပဲ..."ရန်ကွမ်းရှ သက်ပြင်းချလိုက်ပြီး "အဲ့ဒီနှစ်တွေတုန်းက ရှေ့မြောက်ပိုင်းမှာ အာရှရဲ့ မဟူရာ၀က်ဝံနက်ကို လက်ဗလာနဲ့ တိုက်ခိုက်ခဲ့တဲ့အကြောင်းကို လူတွေက ဒီနေ့ထိ ပြောနေကြတုန်းပဲ..."
"ဟုတ်တယ်...သူက တကယ့်ကို ယောက်ျားပီသတဲ့သူပဲ..နှမြောစရာကောင်းတာက......."
"သူ့ရဲ့ အကျင့်စရိုက်မျိုး မရှိဘူးဆိုရင်တောင်မှ လင်းရီက ဉာဏ်အရမ်းကောင်းတဲ့သူပဲလေ..."ရန်ကွမ်းရှ ပြောလိုက်ပြီး "ခုလေးတင် ငါတို့ စကားပြောတဲ့ အချိန်တုန်းက မေးခွန်းပြန်မထုတ်နိုင်အောင် စကားကို လှည်ပတ်ပြီးပြောသွားတာ... အဲ့လိုထက်မြက်တဲ့ အသိက အရမ်းရှားတယ်... "
"တကယ်လို့ ခေါင်းဆောင်ကသာ သူဘယ် မိဘမဲ့ဂေဟာက လာလဲဆိုတာ သိချင်ရင် မခက်ပါဘူး....ကျုပ် လူတွေကို ခေါ်လိုက်မယ်...သတင်းသိရဖို့ဆိုတာက ခဏလေးပဲ..."
စက္ကန့်အတော်ကြာအောင် ငြိမ်သက်ပြီးနောက် ရန်ကွမ်းရှမှ စကားဆိုလာသည်။
"အဲ့တာဆိုလည်း လုပ်လိုက်...ဒါပေမယ့် တစ်ခုတော့ မှတ်ထား.. ငါတို့ သေချာလေး ကိုင်တွယ်ရမယ်... သတင်းပေါက်ကြားသွားပြီး ငါတို့ တစ်ဖက်လူ ဒေါသထွက်အောင် လုပ်မိလို့ မဖြစ်ဘူး... "
"နားလည်ပါပြီ.. ကျုပ် သေချာ ကိုင်တွယ်လိုက်ပါ့မယ်..."
......
အုပ်စုမှာ ဓာတ်လှေကားထဲမှ ထွက်လာပြီးနောက် လင်းရီ လက်ဝှေ့ယမ်းလိုက်ပြီး "ခင်များတို့ ပြန်ကြတော့... ဒီလို လူတွေအများကြီးနဲ့ ခြံရံပြီး လူရှေ့ထွက်ရမှာကို ကျုပ်ရှက်တယ်...."
"ကောင်းပြီလေ...အဲ့တာဆို ရှင်လုပ်စရာရှိတာ သွားလုပ်ထားနှင့်.. ကျွန်မ ခဏနေကျ လာရှာမယ်.... "
"ကောင်းပြီ..."
နှုတ်ဆက်ပြီးနောက် အုပ်စုမှာ လမ်းခွဲလိုက်ကြ၏။ ကောင်းချုံမှာ အလွန်အမင်းယဉ်ကျေးနေပြီး လင်းရီကို နောက်တစ်ခေါက်ထပ်မံ၍ ကျေးဇူးတင်စကား ဆိုလေသည်။
အရေးပေါ်ခန်းသို့ ပြန်သည့် လမ်းတစ်လျှောက်တွင်တော့ လင်းရီ စောနက တွေ့ဆုံခဲ့သည့် အကြောင်းကို တွေးတောနေမိသည်။
စကားပြောနေစဉ်အတွင်း ရန်ကွမ်းရှ သူ့ကို ကြည့်သည့် အကြည့်တို့မှာ တစ်ခုခုမှားယွင်းနေသလို ခံစားနေရ၏။ အတော်လေး ထူးဆန်းသည့် ခံစားချက်ကြီးပင်။
အောက်ထပ်သို့ ရောက်သည့် အချိန်တွင်တော့ လင်းရီ အရေးပေါ်ဌာနသို့ တိုက်ရိုက်မသွားပဲ တိတ်ဆိတ်သည့် တစ်နေရာကို ရှာဖွေ၍ ကျီချင်းရန်ထံ ဖုန်းဆက်လိုက်လေသည်။
"ဒေါက်တာလင်း... ကျွန်မကိုရှာနေတာလားရှင့်...."ကျီချင်းရန်၏ ချစ်စဖွယ် အသံလေးမှာ တစ်ဖက်မှ ထွက်ပေါ်လာလေသည်။ လင်းရီသူမ၏ အမူအရာကိုပင် မြင်ယောင်မိပြီး ပြုံးလိုက်မိ၏။
"ငါမင်းကို မေးစရာတစ်ခု ရှိလို့...."
"ဘာမေးမှာ... ငါ့ကိုပြောလိုက် .. နင့်အတွက်ဆို အားလုံး အဆင်ပြေစေရမယ်...."
"ရန် ဆေးတက္ကသိုလ်မှာ တရုတ်တိုင်းရင်းဆေးကို အထူးပြုလေ့လာတဲ့ ဌာနရှိလား…”