← Chapters

ဂီတကုမ္ပဏီတစ်ခု ဖွင့်လှစ်ခြင်း

Vol. 20 Ch. 288

ဂီတကုမ္ပဏီတစ်ခု ဖွင့်လှစ်ခြင်း

Vol. 20 Ch. 288

ဝမ်ရှင်းယီ သီချင်းဆိုခြင်း ပြီးဆုံးသွားသောအခါ လီမန်ရောင်က ဝင်လာပြီး အံ့သြသော လေသံဖြင့် ပြောလိုက်သည်။ "ရှင်းယီ နင့်အသံက ဘာလို့ ဒီလောက်တောင် ရှင်းသွားရတာလဲ။ ကောင်းလိုက်တာ။ နင့်အသံက အပြစ်ဆိုစရာ မရှိသလောက်ပဲ။ အရင်ကထက်တောင် အဆင့်ပိုမြင့်သေးတယ်။ နင် ဒီအဆင့်ကိုသာ ဆက်ပြီး ထိန်းသိမ်းနိုင်ရင် ပထမဆုရဖို့ နင့်အတွက် မခက်ခဲဘူး။”

သူမ တကယ် ထိတ်လန့်သွားခဲ့ခြင်း ဖြစ်ပါသည်။

လူတစ်ဦး၏ အသံကို လေ့ကျင့်ပေးလို့ ရသည်။ အထူးသဖြင့် ဝမ်ရှင်းယီ၏ အသံဖြစ်သည်။ သို့သော်လည်း အချိန်အတော် ကြာပြီးတာတောင် ဝမ်ရှင်းယီ၏ အသံက အကန့်အသတ်ထိ ရောက်ရှိနေကာ ထပ်ပြီး မတိုးတက်လာတော့ပါ။ တစ်ခုခုတော့ လိုအပ်နေသည်ဟု သူမ အမြဲတမ်း ခံစားမိခဲ့၏။

ထို့ကြောင့် သူမ အနည်းငယ် နောင်တရနေခဲ့သည်။ အလွန် နီးစပ်သောကြောင့် ဝမ်ရှင်းယီ ထိပ်တန်း အဆိုတော်တစ်ယောက် ဖြစ်မလာနိုင်လောက်ပေ။

သို့သော် အခုတော့ ဝမ်ရှင်းယီ၏ အသံက အကောင်းဆုံးဖြစ်သွားသည့်ပုံပင်။ အရင်တုန်းက အပြစ်အနာအဆာများကို ပြန်လည် ပြုပြင်ပြီး ရုတ်တရက်ကြီး ပြီးပြည့်စုံကာ အပြစ်ကင်းလာခဲ့ပါသည်။

အနာဂတ်တွင် ဝမ်ရှင်းယီ သူမ၏ သီချင်းဆို စွမ်းရည်နှင့် စိတ်ခံစားချက်များကို လေ့လာနိုင်ပါက ထိပ်တန်း အဆိုတော်ဖြစ်လာနိုင်ဖို့ သိပ်မကြာနိုင်ပါ။

ထို့ကြောင့် သူမ ထိတ်လန့်သွားခဲ့ရပါသည်။

ဝမ်ရှင်းယီက လီမန်ရောင် သူမကို မြှောက်ပင့် ပြောဆိုလိမ့်မည်ဟု ထင်မထားခဲ့ပါ။ သူမ အနည်းငယ် ရှက်သွားပြီး ယဲ့ရှောင်ချန်းကို ကြည့်လိုက်သည်။

ယဲ့ရှောင်ချန်းက သူမကို မျက်စိမှိတ်ပြလိုက်၏။ အမှန်ပင်။ သူမကို ဆေးအကြောင်းတော့ ပြောပြလို့ မဖြစ်ပါ။

မှော်ဆန်လွန်းသောကြောင့် ဖြစ်သည်။

ဝမ်ရှင်းယီက ယဲ့ရှောင်ချန်း ဘာကိုဆိုလိုသလဲ နားလည်ပါသည်။ သူမ ချက်ချင်းပဲ ပြောလိုက်၏။ "ဘာတွေဖြစ်သွားမှန်း မသိပါဘူး။ ရုတ်တရက်ကြီး ကျွန်မ ခံစားချက်ကို ရှာတွေ့သွားတယ်။”

"ဟားဟား ဒါကို ဉာဏ်အလင်းပွင့်တယ်လို့ခေါ်တယ်။ နင့်ရဲ့ အသံက ပြီးပြည့်စုံတဲ့ အဆင့်ကိုရောက်သွားပြီ ဆိုတဲ့ သဘောပဲ။”

လီမန်ရောင်က ပြုံးလိုက်ပါသည်။

အစကတော့ သူမ အနည်းငယ် စိုးရိမ်နေခဲ့သော်လည်း အခုတော့ လုံးဝ စိတ်အေးသွားခဲ့ပါပြီ။

"ဟားဟား အစ်မလီ သူ့ကို သေချာ သင်ကြားပေးခဲ့လို့လည်း ပါပါတယ်။"

ယဲ့ရှောင်ချန်းကလည်း သူမကို ချီးကျူးလိုက်ပါသည်။

"မစ္စတာယဲ့ အဲ့လိုမပြောပါနဲ့။ ရှင်းယီရဲ့ ကြိုးစားမှုကြောင့်သာ မဟုတ်ရင် သူ့ကို သေချာသင်ပေးဖြစ်မှာ မဟုတ်ဘူး။ ဟားဟား။ ရိုးရိုးသားသား ပြောရရင် ရှင်းယီ ခံနိုင်ရည် ရှိမယ်လို့တောင် ထင်မထားဘူး။ ဘာပဲဖြစ်ဖြစ် သူကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေက ကျွန်မ ကြုံတွေ့ဖူးတာတွေ မဟုတ်ဘူး။"

လီမန်ရောင်က ပြောလိုက်ပါသည်။

သူမ ပေါ့ပေါ့တန်တန် ပြောခြင်း မဟုတ်ပါ။ ရင်ထဲမှ နက်နက်ရှိုင်းရှိုင်း ပြောခြင်း ဖြစ်သည်။

ဝမ်ရှင်းယီက သူမမြင်ဖူးသမျှထဲတွင် အလုပ်အကြိုးစားဆုံး တပည့်တစ်ယောက်ဖြစ်သည်။

ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီ၏ မျက်လုံးများကို ကြည့်ကာ သူမအတွက် စိတ်မကောင်းဖြစ်သွားခဲ့၏။ လီမန်ရောင်၏ ပြောစကားအရဆို ဝမ်ရှင်းယီက ဒီနေ့ ဒီအချိန်ရောက်လာဖို့ အများကြီး ခံစားခဲ့ရသည့်ပုံပင်။

နောက် ၂ ရက်အတွင်း ဝမ်ရှင်းယီ အနားယူရသည့် အချိန်ကို ရောက်ရှိလာသည်။ သူမ အများကြီး စကားပြောဖို့ မလိုပါ။ ထို့ကြောင့် ယဲ့ရှောင်ချန်းက သူမကို လမ်းလျှောက်ဖို့ ခေါ်ထုတ်လာခဲ့သည်။

ဒီလိုနှင့် နှစ်စဥ် ဖိုင်နယ်ပွဲ ရောက်ရှိလာခဲ့ပါသည်။

ယဲ့ရှောင်ချန်းက လက်မှတ်ရပြီးသားဖြစ်ပြီး နေရာကောင်းကောင်းကို ရရှိခဲ့၏။

ပြိုင်ပွဲဝင်များ တစ်ယောက်ပြီးတစ်ယောက် သီဆိုခဲ့ကြသည်။ အားလုံးက အဆင့်မြင့်သည့် တော်ကြသော အဆိုတော်များဖြစ်ကြပါသည်။ ယဲ့ရှောင်ချန်းတောင် အနည်းငယ် အံ့အားသင့်သွားရသည်။ သူတို့အားလုံးက တကယ်ပဲ ပါရမီရှင်များဖြစ်ကြပါသည်။

သို့သော်လည်း ဝမ်ရှင်းယီကို အလွန် ယုံကြည်ချက်ရှိပါသည်။

"ဟားဟား သစ်ပင်တေးသွားထဲကို ဝိညာဥ်စွမ်းအင် သုံးထည့်နိုင်တဲ့ နည်းလမ်းကို ကျွမ်းကျင်တဲ့အထိ စောင့်နေပါဦး။ သာမန် သီချင်းတွေမှာလည်း ငါသုံးလို့ရတယ်။ ရှင်းယီက ဂီတနယ်ပယ်မှာ မကြုံစဖူး အမြင့်တစ်ခုကို ရောက်မယ်ဆိုတာ သေချာတယ်။ သူက ဒီလမ်းကို လျှောက်ချင်တယ်ဆိုမှတော့ ငါ သူ့ကို အပြည့်အဝ ထောက်ပံ့ပေးမယ်။”

ယဲ့ရှောင်ချန်းက ခပ်ပါးပါးပြုံးလိုက်ပါသည်။

သူ့အတွက်တော့ သူ ချစ်ခင်သည့် လူတိုင်းအတွက် အရာအားလုံးကို ပေးဆပ်ချင်ပါသည်။ မိသားစုဝင်ဖြစ်ဖြစ် သူ ချစ်သည့် လူဖြစ်ဖြစ် အရေးမကြီးပါ။

နောက်ဆုံးတော့ ဝမ်ရှင်းယီ၏ အလှည့်သို့ ရောက်လာခဲ့သည်။

သူမ ပေါ်လာသည့်အချိန်တွင် အားပေးသံများစွာကို ရရှိခဲ့၏။

ယခု ဝမ်ရှင်းယီက သူမကို သဘောကျသည့် ပရိတ်သတ်တချို့ကို စုဆောင်းနိုင်ခဲ့ပါပြီ။

ဝမ်ရှင်းယီက သူမ၏ နည်းပြ လီမန်ရောင် တစ်ခါက သီဆိုခဲ့ဖူးသော "အိပ်မက်" ဆိုသည့် သီချင်းကို သီဆိုခဲ့ပါသည်။

ဝမ်ရှင်းယီ၏ သီဆိုမှုအောက်တွင် ဒီသီချင်းက လတ်ဆတ်သော ခံစားချက်တစ်ခုကို ပေးစွမ်းနေ၏။ လူများစွာကို ယစ်မူးမျောပါစေအောင်ပြုလုပ်တတ်သည့် သန့်ရှင်းပြီး လတ်ဆတ်သော အသံမျိုး ဖြစ်ပါသည်။

ဝမ်ရှင်းယီ Climax အထိဆိုလိုက်သောအခါ ပရိတ်သတ်အားလုံးက မတ်တပ်ရပ်ကြပြီး ဝမ်ရှင်းယီနှင့် အတူတူ သီဆိုခဲ့ကြပါသည်။

တခြား ပြိုင်ပွဲဝင်များကို အားပေးသည့် လူများတောင် ထိုနည်းလည်းကောင်း လုပ်ခဲ့ကြပါသည်။

အဘယ့်ကြောင့်ဆိုသော် ဝမ်ရှင်းယီက ဒီသီချင်းကို ထူးခြားသော ဆွဲဆောင်မှုတစ်ခုဖြင့် သီဆိုခဲ့သောကြောင့် ဖြစ်ပါသည်။ လူတွေ မျောပါခံစားသွားစေဖို့ လွယ်ကူ၏။

"မန်ရောင်။ မင်းရဲ့ တပည့်က တကယ်တော်တာပဲ။ အရင်တစ်ခေါက်ကတော့ ဒီလောက် မတော်ဘူး။"

"ဟုတ်တယ် ဒီတစ်ခေါက်တော့ ရှင် ချက်ကောင်း ထိပြီပေါ့။"

"ငါတို့ ယုဟွေ့ သူ့ပြိုင်ဘက်နဲ့ တွေ့ရပြီထင်တယ်"

"ဝမ်ရှင်းယီရဲ့ ဒီသီချင်းဆိုတဲ့ပုံစံက ပိုကောင်းတယ်လို့ ဘာလို့ ခံစားနေမိပါလိမ့်။ နင်ကော မထင်ဘူးလား မန်ရောင်..."

တခြားနည်းပြများ၏ မနာလိုသံများကို ကြားရသောအခါ လီမန်ရောင်ပြုံးလိုက်ပါသည်။ သူမ ဘာမှတော့ မပြောခဲ့ပါ။

သီချင်းဆိုပြီးနောက် ကြည့်ရှုသူ ပရိတ်သတ် အပေါင်း ဆူညံသွားကြပြီး လက်ခုပ်သြဘာသံများလည်း ဆက်ထွက်လာခဲ့သည်။

ထို့နောက် ဝမ်ရှင်းယီက နောက်ဆုံးဖိုင်နယ်ပွဲသို့ တက်ရောက်ဖို့ ရေပန်းအစားဆုံးသူ ဖြစ်လာခဲ့သည်။

တကယ်တော့ နောက်ထပ် သီချင်းအနည်းငယ်တွင်လည်း ဝမ်ရှင်းယီ အဆင့်မြင့်မြင့်ဖြင့် သီဆိုနိုင်ခဲ့ကာ နောက်ဆုံးဖိုင်နယ်ပွဲသို့ တက်ရောက်နိုင်ခဲ့ပါသည်။

ယဲ့ရှောင်ချန်းက စင်ပေါ်က ဝမ်ရှင်းယီကို ကြည့်လိုက်ပြီး ရုတ်တရက် စိတ်ခံစားချက် ပြင်းပြသွား၏။ ဝမ်ရှင်းယီက အခုလောလောဆယ် အထူးချွန်ဆုံးဖြစ်နေပါပြီ။

ဖျော်ဖြေရေးလောကတွင် မှောင်မိုက်သော နေရာများစွာ ရှိနေကြောင်း သူသိသော်လည်း အရေးမကြီးပါ။ သူမကို ကာကွယ်ပေးဖို့ သူရှိနေပါသည်။

နောက်ဆုံးတော့ နောက်ဆုံးဖိုင်နယ်ပွဲ အဆုံးသတ်သွားခဲ့ပါသည်။

ဒီပြိုင်ပွဲ ပြီးသွားသောအခါ ဝမ်ရှင်းယီ၏ နာမည်ကျော်ကြားမှုက မိုးထိုးတက်သွားခဲ့သည်။သူမ ဝေ့ပေါ် မှာတင် ခြားနားမှုကို မြင်နိုင်၏။ တစ်ရက်တည်းနဲ့ ပရိတ်သတ် ၅၀၀,၀၀၀ - ၆၀၀,၀၀၀ မှ န ၃ သန်းအထိ တက်သွားခဲ့ပြီး အလွန်လျင်မြန်စွာ မြင့်တက်နေဆဲ ဖြစ်ပါသည်။

နားနေခန်းထဲတွင်။

"မစ္စတာယဲ့ ဒါက ဝမ်ရှင်းယီကို ဖိတ်ခေါ်တဲ့ ဂီတ ကုမ္ပဏီကြီးတွေပါ။"

လီမန်ရောင်က စာရင်းထုတ်ပြလိုက်သည်။

"မစ္စလီ ဘယ်ကုမ္ပဏီက နာမည်အရဆုံးလဲ။"

ဂီတကုမ္ပဏိများနှင့် အလုပ်လုပ်ဖို့က လိုအပ်ကြောင်း ယဲ့ရှောင်ချန်းသိပါသည်။ မဟုတ်ပါက သက်ဆိုင်ရာ အရင်းအမြစ်များကို ရယူဖို့ ခက်ခဲနိုင်၏။

"မစ္စတာယဲ့ ဖျော်ဖြေရေးလောကက ဒီလိုပဲ ဆိုတာ ရှင်သိပါတယ်။ မှားတာမှန်တာ၊ ကောင်းတာ ဆိုးတာ မရှိဘူး။ အစွမ်းအစပေါ်မှာပဲ မူတည်တယ်။"

လီမန််ရောင်က ခေတ္တ တိတ်ဆိတ်သွားပြီး ပြောလိုက်ပါသည်။

"ဟုတ်ကဲ့ ကျွန်တော်သိပါတယ်။"

ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်ကာ ချက်ချင်း ပြောလိုက်သည်။ "မစ္စလီ ကျွန်တော် ခင်ဗျားနဲ့ အတူတူ အလုပ်လုပ်ပြီး ဂီတ ကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင်ကော။ ရန်ပုံငွေ အတွက် စိတ်ပူစရာ မလိုပါဘူး။”

လီမန်ရောင် အနည်းငယ် ကြောင်အသွားခဲ့ရသည်။ ထို့နောက် သူမ ရင်ခုန်လာ၏။

ယဲ့ရှောင်ချန်း ဘာကို ဆိုလိုသလဲ သူမ သိသည်။ ယဲ့ရှောင်ချန်းမှာ ပိုက်ဆံရှိတာ မရှိတာ အရေးမကြီးပါ။ ဘာပဲဖြစ်ဖြစ် ဝမ်ရှင်းယီ၏ အစ်ကိုက ယန်မြို့တော်တွင် အချမ်းသာဆုံး လူ ဖြစ်သည်။ ဒါက အရင်တုန်းကသာ ဖြစ်နိုင်သော်လည်း ယန်မြို့တော်၏ အချမ်းသာဆုံး လူက ထိုဂီတကုမ္ပဏီကြီးများနှင့် အဆင့်ချင်း တူနိုင်ပါသည်။

သို့သော်လည်း လက်ရှိ ကောင်းကင်ဘုံ ကမ္ဘာမြေ ကုမ္ပဏီက စိတ်ကူးဖြင့် မှန်းဆ၍ မရနိုင်လောက်အောင် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

ဒီကုမ္ပဏီ၏ အဓိက ရှယ်ယာဝင်က ယဲ့ရှောင်ချန်းနှင့် ဝမ်ရှင်းယီ၏ အစ်ကို ဝမ်ရွှေရှန့်တို့ ဖြစ်ကြသည်။

သူမ ပိုက်ဆံလိုသလား။

အမှန်ပင်။ မလိုတော့ပါ။

ဖျော်ဖြေရေး လောကထဲက သူမ၏ အဆက်အသွယ်များနှင့် ယဲ့ရှောင်ချန်း၊ ဝမ်ရွှေရှန်တို့၏ ငွေကြေးအရင်းအမြစ်များ၊ အဆက်အသွယ်များနှင့် ပေါင်းစပ်လိုက်သောအခါ အထူးသဖြင့် တရားဝင် အရင်းအမြစ်များကြောင့် သေချာပေါက်ကောင်းမွန်နိုင်ပါသည်။

သူမတို့ တည်ထောင်သည့် ဂီတကုမ္ပဏီက သေချာပေါက် ဖျော်ဖြေရေးလောကတွင် နေရာတစ်ခု ရလာမည်မှာ သံသယဖြစ်စရာ မရှိပါ။

ထိုသို့ စဥ်းစားရင်း လီမန်ရောင်၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သူမက စူပါစတားတစ်ယောက်ဖြစ်သော်လည်း တစ်သက်လုံး အဆိုတော်လုပ်ဖို့ ကံမပါပါ။ ဂီတကုမ္ပဏီတစ်ခုတွင် ရင်းနှီးမြှုပ်နှံခြင်းကသာ သူမ၏ အနာဂတ် ဖြစ်ပါသည်။

အခွင့်အရေးရလာမှတော့ သူမ အမိအရ မဖမ်းဆုပ်ဘဲ နေနိုင်ပါ့မလား။

All Chapters