စူပါကျည်ကာအင်္ကျီ
Vol. 20 Ch. 290
ထို့နေ့က ယဲ့ရှောင်ချန်း အလွန်ပင်ပန်းသလို ခံစားနေခဲ့ရသည်။
သုတေသန အဖွဲ့အစည်းကိုရောက်တော့ ကျီယုထျင်ကပင် သူ့ကို ဘာကြောင့် ဖြူဖတ်ဖြူရော် ဖြစ်နေသလဲ မေးလိုက်ရ၏။
ကံကောင်းစွာဖြင့် နောက်တစ်နေ့ည အိပ်တော့ ထိုအိပ်မက်မျိုး ထပ်မမက်တော့ပါ။ မဟုတ်ပါက သူ မူးလဲသွားနိုင်ပါသည်။
သို့သော်လည်း ဒီနေ့ည အိပ်လိုက်ရုံနှင့် သူ ပြန်ကောင်းသွားဖို့ လုံလောက်သည့်ပုံ မပေါ်ပါ။
ရက်ပိုင်း နည်းနည်းလောက်ကြာမှ ယဲ့ရှောင်ချန်း အနည်းငယ် ပြန်သက်သာလာသည်ဟု ခံစားလိုက်ရပါသည်။
သို့သော်လည်း ထင်မထားစွာဖြင့် ထိုအိပ်မက်ဆိုးက ပြန်ပေါ်လာခဲ့ပြန်သည်။
ယဲ့ရှောင်ချန်းနိုးလာသောအခါ ၁၀ ရက် ၁၀ ညလောက် မအိပ်ထားရသလို ခံစားလိုက်ရသည်။
သူ့အမေကလည်း သူတစ်ခုခုဖြစ်နေတာကို သတိထားမိပြီး ဖျားနေသလားဟု မေးခဲ့၏။
ဖျားနာတယ်ဟုတ်လား။
ကျွန်တော်က ကျင့်ကြံသူပဲ။ ဘယ်လိုလုပ် ဖျားနာနိုင်မှာလဲ။
ထို့နောက် ရက်ပိုင်းနည်းနည်းလောက်အထိ မည်သည့် အိပ်မက်မှ မမက်ခဲ့ပါ။ သူ ပြန်ကောင်းလုနီးပါးဖြစ်သောအခါ သေချာပေါက် ထိုအိပ်မက်များကို ထပ်မက်ဦးမည်ဖြစ်ကြောင်း ယဲ့ရှောင်ချန်း သိပါသည်။
ဒီလိုနဲ့ ရက်အနည်းငယ်ကြာတိုင်း သူ အိပ်မက်များ မက်ခဲ့၏။ ဒီလိုမျိုး တစ်လလောက်နီးပါး ဆက်တိုက် မြင်မက်ခဲ့သည်။
ယဲ့ရှောင်ချန်း၏ သုတေသလုပ်နိုင်စွမ်းလည်း ကြီးမားစွာ လျော့ကျသွားသည်။
တခြားသူများပင် ပြဿနာကို မြင်နိုင်ပါသည်။
ကောင်းကင်ဘုံလှိုဏ်ဂူထဲတွင်။
"ဘော့စ် ရှင်ဘာဖြစ်နေတာလဲ။”
လျန််ယူကျူးက ယဲ့ရှောင်ချန်း သန်းဝေနေပြီး အိပ်ယာမှ မနိုးသေးသလို မျက်နှာမျိုးဖြစ်နေသည်ကို မြင်သောအခါ မနေနိုင်ဘဲ မေးလိုက်မိပါသည်။
၁ ရက် ၂ ရက်ဆို မပြောပလောက်သော်လည်း သူ့ပုံစံက နေ့တိုင်း ဒီလိုပဲ ဖြစ်နေခဲ့၏။
စွမ်းအားကြီးသည့် ကျင့်ကြံသူတစ်ယောက် ဘာကြောင့် ဒီလိုဖြစ်နေရသလဲ သူမ နားမလည်နိုင်ပါ။
သူ ၁၀ ရက် ၁၀ ညလောက် မအိပ်ဘဲ နေရင်တောင် ဒီလို ပြဿနာမျိုး မရှိသင့်ပါ။
"ဘာမှ မဖြစ်ပါဘူး။ အိပ်ရေးမဝလို့ပါ။"
ယဲ့ရှောင်ချန်းက သန်းဝေကာ လက်ခါပြလိုက်ပါသည်။
သူ အင်မော်တယ်လယ်ကွက်များကို ပတ်ကြည့်လိုက်သည်။ သို့သော် စိတ်မဝင်စားနိုင်ပေ။
လောလောဆယ် အိပ်သာ အိပ်ချင်မိ၏။
သို့သော် အခုတော့ အိပ်စက်ခြင်းနှင့် အိပ်မက် မက်ခြင်းကို ကြောက်ရွံ့သော ရောဂါပင် ဖြစ်လာပြီ။
အထူးသဖြင့် သူ ပြန်သက်သာလာပြီးနောက် ပြန်အိပ်ရမှာကို ကြောက်နေမိသည်။ အကြာကြီး မအိပ်မိအောင် ကိုယ့်ကိုယ်ကို အတင်း အားတင်းသော်လည်း သူ ငိုက်သွားတာနဲ့ တစ်ပြိုင်နက်တည်း အိပ်မက်မက်လိမ့်မည်ဟု မည်သူက ထင်မည်နည်း။
အချိန်အကြာကြီး လေ့လာခဲ့သော်လည်း မည်သည့် အကြောင်းအရင်းကိုမှ ရှာမတွေ့ခဲ့ပါ။
ရရှိလိုက်သည့် တစ်ခုတည်းသောအရာက အိပ်မက်ထဲက အကြောင်းတရားများ နက်ရှိုင်းလာသလိုပင်။
တောင်ကြားအပြင် နောက်ထပ် သင်္ချိုင်းတစ်ခုလည်း ရှိနေသည့်ပုံပင်။
ဘယ်လို သင်္ချိုင်းမျိုးလဲ ဆိုတာကိုတော့ ယဲ့ရှောင်ချန်း မမှတ်မိတော့ပါ။
ရှမြို့တော်။
ရှင်းချန်း ဂီတ ကုမ္ပဏီ။
ဒီနာမည်က ဝမ်ရှင်းယီ၏ နှလုံးသားနှင့် ယဲ့ရှောင်ချန်း၏ မနက်ခင်းဟူသော စာလုံး နှစ်လုံးကို ယူဆောင် ဘာသာပြန်ထားခြင်းဖြစ်သည်။
"ရှောင်ချန်း ရှင် ဝိတ်တွေ အရမ်းကျသွားသလိုပဲနော်။"
ဝမ်ရှင်းယီက ပင်ပန်းနေသော ယဲ့ရှောင်ချန်းကို စိတ်မကောင်းဖြစ်စွာကြည့်လိုက်ပါသည်။
"ဘာမှ မဖြစ်ပါဘူး။ ကိုယ့်သုတေသန အလုပ်တွေနဲ့ အလုပ်ရှုပ်နေလို့ပါ။”
ယဲ့ရှောင်ချန်းက အကြောင်းပြချက် ပေးလိုက်ပါသည်။ အိပ်မက် မက်နေခဲ့တာကြောင့်လို့တော့ ပြောလို့မရဘူးမဟုတ်လား။
"ရှောင်ချန်း ကိုယ့်ကိုယ်ကို ဖိအားမပေးပါနဲ့။ ရှင် ပို အနားယူသင့်တယ်နော်။"
ဝမ်ရှင်းယီက အလွန်စိတ်မကောင်းပါ။ သူမ၏ ဂီတလုပ်ငန်းတွင်သာ အလွန်အလုပ်များနေခဲ့ပြီး ယဲ့ရှောင်ချန်းကို လျစ်လျူ ရှုခဲ့မိသည်။
"စိတ်မပူပါနဲ့ ကိုယ်တို့ ရောက်တော့မယ်။"
ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။
ကိုယ့်ကိုယ်ကို နိုးနိုးကြားကြားနေဖို့ တွန်းအားပေးကာ ဝမ်ရှင်းယီနှင့် လမ်း အတူတူ လျှောက်ခဲ့သည်။
သို့သော်လည်း ယဲ့ရှောင်ချန်း မရပ်မနား သန်းဝေနေသည်ကို မြင်သောအခါ သူ့ကို အတင်းအကျပ် နားခိုင်းလိုက်ပါသည်။
ဒီလိုနှင့် နောက်ထပ် တစ်ပတ် ကုန်ဆုံးသွားခဲ့၏။
အိပ်မက်လက္ခဏာများက ပျောက်ကွယ်သွားသည့်ပုံမပေါ်သေးပါ။
ယဲ့ရှောင်ချန်း အလွန်အမင်း စိတ်ဓာတ်ကျနေသည်။ ဒါကို ရပ်တန့်အောင် သူ ဘာလုပ်နိုင်မလဲ။
ထိုနေ့တွင် သူ့ရှန်းနုန်ပါရမီများ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် ယဲ့ရှောင်ချန်း ထိတ်လန့်သွားခဲ့ရပါသည်။
စိတ်စွမ်းအင်ပါရမီ + 3 ထုတ်လုပ်မှု + 3 အရှိန်တိုးမြှင့်ခြင်း + 3 အရည်အသွေး + 3 သန့်စင်မှု + 3 ...
သူ့ပါရမီအားလုံး အဆင့် + 3 ရောက်သွားကြပြီဖြစ်သည်။
ပါရမီ အသစ်တစ်ခုပင် ပွင့်လာခဲ့သည်။ ဆက်ခံမှု + 1 ဟုခေါ်၏။
ဆက်ခံမှုပါရမီ ဟုတ်လား။
ဘယ်လို ပါရမီမျိုးလဲ။
ဘာကို သူ ဆက်ခံခဲ့တာလဲ။
ယဲ့ရှောင်ချန်း ဇဝေဇဝါဖြစ်သွားသည်။
သို့သော်လည်း နောက်ထပ် ရက်အနည်းငယ်အတွင်း ပြဿနာတစ်ခုကို သူ ရှာတွေ့ခဲ့သည်။ သူ အိပ်မက်များ ထပ်မမက်တော့ပါ။
ထို့အစား သူ အိပ်လိုက်တိုင်း တချို့ ထူးဆန်းသည့် စိုက်ပျိုးရေး အသိပညာများက သူ့စိတ်ထဲတွင် ပေါ်လာတတ်သည်။
အရင်တုန်းက ဒီစိုက်ပျိုးရေး အသိပညာများကို သူ တစ်ခါမှ မသင်ယူဖူးပါ။
ရှန်းနုန်စနစ် မိတ်ဆက်လမ်းညွှန်ထဲမှ သူ ရရှိထားသော အသိပညာများက အခြေခံအကျဆုံးဖြစ်၏။
စတိုးဆိုင်မှ မျိုးဆက်ရှန်းနုန် လက်စွဲ စာမျက်နှာများကို ဝယ်ယူသောအခါ သူ ရရှိလိုက်သည့် အသိပညာများက အမှီအခိုကင်းသော စိုက်ပျိုးရေးအသိပညာ သို့မဟုတ် သက်ဆိုင်ရာအစွမ်းမန္တန်များ ဖြစ်လေသည်။ သို့သော်လည်း စနစ်တစ်ခုကိုတော့ မဖြစ်ပေါ်စေပါ။
သို့သော်လည်း ယခုတော့ သူ့အာရုံထဲတွင် ဘယ်ကမှန်းမသိ ပေါ်လာသည့် အသိပညာများက ယခင်တုန်းက သူ့လစ်ဟာမှုများကို ဖြည့်စွက်ပေးသွားသည့်ပုံပင်။
'မဟုတ်မှလွဲရော ဒီဆက်ခံမှု + 1 ပါရမီက ဒါကိုပြောချင်တာများလား။ ဘယ်ကမှန်းမသိဘဲ ရှန်းနုန်ရဲ့ အဆင့်မြင့် အသိပညာတွေကို ဆက််ခံနိုင်တယ်လို့ ပြောချင်တာလား။'
ယဲ့ရှောင်ချန်း ရင်ခုန်သွားသည်။
ရုတ်တရက် သူ့ကို သိပ်မကြာသေးခင်က နှိပ်စက်ခဲ့သည့် အိပ်မက်အကြောင်း သတိရသွားသည်။ ဧကန္တ ဒီအိပ်မက်က သူ့ဆက်ခံမှု ပါရမီ နိုးထခြင်းအတွက် ပြင်ဆင်ခြင်းသက်သက် ဖြစ်လောက်သည်။
အရင်တုန်းက လိုအပ်ချက်များကို သူမပြည့်မှီသည့်အတွက် ဒီအိပ်မက်ကို အသုံးပြုပြီး သူ့ပါရမီများကို အဆင့်မြှင့်တင်ခဲ့တာ ဖြစ်နိုင်ပါသည်။ ထို့ကြောင့်လည်း တခြားသူ့ပါရမီများလည်း + 3 အဖြစ် အချိန်တိုအတွင်း အားလုံး ရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။
ကံမကောင်းစွာဖြင့် အခုချိန်ထိ သူ့အိပ်မက်ထဲက တောင်ကြားထဲမှ သင်္ချိုင်းမှာ ဘာဖြစ်မှန်း ရှင်းရှင်းလင်းလင်း မမှတ်မိနိုင်သေးပါ။
ဒါက အလွန်ဝေဝါးနေပါသေးသည်။
သို့သော်လည်း ဒီအိပ်မက်သာ ထပ်ပေါ်လာလျှင် သူ ဘာဖြစ်သွားမလဲမသိဘူးဟု ခံစားနေရသည်။
နောက်ထပ် ရက်အနည်းငယ်အတွင်း။
ယဲ့ရှောင်ချန်း နောက်ဆုံးတော့ ပုံမှန််အတိုင်း ပြန်ဖြစ်သွားပါပြီ။ အားအင်များဖြင့် ပြန်ပြည့်ဝလာခဲ့သည်။ ထို့ကြောင့် လူအများစုလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိကြပါသည်။
သို့သော်လည်း အိပ်မက်ဆိုးများ အချိန်အကြာကြီး မက်ခဲ့ခြင်းကြောင့် ကိစ္စများစွာက နှောင့်နှေးခဲ့ရသည်။
ဥပမာအားဖြင့် စိုက်ပျိုးရေးခြံက အင်မော်တယ် အပင်အားလုံး အထွက်နှုန်းကော အရည်အသွေးကော လျော့ကျသွားပါသည်။ ငွေအရှုံးက ၂၀၀,၀၀၀ မှ ၃၀၀,၀၀၀ အင်မော်တယ် ယွမ်မအထိ ရှိလာနိုင်သည်ဟု ခန့်မှန်းရပါသည်။
မတတ်နိုင်ပါ။ အရင်တုန်းက ဒီအပင်တွေကို ဂရုစိုက်ဖို့ ခွန်အားမရှိခဲ့သဖြင့် အင်မော်တယ် အပင်များ၏ ဖွံ့ဖြိုးမှုအပေါ် ကြီးမားသော ထိခိုက်မှု တစ်ခုဖြစ်ပေါ်ခဲ့ပါသည်။
ထို့အပြင် သုတေသန အဖွဲ့အစည်းထဲက သုတေသန ပရောဂျက်များစွာကလည်း ရပ်တန့်ခဲ့ကြရသည်။
ထို့ကြောင့် စစ်တပ်နှင့် တခြား လက်တွဲဖော်များ စိတ်ဖိစီးမှုကြောင့် သေမလိုပင်ဖြစ်ခဲ့သည်။
အခုမှ ယဲ့ရှောင်ချန်း နောက်ဆုံးတော့ ပြန်လည် သက်သာသွားပြီဖြစ်ကြောင်း မြင်လိုက်ရမှ သက်ပြင်းချနိုင်တော့သည်။
ထင်ထားသည့်အတိုင်း ထို့နောက်ပိုင်း အချိန်တွင် ယဲ့ရှောင်ချန်း အားအင် အများကြီး စိုက်ထုတ်ခဲ့ပါသည်။ ကျွေ့ကျန်းထဲက ပြဿနာ တစ်ခုပြီးတစ်ခု ပြေလည်လာခဲ့သည်။
မျက်စိတစ်မှိတ်အချိန်အတွင်း နောက်ထပ် တစ်လ ကုန်ဆုံးသွားခဲ့ပါသည်။
ကန္တာရမြို့တော်ထဲက စစ်တပ်နယ်မြေ တစ်ခုတွင်။
စမ်းသပ်ချက်တစ်ခုကို ပြုလုပ်နေကြ၏။
ယဲ့ရှောင်ချန်းလည်း ရှိနေပါသည်။
မီးခိုးညိုရောင် အဝတ်အစားကို လူရုပ် တစ်ရုပ်အား ဝတ်ဆင်ပေးထား၏။
မီတာ ဆယ်ကျော်အကွာတွင် စစ်သားတစ်ယောက်က စက်သေနတ်ကို ကိုင်ထားပြီး လူရုပ်ကို ပစ်ခတ်နေ၏။
ကျည်တောင့်တစ်ကတ်လုံး ကုန်သွားပြီးမှ ပစ်ခတ်ခြင်းကို ရပ်တန့်ခဲ့ပါသည်။
ယဲ့ရှောင်ချန်းက စစ်ယူနီဖောင်းဝတ်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးတစ်ယောက်ဆီသို့ လျှောက်သွားခဲ့သည်။
လူရုပ်ပေါ်က အဝတ်အစားများတွင် အရာတချို့ ထင်နေတာကလွဲပြီး လုံးဝ ထိခိုက်မှု မရှိပါ။
ထိုအဝတ်အစားများကို ချွတ်လိုက်သောအခါ လူရုပ်က အနည်းငယ်သာ ပုံစံပျက်ယွင်းနေပါသည်။
"အချက်အလက် အတိအကျကို ပြစမ်းပါဦး။"
စစ်တပ် ယူနီဖောင်းဖြင့် သက်လတ်ပိုင်း ယောက်ျားကြီးက တက်ဘ်ပလက်တစ်လုံးကို ယူလိုက်သည်။ ရုတ်တရက် ဖန်သားပြင်ပေါ်၌ လူရုပ်တစ်ရုပ်ပေါ်လာခဲ့ပြီး ဆင်ဆာ အချက်အလက်များစွာလည်း ပေါ်လာခဲ့ပါသည်။
လူရုပ်က သာမန်လူရုပ်မဟုတ်ပါ။ အထဲတွင် အာရုံခံ ဆင်ဆာ များစွာ တပ်ဆင်ထားပြီး ကျည်ဆံများ၏ ထိရိုက်မှုကို တုန့်ပြန်နိုင်ပါသည်။
ဒီလိုဆို ကျည်ဆံ၏ အရွေ့စွမ်းအင် ဘယ်လောက်များများကို ကျည်ကာ ဝတ်စုံက လျှော့ချပေးနိုင်မှန်း သူတို့မြင်နိုင်မည် ဖြစ်သည်။
"ကောင်းတယ်။ ကောင်းလိုက်တာ။ စမ်းသပ်ချက်ကို ပြီးပြည့်စုံတယ်လို့တောင် ပြောလို့ ရတယ်။"
စစ်ယူနီဖောင်းနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးက ကြီးမားကျယ်ပြန့်သည့် စစ်တပ် နယ်မြေနှစ်ခုရှိ အထူးစစ်တပ်သုတေသန အဖွဲ့အစည်းထဲက သုတေသနပညာရှင် တစ်ယောက် ဖြစ်ပါသည်။ သူက ဗိုလ်မှူးကြီး အဆင့်ရှိပြီး ကျူးရှောင်းလို့ ခေါ်သည်။
ဒိတစ်ခေါက် ယဲ့ရှောင်ချန်း၏ သုတေသန လုပ်ငန်းနှင့် ပူးပေါင်းဖို့ တာဝန်ရှိသူလည်း ဖြစ်သည်။
"စက်သေနတ်ကို ထပ်သုံးကြည့်ရအောင်"
ယဲ့ရှောင်ချန်းက အချက်အလက်များကို ကြည့်ကာ မအံ့သြသလိုပင်။
ကျူးရှောင်းက အမြန် ခေါင်းငြိမ့်လိုက်သည်။ မကြာမီ လူရုပ်အသစ်တစ်ရုပ်ကို ထပ်ယူလာခဲ့၏။ ထို့နောက် စက်သေနတ်တစ်လက်ကို ယူလာခဲ့သည်။ စစ်သားနှစ်ယောက်က တပ်ဆင်ပြီးနောက် စစ်ဆေးလိုက်ပြီး လူရုပ်ကို စတင်ပစ်ခတ်လေသည်။
ယဲ့ရှောင်ချန်းက မီးတောက်များကို ကြည့်ရင်း တိုးတိုးတိတ်တိတ် အံ့အားသင့်ခဲ့ရပါသည်။ ဒါက ခေတ်သစ်လက်နက်တွေရဲ့ စွမ်းအားပေါ့။
သူက ယခု ချီစွမ်းအင် သန့်စင်ခြင်းအဆင့်ရှိသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ဒီအားကောင်းသည့် ပစ်ချက်များကို ကျားနဂါး ပုံစံကွက်လက်နက်ဖြင့်တောင် ကာကွယ်နိုင်ပါ့မလား မပြောနိုင်ပါ။
ထို့အပြင် သူ ကာဥွယ်နိုင်တယ်ဆိုရုံလောက် ရှိခဲ့ရင်တောင် အကြာကြီးခံနိုင်မှာမဟုတ်တာကို စိုးရိမ်မိပါသည်။
ဘာပဲဖြစ်ဖြစ် ကျည်ဆံပစ်ခတ်နှုန်းက ကြောက်ဖို့ ကောင်းလွန်းလှ၏။ တစ်ကြိမ်တွင် တစ်ခါသာ ပစ်ခတ်နိုင်သော ရိုင်ဖယ်လ် သေနတ်များလို မဟုတ်ပါ။