← Chapters

ဆေးကုသမှု တတ်ကျွမ်းတယ်

Vol. 20 Ch. 292

ဆေးကုသမှု တတ်ကျွမ်းတယ်

Vol. 20 Ch. 292

သုတေသနအဖွဲ့အစည်းတွင်။

ယဲ့ရှောင်ချန်းက စမ်းသပ်နယ်မြေတစ်ခုထဲမှ ထွက်လာစဥ် သူ့နားသို့ ကျန်းခယ့်ချင်း ရုတ်တရက် ရောက်လာ၏။ "ဒါရိုက်တာ။ မနက်ဖြန်က မစ္စတာကြီးယဲ့ရဲ့ နှစ် ၇၀ ပြည့် မွေးနေ့ပွဲပါ။ ဒီမှာ ဖိတ်စာပါ။"

သူ့လေသံထဲတွင် မနာလိုသော အရိပ်အယောင် ပါဝင်နေ၏။

ထိုမွေးနေ့ဧည့်ခံပွဲသို့ ဖိတ်ကြားခံရသော လူများမှာ သာမန်လူများ မဟုတ်ကြပေ။

သူက အလွန် နာမည်ကြီးသည့် ရုက္ခဗေဒပညာရှင်တစ်ယောက်ဖြစ်ပြီး ယခု သုတေသနအဖွဲ့အစည်းမှာ အလုပ်လုပ်နေပြီ ဖြစ်တာတောင် မစ္စတာကြီးယဲ့၏ မွေးနေ့ ဧည့်ခံပွဲကို တက်ရောက်ဖို့ အရည်အချင်း မမှီသေးပါ။

ယဲ့ရှောင်ချန်းက ကျန်းခယ့်ချင်းထံမှ ဖိတ်စာကို ယူလိုက်ပြီး ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "အင်း မနက်ဖြန် ကျွန်တော် တက်ရောက်လိုက်ပါ့မယ်။”

အဘိုးယဲ့ဆိုသည်မှာ သူတစ်ချိန်က ဖယောင်းဖြူ ဘွန်ဆိုင်းပင်ကို ကူညီကုသပေးခဲ့သော အဘိုးကြီး ဖြစ်ပါသည်။

တဖက်လူ၏ သရုပ်မှန်ကို ထိုအချိန်က မသိခဲ့သော်လည်း သူက လွန်ခဲ့သော ၂ နှစ်လောက်က ပြည်နယ်ပါတီ ဝန်ကြီးရာထူးမှ အနားယူခဲ့သော ပင်စင်အရာရှိဟောင်း ဖြစ်ကြောင်း သိပြီးသား ဖြစ်ပါသည်။

ထို့အပြင် ထို မစ္စတာကြီးယဲ့က မြို့တော်အတွင်း ထိပ်တန်း နိုင်ငံရေး မိသားစုတစ်ခု ဖြစ်သော ပိုင်မိသားစု၏ သားမက်တစ်ယောက်လည်း ဖြစ်ပါသည်။ ပိုင်မိသားစု၏ အဘိုးကြီးက လွန်ခဲ့သော ၂ နှစ်တုန်းက အာဏာအလွန်ကြီးမားသော လူတစ်ယောက် ဖြစ်ပြီး သူ့လွှမ်းမိုးမှုကလည်း အလွန် အံ့အားသင့်ဖို့ကောင်းပါသည်။

ဒီလို နောက်ခံမျိုးနှင့် မစ္စတာကြီးယဲ့က အလွန် အစွမ်းအစရှိသည်ဟု ပြောနိုင်ပါသည်။

နောက်တစ်နေ့ ယဲ့ရှောင်ချန်းက ရှမြို့တော်သို့ တန်းသွားခဲ့ပါသည်။

မွေးနေ့ဧည့်ခံပွဲက ယဲ့မိသားစု ဗီလာကြီးတွင် ကျင်းပခြင်း ဖြစ်ပါသည်။

မစ္စတာကြီးယဲ့က ဒီလို ကြီးကြီးမားမား ပွဲတစ်ခု မလုပ်ချင်ခဲ့ပါ။

သို့သော်လည်း လတ်တလော သူ့ကျန်းမာရေး သိပ်မကောင်းဘဲ သူ့သားသမီးများကလည်း သူ့အတွက် စိတ်ပူနေကြသည်။ ထို့ကြောင့် သူ့အတွက် အသက် ၇၀ ပြည့်မွေးနေ့အတွက် မွေးနေ့ပါတီပွဲကြီးတစ်ခုကို ကျင်းပပေးခဲ့ခြင်း ဖြစ်ပါသည်။

အမှန်ပင်။ ပွဲတော်ကြီးတစ်ခု ဆိုသော်လည်း သူ့မိသားစုတင် အရင်းများမှ အပ တခြား ဧည့်သည် များများစားစားကို မဖိတ်ကြားခဲ့ပါ။ ထို့အပြင် မိတ်ဆွေဟောင်းများ သို့မဟုတ် လုပ်ဖော်ကိုင်ဖက်ဟောင်းတချို့လည်း ပါသည်။

ယဲ့ရှောင်ချန်း ရောက်လာသောအခါ လူအများကြီး သိပ်မရှိကြောင်း မြင်လိုက်ရသည်။ ယဲ့မိသားစုဝင်များအပြင် နောက်ထပ် ဖိတ်ကြားထားသော ဧည့်သည် အယောက် ၂၀ ကျော် ရှိပါသည်။

ပြည်နယ်ပါတီဝန်ကြီး ကျန်းရှန်ကိုလည်း သူတွေ့၏။

လွန်ခဲ့သည့် လဝက်လောက်ကမှ ကျန်းရှန်က ပြည်နယ်ပါတီ ဝန်ကြီးရာထူးကို တရားဝင် ရခဲ့ပါသည်။

"ရှောင်ချန်း မင်းလည်း ရောက်နေတာလား။"

ကျန်းရှန်က ယဲ့ရှောင်ချန်းကို မြင်ကာ အနည်းငယ် အံ့အားသင့်သွားပါသည်။

မစ္စတာကြီးယဲ့က ဒီတစ်ခေါက် ဧည့်သည် အများကြီး မဖိတ်ကြားပေ။ သူ့မိတ်ဆွေဟောင်းများ၊ အလွန်အမင်း ရင်းနှီးသည့် လုပ်ဖော်ကိုင်ဖက်ဟောင်းများကတော့ ခြွင်းချက် ဖြစ်ပါသည်။

ဒီမွေးနေ့ ဧည့်ခံပွဲသို့ သူလာရောက်နိုင်သည့် အကြောင်းအရင်းက တစ်ချိန်တုန်းက မစ္စတာကြီးယဲ့ သူ့ကို ရာထူးတိုးပေးခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

"ဝန်ကြီးကျန်း ကျွန်တော် အရင်ဝင်ပြီး မစ္စတာကြီးယဲ့ကို မွေးနေ့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါဦးမယ်။"

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်ပါသည်။

ကျန်းရှန်က ခေါင်းငြိမ့်လိုက်သည်။

ယဲ့ရှောင်ချန်းက အခန်းထဲဝင်လိုက်သောအခါ အခန်းထဲက ဆိုဖာပေါ်တွင် မစ္စတာကြီးယဲ့ လှဲလျောင်းနေသည်ကို မြင်လိုက်ရပါသည်။

မနှစ်ကနဲ့ ယှဥ်ရင် မစ္စတာကြီးယဲ့က အသက် အလွန်ပိုကြီးလာသလိုပင်။

"အဘိုးယဲ့။ အရှေ့ပင်လယ်လောက် ကျယ်ပြန့်တဲ့ ပျော်ရွှင်မှုတွေနဲ့ တောင်ဘက် တောင်တန်းတွေလောက် ရှည်လျားတဲ့ သက်တမ်းမျိုး ရရှိပါစေလို့ ကျုပ် ဆုတောင်းပေးပါတယ်။”

မာစတာကြီးယဲ့နှင့် စကားပြောနေသည့် အဘိုးကြီးတချို့ ရှိနေသည်ကို ယဲ့ရှောင်ချန်းမြင်လိုက်ပါသည်။ သူတို့အားလုံးက သူ့မိတ်ဆွေဟောင်းကြီးများ ဖြစ်လိမ့်မည်ဟု ယဲ့ရှောင်ချန်း ခန့်မှန်းမိသည်။ ထို့ကြောင့် ချက်ချင်းပဲ သူလျှောက်သွားလိုက်ပါသည်။

"ဟင်းဟင်း။ ခွေးကောင်လေး ယဲ့။ မင်းငါ့ မွေးနေ့ဧည့်ခံပွဲကို မလာလောက်ဘူး ထင်နေတာ။ သြော် ဟုတ်သားပဲ။ မင်းက အခု တရုတ်သိပ္ပံကျောင်းတော်က ပရောက်ဖက်ဆာ ထိပ်တန်း ရုက္ခဗေဒပညာရှင်ကြီး ဖြစ်နေပြီကိုး။ မင်းကို ခွေးကောင်လေး ယဲ့လို့ ခေါ်လို့ မရတော့ဘူး။ ကောင်လေးယဲ့လို့ပဲ ခေါ်တော့မယ်။"

မစ္စတာကြီးယဲ့က ယဲ့ရှောင်ချန်းကို မြင်သောအခါ ချက်ချင်း ချိနဲ့နေသော အခြေအနေမှ ထထိုင်လိုက်ပါသည်။

"အဘိုးယဲ့ ကျွန်တော့်ကို ဘယ်လိုခေါ်ခေါ် ခေါ်လို့ရပါတယ်။ ကျွန်တော် ကန့်ကွက်စရာ မရှိပါဘူး။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။

"ဟူး ငါက အသက်ကြီးပြီး မင်းကို အထင်မှားခဲ့ဖူးတယ်။ မင်းကို ဒီနေ့ ဒီအချိန်မှာ ဒီလောက်ထိ အောင်မြင်လာမယ်မှန်း မမျှော်လင့်ခဲ့ဘူး။ ကောင်လေးယဲ့ ထိုင်ပါဦး။"

အဘိုးယဲ့က သက်ပြင်းချလိုက်ပါသည်။

တခြား အဘိုးကြီးများက ယဲ့ရှောင်ချန်းကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

အမှန်ပင်။ သူတို့အားလုံးလည်း ယဲ့ရှောင်ချန်း၏ ဂုဏ်သတင်းကို ကြားဖူးပါသည်။

အဘိုးယဲ့က အားတင်းပြီး အခန်းထဲတွင် ရှိနေသည့် လူတချို့ကို ယဲ့ရှောင်ချန်းနှင့် မိတ်ဆက်ပေးလိုက်၏။ တချို့က သူ့မိတ်ဆွေဟောင်းများ၊ တချို့က တခြားလုပ်ငန်း နယ်ပယ်များမှ မိတ်ဆွေဟောင်းများဖြစ်ကြသည်။ သို့သော်လည်း သူတို့အားလုံးက သက်ဆိုင်ရာ နယ်ပယ်ထဲတွင် ဂုဏ်သရေရှိ စီနီယာကြီးများ ဖြစ်ကြပါသည်။

ယဲ့ရှောင်ချန်းက အားလုံးကို တစ်ယောက်ချင်း ဂါဝရပြုလိုက်ပါသည်။

"အဘိုးယဲ့ မနှစ်က ခင်ဗျား ကျန််းမာရေးကောင်းတာ ကျွန်တော်မှတ်မိပါသေးတယ်"

အဘိုးယဲ့၏ မှုန်ကုပ်နေသော မျက်နှာကို မြင်ကာ ယဲ့ရှောင်ချန်း မေးလိုက်ပါသည်။

"ငါက အသက်ကြီးပြီလေကွာ။ အဲ့တော့ ပြဿနာတွေ အများကြီး ရှိတာပေါ့။ လွန်ခဲ့တဲ့ နှစ်ဝက်လောက်တုန်းက ဦးနှောက်သွေးယိုပြီး သေမလိုတောင် ဖြစ်ခဲ့တယ်"

အဘိုးယဲ့က ခေါင်းခါပြီး သက်ပြင်းချကာ ပြောလိုက်ပါသည်။

ကံကောင်းစွာဖြင့် သူ့ကို အချိန်မှီ ကုသနိုင်ခဲ့သည်။ မဟုတ်ပါက သူအသက်ရှင်ခဲ့ရင်တောင် မှတ်ဉာဏ်ဆုံးရှုံးမှုနှင့် တခြား လက္ခဏာများကို ခံစားရပါလိမ့်မည်။

သို့သော်လည်း သူ့ခန္ဓာကိုယ် တခြမ်းလောက်က လှုပ်ရှားလို့ မရတော့ပါ။

"အဘိုးယဲ့ ခင်ဗျားရဲ့ သွေးခုန်နှုန်းကို စမ်းကြည့်လို့ရမလား"

အဘိုးယဲ့၏ မျက်နှာထားကို မြင်သောအခါ ယဲ့ရှောင်ချန်းက ချက်ချင််း ပြောလိုက်ပါသည်။

"သြော် ကောင်လေးယဲ့ မင်းဆေးပညာလည်း တတ်တာပဲလား"

အဘိုးယဲ့က ပြုံးလိုက်ပါသည်။

"ဆေးပညာ နည်းနည်းပါးပါးတော့ သိထားပါတယ်"

ယဲ့ရှောင်ချန်းက အတည်ပေါက် ပြောလိုက်သည်။

"ဟုတ်ပြီ ကြည့်ပါ"

အဘိုးယဲ့က ပြုံးလိုက်ပါသည်။

သူတို့ဘေးတွင်ထိုင်နေသည့် ဒါရိုက်တာ ဖန်းက အံ့အားသင့်သွားသည်။

သူက တရုတ်နှင့် အနောက်တိုင်း ဆေးဝါးများတွင်ပါ ကျွမ်းကျင်သော ဝါရင့်ဆရာဝန် တစ်ယောက်ဖြစ်ပါသည်။

ထိုအချိန်တုန်းက အဘိုးယဲ့ကို အချိန်မှီကယ်တင်နိုင်ခဲ့သူမှာ သူပဲဖြစ်ပါသည်။

ယဲ့ရှောင်ချန်းက အဘိုးယဲ့၏ သွေးကြောကို နူးညံ့စွာ ဖိလိုက်ပြီး မှော်စွမ်းအင် တစ်စွန်းတစ်စက သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွား၏။

အစကတော့ သူဆေးပညာအကြောင်း ဘာမှ မသိခဲ့သော်လည်း ထိုထူးဆန်းသည့် အိပ်မက်များ မက်ပြီးနောက်တွင် ဆေးပညာအကြောင်း အသိပညာများ သူရလာခဲ့၏။

ရှန်းနုန်တစ်ယောက်က စိုက်ပျိုးရေးမှာပဲ ကျွမ်းကျင်ရုံမဟုတ်ဘဲ ဆေးပင်များကို အမည်ဖော်ရာနှင့် ဆေးဝါးဗေဒတွင်ပါ ကျွမ်းကျင်မှန်း သူသိသည်။

"အဘိုးယဲ့။ ခင်ဗျားရဲ့ အခြေအနေကို ကျွန်တော် အကြမ်းဖျင်းနားလည်သွားပါပြီ။ ကျွန်တော့်မှာ ဆေးညွှန်းရှိတယ်။ ပြီးတော့ အပ်စိုက်ကုထုံးနဲ့ ပေါင်းစပ်လိုက်ရင် ၉၀ ရာခိုင်နှုန်း ယုံကြည်မှု ရှိတယ်"

ယဲ့ရှောင်ချန်းက အဘိုးယဲ့၏ လက်ကို လွှတ်ရင်း ပြောလိုက်ပါသည်။

တကယ်တော့ အဘိုးယဲ့ကို အပ်စုကုထုံးနှင့် ရှန်းနုန် မှော်စွမ်းအင်တို့ကို အသုံးပြုပြီး ကုသ ပေးနိုင်သည်။

သိ့သော်လည်း ဒီလောက်ထိ ထုတ်မပြရဲပါ။

အပ်စိုက်ကုထုံးနှင့် ဆေးများကို တွဲသုံးခြင်းကသာ သာမန်ပိုဆန်ပါသည်။

ဒါရိုက်တာ ဖန်းက ထိတ်လန့်အံ့သြသွားရ၏။ ဦးနှောက်သွေးယိုခြင်းကို ခေတ်မှီ ဆေးပညာဖြင့် လုံးဝ ကုသပေးနိုင်ဖို့က မဖြစ်နိုင်သလောက်ရှိပါသည်။။ သက်သာအောင်သာ လုပ်ပေးလို့ရသည်။ ဘာပဲဖြစ်ဖြစ် ဦးနှောက်ထဲက သွေးကြောများနှင့် အာရုံကြောများက ရှုပ်ထွေးလွန်းသောကြောင့် ဖြစ်ပါသည်။

ထို့အပြင် အဘိုးယဲ့ကလည်း အသက်ကြီးလွန်းနေပါပြီ။

ယခု ယဲ့ရှောင်ချန်းက ၉၀ ရာခိုင်နှုန်း ယုံကြည်ချက် ရှိသည်ဟု ဆိုလိုက်သဖြင့် မယုံကြည်နိုင်စရာ ကောင်းလွန်းနေပါသည်။

အဘိုးယဲ့က အနည်းငယ် ကြောင်သွားပြီး အံ့သြစွာ ပြောလိုက်သည်။ "ကောင်လေးယဲ့ မင်းနောက်နေတာလား"

"အဘိုးယဲ့။ ကျွန်တော် နောက်နေတဲ့ပုံပေါ်လို့လား။ ကျွန်တော့် ဆေးပညာ စွမ်းရည်က အပင်သုတေသနနဲ့ ယှဥ်ရင် နည််းနည်းလိုအပ်ချက် ရှိနေပေမယ့် အဆင်ပြေပါတယ်။ ကျွန်တော့်ကို ခင်ဗျားယုံကြည့်ပါ့မလားဆိုတာသာ မသေချာတာ။”

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်ပါသည်။

ယုံကြည်မှာလား။

သေချာတာပေါ့။

မင်းပြောတာကို ဘယ်သူက မယုံကြည်ဘဲ နေမှာလဲ။

အပင်ပျိုးထောင်မှု သုတေသနမှာ မင်းကဘယ်လောက်တောင် အစွမ်းအစရှိသလဲမသိတဲ့လူ ရှိလို့လား။

မင်းရဲ့ ဆေးပညာစွမ်းရည်တွေက အဆင်ပြေတယ်လို့ ပြောတော့ အရမ်းတော်တာဖြစ်ရမယ်။

"ဟားဟား ကောင်လေးယဲ့။ ငါက အသက်ကြီးလွန်းနေပါပြီကွာ။ ငါ့ကို ဒီတိုင်းသာ ကုသပေးလိုက်ပါ။ ရလဒ်က ဘာပဲဖြစ်ဖြစ် ငါအပြစ်မတင်ပါဘူး။”

အဘိုးယဲ့က ပြုံးကာ ပြောလိုက်ပါသည်။

မကြာမီ အဘိုးယဲ့၏ ရယ်သံကြောင့် အဘိုးယဲ့နှင့် ရုပ်တူသည့် သက်လတ်ပိုင်း ယောက်ျားတစ်ယောက် သတိထားမိသွားသည်။ သူက အဘိုးယဲ့၏ အကြီးဆုံးသား ယဲ့ထျန်ချန်း ဖြစ်သည်။ ယခုသူက စီရင်စုအဆင့် မြို့တစ်ခု၏ မြို့တော်ဝန်ဖြစ်ပါသည်။

ယဲ့ရှောင်ချန်းက သူ့အဖေ၏ ရောဂါကို ကုသပေးနိုင်လိမ့်မည်ဟု သိလိုက်ရသောအခါ အပျော်လွန်သွားခဲ့ပါသည်။

ယဲ့ရှောင်ချန်း၏ ဆေးပညာစွမ်းရည်ကို သူစုံလုံးကန်း ယုံကြည်ထား၏။

ဘာကြောင့်လဲ။

ယဲ့ရှောင်ချန်း၏ အပင်သုတေသနတွေက အလွန် ထူးချွန်ထက်မြက်သောကြောင့် ဖြစ်ပါသည်။

ဒီအချက်ကြောင့် သူ့ဆေးပညာစွမ်းရည်ကို သူတို့ ယုံကြည်နေကြမှန်း ယဲ့ရှောင်ချန်းသာ သိလျှင် စိတ်ဆိုးသွားနိုင်ပါသည်။

မကြာမီ ယဲ့ရှောင်ချန်းက စာရွက်တစ်ရွက် ဘောပင် တစ်ချောင်းနှင့် ဆေးညွှန်းတစ်ခုကို ချရေးပေးလိုက်သည်။

ဥက္ကဌ ဖန်းက စာလုံးတစ်လုံးတောင် အကျန်မခံနိုင်သဖြင့် အနီးကပ် စောင့်ကြည့်နေသည်။

ယဲ့ရှောင်ချန်း ရေးပြီးသွားသောအခါ ဥက္ကဌ ဖန်းက သူ့စိတ်ထဲမှ စတင်စစ်ဆေးလေသည်။

ခဏလောက်ကြသောအခါ ဒီဆေးညွှန်းက သာမန်ထက် ထူးကဲသည်ဟု ခံစားလိုက်ရသောကြောင့် မျက်လုံးများ ဝိုင်းစက်သွားပါသည်။ သေချာပေါက် ဦးနှောက်သွေးယိုမှုအတွက် ကြီးမားသည့် အာနိသင်ရှိလိမ့်မည်။

ထိုအချိန်တွင် ယဲ့ရှောင်ချန်းက အဘိုးယဲ့ကို ကုသပေးနိုင်စွမ်းရှိသည်ဟု ရာနှုန်းပြည့် ယုံကြည်သွားပါပြီ။

ဆေးညွှန်းထဲက ဆေးများက အလွန်စျေးကြီးသော်လည်း ယဲ့မိသားစု၏ စွမ်းအားမျိုးနဲ့ စုဆောင်းဖို့ လွယ်ကူပါသည်။

မွေးနေ့ဧည့်ခံပွဲ ပြီးတာနဲ့ ဆေးပင်အားလုံးကို စုစည်းပြီးသား ဖြစ်နေပါပြီ။

ယဲ့ရှောင်ချန်းက ထိုနေ့ညမှာပဲ အဘိုးယဲ့ကို အပ်စိုက်ကုထုံးနှင့် ဆေးဝါးများကို ပေးဖို့ ပြင်ဆင်လိုက်ပါသည်။

All Chapters