← Chapters

အသန့်စင်ဆုံး ဆေးရည်

Vol. 20 Ch. 293

အသန့်စင်ဆုံး ဆေးရည်

Vol. 20 Ch. 293

ယဲ့မိသားစု ဗီလာထဲက ဧည့်သည်များ ပြန်သွားကြပါပြီ။

ယဲ့မိသားစု၏ မိသားစုဝင်များ တချို့သာ ကျန်ခဲ့သည်။

အားလုံး စောင့်နေကြ၏။

အဘိုးယဲ့ကို ကယ်တင်နိုင်မည်ဆိုတာကို သိလိုက်ကြရသောကြောင့် ဖြစ်ပါသည်။

အဘိုးယဲ့က ယဲ့မိသားစု၏ ထောက်တိုင်ကြီး တစ်ခုဖြစ်၏။

ယဲ့မိသားစု ဒီလောက်ထိ ကောင်းကောင်းမွန်မွန် ကြီးပွားလာရသည့် အကြောင်းအရင်းက အဘိုးယဲ့၏ အဆက်အသွယ်များကြောင့် ဖြစ်သည်။

အထူးသဖြင့် မြို့တော်က ပိုင်မိသာားစုအတွက် သူတို့က အဘိုးယဲ့ကို ပိုလိုအပ်ပါသေးသည်။

ထိုအချိန်တွင် ဗီလာနောက်ဘက်က ခြံဝန်းထဲ၌။

"ဒီကြေးဒယ်အိုးက အဆင်ပြေတယ် ဆိုရုံလောက်ပဲ။ ကဲအားလုံး နည်းနည်းလောက် ဖွင့်လိုက်ကြပါ။”

ယဲ့ရှောင်ချန်းက အလွန်လက်ရာမြောက်သော ကြေးဒယ်အိုးကြီး တစ်လုံးရှေ့တွင် ရပ်နေပါသည်။

ထိုအိုးအောက်တွင် မီးသွေးများကို မီးညှိထား၏။

ဒါရိုက်တာဖန်းက ယဲ့ရှောင်ချန်းကို ကူညီကာ ယဲ့ရှောင်ချန်း တောင်းဆိုထားသည့်အတိုင်း ဆေးပင်များကို ဖော်စပ်ပါသည်။

ယဲ့ရှောင်ချန်းက ဒါရိုက်တာဖန်း ဖော်စပ်ထားသော ဆေးပင်များကို ပေါင်းဖို့ ကြေးဒယ်အိုးကြီးကို အသုံးပြု၏။

သူဖော်စပ်စွမ်းရည်များက အလွန်ထူးခြားပြီး ဒါရိုက်တာဖန်းတောင် အများစုကို တစ်ခါမှ မကြားဖူးပါ။

ဆေးဝါးများ ဖော််စပ်ဖို့ အရေးတကြီး ဖြစ်မနေပါက သူမေးမိမည်ဖြစ်သည်။

နာရီဝက်ခန့်ကြာသောအခါ ယဲ့ရှောင်ချန်းက ဆေးပင်အားလုံးကို ဖော်စပ်ပြီးကာ ဆေးဝါးကို စတင်ဖော်စပ်လိုက်၏။

ဆေးပင်များကို မတူညီသည့် အချိန်များတွင် တစ်ခုချင်းထည့်ရသည်။ မီးအပူချိန်ကိုတောင် ချိန်ညှိရ၏။ တချို့ကို အပူပေးပြီး တချို့က ရေအေးဖြင့် အပူသတ်ရ၏။ လုပ်ငန်းစဥ် တစ်ခုလုံးက ရှုပ်ထွေးလွန်းနေပါသည်။

ဒါရိုက်တာ ဖန်းက မယုံကြည်နိုင်လောက်အောင် ရှိလှသည်။

ဒီဆေး၏ ဆေးဂုဏ်သတ္တိများ ပြောင်းလဲနေပြီဆိုတာကို သူသိသည်။ သောက်သုံးဖို့ စည်းမျဥ်းများပင် ရှိ၏။ မဟုတ်ပါက ရောဂါကို ကုသ မပေးနိုင်ရုံတင်မကဘဲ ရောဂါကို ပို၍ပင် ဆိုးရွားသွားစေနိုင်ပါသည်။

ဒီလိုနှင့် ဆေးဝါးကို တစ်နာရီကျော်အောင် ဖော်စပ်ခဲ့ရသည်။ နောက်ဆုံးတော့ မီးတောက်လို အဝါရောင် သန့်သန့် ဆေးရည်တစ်မျိုးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပါပြီ။

ဒါရိုက်တာဖန်းက ဒီဆေးရည်ပန်းကန်ကို မြင်သောအခါ မှင်တက်သွားခဲ့သည်။ သူ့နှုတ်ခမ်းများ တုန်ယင်နေ၏။

"ဒါ... ဒါက ဆေးဝါးဖော်စပ်မှုတွေ အားလုံးထဲမှာ အသန့်စင်ဆုံး ဆေးရည်ပါလား"

ထို့ကြောင့်လည်း သူ ထိတ်လန့်သွားရခြင်း ဖြစ်ပါသည်။

ဆေးရည်ဖော်စပ်ရာတွင်လည်း နည်းလမ်းတစ်ခု ရှိ၏။

အဆိုးဝါးဆုံး ဆေးရည်ဖော်စပ်မှုများက နောက်ကျိသွားနိုင်၏။

အကောင်းဆုံး ဆေးရည်ဖော်စပ်မှုများမှာ မည်သည့်အနယ်မှ မကျန်ဘဲ အလွန်သန့်စင်နေပါလိမ့်မည်။

အကောင်းဆုံး ဆေးရည်များက သန့်စင် ရှင်းလင်းနေသည်။ အရောင်ရှိသော်လည်း စင်ကြယ်ကာ အလင်းပေါက်နိုင်ပြီး ပန်းကန်အောက်ခြေကိုပင် မြင်နိုင်ပါသည်။

ဒီဆေးဖော်စပ်နည်းလမ်းကို အနုပညာတစ်ခုဟုပင် ခေါ်ဆိုနိုင်ပါသည်။

စင်ကြယ်သော ဆေးရည်က အနယ်မပါခြင်းကို ပြသခြင်းသာ မကဘဲ ဆေးဂုဏ်သတ္တိများ ပြီးပြည့်စုံစွာ ပေါင်းစပ်ထားခြင်းကိုလည်း ဖော်ပြနေပါသည်။

"ဒီဆေးရည်ပန်းကန်ကို ယူသွားကြ"

ယဲ့ရှောင်ချန်းက ပြုံးလိုက်ပါသည်။

ဒီကြည်လင်နေသော ဆေးရည်မှာ အခုသူ့အတွက် ဘာမှ မဟုတ်တော့ပါ။

ဒါရိုက်တာ ဖန်းက ယဲ့ရှောင်ချန်းကို လုံးဝ အံ့အားသင့်နေပါပြီ။

ဒီကြည်လင်သော ဆေးရည်ကို ကြည့်ရုံနဲ့ ယဲ့ရှောင်ချန်းရဲ့ ဆေးပညာစွမ်းရည်တွေက မနိမ့်ကျမှန်း သူသိလိုက်ရသည်။

အခုတော့ ယဲ့ရှောင်ချန်း မစ္စတာကြီးယဲ့ကို ကုသပေးနိုင်လိမ့်မည်ဆိုတာ ပို၍ပင် ယုံကြည်သွားပါပြီ။

မကြာမီ မျှော်လင့်စောင့်စားနေသော မျက်လုံးများအောက်တွင် ယဲ့ရှောင်ချန်းနှင့် ဒါရိုက်တာ ဖန်းတို့ အိမ်ထဲဝင်လာခဲ့ကြသည်။

အဘိုးယဲ့က ဒါရိုက်တာဖန်း ယူလာသော ဆေးရည်ကို မြင်သောအခါ အလွန်အံ့အားသင့်သွားခဲ့ပါသည်။

"ဖန်းကြီး မင်းရဲ့ ဆေးဖော်စပ်တဲ့ စွမ်းရည်က တော်တော်လေး တိုးတက်လာတာပဲ။ ဒီလို ကြည်လင်နေတဲ့ ဆေးရည်ကိုတောင် ဖော်စပ်နိုင်နေပြီပေါ့။"

အဘိုးယဲ့က ပြုံးလိုက်ပါသည်။

"ကျုပ်လုပ်တာ မဟုတ်ပါဘူး။ ယဲ့ရှောင်ချန်း ဖော်စပ်ထားတာပါ။"

ဒါရိုက်တာ ဖန်းက ခေါင်းခါလိုက်ပါသည်။

အဘိုးယဲ့ အံ့အားသင့်သွား၏။

"အဘိုးယဲ့ ဒီဆေးရည်တစ်ပန်းကန် သောက်ပြီးသွားရင် ကျောခင်းပြီးလှဲလိုက်ပါ"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

"ငါ့အဝတ်အစားတွေ ချွတ်ဖို့ မလိုဘူးလား"

အဘိုးယဲ့က မေးလိက်ပါသည်။

အပ်စိုက်ကုထုံးဖြစ်သဖြင့် အပ်စိုက်ရမည့် နေရာများကို သူကြည့်ဖို့လိုအပ်သည်။

"မလိုပါဘူးဗျာ"

ယဲ့ရှောင်ချန်းက ပြုံးကာပြောလိုက်ပါသည်။

သူ့တွင် အင်မော်တယ် အာရုံရှိ၏။ ထို့ကြောင့် သူအဝတ်အစားချွတ်သည်ဖြစ်စေ ဝတ်ထားသည်ဖြစ်စေ ဘာမှ သိပ်ပြီး ခြားနားမှာ မဟုတ်ပါ။

ဒါရိုက်တာ ဖန်းနှင့် အဘိုးယဲ့တို့ ထပ်ပြီး မှင်သက်သွားခဲ့ရပြန်သည်။

အဝတ်အစားဝတ်ပြီး အပ်စိုက်ကုသခြင်းက ထိပ်တန်း အပ်စိုက်ကုထုံး ပညာရှင်များပင် မလုပ်နိုင်သောအရာမျိုးဖြစ်သည်။

သောက်နိုင်လောက်သည့် အပူချိန်ပမာဏလောက်အထိ ဆေးရည်အေးသွားသောအခါ ဒါရိုက်တာဖန်းက ယူလိုက်ပြီး အဘိုးယဲ့ကို တိုက်လိုက်ပါသည်။

သောက်ပြီးသွားသောအခါ ဒါရိုက်တာဖန်းက အဘိုးယဲ့ကို ကျောခင်း လှဲနိုင်ဖို့အတွက် အကူအညီပေးလိုက်၏။

ယဲ့ရှောင်ချန်းက အပ်ဗူးတစ်ဗူးကို ဖွင့်ထားပြီးပါပြီ။ အထဲမှ ရွှေရောင် အပ်များပေါ်လာ၏။

ဆံချည်တစ်မျှင်လောက်အထိ ပါးလွှာ သေးငယ်ကြပါသည်။

ယဲ့ရှောင်ချန်းက နူးညံ့စွာဖြင့် တစ်ချောင်းကို လက်ချောင်းဖြင့် ညှပ်ယူလိုက်ပြီး သူ့မှော်စွမ်းအင်ဖြင့် ပေါင်းစပ်လိုက်၏။ ထို့နောက် သူ့လက်ချောင်းကို လှုပ်ရှားလိုက်သောအခါ ရွှေအပ်က အဘိုးယဲ့၏ မျက်ခုံးနှစ်ခုအကြားထဲ နစ်ဝင်သွားပါသည်။

ထိုမြင်ကွင်းကြောင့် ဒါရိုက်တာ ဖန်း ချောက်ချားသွားရသည်။

အပ်စိုက်ကုထုံးကို ဘယ်လိုလုပ်ပြီး ဒီလို လုပ်ရတာလဲ။

ဘယ်လို အပ်စိုက်ကုထုံးနည်းကြီးလဲ။

သူ မရပ်ဘူးလား။

သို့သော်လည်း အဘိုးယဲ့က ဘာမှ တုန့်ပြန်မှု မရှိသည့်ပုံပင်။ သူ့မျက်ခုံးအကြားထဲ ရွှေအပ် နစ်ဝင်လာသည်ကိုပင် သတိမထားမိသလို။

ယဲ့ရှောင်ချန်းက နောက်ထပ် ရွှေအပ်တစ်ချောင်းကို ယူလိုက်ပြီး သူ့မှော်စွမ်းအင်ဖြင့် ပေါင်းစပ်လိုက်၏။ ထို့နောက် အဘိုးယဲ့၏ အပ်စိုက်အမှတ်များတွင် စိုက်လိုက်ပါသည်။

တည်နေရာနှင့် ရွှေအပ်တစ်ချောင်းစီတိုင်း၏ အနက်က အလွန် တိကျသည်။

ဒါရိုက်တာ ဖန်းက စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေပြီး အသံမထွက်ရဲပါ။

အဘိုးယဲ့ကတော့ ဘာတုန့်ပြန်မှုမှ မရှိပေ။သူ့မျက်လုံးများ ပိတ်နေပြီး ပုံမှန်းအတိုင်း ရှူနေသည့် သူ့အသက်ရှူသံကသာ သူဘာမှမဖြစ်ကြောင်း ဖော်ပြနေ၏။

ယဲ့ရှောင်ချန်းက လက်ဖဝါးများကို ပွတ်လိုက်ပြီးနောက် သူ့လက်ချောင်း ၁၀ ချောင်း စတင် ကခုန်လေသည်။ ထို့နောက် စန္ဒရားတီးသလို လက်နှစ်ဖက်စလုံးက လက်ချောင်းများက ရွှေအပ်များ၏ နောက်ပိတ်ကို အလျှန်အမြန် ဖိလေသည်။

ယဒါက လက်ဆယ်ချောင်းလှုပ်ရှားခြင်း အပ်စိုက်နည်းလမ်းဟု ခေါ်သည့် အပ်စိုက်ကုထုံးနည်းလမ်း တစ်ခုဖြစ်ပြီး သူ့အိပ်မက်များ မြင်မက်ပြီးနောက် ရရှိခဲ့ခြင်း ဖြစ်ပါသည်။

တကယ်တော့ ယဲ့ရှောင်ချန်းက သူ့လက်ချောင်းများဖြင့် တိုက်ရိုက် ထိတွေ့စရာတောင်မလိုပါ။ သူ့မှော်စွမ်းအင်ကိုသာ အသုံးပြုပြီး ထိန်းချုပ်နိုင်သည်။ သို့သော် ဒါက မှော်ဆန်လွန်းပါလိမ့်မည်။

မကြာမီ အဘိုးယဲ့တွင် တုန့်ပြန်မှု တစ်ခု ရှိလာ၏။

သူ့အသားအရည်များက အနီရောင်အဖြစ် အနည်းငယ် စတင်ပြောင်းလဲလာခဲ့သည်။

၁ မိနစ်လောက် ကြာသောအခါ သူ့အပ်စိုက်ပေါက်များမှ အနက်ရောင်ညစ်ညစ် သွေးလုံးများ စတင်စိမ့်ထွက်လာသည်။

အထူးသဖြင့် သူ့မျက်ခုံးအကြားက မျဥ်းတစ်လျှောက် အနက်ရောင်သွေးညစ်များက စုစည်းနေပြီဖြစ်ပါသည်။

ဒါရိုက်တာဖန်းက အလွန်အမင်း အံ့အားသင့်သွားခဲ့ပါသည်။

ယဲ့ရှောင်ချန်း ဘယ်လိုနည်းလမ်းမျိုး အသုံးပြုနေသလဲဆိုတာ သူ လုံးဝ မသိပါ။

ယဲ့ရှောင်ချန်း၏ လက်ချောင်းများက ပိုပိုပြီး လျင်မြန်စွာ လှုပ်ရှားလာခဲ့သည်။ နောက်ဆုံးမှာတော့ ဒါရိုက်တာဖန်းက သူ့လှုပ်ရှားမှုများကို မြင်တောင်မမြင်နိုင်တော့ပေ။ ဒီတိုင်း မှုန်ဝါးနေခဲ့သည်။

ထိုအချိန်တွင် အဖိုးယဲ့က တစ်ခုခုကို ခံစားမိသွား၏။

သူ့ခန္ဓာကိုယ်ထဲတွင် မမြင်ရသည့် အားတစ်ခုက အဆုံးမဲ့ စီးဆင်းနေသည်ဟု ခံစားမိသည်။ အထူးသဖြင့် သူ့ဦးနှောက်ထဲ ဝင်လာသောအခါ အစက လေးလံပြီး မွန်းကျပ်နေခဲ့သည့် သူ့ဦးနှောက် ပေါ့ပါး လန်းဆန်းသွားလေသည်။

အချိန်ဘယ်လောက်ကြာသွားမှန်း မသိဘဲ နောက်ဆုံးတော့ အဘိုးယန် အိပ်ပျော်သွားပါသည်။

ခုနက အဘိုးယဲ့ သောက်ခဲ့သည့် ဆေးရည်များကို သူ့ရွှေအပ်နည်းလမ်းက လုံးဝစုပ်ယူသွားပြီ ဖြစ်ကြောင်း ယဲ့ရှောင်ချန်းအာရုံ ရနေပါပြီ။ ထို့အပြင် ဆေးအာနိသင်လည်း စတင်ပေါ်လာပါပြီ။

သူအသက်ဝဝရှူလိုက်ပြီး သူ့မှော်စွမ်းအင်ကို လှုပ်ခါလိုက်၏။ ခပ်မြန်မြန်ပဲ လက်နှစ်ဖက်စလုံးနဲ့ ရွှေအပ်များကို တစ်ချောင်းချင်း ပြန်နှုတ်လေသည်။

ရွှေအပ်များကို နှုတ်လိုက်သောအခါ အထူးသဖြင့် သူ့မျက်ခုံးအကြားက နောက်ဆုံးတစ်ချောင်းကို နှုတ်လိုက်သောအခါ အဘိုးယဲ့ နိုးထလာခဲ့၏။ သူ့ခေါင်းထဲတွင် တစ်ခါမှ မကြုံစဖူးသော ကြည်လင်မှုတစ်ခုကိုခံစားလိုက််ရကာ လေးလံသည့် ခံစားချက်မျိုးလည်း ထပ်မခံစားရတော့ပေ။

ပိုအရေးကြီးတာက ထုံကျင်နေခဲ့သည့် သူ့ညာဘက်အခြမ်း ခန္ဓာကိုယ်လည်း ခံစားချက် တချို့ ပြန်ရလာပြီ ဖြစ်ပါသည်။

သူ့မျက်နှာတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့၏။

"အဘိုးယဲ့ ဘယ်လိုနေလဲ"

ဒါရိုက်တာ ဖန်းက အမြန်မေးလိုက်ပါသည်။

"နေလို့ကောင်းလိုက်တာ။ အရင်တုန်းက ဒီလိုတစ်ခါမှ နေလို့မကောင်းဖူးဘူး။ ငါ့ခေါင်းထဲ လုံးဝ ကြည်လင်နေရုံတင်မကသေးဘူး ငါ့ခန္ဓာကိုယ် ညာဘက်အခြမ်းလည်း ခံစားချက် တချို့ ရလာပြီ"

အဘိုးယဲ့က ပြောလိုက်သည်။

ဒါရိုက်တာ ဖန်း၏ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး အံ့အားသင့်သွားသည့်ပုံပင်။

ဆေးရည် တစ်ပန်းကန်နဲ့ အပ်စိုက်ကုသနည်း တစ်ခုတည်းနဲ့ အဘိုးယဲ့ရဲ့ ကိုယ်တစ်ခြမ်းကို တကယ်ကြီး ပြန်ခံစားနိုင်အောင် လုပ်နိုင်ခဲ့တာလား။

သူ့ခေါင်းထဲက လေးလံတဲ့ ခံစားချက်လည်း ပျောက်ကွယ်သွားပြီ။

အလွန် ဆန်းကြယ်လွန်းပါသည်။

"အဘိုးယဲ့ ခင်ဗျား လုံးဝ ပြန်ကောင်းချင်ရင် စုစုပေါင်း ဆေးရည် ၄ ပန်းကန်နဲ့ အပ်စိုက် ကုထုံး ၄ ခေါက် လိုအပ်တယ်။ တစ်ပတ်ကို တစ်ခေါက်ဆို အဆင်ပြေပါပြီ။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

ဦးနှောက်သွေးယိုမှုကြောင့် လေဖြတ်ခြင်းသာ ဖြစ်သည်။ မကုသနိုင်လျှင် ထူးဆန်းနေပါလိမ့်မည်။

All Chapters