မွေးဖွားခြင်း
Vol. 20 Ch. 297
ရာရှန်း ဒုတိယဆေးရုံကြီး။ အတွင်းလူနာ ဌာန။
ယန်ယင်နှင့် သူမ၏ မိသားစုတို့ ဆေးစစ်ချက်အဖြေများကို စောင့်နေကြပါသည်။
ရုတ်တရက် မီးခိုးရောင် ဆံပင်ရှိသော အသက်ကြီးကြီး ဆရာဝန်ကြီးဦးဆောင်သည့် ဆရာဝန်တချို့ ဝင်လာကြသည်။ သူက သူက သွေးကင်ဆာဌာန၏ ခေါင်းဆောင် ဆရာဝန် ဝမ်ပင်းလုံဖြစ်ပါသည်။
တခြားဆရာဝန် များကလည်း တွဲဖက် ဆရာဝန်များဖြစ်ကြသည်။
"ဆရာဝန်ကြီး ဝမ် လာပြီ"
ယန်ယင်၏ အဖေက အမြန် မတ်တပ်ရပ်လိုက်ပါသည်။
"ယန်ယင်ရဲ့ စမ်းသပ်ချက်အဖြေတွေ ထွက်ပါပြီ။ အရမ်းထူးဆန်းတယ်။ သူ့အခြေအနေက အများကြီးတိုးတက်လာတယ်။ ကျုပ်မေးချင်တာက သူအိမ်မှာရှိနေတုန်း တခြားကုသမှုတွေကို ခံယူခဲ့သေးလား။"
ဆရာဝန်ကြီး ဝမ်ပင်းလုံက မေးလိုက်ပါသည်။
သူ ယန်ယင်၏ ဆေးစစ်ချက်အဖြေကို ကြည့်လိုက်ပြီး အရင်တစ်ခုနှင့် နှိုင်းယှဥ်ကြည့်လိုက်သည်။ သူအလွန် ထိတ်လန့်သွားရ၏။
သူ နောက်ဆုံး ဆေးစစ်ခဲ့တာ တစ်ပတ်ပင် မကြာသေးပါ။
သူမက သာမန်ကုထုံးများဖြင့် ကုသနေခဲ့ပြီး လတ်တလောကမှ သူမ၏ အခြေအနေ ပိုဆိုးလာခဲ့သဖြင့် သူမကို ဓာတုကုထုံးဖြင့် ကုသဖို့ ပြင်ဆင်နေကြခြင်းဖြစ်သည်။
သာမန်ကုထုံးများ အလုပ်မဖြစ်သည့်အခါ တချို့ လူနာများက တိုင်းရင်းဆေးများကို သုံးစွဲတတ်ကြောင်း သူသိထားသည်။
ယခု ယန်ယင်၏ အခြေအနေက အများကြီး တိုးတက်သွားခဲ့သဖြင့် သာမန်တော့ မဟုတ်ပါ။
"ဘယ်လို ဆရာဝန်ကြီးဝမ်။ ကျွန်တော်တို့ သမီးလေး ယန်ယင် တော်တော် တိုးတက်လာတယ်လို့ ပြောလိုက်တာလား"
ယန်ယင်၏ မိဘများ စိတ်လှုပ်ရှား ပျော်ရွှင်သွားခဲ့ပါသည်။
သူတို့ သမီး၏ ကျန်းမာရေးက သူတို့အတွက် ရင်နာစရာ ဖြစ်ခဲ့သည်။ သူတို့ဘာလုပ်ရမှန်း မသိကြတော့ပါ။
"ဟုတ်ပါတယ်။ ကဏ္ဍမျိုးစုံက လက္ခဏာတွေ အများကြီး လျော့ကျသွားတယ်။”
ဝမ်ပင်းလုံက ခေါင်းငြိမ့်လိုက်ပါသည်။
ဒါကို ကြားသောအခါ ယန်ယင် ကြက်သေသေသွားခဲ့ရ၏။ ချက်ချင်းပဲ သူမ တုန်ယင်သွားကာ ဖြစ်နိုင်ခြေတစ်ခုကို စဥ်းစားလိုက်မိသည်။ ပရော်ဖက်ဆာယဲ့ သူမကို ပေးခဲ့သည့် အရာ၏ အာနိသင်ဖြစ်နိုင်သည်။
တကယ် အသုံးဝင်နေပါသည်။
ယန်ယင် သူမ၏ ပါးစပ်ကို အုပ်လိုက်မိသည်။ မျက်လုံးများကလည်း စိုစွတ်နေခဲ့ပါပြီ။
မျှော်လင့်ချက်ကို သူမ မြင်လိုက်ရသောကြောင့်ပင်။
"တခြား ဘာကုသမှုမှ မခံဘူခဲ့ပါဘူး။ ဒီဆေးတွေပဲ သောက်တာပါ။”
ယန်ယင်၏ အဖေက ပြောလိုက်ပါသည်။
"ယန်ယင် လတ်တလော ဘာတွေစားခဲ့လဲ ပြောပြပေးပါလား။ တိတိကျကျပေါ့... "
ဝမ်ပင်းလုံက စိတ်ရှည်စွာ မေးလိုက်ပါသည်။
ရောဂါကို ကုသဖို့ သူသာ တစ်ခုခု ရှာဖွေတွေ့ရှိခဲ့ပါက အလွန်အရေးပါလာနိုင်ပါသည်။
ယန်ယင်တစ်ယောက်တည်းသာ မျိုးစေ့၏ အာနိသင်ကြောင့်ဖြစ်မှန်း သိထားပါသည်။
သူမ ထုတ်ပြောချင်သော်လည်း ပရော်ဖက်ဆာယဲ့၏ ညွှန်ကြားချက်များကို ပြန်မှတ်မိသွားပြီး နောက်ဆုံးအချိန်ထိ မပြောပြခဲ့ပါ။
ဝမ်ပင်းလုံက အကြာကြီးမေးခဲ့သော်လည်း ဘာမှ မသိခဲ့ရပါ။ သူ စိတ်ပျက်သွားခဲ့ရသည်။
အမှန်ပင်။ သူမသွားခင် ဓာတုကုထုံးကို ရက်ရွှေ့ဆိုင်းထားပြီး အခြေအနေကို စောင့်ကြည့်ဦးမည်ဟု ပြောသွားပါသည်။
ထိုနေ့က ယန်ယင် ဆေးရုံက ဆင်းခဲ့ပါသည်။
...
ယဲ့ရှောင်ချန်း ယန်ယင့်ထံမှ WeChat မက်ဆေ့ချ် တစ်ခု ရခဲ့သည်။ သူမ၏ အခြေအနေ အများကြီး တိုးတက်ခဲဲ့သည်ဟု ပြောသည်။
ယဲ့ရှောင်ချန်း ပြုံးသာ ပြုံးလိုက်ပါသည်။ သူ မအံ့သြပါ။ မျိုးစေ့ကို ဆက်စားနေဖို့သာ ပြောလိုက်၏။
အမှန်ပင်။ သူမ သွေးခြင်ဆီပန်းမျိုးစေ့ကို စားပြီးနောက် ထူးခြားချက်များကို ယဲ့ရှောင်ချန်း မေးဖို့ မမေ့ခဲ့ပါ။
ကောင်းကင်ဘုံလှိုဏ်ဂူ စိုက်ပျိုးရေးခြံ။
ယဲ့ရှောင်ချန်းက ဧရာမ အပင်ဝိညာဥ်ကြီး တစ်ခုအောက်တွင် ခြေပုလ္လင်ခွေကာ ထိုင်လိုက်ပါသည်။
အပင်ဝိညာဥ်က ဒြပ်ထုရှိသည့်ပုံပေါက်ပြီး နှိုင်းယှဥ်၍ မရနိုင်လောက်အောင် ကြီးမားကာ ကောင်းကင်ဘုံလှိုဏ်ဂူထဲတွင် အမြစ်တည်နေ၏။ ကိုင်းနှင့် သစ်ရွက်များကလည်း ထူထဲနေပါသည်။
ယဲ့ရှောင်ချန်း မျက်လုံးကို ပိတ်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ကောင်းကင်ဘုံဗိမာန်ကြီးနှင့် ပေါင်းစည်းနေသလိုပင်။
ရုတ်တရက် လုတုံချန််းက အလျှင်စလို ပြေးလာခဲ့ပါသည်။
"မစ္စတတာယဲ့ ရှောင်းယူ မွေးတော့မယ်။"
လုတုန်ချမ်းက စိတ်လှုပ်ရှားစွာ ပြောလိုက်ပါသည်။
"သူ မွေးတော့မှာလား။ နောက်ဆုံးတော့ မွေးတော့မှာပေါ့။"
ယဲ့ရှောင်ချန်း မျက်လုံးဖွင့်ကြည့်လိုက်ပါကာ အံ့အားသင့် ပျော်ရွှင်သွားသော မျက်နှာမျိုး ဖြစ်သွားပါသည်။
မလွယ်ကူခဲ့ပါ။ ပန်းများ ညှိုးနွမ်းသွားသည့်တိုင် ကလေးကို သူစောင့်မျှော်နေခဲ့ရ၏။
သူ အမြန် ထလိုက်ပြီး ဘယ်လို ပြိုင်ဘက်ကင်းသည့် ကလေးလေးလဲ မြင်ချင်နေပါပြီ။
ယဲ့ရှောင်ချန်းက တံခါးနားသို့ အမြန်ပြေးသွားသည်။ ထို့နောက် ရုတ်တရက်ကြီး ရပ်တံ့သွား၏။ သူ့ခေါင်းကို ခါလိုက်ပြီး ပြောလိုက်ပါသည်။
"ကလေးမွေးနေတာ မင်းမိန်းမလေ။ ဘာလို့ ငါက ဝင်ရမှာလဲ။”
"ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ဘယ်သူက ကလေးမွေးပေးရမှာလဲ။ ကျွန်တော်လား။”
လုတုန်ချမ်းက စိတ်ဖိစီးစွာ ပြောလိုက်သည်။
"မင်းပေါ့ကွ။"
ယဲ့ရှောင်ချန်း စူပုတ်သွားပါသည်။
"ကျွန်တော်ဘယ်လို မွေးပေးရမှန်း မသိဘူး။"
လုတုန်ချမ်းက စိတ်ဖိစီးလွန်းနေသဖြင့် ချွေးများ စတင်စိုရွှဲလာပါသည်။
"ရှောင်းယွဲ့ နင်ဝင်လိုက်ပါလား။"
ထုယွဲ့ချွီ ရောက်လာသည်ကို မြင်ကာ ယဲ့ရှောင်ချန်း ပြောလိုက်ပါသည်။
"ကျွန်မလည်း မလုပ်တတ်ဘူး။ ပြီးတော့ ကလေးမွေးပေးတာက ကြောက်စရာကြီး။ ကျွန်မ မမြင်ချင်ပါဘူး။”
ထုယွဲ့ချွီက ခေါင်းကို ခလောက်မြွေလို ခါရမ်းလိုက်ပါသည်။
ယဲ့ရှောင်ချန်း မျက်နှာ မှောင်မိုက်သွားသည်။
"လုတုန်ချမ်း ငါနာနေပြီ။ နင်ဘယ်ရောက်သွားတာလဲ။ အား အရမ်းနာတယ်။ လုတုန်ချမ်း ခွေးမသား..."
ရုတ်တရက်ကြီး လျန်ယူကျူး၏ အက်ကွဲပြီး နာကျင်နေသော အော်သံက အခန်းထဲမှ ဟိန်းထွက်လာခဲ့ပါသည်။
လုတုန်ချမ်း တုန်ယင်သွားပြီး အခန်းထဲ အမြန် ပြေးဝင်သွားလိုက်သည်။
"အား ငါ့ကိုလွှတ်ဦး နာတယ်..."
မကြာမီ လုတုန်ချမ်း၏ အော်သံလည်း အခန်းထဲမှ ထွက်လာသည်။
ထုယွဲ့ချွီ၏ မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်နေပါပြီ။ "ကလေးမွေးရတာ ဒီလောက် ကြောက်ဖို့ ကောင်းတာလား။”
ထို့နောက် လျန်ယူကျူးက တိတ်ဆိတ်သွားသည်။ တစ်ဖက်တွင်တော့ လုတုန်ချမ်း၏ အော်သံကတော့ ဆက်ထွက်နေဆဲပင်။ အလွန် သနားစရာ ကောင်းလှပါသည်။ ယောက်ျားနှစ်ယောက်ဖြစ်သော ယဲ့ရှောင်ချန်းနှင့် ထုပိုင်ယွမ်တို့ တစ်ကိုယ်လုံး ကြက်သီး မွှေးညှင်းများ ထသွားကြပါသည်။
ရုတ်တရက် ကလေးတစ်ယောက်၏ ငိုသံကို ကြားလိုက်ကြရသည်။
"မွေးပြီဟေ့။ နောက်ဆုံးတော့ မွေးပြီ။"
ထုယွဲ့ချွီ ကလေးငိုသံကို ကြားသောအခါ ပြုံးလိုက်ပြီး အမြန်ပြေးဝင်သွားခဲ့သည်။
သိပ်မကြာခင် ထုယွဲ့ချွီက လက်ထဲတွင် ကိုယ်လုံးတီး ကလေးလေး တစ်ယောက်ကို ချီကာ ထွက်လာခဲ့ပါသည်။
အသားအရည်က ပန်းရောင်သန်းကာ နူးညံ့နေပြီး ငိုနေဆဲဖြစ်ပါသည်။
"ရှောင်းယွဲ့ အနှီးပတ်ပေးလိုက်ပါလား။ အအေးမိသွားဦးမယ်။"
ယဲ့ရှောင်ချန်းက အမြန်ပြောလိုက်ပါသည်။
"အာ သြော် ကျွန်မမေ့သွားတာ"
ထုယွဲ့ချီက ခပ်မြန်မြန် ကလေးကို အထဲပြန်ခေါ်သွားခဲ့ပါသည်။ သိပ်မကြာမီ ပြန်ထွက်လာ၏။ ကလေးလေးက အနီရောင် အမွှေးပွပွ အနှီးလေးထဲတွင် ရှိနေပြီဖြစ်သည်။
"ဝိုး ကြည့်ပါဦး။ ကလေးလေးက အရမ်း ချစ်ဖို့ ကောင်းတာပဲ။"
ထုယွဲ့ချွီက ကလေးလေးကို စနောက်လိုက်ပါသည်။
ကလေးလေးက တခစ်ခစ် ရယ်မောနေ၏။
“ယောက်ျားလေးလား မိန်းကလေးလားလို့ ကြည့်ရအောင်။"
ထုပိုင်ယွမ်က ရှေ့တိုးကာ ကြည့်လိုက်သည်။
အနှီးကို မလိုက်ပြီး ကြည့်လိုက်၏။ "ဖွီးး" ရေပန်းတစ်ခု ပန်းထွက်လာပြီး ထုပိုင်ယွမ်၏ မျက်နှာကို ပက်ဖြန်းသွားခဲ့ပါသည်။
ထုပိုင်ယွမ် စိတ်ညစ်လွန်းသဖြင့် သေတောင် သေချင်နေပါသည်။
"ဘာမှမဖြစ်ပါဘူးကွာ။ ဒီကောင်လေး ပထမဆုံး ဆီးသွားတာ။ ကိုယ်ဝန် သုံးနှစ်ဆောင်ပြီး ပထမဆုံးဆီးမို့လို့ မင်းနောက်ပိုင်း ကံကောင်းလာမယ် ထင်တယ်။”
ယဲ့ရှောင်ချန်းက ပြောလိုက်ပါသည်။
"ဟားဟား ကလေးလေးက ချစ်ဖိုအရမ်းကောင်းတာပဲ။ ထုပိုင်ယွမ်။ ငါတို့လည်း ကလေးယူကြမလား။”
ထုယွဲ့ချွီက ပြောလိုက်ပါသည်။
ထုပိုင်ယွမ်က အပျော်လွန်သွားခဲ့၏။ "ကောင်းတာပေါ့။ နောက်ဆုံးတော့ နင်စဥ်းစားပြီပေါ့။”
"ဟွန်း သူက ကျောက်စိမ်းရုပ်လေးကို မွေးပေးနိုင်ရင် ထုယွဲ့ချွီဆိုတဲ့ ငါလည်း မွေးပေးနိုင်တာပေါ့။"
ထုယွဲ့ချီက သေမင်းကို ရင်ဆိုင်နေရသလို တည်ငြိမ် ရင့်ကျက်စွာ ပြောလိုက်ပါသည်။
၃ နှစ်တာ ကိုယ်ဝန်ဆောင်ခဲ့ရသည့် ကလေးလေးမှာ တကယ်ပဲ ထူးခြားလှပါသည်။ ၃ ရက်တွင် ပက်လက်လှန်နိုင်သည်။ ၅ ရက်တွင် ထိုင်နိုင်ခဲ့သည်။ တစ်ပတ်အကြာတွင် တွားသွားနိုင်လာပြီး တစ်လအကြာတွင် လမ်းလျှောက်နိုင်ခဲ့ပါသည်။
ထို့အပြင် လဝက်လောက်အကြာတွင် ကလေးလေးက ဖေဖေ၊ မေမေ၊ ဦးလေးအစရှိသော ရိုးရှင်းသည့် အမည်များကို ခေါ်နိုင်နေပါပြီ။
ဒါက ကောင်းကင်ဘုံလှိုဏ်ဂူထဲက အချိန်သာ ဖြစ်ပြီး အပြင်ဘက်လောကမှာတော့ တစ်ပတ်တောင် မပြည့်လောက်သေးပါ။
ယဲ့ရှောင်ချန်း သက်ပြင်းချလိုက်မိ၏။ သူမ တကယ်ပဲ မကောင်းဆိုးဝါးလေး တစ်ကောင်ကို မွေးဖွားပေးခဲ့တာပဲ။
နောက်ပိုင်း သူလည်း ကလေးရလာပါက ဝမ်ရှင်းယီကို ကောင်းကင်ဘုံလှိုဏ်ဂူထဲသို့ ခေါ်လာသင့်သည်ဟု တွေးခဲ့မိသည်။ သူမလည်း မကောင်းဆိုးဝါးလေး တစ်ကောင် မွေးဖွားသွားနိုင်လောက်သည်။
ဒီအချိန်တောအတွင်း ယဲ့ရှောင်ချန်း၏ ဆူးပန်း ပျိုးထောင်မှုက အလွန်အဆင်ပြေ ချောမွေ့ခဲ့ပါသည်။ အာနိသင်ကတော့ အလွန်ဝေးနေသေး၏။
သို့သော်လည်း ဒါက မော်တယ် အပင်တစ်ပင်သာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သွေးခြင်ဆီပန်းနဲ့ နှိုင်းယှဥ်လို့တော့ မရပါ။
ထို့ကြောင့် ဆူးပန်းနှင့် သင့်တော်မည့် အားဆေးတစ်မျိုးကို ရှာဖွေနေခဲ့သည်။ ဒါကို အသုံးပြုပြီး ဆူးပန်း၏ ဆေးအာနိသင်များကို လှုံ့ဆောင်ပေးနိုင်ပါသည်။
ယခု သူ့မှာ အကြံတချို့ ရထားပြီဖြစ်သည်။
ကောင်းကင်ဘုံကမ္ဘာမြေစိုက်ပျိုးရေးကုမ္ပဏီ ရုံးခန်းထဲတွင်။
"ဘာ။ ဆူးပန်းနဲ့ လျှာဖြူမြက်ကိုသုံးပြီး သွေးရောဂါတွေကို ကုသပေးလို့ရတယ်ဟုတ်လား။"
ယဲ့ရှောင်ချန်း၏ ရှင်းပြချက်ကို ကြားပြီးသောအခါ ဝမ်ရွှေရှန့် ထိတ်လန့်သွားခဲ့ပါသည်။
ဒီအပင်တွေက တချို့ရောဂါများကို ကုသဖို့အတွက် ယဲ့ရှောင်ချန်းကိုယ်တိုင် အထူးပျိုးထောင်ထားသော ဆေးပင်များ ဖြစ်ကြပါသည်။
အရင်ဆေးပင်များက အပေါများဆုံးဆိုတာ သိထားရမည်။ ၎င်းတို့၏ ဖွံ့ဖြိုးကြီးထွားချိန်၊ အရည်အသွေးနှင့် ဆေးအာနိသင်များက သာမန်အပင်များထက် အများကြီး ပိုအားကောင်းကြပါသည်။
"ရှောင်ချန်း တကယ်ပဲ သွေးရောဂါကို ကုသပေးနိုင်ရင် သူ့ရဲ့ အရေးပါမှုက သာမန် မဟုတ်တော့ဘူးကွ။"
ဝမ်ရွှေရှန့်က အသက်ဝဝ ရှူလိုက်ပါသည်။
သွေးရောဂါများကို ခံစားနေရသော မရေမတွက်အောင် များပြားသည့် လူနာများအတွက် ဒါက ကောင်းချီးမင်္ဂလာတစ်ပါး ဖြစ်ခဲ့ပါသည်။
"အဲ့တာကြောင့် ကောင်းကင်ဘုံကမ္ဘာမြေစိုက်ပျိုးရေးကုမ္ပဏီနာမည်အောက်မှာ ဆေးဝါး ကုမ္ပဏီတစ်ခုကို ထပ်တည်ထောင်ဖို့ ကျွန်တော် ပြင်ဆင်နေတာ။”
ယဲ့ရှောင်ချန်းက ပြောလိုက်ပါသည်။
"အင်း အဲ့တာ အဆင်ပြေပါတယ်။ ဆူးပန်းနဲ့ လျှာဖြူမြက်တွေကို သုံးပြီး ဆေးဝါးထုတ်လုပ်နိုင်တာပေါ့။ ဒါပေမယ့် ငါတို့နောက်တစ်ဆင့် တက်လိုက်ပြီး အဲ့လိုရောဂါမျိုးတွေ ကုသပေးတဲ့ ပုဂ္ဂလိက ဆေးရုံတစ်ခုတောင် တည်ထောင်လို့ရတယ်။”
ဝမ်ရွှေရှန့်က ပြောလိုက်သည်။
"ဆိုးတော့မဆိုးပါဘူး။ ဒါပေမယ့် သက်ဆိုင်ရာ ဆေးကုသစရိတ်တွေက သာမန် မိသားစုတွေတတ်နိုင်တဲ့ ပမာဏဖြစ်ရမယ်။ ဆင်းရဲလို့ ရောဂါ မကုနိုင်တာမျိုး မဖြစ်ရဘူး။”
ယဲ့ရှောင်ချန်းက ပြောလိုက်ပါသည်။
အစ်ကိုကြီးဝမ်က စီးပွားရေးသမားတစ်ယောက် ဖြစ်မှန်း သူသိပါသည်။ တစ်ခါတစ်လေ သူက ပြဿနာများစွာကို အကျိုးအမြတ်ရသည့် ရှုထောင့်မှ ကြည့်တတ်သည်။
"ဟားဟား ရှောင်ချန်း စိတ်မပူပါနဲ့ကွာ။ ငါသိပါတယ်။”
ယဲ့ရှောင်ချန်း ဘာကိုဆိုလိုသလဲ ဝမ်ရွှေရှန့် နားလည်သဖြင့် ပြုံးလိုက်ပါသည်။
သူ့အမေလည်း သွေးရောဂါတစ်မျိုးကြောင့် သေဆုံးခဲ့ရပါသည်။ ထိုအချိန်တုန်းက သူတို့ မိသားစုမှာ အလွန်ဆင်းရဲပြီး ကုသဖို့အတွက် ပိုက်ဆံမရှိခဲ့ပါ။ သူ့အမေ နာကျင်ခံစားပြီး သေသွားတာကို ရပ်သာ ကြည့်နေနိုင်ခဲ့သည်။
သူတို့နှစ်ယောက် ဆွေးနွေးပြီးနောက် ပြင်ဆင်မှုများ စတင်ခဲ့ပါသည်။
တစ်လ ကြာသောအခါ။
ကောင်းကင်ဘုံလှိုဏ်ဂူ စိုက်ပျိုးရေးခြံတွင်။
ယဲ့ရှောင်ချန်း ကျင့်ကြံနေစဥ် လူရိပ်တစ်ခုက ပျံသန််းလာပြီး အပင်ဝိညာဥ်ပေါ်တွင် ဆင်းသက်လာခဲ့ပါသည်။ ထို့နောက် မျောက်တစ်ကောင်လို စတင်တက်လေသည်။
ယဲ့ရှောင်ချန်းလည်း တစ်ခုခုကို အာရုံခံမိသလို ခံစားလိုက်ရ၏။ သူမော့ကြည့်လိုက်ပြီး ကလေးလေးကို မြင်လိုက်ရသောအခါ ရယ်ရခက် ငိုရခက်ဖြစ်သွား၏။ သူက ၆ လအရွယ်သာ ရှိသေးသော်လည်း အလွန်ကျီစယ်တတ်ပြီး ထူးဆန်းပါသည်။
သူက တရုတ်ရိုးရာ ဝတ်စုံကလေး ဝတ်ထားပြီး ၂ နှစ်သား ကလေးတစ်ယောက်နဲ့ပင်တူနေပါပြီ။
ဒီကောင်လေးက မကျင့်ကြံရသေးပါ။ သို့သော် မှော်စွမ်းအင်သဘာဝဖြင့် မွေးဖွားလာသူလေးဖြစ်၏။ မွေးလာကတည်းက ကောင်းကင်ဘုံလှိုဏ်ဂူလို အင်မော်တယ်ချီစွမ်းအင် ကြွယ်ဝသည့် နေရာတစ်ခုတွင်သာ နေခဲ့သည်။ သူက ဝိညာဥ်ခန္ဓာကိုယ်တစ်ခုနှင့် မွေးဖွားလာသည်ဟု ဆိုနိုင်ပါသည်။
ဒီကောင်လေး မွေးလာကတည်းက သူ့စိုက်ပျိုးရေးခြံ တစ်ခုလုံး အေးအေးချမ်းချမ်း မနေရတော့ပေ။
နေ့တိုင်း ဗြောင်းဆန်နေခဲ့ပါသည်။