ဖိအား
Vol. 20 Ch. 299
ရှမြို့တော်ရှိ လူနေရပ်ကွက်တစ်ခုတွင်။
လီဖျင်က ကုတင်ပေါ်တွင် လှဲလျောင်းနေသော သူမ၏ သားကိုကြည့်ကာ စိတ်ဓာတ်ကျသွားသည်။
လွန်ခဲ့သော ၃ နှစ်၊ သူမ၏ သား မူကြိုကျောင်းတက်စဥ်တုန်းက အပြင်းဖျားခဲ့သည်။ နောက်တော့ သွေးကင်ဆာစိုးရိမ်အဆင့်ရှိနေသည်ဟု ဆေးစစ်ချက််အဖြေထွက်ခဲ့သည်။ လပိုင်းအနည်းငယ်လောက် ကုသပြီးသွားသောအခါ သူ သက်သာလာခဲ့၏။
သို့သော် ဒီနှစ် ရောဂါပြန်လည်ဝင်ရောက်လာမည်ဟု မည်သူမှ မထင်ခဲ့ကြပါ။ ဆေးရုံက အရေးပေါ်အဖျားရောဂါ အသိပေးစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး ချက်ချင်း ရိုးတွင်းခြင်စီ အစားထိုးကုသမှုမလုပ်လျှင် အန္တရာယ် ရှိနိုင်ကြောင်းဆို၏။ သို့သော် သူမ၏ သားကို ကုသဖို့အတွက်နဲ့ သူမလည်း အကြွေးပတ်လည်ဝိုင်းနေခဲ့ရပါပြီ။ ထို့ကြောင့်ကုသစရိတ်ကို ဘယ်လိုမှ မတတ်နိုင်ခဲ့ပါ။
စိတ်ဓာတ်ကျစွာဖြင့် သူမ၏ သားကို အိမ်တွင်သာ သာမန်ကုသရေးမျိုးဖြင့် ထားနိုင်ခဲ့သည်။ လုံးဝ လက်လျှော့လိုက်ခြင်းနှင့်လည်း ညီမျှပါသည်။ သိပ်မကြာသေးခင်က ယန်မြို့တော်ရှိ ကောင်းကင်ဘုံ ကမ္ဘာမြေ သွေးရောဂါ အထူးကု ဆေးရုံကြီး၏ ကြော်ငြာက သူမကို မျှော်လင့်ချက်ပေးခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုဆေးရုံက တရုတ်သိပ္ပံကျောင်းတော်မှ ပရော်ဖက်ဆာတစ်ဦးလည်းဖြစ် ထိပ်တန်းရုက္ခဗေဒပညာရှင် တစ်ဦးလည်းဖြစ်သူ တည်ထောင်ထားခြင်းကြောင့် ဖြစ်ပါသည်။
ထိုကြောင့် သူမ၏ နောက်ဆုံးမျှော်လင့်ချက်နှင့်အတူ သူမ၏ သားကိုခေါ်ကာ ရက်ချိန်းယူခဲ့ပါသည်။
ကုသခြင်း လုပ်ငန်းစဥ်က ဒီလောက်ရိုးရှင်းလိမ့်မည်ဟု သူမမထင်ခဲ့ပေ။ ဆေးသောက်ဖို့ ညွှန်ကြားခြင်းသာ ဖြစ်ပြီး အလွန်လည်း စျေးသက်သာပါသည်။ ယွမ် ၁,၀၀၀ သာကုန်ကျပါသည်။
ဒီလိုနှင့် လီဖျင်က သူမ၏ သားကို ဆေး စတင်တိုက်ခဲ့သည်။ ရက်ပိုင်းလောက်အထိ တုန့်ပြန်မှုမရှိခဲ့ပါ။ သို့သော် တစ်ရက်၊ နှစ်ရက်အတွင်း သိသာသော ပြောင်းလဲမှုတစ်ခုတော့ ရှိခဲ့၏။ အဘယ့်ကြောင့်ဆိုသော် အရင်ကထက် သူတိတ်ဆိတ်စွာ အိပ်စက်လာခြင်းပင်။ အအရင်တုန်းက အမြဲတမ်း နာကျင်သည်ဟု အော်နေခဲ့ရသည်။
"မေမေ သားဗိုက်ဆာတယ်။”
လီဖျင်ဒါကို စဥ်းစားနေတုန်း သူမ၏ သား သူမ၏ နာမည်ကိုခေါ်နေသံ ကြားလိုက်ရပါသည်။
သူမ ထိတ််လန့်သွားပပြီး သူမ၏သား ထထိုင်နေသည်ကို မြင်လိုက်ရပါသည်။
သူမ၏ မျက်လုံးများက မယုံကြည်နိုင်မှုများဖြင့် ပြူးကျယ်နေ၏။ သူမ၏သားက အရင်တုန်းက နာမကျန်းလွန်းသဖြင့် လုံးဝ မထနိုင်ခဲ့ပါ။ သူမက ပွေ့ချီကာ ရွှေ့ပေးခဲ့ရသည်။
ယခုတော့ သူမ၏ သားက ကိုယ့်ဖာသာကိုယ် ထထိုင်နေလေပြီ။ မယုံနိုင်စရာ ကောင်းလှပါသည်။
"ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ။ မေမေ သားကို အခုဆန်ပြုတ်တိုက်မယ်နော်။”
လီဖျင်က မတ်တပ်ရပ်ကာ ပျော်ရွှင်စွာဖြင့် ပြောလိုက်ပါသည်။
"သား ဆန်ပြုတ်မသောက်ချင်ဘူး။ သား အသားတွေ၊ ကြက်ဥတွေ၊ ကြက်ပေါင်တွေ စားချင်တာ။”
သူမ၏ သားက ပြောလိုက်သည်။
"ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပ်ြီမေမေ အခုချက်ချင်း လုပ်ပေးမယ်နော်။”
သူမ၏ သားဖျားနားစဥ်ကတည်းက အစားကောင်းကောင်း စားချင်စိတ်မရှိခဲ့သောကြောင့် လီဖျင်ယခု အလွန်ပျော်ရွှင်နေခဲ့ပါသည်။ အထူးသဖြင့် သိပ်ကြာသေးခင်တုန်းက သူ ဆန်ပြုတ်နည်းနည်းလေးသာ သောက်ခဲ့သည်။
ယခုတော့ သူက ကြက်သားများ၊ ကြက်ဥများနှင့် ကြက်ပေါင်များပါ စားချင်နေလေပြီ။ ဒါဆို သူ့ခန္ဓာကိုယ် သက်သာလာပြီဆိုတဲ့ သဘောလား။
ဒီလိုစဥ်းစားရင်း သူမ ပို၍ပင် ပျော်ရွှင်သွားခဲ့ရပါသည်။
ဒါက ပရော်ဖက်ဆာယဲ့ ပျိုးထောင်ထားသည့် မှော်ဆေးဝါး၏ အာနိသင်ကြောင့်ဖြစ်မှန်း သူမ ယုံကြည်ထားပါသည်။
သူမ ချက်ပြုတ်ပြီးသွားသောအခါ သူမ၏ သားက အားရပါးရ တစ်ပန်းကန်လုံးစားခဲ့သည်။ သူ့စားချင်စိတ်ကလည်း အရင်ကလို မဟုတ်ဘဲ ကောင်းမွန်နေခဲ့ပါသည်။
နောက်ထပ် ရက်ပိုင်းအတွင်း သူမ၏ သားအခြေအနေက အလွန်တိုးတက်လာခဲ့သည်။ သူ့စားနိုင်သောက်နိုင်စွမ်းကလည်း ပိုပိုပြိး ကောင်းလာကာ လီဖျင်အလွန်ပျော်ရွှင်ခဲ့ရသည်။ သူမယောက်ျားက ခုမှ ဆောက်လုပ်ရေး နယ်မြေမှ ပြန်ရောက်လာခဲ့ပြီး သူ့သား လမ်းလျှောက်နေနိုင်ပြီကို မြင်ကာ အံ့အားသင့်သွားခဲ့ရသည်။
ချက်ချင်းပဲ လင်မယားနှစ်ယောက် ဆွေးနွေးကာ သူတို့သားကို ဆေးရုံတွင် ဆေးသွားစစ်ဖို့ ဆုံးဖြတ်လိုက်ကြပါသည်။
ရလဒ်များ ထွက်လာခဲ့သည်။ သူတို့သား အခြေအနေက တိုးတက်လာပါပြီ။ လင်မယားနှစ်ယောက် အလွန်အမင်း ပျော်ရွှင်ခဲ့ရ၏။ နောက်ဆုံးတော့ သူတို့သား ရောဂါပျောက်ကင်းဖို့ မျှော်လင့်ချက်ကို မြင်နိုင်ခဲ့ပါပြီ။ အရင်တုန်းက သူတို့မျှော်လင့်ချက်များ ပျက်စီးခဲ့ရ၏။ သူတို့သား ဆေးရုံကုတင်ပေါ်တွင် သေဆုံးတော့မည်ကို ဒီတိုင်းသာ ရပ်ကြည့်နေနိုင်ကြသည်။ ဒီလိုကြီးမားသည့် အလှည့်အပြောင်းဖြစ်ရပ်ကြီးက သူတို့၏ အနာဂတ်ကို မျှော်လင့်ချက်အပြည့်အဝ ပေးစွမ်းခဲ့ပါသည်။
လင်မယားနှစ်ယောက် ယန်မြို့တော်က သွေးရောဂါအထူးကု ဆေးရုံကြီးကို ဖုန်းဆက်ကာ အခြေအနေကို ရှင်းပြခဲ့သည်။ ဒါရိုက်တာကြီး ဝမ်ပင်းလုံက ကလေးကို ဆေးပုံမှန်တိုက်ဖို့ ပြန်ပြောခဲ့ပါသည်။
ဝမ်ပင်းလုံအတွက် ဒီလိုသတင်းကောင်းမျိုးနဲ့ ဖုန်းဆက်လာခြင်းမှာ လီဖျင်နှင့် သူမ၏ယောက်ျားတို့ပဲ မဟုတ်ပါ။ ဒီရက်ပိုင်းအတွင်း နေ့တိုင်းလိုလို ဒီလိုဖုန်းမျိုး ဆယ်ချီကာ ဝင်နေပါသည်။
သူလည်း လူနာများအတွက် အလွန်ဝမ်းသာနေပါသည်။
လူနာများအကြား သတင်းပျံ့နှံ့သွားသောအခါ ယန်မြို့တော်၏ ကောင်းကင်ဘုံ ကမ္ဘာမြေ သွေးရောဂါအထူးကု ဆေးရုံကြီးက သွေးကင်ဆာ ကုသပေးနိုင်သည်ဟုသော သတင်းမှာ ပိုပိုပြီး ပျံ့နှံ့လာခဲ့ပါသည်။ ထိုသတင်းကို ကြားပြီးသောအခါ လူနာများ ပိုပိုပြီး ရောက်လာကြပါသည်။ တခြားပြည်နယ်မှ လူနာများပင် ရောက်လာကြပါသည်။
လပေါင်းများစွာ ကြာမြင့်ပြီးသောအခါ လူနာများအား ပိုပိုပြီး ကုသပေးနိုင်ခဲ့သည်။ လူနာ ၁၀ယောက်၊ အယောက် ၁၀၀၊ အယောက် ၁၀၀၀ ...။ သတင်းတဖြည်းဖြည်းနှင့် ပျံ့နှံ့သွားသောအခါ ပြည်နယ်တစ်ခုလုံးတင်မကဘဲ နိုင်ငံတော်တစ်ခုလုံး၊ သို့မဟုတ် ကမ္ဘာကြီး တစ်ခုလုံးပါ ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့ကြ၏။
ဆေးပညာအဖွဲ့အစည်းများစွာက သွေးကင်ဆာကို ကုသပေးနိုင်သည့် ဒီဆန်းကြယ်သည့် ဆေးဝါးကို သုတေသနပြုလုပ်နေကြသည်။
အဘယ့်ကြောင့်ဆိုသော် ထိုဆေးပညာ အဖွဲ့အစည်းများက အလွန်ထိခိုက်နေသောကြောင့် ဖြစ်ပါသည်။
ဒီလိုအာနိသင်မျိုးမရှိသည့် ဆေးဝါးမျိုးကို မတီထွင်နိုင်ပါက သူတို့ ဒေဝါလီခံသွားရနိုင်ပါသည်။
ကံမကောင်းစွာဖြင့် ယဲ့ရှောင်ချန်းတီထွင်ခဲ့သော ဆေးဝါးမှာ ကူးယူဖို့ မလွယ်ကူခဲ့ပါ။
ဆေးပညာအဖွဲ့အစည်းများစွာက ဒီတောအတွင်း ဆေးဝါးသစ်များစွာကို မိတ်ဆက်ခဲ့ကြ၏။ သက်ဆိုင်ရာရောဂါများကို ကုသရာတွင် အလွန်အမင်းအာနိသင်ရှိသည်ဟုလည်း ဆိုကြ၏။ သို့သော် ယန်မြို့တော်ရှိ ကောင်းကင်ဘုံ ကမ္ဘာမြေ သွေးရောဂါ အထူးကုဆေးရုံကြီးက ဆေးနဲ့ယှဥ်လျှင် မိုးနဲ့မြေလို ကွာခြားနေပါသည်။ ဆေးဝါးတိုင်းက ၁၀၀ ရာခိုင်နှုန်း အာနိသင်မရှိနိုင်ပါ။
ထို့ကြောင့် ယန်မြို့တော်၏ ကောင်းကင်ဘုံကမ္ဘာမြေ သွေးရောဂါအထူးကု ဆေးရုံကြီးက လူနာများအတွက် ပထမဆုံး ရွေးချယ်မှု ဖြစ်လာခဲ့၏။
ထိပ်တန်း ဆေးဝါးကုမ္ပဏီကြီးတစ်ခုတွင်။
ဒီကုမ္ပဏီက သွေးနှင့်သက်ဆိုင်သော ဆေးဝါးများကို ထုတ်လုပ်မှုအတွက် လူသိများကြ၏။ ယန်မြို့တော်၏ ကောင်းကင်ဘုံ ကမ္ဘာမြေ သွေးရောဂါအထူးကု ဆေးရုံကြီးက သွေးရောဂါများကို ကုသနိုင်စွမ်းရှိသဖြင့် သူတို့ လုပ်ဆောင်ချက်များ ကျဆင်းလာခဲ့ပါသည်. အခုတော့ သူတို့ ရှေ့သို့ပင်ဆက်မတိုးနိုင်တော့သော အခြေအနေသို့ ရောက်နေပါပြီ။
ထိုအချိန်တွင်၊ အစည်းအဝေးခန်းတစ်ခု၌ အရေးကြီး အစည်းအဝေးပွဲတစ်ခုကို ကျင်းပနေသည်။
"အခုလက်ရှိအခြေအနေကို အားလုံးသိကြမှာပါ။ ကျုပ်တို့ ပြောင်းလဲမှုမရှိရင် အကုန်လုံး ပွဲသိမ်းသွားလိမ့်မယ်။”
သက်လတ်ပိုင်း ကတုံးလူကြီးတစ်ယောက်က မှိုင်ကုပ်နေသော မျက်နှာဖြင့် ပြောလိုက်ပါသည်။
"ဘော့စ် ယောင်။ ကျွန်တော်တို့ တခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီးပြီလေ။ ယန်မြို့တော် ကောင်းကင်ဘုံ ကမ္ဘာမြေဆေးရုံကြီးကို ကျုပ်တို့ကို ဆေးရောင်းအောင် ဖိအားပေးလို့ရတယ်။ ပြီးတော့လည်း အဲ့ဒီဆေးရဲ့ စျေးကို မြှင့်မှဖြစ်မယ်။ သွေးကင်ဆာကို ယွမ် ထောင်ကျော်လောက်နဲ့ ကုသလို့ဖြစ်မလား။ ယန်မြို့တော်ရဲ့ ကောင်းကင်ဘုံ ကမ္ဘာမြေ ဆေးရုံကြီးကြောင့် စျေးကွက်တွေ လုံးဝ ပျက်ကုန်ပြီ။”
ပြောပိုင်ခွင့်ရှိသူတစ်ဦးက အော်လိုက်သည်။
တခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် တုန့်ပြန်လာကြသည်။
"ဒါတော့ ရှောင်လွှဲလို့မရဘူး။ ယန်မြို့တော်ရဲ့ ကောင်းကင်ဘုံ ကမ္ဘာမြေ ဆေးရုံကြီးက ဘယ်လောက်ပဲ အားကောင်းနေပါစေ သူတို့ ဒီလောကကြီးတစ်ခုလုံးကို ဆန့်ကျင်နိုင်မလား။”
ကတုံးဘော့စ် ယောင်က ထပ်ပြီး သရော်ကာ ပြောလိုက်ပါသည်။
ဒီလိုနှင့် ယန်မြို့တော် ကောင်းကင်ဘုံ ကမ္ဘာမြေ ဆေးရုံကြီးကို တိုက်ခိုက်ဖို့အစီအစဥ်တစ်ခု စတင်ခဲ့ပါသည်။
ဝမ်ရွှေရှန့်၏ အိမ်တွင်။
"ရှောင်ချန်း မင်းဘယ်လိုသဘောရလဲ။”
ဝမ်ရွှေရှန့်က လေသံနက်နက်ဖြင့် ပြောလိုက်ပါသည်။
ဒီလိုဖြစ်လာနိုင်ခြေကို မျှော်လင့်ထားသော်လည်း သူအနည်းငယ်တော့ ထိတ်လန့်သွားပါ၏။ ဖိအားက ကြီးမားလွန်းသည်။
အဘယ့်ကြောင့်ဆိုသော် ဆေးလောတစ်ခုလုံး၏ ဖိအားနှင့်သူတို့ ရင်ဆိုင်နေရပြီ ဖြစ်သောကြောင့်ပင်။
တရုတ်သာမကဘဲ နိုင်ငံခြားပါ ပါသေးသည်။
ဝမ်ရွှေရှန့်က တိုက်ပွဲပေါင်းရာနှင့်ချီပြီး ဖြတ်သန်းခဲ့ဖူးသော်လည်း ဒီလိုအခြေအနေမျိုးနှင့် ရင်ဆိုင်ရချိန်မှာတော့ ဖိအားကြီးကို ခံစားမိပါသည်။
"အစ်ကိုကြီးဝမ် တခြားကိစ္စတွေက ပြဿနာမဟုတ်ဘူး။ ကုသစရိတ်ကိုသာ ပြောင်းလဲလို့ မဖြစ်တာ။”
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
ဝမ်ရွှေရှန့်က ခါးသီးစွာ ပြုံးလိုက်ပါသည်။
အဘယ့်ကြောင့်ဆိုသော် ဒီလူတွေက ဆေးဝါးကို ဖြန့်ချီဖို့ မူပိုင်ခွင့်လိုချင်တာ မဟုတ်ဘဲ ဆေးဝါး၏ တန်ဖိုးကို ဆုံးဖြတ်ဖို့ မူပိုင်ခွင့်လိုချင်နေတာဖြစ်ပါသည်။ ဒေါသထွက်ဖို့ကောင်းသော တောင်းဆိုချက်တစ်ခုလည်းပါသေးသည်။ ထိုကုထုံးများကို သွေးကင်ဆာအတွက်ထုတ်လုပ်ထားသော အထူးဆေးဝါးများနှင့် ကုသပေးရမည်ဆိုတာပင်။
ထိုဆေးဝါးများက လူနာ၏ ခန္ဓာကိုယ်အတွက် ထိခိုက်မှုရှိစေသောကြောင့် အဓိပ္ပာယ်မရှိသော တောင်းဆိုချက်ဖြစ်သည်။
ထို့အပြင် ကုန်ကျစရိတ်ကလည်း အဆပေါင်း ရာနဲ့ချီပြီး တိုးသွားလိမ့်မယ်။
ဒီလို ရက်စက်သည့် တောင်းဆိုချက်များကြောင့် ယဲ့ရှောင်ချန်း ဒေါသမထွက်လျှင် ထူးဆန်းနေပါလိမ့်မည်။
သူတို့ တော်တော်လေး အကျင့်ပျက်နေကြသည်။
လုံးဝ အကျင့်ပျက်နေကြပါသည်။
ထိုအချိန်တွင် ယန်မြို့တော်၏ ကောင်းကင်ဘုံ ကမ္ဘာမြေဆေးရုံကြီး၏ ပို့စ်များစွာ အင်တာနက်ပေါ်တွင် ပေါ်လာခဲ့ပါသည်။ တချို့မီဒီယာများက မကောင်းသည့် တင်ဆက်မှုများလုပ်ကြသည်။ ဘာပဲဖြစ်ဖြစ် အချက်အချာ မကျလှပါ။
ယဲ့ရှောင်ချန်းက ဂရုမစိုက်ပါ။ အောင်အောင် မြင်မြင် ကုသပေးနိုင်ခဲ့သည့် နမူနာများစွာ ရှိနေခြင်းက သူ့အတွက်လုံလောက်ပါသည်။
တခြားနည်းလမ်းများဖြင့် ပြဿနာရှာလာမည်ကိုလည်း ယဲ့ရှောင်ချန်းလုံးဝ မကြောက်ပါ။ သူ့လမ်းတွင် ဘာပဲဝင်ရှုပ်ရှုပ် ရင်ဆိုင်ရဲသည်။ တောင်ပိုင်းဒေသတွင် သူတည်ဆောက်ထားသည့် အဆက်အသွယ် ကွန်ရက်ကြီးမှာလည်း အလွန်အားကောင်းနေပါပြီ။
ထို့အပြင့် စစ်တပ်က နိုင်ငံတော်အတွက် ထူးချွန်သော ထောက်ပံ့ကူညီမှုများအတွက် သူ့ကို ဗိုလ်ချုပ်ရာထူးအဆင့် ပေးအပ်သွားမည်ဆိုသည့် သတင်းများလည်း ထွက်နေပါပြီ။
မုန်းတီးသူများ ပေါ်လာခြင်းကြောင့် အနည်းငယ် ထိခိုက်ရသော်လည်း ဆေးရုံ၏ လုပ်ငန်းကိုတော့ လုံးဝ ထိခိုက်မှုမရှိပါ။
အဘယ့်ကြောင့်ဆိုသော် လူနာများအတွက် တခြားနည်းလမ်းမရှိတော့သည့်အခါ မျှော်လင့်ချက် သေးသေးလေး ရှိနေလျှင်တောင် သူတို့ ကြိုးစားကြလိမ့်မည်။ ထို့အပြင် ဒီလောက် များပြားသည့် သာဓကများကြောင့် လူများစွာကို မျှော်လင့်ချက်ကြီးမားစွာ ပေးခဲ့ပါသည်။
လအနည်းငယ်လောက်အထိ ယန်မြို့တော်၏ ကောင်းကင်ဘုံ ကမ္ဘာမြေ ဆေးရုံကြီးမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့သည်။
နောက်ဆုံးတော့ ဆေးဝါးလောကကြီး ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့ရပါသည်။
သူတို့သည် နည်းလမ်းပေါင်းစုံ အသုံးပြုုခဲ့သော်လည်း ဘာမှ အသုံးမဝင်ခဲ့ပေ။