ကောင်လေး ပျောက်နေတယ်
Vol. 20 Ch. 300
ကောင်းကင်ဘုံလှိုဏ်ဂူ စိုက်ပျိုးရေးခြံ။
ယဲ့ရှောင်ချန်း ခြေပုလ္လင်ခွေထိုင်ကာ အသက်ကို ရှူသွင်း ရှူထုတ်လုပ်နေပြီး အင်မော်တယ် ဝိညာဥ်စွမ်းအင် ပမာဏအများကြီးက ဝဲဂယက် တစ်ခုကို ဖြစ်ပေါ်နေစေသည်။
သူ့ကျင့်ကြံမှုက စက္ကန့်တိုင်း ဖွံ့ဖြိုးနေခဲ့သည်။
သူ့သဘောဝ ဝိညာဥ်ကလည်း စက္ကန့်တိုင်း ကောင်းကင်ဘုံလှိုဏ်ဂူကြီးနှင့် ပေါင်းစည်းနေခဲ့၏။
ယခု သူ့ခန္ဓာကိုယ် ကောင်းကင်ဘုံလှိုဏ်ဂူ တစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟု ခံစားရကာ တစ်သားတည်းဖြစ်လာသည်ဟု ခံစားလိုက်ရသည်။
"ဟူးး အချိန်တိုးမြှင့်ဖို့ အချိန်ကျပြန်ပြီ"
ယဲ့ရှောင်ချန်း မျက်လုံးဖွင့်ကြည့်လိုက်ပါသည်။
အဆပေါင်းများစွာ အချိန်တိုးမြှင့်ခြင်းက သူ့အတွက် သက်ရောက်မှု မရှိတော့ဘူးဟု ခံစားလိုက်ရပါသည်။
သိပ်မကြာသေးခင်က အချိန်တိုးမြှင့်မှုကို ၂ ဆမှ ၆ ဆအထိ တိုးမြှင့်ခဲ့၏။
ထို့အပြင် လျန်ယူကျူးနှင့် တခြားသူများလည်း အသားကျနေလောက်ပြီဟု သူယုံကြည်ပါသည်။
ဒီလိုစဥ်းစားရင်း ယဲ့ရှောင်ချန်း၏ အတွေး လှုပ်ရှားသွားကာ အချိန်ကို ၂ ဆ ထပ်တိုးမြှင့်လိုက်သည်။
အချိန် ၈ ဆတိုးမြှင့်မည်။
ဝှစ်
လူရိပ်တစ်ခု လှစ်ခနဲ ပျံသန်းလာပြီး သူ့ဘေးသို့ ရောက်လာခဲ့သည်။ အလွန်ချောမော လှပသည့် ၇နှစ် ၈နှစ်သား အရွယ်ကလေးလေး ဖြစ်ပါသည်။
လျန်ယူကျူးနှင့် လုတုန်ချမ်းတို့၏သား လုဖန်းလိုင်ဖြစ်ပါသည်။
"ဆရာ အချိန်စီးဆင်းမှုကို ထပ်တိုးမြှင့်လိုက်ပြန်ပြီလား။”
ကလေးလေးက အမြန်မေးလိုက်သည်။
"အေး ဖန်းလိုင် မင်းဘယ်လို ခံစားရလဲ။”
ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။
ဒီလိုချစ်ဖို့ကောင်းပြီး၊ ပါးနပ်ကာ သာမန်ထက် ထူးကဲသော ကောင်လေးက အလွန်ပါရမီရှိသောကြောင့် ယဲ့ရှောင်ချန်း သူတပည့်အဖြစ်လက်ခံခဲ့ပါသည်။ သူက စိုက်ပျိုးရေးတွင်လည်း ပါရမီပါက ကမ္ဘာမြေ အဆင့် ၇ အထိ ရှိပါသည်။
သူက သူ့မိဘများထက် ပိုမြင့်သေး၏။
သူ့တွင် ဒီလောက်မြင့်မားသည့် စိုက်ပျိုးရေး ပါရမီရှိနေခြင်းက သူ့မိဘများ၏ မြင့်မားသော စိုက်ပျိုးရေးပါရမီများကြောင့်သာမကဘဲ သူက ကောင်းကင်ဘုံလှိုဏ်ဂူထဲတွင် မွေးဖွားလာသောကြောင့် ဖြစ်မည်ဟု ခန့်မှန်းမိပါသည်။ ဒီကဝိညာဥ်စွမ်းအင်များက အင်မော်တယ် ဝိညာဥ်စွမ်းအင်များဖြစ်ကြသည်။ အင်မော်တယ် ကျင့်ကြံခြင်းလောက မယှဥ်နိုင်လောက်အောင် ဝေးကွာလွန်းလှပါသည်။
ထို့အပြင် သူ့ကို မမွေးခင် ၃ နှစ် ကိုယ်ဝန်ဆောင်ခဲ့ရသဖြင့် သူ့ပါရမီကို အလွန်ကောင်းမွန်စွာ သက်ရောက်မှုရှိစေခဲ့ပါသည်။
မကြာသေးခင်ကမှ ထုယွဲ့ချွီလည်း ကိုယ်ဝန်ရှိနေကြောင်း သူသိခဲ့ရ၏။
သူမျှော်လင့်ထားပါသည်။ လုဖန်းလိုင်လို ပါရမီရှိသည့် ကလေးမျိုး မွေးပေးနိုင်မလားဟု စဥ်းစားနေမိသည်။
ယဲ့ရှောာင်ချန်းက လျန်ယူကျူးနှင့် လုတုန်ချမ်းတို့ကို ကလေးနည်းနည်းထပ်ယူဖို့ပင် အားပေးခဲ့ပါသည်။
"မလုံလောက်သေးဘူး။ နည်းနည်းလောက် ထပ်မြှင့်လိုက်ပါလား။”
လုဖန်းလိုင်က ပြောလိုက်ပါသည်။
"ဟားဟား မင်းမိဘတွေ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။”
ယဲ့ရှောင်ချန်းက ရယ်မောလိုက်ပါသည်။
"သူတို့ ခံနိုင်ရည်က တော်တော်နည်းလွန်းတယ်။ ကျွန်တော့်လို ကလေးတစ်ယောက်တောင် ခံနိုင်ရည်ရှိတာကို။”
လုဖန်းလိုင်က နှုတ်ခမ်းစူကာ အထင်သေးစွာ ပြောလိုက်ပါသည်။
"ဆရာ ကျွန်တော့်ကို အပြင်မှာ ကစားဖို့ ခေါ်သွားပါလား။”
လုဖန်းလိုင်က ယဲ့ရှောင်ချန်း၏ ကျောကို မှီကာ ပြောလိုက်ပါသည်။
"အင်း မင်းက ဒီအသက်အရွယ်တောင်ရောက်နေပြီဆိုတော့ ကျောင်းတက်သင့်ပြီ။”
ယဲ့ရှောငာ်ချန်းက လုဖန်းလိုင်ကို ကြည့်လိုက်သည်။ လက်တွေ့ဘဝတွင် သူက ၆ လလောက်သာ ရှိသေးသော်လည်း ကောင်းကင်ဘုံလှိုဏ်ဂူထဲတွင်တော့ ၅ နှစ်နီးပါးရှိနေပါပြီ။
ထို့အပြင် သူ့ကြီးထွားနှုန်းကလည်း သာမန်ကလေးများထက် အများကြီး ပိုမြန်ဆန်၏။ ထို့ကြောင့် သူ့ပုံစံက ၆ နှစ် ၇ နှစ်အရွယ်ကလေး တစ်ယောက်နှင့်ပင်တူနေပါသည်။
သူ့ရွယ်တူများထက်လည်း အများကြီး ပိုထက်မြက်၏။
ထို့အပြင် သူ့အသက်အရွယ်က ငယ်သော်လည်း သူ့ကျင့်ကြံခြင်းအဆင့်က မနိမ့်ပါ။ သူက အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်သို့ပင် ရောက်နေပါပြီ။
ဒီကောင်လေးက စိုက်ပျိုးရေးပါရမီ အလွန် ပါသဖြင့် ဒီလောက်မြန်မြန် ကျင့်ကြံနိုင်တာ ပုံမှန်ပဲဖြစ်သည်။
ထို့အပြင် ဒါကလည်း ယဲ့ရှောင်ချန်း သူ့ကို ဖိနှိပ်ထားသောကြောင့် ဖြစ်ပါသည်။ မဟုတ်ပါက သူချီသန့်စင်ခြင်းအဆင့်သို့ပင် ရောက်နေလောက်ပြီ ဖြစ်သည်။
သို့သော်လည်း သူ့ကို အပြင်ဘက်တွင် ကျောင်းတက်ခိုင်းဖို့တော့ ယဲ့ရှောင်ချန်း တကယ်စိတ်ပူမိပါသည်။ ဘာပဲဖြစ်ဖြစ် သူက ကလေးတစ်ယောက်ဖြစ်သော်လည်း သာမန်ကလေးတစ်ယောက်တော့မဟုတ်ပါ။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်၏ စွမ်းအားကို ကျွမ်းကျင်တတ်မြောက်ထားသော ကလေးတစ်ယောက်ကို လက်တွေ့ကမ္ဘာမှ ထိပ်တန်းသိုင်းပညာရှင်များပင် ယှဥ်နိုင်ဖွယ်မရှိပါ။
"ဖန်းလိုင်။ ငါမင်းကို ကျောင်းထားပေးလို့ ရတယ်။ ဒါပေမယ့် ငါတို့ စည်းမျဥ်း ၃ ခုတော့ လုပ်ရမယ်။”
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
"ဆရာ ပြောသာပြောပါ။ ဖန်းလိုင် သေချာပေါက် နာခံပါ့မယ်။”
လုဖန်းလိုင်က ကလေးလူကြီးလေး တစ်ယောက်လိုပင်။
"ပထမဆုံး မင်းရဲ့ ကျင့်ကြံစွမ်းအားတွေကို တခြားသူတွေရှေ့မှာ မသုံးရဘူး။”
"ဒုတိယက အတန်းထဲမှာ သေချာနားထောင်ရမယ်။”
"တတိယက မင်းရဲ့ ဆရာပြောစကား နားထောင်ရမယ်။”
"အဲ့ဒီအချက်သုံးချက် ငါ့ကို ကတိပေးနိုင်ရင် မင်းသွားလို့ရတယ်။ ဒါပေမယ့် အဲ့ဒီထဲက တစ်ချက်ချက်ကို ဖောက်ဖျက်မိရင်တော့ မင်းကို ဒီပဲ ပြန်ခေါ်လာဖို့ရှိတယ်။”
ယဲ့ရှောင်ချန်းက အတည်ပေါက်ပြောလိုက်ပါသည်။
"ဆရာ။ စိတ်မပူပါနဲ့။ ကျွန်တော် နာခံပါ့မယ်။ ကျွန်တော် တခြားသူတွေနဲ့ မတူတာ ကျွန်တော် သိပါတယ်။ ကျွန်တော် စာကြိုးစားသင်မယ်။ ဆရာ့ပြောစကား နားထောင်ပြီး အတန်းဖော်တွေနဲ့လည်း အဆင်ပြေအောင် နေပါ့မယ်။ ဘယ်တော့မှ အကျင့်မယုတ်ဘဲ ကျွန်တော့် ကျင့်ကြံစွမ်းအားတွေကို တခြားသူတွေရှေ့မှာ သေချာပေါက် မသုံးပါဘူး။ကျွန်တော် လိမ္မာပြီး စကားနားထောင်တဲ့ကလေး ဖြစ်စေရပါမယ်။”
လုဖန်းလိုင်က အမြန်ပြောလိုက်ပါသည်။
လုဖန်းလိုင်၏ တည်တံ့သော ပုံစံကို မြင်သောအခါ ယဲ့ရှောင်ချန်း ပြုံးလိုက်မိပါသည်။
အမှန်ပင်။ အခုတော့ လိမ္မာနေသေးသည်။ သို့သော် ကျောင်းရောက်သွားလျှင် စိတ်ပြောင်းသွားမလား သူမသိပါ။
စက်တင်ဘာလ အစတွင်။
၂လတာ နွေရာသီအားလပ်ရက် အဆုံးတွင် မူလတန်းနှင့် အလယ်တန်းကျောင်းများ ပြန်ဖွင့်ပြီး ကျောင်းသားများ ကျောင်းသို့ တစ်ယောက်ပြီးတစ်ယောက် လာကြပါသည်။
သူ့ညီမက အိမ်မှာ ရက်ပိုင်းလောက်သာ နေခဲ့သည်။
ထို့အပြင် သိပ်မကြာသေးခင်က ယဲ့ယင်နှင့် ကွေမိုယွမ်တို့ စေ့စပ်ခဲ့ကြသည်။ မင်္ဂလာဧည့်ခံပွဲ မလုပ်သေးဘဲ သူတို့မိသားစုကိုသာ ဖိတ်ကြားခဲ့သည်။ သို့သော်လည်း စားပွဲကတော့ ဆယ်ချီကာ ရှိနေခဲ့ပါသည်။
ကောမော့ယွင်၏ မိဘများနှင့် ဆွေမျိုးများစွာ လာခဲ့ကြသည်။
သူတို့နှစ်ယောက်၏ မင်္ဂလာကိစ္စအတွက်ကတော့ လာမယ့် နွေရာသီအားလပ်ရက်တွင် သတ်မှတ်ထားသည်။ ထိုအချိန်ဆို သူတို့ နှစ်ယောက်စလုံးလည်း ဘွဲ့ရပြီးလောက်ပါပြီ။
လုဖန်းလိုင်လေးကိုလည်း မြို့ထဲက မူကြိုသို့ စာသင်ဖို့ ပို့ခဲ့ပါသည်။
ထိုကောင်လေးက အတော်လေး စကားနားထောင်ပါသည်။
သို့သော်လည်း တစ်ပတ်လောက် ကြာသောအခါ စဖောက်လာခဲ့သည်။
ဒီနေ့ ယဲ့ရှောင်ချန်း သုတေသနအဖွဲ့အစည်းထဲတွင် ရှိနေတုန်း မူကြိုကျောင်းမှ ဖုန်းဆက်လာကာ လုဖန်းလိုင် ပျောက်နေသည်ဟု ပြောသည်။
ယဲ့ရှောင်ချန်းက ကောင်လေး၏ ဘေးကင်းမှုကို စိတ်မပူပါ။ သို့သော် ပြဿနာရှာမည်ကိုတော့ စိုးရိမ်မိပါသည်။
ချက်ချင်းပဲ ယဲ့ရှောင်ချန်း ထိုက်ဖျင်မြို့သို့ ကားမောင်းသွားခဲ့ပါသည်။
ယဲ့ရှောင်ချန်းက လုဖန်းလိုင်ထံတွင် ခြေရာခံ အဆောင်တစ်ခု တပ််ဆင်ထားသဖြင့် သူပျောက်ဆုံးသွားမှာကို စိတ်မပူပါ။
နောက်ဆုံးတော့ ကောင်လေးကို အင်တာနက် ကဖေးတစ်ခုတွင် တခြားသူများ ဂိမ်းဆော့နေတာကို ကြည့်နေလျက်သား တွေ့ခဲ့ပါသည်။
"ဖန်းလိုင် မင်းဘာလို့ စကားနားမထောင်တာလဲ။”
ယဲ့ရှောင်ချန်းက မေးလိုက်၏။
"ဦးလေး ကျောင်းသွားရတာ ပျင်းဖို့ကောင်းတယ်။ ရိုးရှင်းလွန်းတယ်။ ကျွန်တော်ဆက်နေရင် ရူးသွားလိမ့်မယ်။”
လုဖန်းလိုင်က မှုန်ကုပ်စွာ ပြောလိုက်ပါသည်။
"ဒါပေမယ့် အင်တာနက် ကဖေးက ဂိမ်းတွေကို ဆော့ရတာတော့ စိတ်ဝင်စားဖို့ ကောင်းတယ် ထင်တယ်။ ဦးလေးယဲ့ ကျွန်တော့်ကို ကစားခွင့်ပေးပါ။”
လုဖန်းလိုင်က တောက်ပနေသော မျက်လုံးများဖြင့် ပြောလိုက်ပါသည်။
"မရဘူး။ ကလေးတစ်ယောက်က ဘယ်လိုလုပ် ဂိမ်းဆော့လို့ရမှာလဲ။”
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
"ဒါဆို သူကကော ဘာလို့ ကစားလို့ ရတာလဲ။”
လုဖန်းလိုင်က မလှမ်းမကမ်းတွင်ရှိနေသော သူနဲ့အသက်သိပ်မကွာသည့် ကလေးတစ်ယောက်ကို လက်ညှိုးထိုးပြလိုက်ပါသည်။
ယဲ့ရှောင်ချန်း ဆွံ့အသွားသည်။
"ကျွန်တော့်ကို နည်းနည်းလောက် ပျော်ခွင့် ပေးပါဗျာ။”
လုဖန်းလိုင်က ပြောလိုက်သည်။
"အေးပါ အေးပါကွာ။”
ယဲ့ရှောင်ချန်းရွေးချယ်စရာ မရှိတော့ဘဲ သူ့ကို နာရီဝက်လောက် ကစားခွင့် ပေးလိုက်ရတော့သည်။
နောက်ဆုံးမှာတော့ ယဲ့ရှောင်ချန်း မြို့ထဲတွင် အိမ်တစ်လုံးငှားကာ အင်တာနက်ကြိုးသွယ်ပြီး ကွန်ပျူတာ တစ်လုံးလည်း ဝယ်ကာ လျန်ယူကျူးနှင့် လုတုန်ချမ်းတိ့အား လုဖန်းလိုင်ကို ဂရုစိုက်ခိုင်းလိုက်သည်။ ဘာပဲဖြစ်ဖြစ် မြို့ထဲမှာ နေခြင်းက ပြဿနာမရှိလောက်ပါ။
နေ့တိုင်း အတန်းပြီးသောအခါ ကောင်လေးက သူတို့ငှားထားသော အိမ်တွင် ဂိမ်းကို ၂နာရီ ကစားပြီး စိုက်ပျိုးရေးခြံသို့ သူ့မိဘများနှင့် အတူတူပြန်ခဲ့သည်။
ရုတ်တရက် တစ်နေ့တွင် ယဲ့ရှောင်ချန်းတစ်ယောက် မူကြိုထံမှ သတင်းထပ်ကြားခဲ့ရပြန်၏။
လုတုန်ချမ်း ပျောက်သွားပြန်ပြီ
ယဲ့ရှောင်ချန်း ထူးဆန်းသလို ခံစားလိုက်ရသည်။ သူမြို့ထဲသို့ ပြန်လာခဲ့၏။ သို့သော် ခြေရာခံ အဆောင်၏ ရောင်ဝါကို အာရုံမရတော့ပါ။
သူ ထိတ်လန့်သွား၏။ ဖြစ်နိုင်ခြေက နှစ်ခုသာ ရှိသည်။ တစ်ခုက လုဖန်းလိုင် ထိုက်ဖျင်မြို့ထဲမှ ထွက်သွားတာဖြစ်ပြီး နောက်တစ်ခုကတော့ လုဖန်းလိုင်၏ ကိုယ်ပေါ်က ခြေရာခံ အဆောင် ဖယ်ရှားခံလိုက်ရခြင်းဖြစ်သည်။
ဒုတိယ ဖြစ်နိုင်ခြေက မဖြစ်နိုင်သလောက် ရှိ၏။ အဘယ့်ကြောင့်ဆိုသော် ချီသန့်စင်ခြင်းအဆင့် အထက်မရှိပါက ခြေရာခံ အဆောင်ကို ထိနိုင်မှာ မဟုတ်သောကြောင့် ဖြစ်ပါသည်။
လက်ရှိ သေမျိုးလောကထဲတွင် ယဲဘ့ရှောင်ချန်းနှင့် တချို့သူများမှအပ ချီသန့်စင်ခြင်းအဆင့်ရောက်သူ ဘယ်သူမှ မရှိပါ။
ယဲ့ရှောင်ချန်းမျက်နှာ မှုန်မှိုင်းလာခဲ့သည်။
လုဖန်းလိုင်၏ ကျင့်ကြံမှုနဲ့ဆို သာန်လူတွေက သူ့ကိုလုံးဝ ဖမ်းသွားဖို့ဆိုတာ မဖြစ်နိုင်ပါ။ လင်းဖန်က သာမန်ကလေးမဟုတ်ဘဲ အလွန်ထက်မြက်သည်။
ပုံမှန်မဟုတ်သည့် နည်းလမ်းများကို အသုံးပြုခဲ့ရင်တော့ သူမပြောတတ်ပေ။
ထိုသို့စဥ်းစားရင်း ယဲ့ရှောင်ချန်းအနည်းငယ် စိတ်ပူလာ၏။ လုဖန်းလိုင် ယခု အခြေအနေ ဘယ်လို ရှိနေသလဲ သူ မသိပါ။
ခြေရာခံအဆောင်က ဝေးလွန်းနေသဖြင့် အာရုံခံဖို့ အလွန်အခက်အခဲဖြစ်နေခဲ့ပါသည်။
ယဲ့ရှောင်ချန်းက အဆောင်တစ်ခုကို ချက်ချင်းထုတ်လိုက်ပြီး ရက်တစ်ရက် ထုခြေလိုက်သောအခါ ထူးဆန်းသည့် အလင်းရောင်တစ်ခု ထွက်လာခဲ့သည်။
သူ့လက်သင်္ကေတများကို သုံးလိုက်သောအခါ အလင်းတန်းများ လင်းထိန်လာပြီး ရုတ်တရက် ပွင့်ထွက်သွား၏။ ထို့နောက် မမြင်ရသော အလင်းဝိုင်းကြီးတစ်ခုဖြစ်ပေါ်ကာ အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားခဲ့ပါသည်။
"အပင်လမ်းရှာဖွေ နည်းလမ်းသွယ်။”
ယဲ့ရှောင်ချန်း မျက်လုံးကို ပိတ်လိုက်သည်။ မြို့တစ်မြို့လုံးက သူမြင်နိုင်သော အကွာအဝေးတစ်ခု ဖြစ်သွား၏။ တစ်ချိန်တည်းမှာပင် သူ့အမြင်ထဲ အပင်က အလင်းဝိုင်းတစ်ခုဖြင့် ပွင့်ဖူးနေ၏။ အပင်များ ယိမ်းနွဲ့ ကခုန်နေသည်ကို မြင်ရပါသည်။
ရုတ်တရက် ယဲ့ရှောင်ချန်း၏ မျက်လုံးအရောင်တောက်သွားပြီး အရပ်မျက်နှာ တစ်ဘက်ကို ကြည့်လိုက်သည်။
ကားကို ထိုအရပ်မျက်နှာအတိုင်း အလျှင်အမြန် မောင်းသွားလိုက်၏။
...
အနက်ရောင် ကားကြီးတစ်စီးထဲတွင်။
နိုင်ငံတော် အဝေးပြေးလမ်းမကြီးပေါ်တွင် ထိုကားတစ်စီး မောင်းနှင်နေခဲ့၏။
ကားထဲတွင် လူများစွာ ရှိနေသည်။
"ဟေ့ ကလေးလေး ဘယ်လိုလုပ် လှုပ်သွားတာလဲ။”
ယောက်ျားတစ်ယောက်က ရုတ်တရက် ပြောလိုက်ပါသည်။
"လီလင်း ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲကွ။ အဲ့တာ အဆင့်မြင့် မေ့ဆေးနော်။ ကလေးမပြောနဲ့ လူကြီးတစ်ယောက်တောင် ၃နာရီ ၅နာရီလောက်အထိ နိုးမလာနိုင်ဘူး။ ကလေးသာဆို ၁၀ နာရီလောက် ခံလိမ့်မယ်။”
ကားမောင်းနေသည့် အမျိုးသားကြီးက ရယ်မောလိုက်ပါသည်။
"ဟုတ်တယ်ဟ ကြည့်စမ်း သူ လှုပ်သွားပြန်ပြီ။"
ယောက်ျားတစ်ယောက်က ပြောလိုက်သည်။
တခြားသူများလည်း လှည့်ကြည့်လိုက်ကြသည်။ သေချာပါသည်။ ကလေးလေး လှုပ်ရှားသွားတာကို သူတို့ မြင်လိုက်ကြရပါသည်။
ချက်ချင်းဆိုသလိုပဲ ကလေးလေးလည်း သူတို့ကို ပြန်ကြည့်လာ၏။ သူ့မျက််လုံးများကို ပွတ်သပ်လိုက်ပြီး ကားကို တွေဝေစွာ ကြည့်လိုက်သည်။
"ခင်ဗျားတို့က ဘယ်သူတွေလဲ။”
လုဖန်းလိုင်က သူပျင်းနေသဖြင့် မူကြိုကျောင်းထဲမှ ခိုးထွက်ဖို့ ကြိုးစားခဲ့သည်ကို မှတ်မိသည်။ ထို့နောက် မမျှော်လင့်ဘဲ ကားတစ်စီးနှင့် ကြုံကာ ကားထဲက တစ်ယောက်ယောက်က သူ့ကို တစ်စုံတစ်ခု ပြောခဲ့သည်။ ထို့နောက် သူဘာမှ မသိရတော့ခြေ။
ရုတ်တရက် သူ့မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်း နားလည်သွားရသည်။
လူဆိုးကြီး တစ်ယောက်က သူ့ကို သတိလစ်အောင် လုပ်ခဲ့သည်။
လူဆိုးကြီးတွေနဲ့တွေ့ပြီး ငါအန္တရာယ်ရှိနေရင် လှုပ်ရှားလို့ရတယ်လို့ ဆရာက ပြောဖူးတယ်။
လုဖန်းလိုင် ချက်ချင်း မေးလိုက်သည်။ "ခင်ဗျားတို့ ဘာလုပ်ချင်လို့လဲ။”
"ဟီးဟီး ဒီကောင်လေးက နည်းနည်းတော့ ထူးခြားသားပဲ။ ဒီလောက်မြန်မြန်နိုးလာပြီး အေးအေးဆေးဆေးပုံစံပဲ။”
ယောက်ျားတစ်ယောက်က ရယ်မောလိုက်ပါသည်။
"ဒီကလေးမှာ အင်မော်တယ် ကျင့်ကြံသူတစ်ယောက်ရဲ့ ရောင်ဝါမျိုးရှိတယ်လို့ ခေါင်းဆောင်က မပြောခဲ့ဘူးလား။ သူလည်း အင်မော်တယ် ကျင့်ကြံသူ ဖြစ်ချင် ဖြစ်နေမှာပေါ့။”
နောက်ထပ် ယောက်ျားတစ်ယောက်က ပြောလိုက်ပါသည်။
ရုတ်တရက် အမျိုးသားကြီးများ တစ်ခုခုကို သတိထားမိသွားပုံရပြီး မျက်နှာများ ပြောင်းလဲသွားကြ၏။
ဟုတ်တယ်။ အင်မော်တယ် ကျင့်ကြံသူပဲ။
ဒီကလေးလေးကလည်း အင်မော်တယ် ကျင့်ကြံသူပဲ။
အဲ့တာကြောင့်လည်း ဒီလောက် မြန်မြန် နိုးလာခဲ့တာပေါ့။
ကံကောင်းစွာဖြင့် သူက ကလေးတစ်ယောက်သာဖြစ်သည်။ မဟုတ်ပါက သူတို့ ဒုက္ခများသွားနိုင်ပါသည်။
ဘာပဲဖြစ်ဖြစ် သူက အင်မော်တယ် ကျင့်ကြံသူဖြစ်သည်။ အထူးဌာနမှ လူများဖြစ်သောကြောင့် သူတို့ အင်မော်တယ်ကျင့်ကြံသူများ၏ ခွန်အားကို မြင်ဖူးပါသည်။ ၎င်းတို့ တစ်ယောက်ချင်းစီ၏ တိုက်ခိုက်စွမ်းအားက သာမန် စစ်သားများ တောင့်ခံနိုင်သော အရာမဟုတ်ပါ။
"ခင်ဗျားတို့ပြောတာမှန်တယ်။ ကျွန်တော်က အင်မော်တယ် ကျင့်ကြံသူပဲ။ ခင်ဗျားတို့က လူဆိုးတွေ။ အင်မော်တယ်ကျင့်ကြံသူတစ်ယောက်ကို မကောင်းကြံရဲတယ်ပေါ့။ ခင်ဗျားတို့ သေချင်နေတာပဲ။”
လုဖန်းလိုင်က ကလေးတစ်ယောက်နဲ့ လုံးဝ မတူပါ။ ထို့အစား လူကြီးတစ်ယောက်နဲ့ တူလာသည်။
ရုတ်တရက် သူလှုပ်ရှားလိုက်၏။ ခုန်လိုက်ပြီး သူ့လက်သီးသေးသေးလေးဖြင့် ထိုးလိုက်ပါသည်။ အလင်းလုံးတစ်ခုက သူ့လက်သီးပေါ်တွင် စုစည်းလာ၏။
ဝုန်းး
ကြောက်ဖို့ကောင်းသော အလင်းလုံးကြီး တစ်ခုပွင့်ထွက်သွားပြီး ကားတစ်စီးလုံးက မှန်များ ပေါက်ကွဲထွက်သွားသည်။
ဂျွတ်...
ကားက ရုတ်တရက်ကြီး အထိန်းအကွပ်မဲ့ကာ ဘေးက သစ်ပင်ကြီးတစ်ပင်ကို ဝင်တိုက်မိသွားပါသည်။
တစ်ချိန်တည်းမှာပင် လူရိပ်တစ်ခုက ဘေးမှန် ပြူတင်းမှ ပျံထွက်လာ၏။ ခြေဖျားတစ်ချက် ထောက်လိုက်ပြီး ၁၀ မီတာ အကွာအဝေးလောက်အထိ ရောက်ရှိသွားလေသည်။
သူကတော့ လုဖန်းလိုင်ပဲ ဖြစ်ပါသည်။