← Chapters

လင်းဖန်ပေးတဲ့လက်ဆောင် (၁)

Vol. 15 Ch. 211

လင်းဖန်ပေးတဲ့လက်ဆောင် (၁)

Vol. 15 Ch. 211

လှိုင်းပြာပင်လယ်အော်အိမ်ရာ...

နှလုံးသားရေကန်ဗီလာ၌။

လင်းဖန်အိမ်ပြန်လာသောအခါ ရှားရန်ရန်က တံခါးဝတွင် အသင့်စောင့်နေသည်။

Bugatti ကော်ပိုရေးရှင်းက ကမ္ဘာတစ်ဝှမ်းလုံးတွင် ထပ်မံ မထုတ်လုပ်တော့သော ပြိုင်ကားကြီး Bugatti Veyron Ettore ကို လင်းဖန်၏ အိမ်သို့ ကိုယ်တိုင်လာရောက် ပို့ဆောင် ပေးခဲ့သည်။

အမှန်ပင်။ လှိုင်းပြာပင်လယ်အော်အိမ်ရာမှ အိမ်ရာစီမံရေးနှင့် ကြိုတင် ဆက်သွယ်ခဲ့ရပါသည်။

ဒီနေ့ ရှားရန်ရန်တစ်ယောက် လှလှပပ ဝတ်ဆင်ထား၏။ ပခုံးပေါ် ရှပ်အင်္ကျီနှင့် ခပ်လန်းလန်း ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး သူမ၏ ခြေတံသွယ်သွယ်ကို ထုတ်ဖော်ပြသထား၏။ စနိကာ ဖိနပ်များကို ဝတ်ဆင်ထားပြီး နှလုံးသားရေကန်ဗီလာ၏ ဝင်ပေါက်တွင် လင်းဖန်ကို ရပ်စောင့်နေပါသည်။

"မစ္စတာလင်း ကြိုဆိုပါတယ်။"

"မစ္စတာလင်း မရှိတဲ့ ၆ ရက်အတွင်း ကျွန်မတို့ မစ္စတာလင်းရဲ့ ဗီလာကို နေ့တိုင်း သန့်ရှင်းရေး လုပ်ပါတယ်။ မစ္စတာလင်းရဲ့ ဗီလာထဲက ဘယ်ပစ္စည်းကိုမှလည်း မထိပါဘူး။"

"ပြီးတော့ ကျွန်မတို့ ဗီလာထဲက ကြောင်လေး ချွေ့ချွေ့ကို သေချာဂရုစိုက်ထားပါတယ်။ ရှင် မှာယူထားတဲ့ ပြိုင်ကားလည်း မနေ့က ရောက်လာပြီး မြေအောက် ဂိုထောင်ထဲမှာ ရှိပါတယ်။” ရှားရန်ရန်က အနည်းငယ် ဦးညွတ်ကာဖြင့် ပြောလိုက်ပါသည်။

လင်းဖန်က ခေါင်းငြိမ့်လိုက်၏။ "ပင်ပန်းသွားပါပြီ။"

ရှားရန်ရန်က တောက်ပနေသော အပြုံးဖြင့် မော့ကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "မစ္စတာလင်းကို ဝန်ဆောင်မှုပေးဖို့က မခက်ပါဘူး။ ပြိုင်ကားကို အခုကြည့်မလား။"

"ကောင်းပါပြီ။”

လင်းဖန် ကားဂိုထောင်ထဲဝင်သွားခဲ့သည်။

ကားဂိုထောင်ကို ဖွင့်လိုက်ရုံရှိသေးသည်။ လင်းဖန်ရှေ့၌ ခပ်လန်းလန်း ပြိုင်ကားတစ်စီး ပေါ်လာ၏။

Bugatti Veyron Ettore Bugatti

ကမ္ဘာကြီးထဲတွင် ဒီလို Limited Edition ပြိုင်ကားမျိုး တစ်စီးသာရှိပြီး စျေးနှုန်းက ၂၂၃ သန်း တန်သည်။

ဒီလိုပြိုင်ကားမျိုးတွင် လက်ရာမြောက်သော ပုံစံရှိ၏။ အနက်ရောင်ဖြစ်သော်လည်း အလွန် ဇိမ်ရှိကာ အဆင့်မြင့်သည်။

ဒါက ပြိုင်ကားစစ်စစ်တစ်စီး၏ သင်္ကေတပဲ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လင်းဖန် တစ်ခုခုကို သတိထားမိသွား၏။

ကားဂိုထောင်ထဲတွင် Bugatti La Voiture Noire အသစ်စက်စက်တစ်စီးလည်း ရှိနေသည်။

Bugatti ကော်ပိုရေးရှင်းက လင်းဖန်၏ Limited Edition ပြိုင်ကားကို ပြန်ပြုပြင်ဖို့ တကယ်ကူညီပေးခဲ့၏။

ကားသစ်နှင့်ယှဥ်လျှင် လင်းဖန်က သူ့ကားဟောင်းကိုသာ ပိုပြီးသံယောဇဥ်ရှိ၏။

ကားဂိုထောင်ထဲတွင် စုစုပေါင်း ဇိမ်ခံကား ၄ စီးရှိပါသည်။

Rolls-Royce Cullinan, Koenigsegg One, Bugatti La Voiture Noire နှင့် Bugatti Veyron Ettore Bugatti တို့ ဖြစ်ကြသည်။

ပြိုင်ကား ၄ စီးကို အတူတကွ သေသေသပ်သပ် ပါကင်ထိုးထား၏။

ရှားရန်ရန်က သူ့ကို လေးစားအားကျစွာဖြင့် ကြည့်နေ၏။

လင်းဖန်၏ ပြိုင်ကားများက အလွန်လှပလွန်းသည်။

ပြိုင်ကားတိုင်းက အလွန်တန်ဖိုးကြီးမားသော ဘရန်းများသာ။

အသစ်စက်စက် Bugatti Veyron Ettore Bugatti ကြီးက ရှားရန်ရန်၏ ကမ္ဘာကြီးအပေါ် မြင်သည့်အမြင်ကို တိုးချဲ့ပေးလိုက်သည်။

လွန်ခဲ့သည့် ရက်ပိုင်းလောက်ကားမှ ထုတ်လုပ်သည့် သတင်းကိုမြင်ခဲ့ပြီး ဒီ Bugatti Veyron Ettore Bugatti ကားကြီး၏ စျေးနှုန်းကို သိပြီးသားဖြစ်သည်။

လင်းဖန်က တကယ်ကြီး နောက်ထပ် စျေးကြီးကြီး ပြိုင်ကားတစ်စီးကို ဝယ်ခဲ့ပြန်ပြီ။

သူမလို သာမန်မိန်းကလေးတစ်ယောက်တော့ ကျန်တစ်ဘဝလုံး အားသာကျနိုင်တော့မည်။

လင်းဖန်၏ ကောင်မလေးဖြစ်နိုင်ရင် ကောင်းမည် ဆိုသော်လည်း သူမက သာမန် အိမ်ရာ အေးဂျင့်တစ်ယောက် ဖြစ်သည်။ ထို့အပြင် လင်းဖန်မှာ ယခု ကောင်မလေးရှိပြီးသာဖြစ်၏။

"အားလုံး အဆင်ပြေပါတယ်။ ကျွန်တော် ဝယ်နိုင်တယ် ဆိုရုံလောက်ပါပဲ" လင်းဖန်က ပြုံးကာ ပြောလိုက်သည်။

"..." ရှားရန်ရန်။

ဒီပြိုင်ကားလေးစီးကို ဝယ်နိုင်တယ် ဆိုရုံပဲ ဆိုပါလား။

ဒီလိုပြိုင်ကားမျိုးတွေကို လူအတော်များများက တစ်သက်လုံး ဝယ်နိုင်ကြမှာတောင် မဟုတ်ပါ။

ဒုတိယမျိုးဆက် သူဌေးသားတချို့တောင် ရှုသာရှုမျှော်နိုင်ကြလိမ့်မည်။

ဒီလို ပြိုင်ကားမျိုးကို လင်းဖန်အတွက် သက်သက် ပြင်ဆင်ပေးထားခြင်းကို ကြည့်ခြင်းအားဖြင့် လင်းဖန်၏ အဆင့်အတန်းက သာမန် မဟုတ်မှန်း သိနိုင်ပါသည်။

"အစ်ကိုကြီးရေ~" လင်းယွီရှစ်ပြန်လာပြီး လင်းဖန်ကို မြင်သွားသည်။

"ဝါး... ငါ့အစ်ကိုရဲ့ ပြိုင်ကားက အရမ်းလှပါလား။ နောက်ထပ်တစ်စီး ထပ်ဝယ်လိုက်ပြန်ပြီလား" လင်းယွီရှစ်က လင်းဖန်၏ နံဘေးကို အပြေးသွားပြီး အသစ်စက်စက် Bugatti Veyron Ettore Bugatti ပြိုင်ကားကြီးကို ကြည့်လိုက်သည်။

ဒီလိုပြိုင်ကားကြီးက အလွန်ကြည့်ကောင်းလှကာ မျက်စိကျစရာပင်။

ဒီပြိုင်ကားများ၏ ဓာတ်ပုံများကို အွန်လိုင်းပေါ်က ကြည့်ပါက ဘာမှ မခံစားရနိုင်သော်လည်း အပြင်လောကတွင် ဒီပြိုင်ကားများကို တွေ့မိပါက အလွန်အမင်း အံ့အားသင့်သွားနိုင်သည်။

ယွမ် သန်းပေါင်း ၂၂၆ သန်းတန် ပြိုင်ကားကြီး တစ်စီးကို လမ်းမပေါ် ရပ်ထားပါက အရှေ့အနောက် ဘယ်လိုကားမျိုးက နီးနီးကပ်ကပ် နေရဲမှာလဲ။

သူတို့ တိုက်မိပါက တစ်သက်လုံး ပြန်လျော်နိုင်တော့မည် မဟုတ်ပေ။

"အင်းး ၂၂၆ သန်းတန် ပြိုင်ကားတစ်စီးကို ငါ့အတွက် အထူးတလည် ပြုပြင်ပေးထားတာလေ" လင်းဖန်က လင်းယွီရှစ်ကိုကြည့်ရင်း ပြောလိုက်ပါသည်။

"ဟာ အစ်ကိုကြီး ဘာဖြစ်လို့ ဒီလောက်တောင် ချမ်းသာနေရတာလဲ။ အခုမှ ကပ်ဖားမယ်ဆို နောက်ကျသွားပြီလား" စျေးနှုန်းကို ကြားလိုက်ရသောအခါ လင်းယွီရှစ် ကြက်သေသေသွားခဲ့၏။

ဒီပြိုင်ကားများ၏ ဘရန်းနှင့် စျေးနှုန်းများကို လူတိုင်းမသိကြသော်လည်း လင်းယွီရှစ် ထိတ်လန့်တုန်လှုပ်သွား၏။

လင်းဖန်က သန်းရာချီတန်ဖိုးရှိသည့် Bugatti ပြိုင်ကားတစ်စီးနှင့် သန်းချီပြီးတန်ဖိုးရှိသည့် Rolls-Royce Cullinan ကားတစ်စီးကို ဝယ်ခဲ့လျှင် လင်းယွီရှစ် လက်ခံနိုင်သေးသည်။ ဘာပဲဖြစ်ဖြစ် သူမ အစ်ကိုက ကြယ်ပွင့်တစ်ပွင့်ဖြစ်ပြီး အလွန်တော်တာပဲ မဟုတ်လား။

ယခုတော့ လင်းယွီရှစ် အနည်းငယ် အံ့သြသွားရသည်။ ၂၂၆ သန်းတန် ပြိုင်ကားတစ်စီး ဖြစ်သည်။ ယွမ် သန်း ၂၀၀ ကိုမပြောနဲ့ဦး, ဘေးနားက ယွမ် ၂၆ သန်းတန်ကတောင် သာမန်လူတွေ တတ်နိုင်သည့် စျေးနှုန်းမျိုး မဟုတ်ပါ။

လင်းယွီရှစ်က တက္ကသိုလ်တွင် အလွန်ကြိုးစားပြီး ပညာသင်ယူခဲ့သည်။ ပညာသင်ဆုပေါင်းစုံကိုလည်း ဆွတ်ခူးနိုင်ခဲ့၏။ သူမ၏ ပုံမှန် တိုက်ရိုက်ထုတ်လွှင့်မှု ဝင်ငွေများနှင့် ပေါင်းလိုက်လျှင် တစ်လကို ယွမ်နှစ်သောင်းလောက်သာ ဝင်ငွေရှိပါသည်။

သူမကိုယ်သူမပင် အလွန်တော်နေပြီဟု ထင်ခဲ့မိသည်။ သို့သော် သူမအစ်ကိုနှင့် ယှဥ်လိုက်ပါက ချက်ချင်းဆိုသလို ရှုံးနိုင်သွားခဲ့လေပြီ။

အမှန်ပင်။ လင်းဖန် ပေါ်လာသည့် လင်းယွီရှစ်၏ နောက်ဆုံး တိုက်ရိုက်ထုတ်လွှင့်မှုပြီးကတည်းက တိုက်ရိုက်ထုတ်လွှင့်မှုများမှ ရရှိသည့် လင်းယွီရှစ်၏ လစဥ်ဝင်ငွေများမှာ ကြီးကြီးမားမား မြင့်တက်သွားခဲ့သည်။ တစ်လကို ၂၀,၀၀၀ မှ ယခု ၈၀,၀၀၀ အထိတက်သွားခဲ့သည်။။ ဒါတောင် လင်းယွီရှစ် အတည်ပေါက် တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်ခဲ့စဥ်က ဖြစ်၏။

လင်းဖန်က ပြုံးကာ လင်းယွီရှစ်၏ ခေါင်းကို ပွတ်ပေးလိုက်သည်။ "ငါကနင့်အစ်ကိုပဲ ကပ်ဖားဖို့ ဘယ်တော့မှ နောက်မကျဘူးနော်။"

လင်းယွီရှစ်က ပျော်ရွှင်စွာဖြင့် ပြုံးလိုက်သည်။ "အစ်ကိုကြီးကို အသေချစ်တယ်။ ဒီလောက် ကောင်းတဲ့ အစ်ကိုနဲ့သာဆို ဘယ်သူက ကောင်လေး လိုတော့မှာလဲ။"

လင်းဖန်က မျက်မှောင်ကြုတ်သွားသည်။ "ကောင်လေးတော့ ရှာမှဖြစ်မှာပေါ့။ ဒါပေမယ့် တွဲတဲ့အခါကျရင် တဖက်လူရဲ့ စရိုက်ကို သေသေချာချာ အကဲဖြတ်တတ်ရမယ်။ ဖြစ်ကတတ်စမ်း ရည်းစားမထားရဘူး။ ပြီးတော့လည်း လက်မထပ်ခင် အတူမနေရဘူး။ ကိုယ့်ကိုယ်ကို ထိန်းကျောင်းနိုင်ရမယ်"

ညီမဖြစ်သူရှေ့ရောက်လျှင် လင်းဖန်က အမြဲလိုလို ပွစိပွစိလုပ်တတ်ပါသည်။

All Chapters