← Chapters

လင်းဖန်ပေးတဲ့လက်ဆောင် (၂)

Vol. 15 Ch. 212

လင်းဖန်ပေးတဲ့လက်ဆောင် (၂)

Vol. 15 Ch. 212

ဘာပဲဖြစ်ဖြစ် ယောက်ျားအချင်းချင်းသာ သူ့အကြောင်း ကိုယ့်အကြောင်း အနားလည်ဆုံး ဖြစ်၏။။

လင်းဖန်နှင့် ရှားဝမ်ချွေ့တို့က မစေ့စပ်ရသေးပေ။ ရက်နည်းနည်းလောက် တွဲလိုက်ရုံနဲ့ လင်းဖန် မထိန်းသိမ်းနိုင်တော့ပါ။

ရှားဝမ်ချွေ့လည်း မထိန်းသိမ်းနိုင်တော့ပါက လင်းဖန်လည်း တွန့်ဆုတ်နေမည် မဟုတ်ပေ။

ကံကောင်းစွာဖြင့် သူ့ဇနီးလောင်းက ထိန်းထိန်းသိမ်းသိမ်းရှိပြီး သူကလည်း ကိုယ့်စိတ်ကိုယ်နိုင်သည်။

လင်းဖန်က သူ့စရိုက်ကိုသူ အဆိုးကြီး မဟုတ်ဘူးဟု ခံစားမိပါသည်။ တခြား အခွင့်အရေးသမား တစ်ယောက်သာဆို လင်းယွီရှစ်ကို အနိုင်ကျင့်ပြီး ထွက်ပြေးသွားနိုင်သည်။

လင်းယွီရှစ် နှုတ်ခမ်းစူလိုက်သည်။ "သိပါတယ်။ သိပါတယ်။ ငါရည်းစားမရသေးပါဘူး။ အဲ့ဒီကောင်တွေက ငါ့အစ်ကိုကြီးလောက်တောင် မတော်ကြဘူး။ ပြီးတော့လည်း ရည်းစားထားရတာ စိတ်ပင်ပန်းဖို့ ကောင်းတယ်။ ငါက ကျောင်းသူပဲရှိသေးတာ စာကြိုးစားပြီး အနာဂတ်မှာ နိုင်ငံကို အကျိုးပြုနိုင်အောင် ကြိုးစားရမှာပေါ့။"

လင်းယွီရှစ်ကိုကြည့်ရင်း လင်းဖန် ပြုံးလိုက်မိပါသည်။

သူ တက္ကသိုလ်တက်ခဲ့စဥ်က တက္ကသိုလ်ကောင်းကောင်းကို မဝင်နိုင်ခဲ့ပါ။ ဒါက သာမန်လူတစ်ယောက်၏ ကံကြမ္မာသာ ဖြစ်လောက်သည်။ သူက သာမန်လူတစ်ယောက်၏ ဘဝမျိုးနဲ့ နေထိုင်ရမည့်လူ ဖြစ်သည်။ အထက်တန်းကျောင်းတုန်းက တက္ကသိုလ်ဝင်ခွင့်ရဖို့ ကြိုးစားပြီး ဘွဲ့ရသောအခါ အလုပ်ရှာကာ လက်ထပ်ပြီး ကလေးမွေးမည်။ ဒါက သူ့ဘဝကို ဖြတ်သန်းရမည့်ပုံစံဖြစ်၏။

ယခုတော့ သူ့ညီမဖြစ်သူ ဘယ်လောက် တော်သလဲဆိုတာ မြင်လိုက်ရပြီးနောက် လင်းဖန် သူမအတွက် တကယ်ပဲ ဂုဏ်ယူမိပါသည်။

လင်းယွီရှစ်က ထပ်ပြောလိုက်ပြန်သည်။ "အစ်ကိုကြီး နောက်ကို အဲ့လောက်စျေးကြီးတဲ့ ပြိုင်ကားတွေ ထပ်မဝယ်စမ်းပါနဲ့။ ယွမ် သန်း ၂၀၀ ကျော်ကြီးတောင် တစ်စီးဆို တော်ပြီပေါ့။"

လင်းဖန် အနည်းငယ် စိတ်ညစ်သွား၏။ သူလည်း ဒီလို စျေးကြီးကြီး ပြိုင်ကားမျိုးကို မဝယ်ချင်ပါ။

လင်းဖန်၏ ဘဏ်အကောင့်ထဲမှာတောင် စုစုပေါင်း သန်း ၁၀၀ သာ ရှိသည်။ ဒါက နေထိုင်စရိတ် လောက်ငှသည်ဆိုရုံသာ ရှိလေ၏။ ဒါကို ဆင်းရဲသည်ဟုတောင် ဆိုနိုင်သည်။

ဒီလောက်စုငွေ နည်းနည်းလေးနဲ့ သန်း ၂၀၀ ကျော်တန်တဲ့ပြိုင်ကားတစ်စီးကို ဘယ်လိုလုပ်ပြီး ဝယ်နိုင်မှာလဲ။

အဓိက အချက်မှာ Bugatti ကော်ပိုရေးရှင်း၏ တတိယအများဆုံး ရှယ်ယာဝင်တစ်ယောက် မတော်တဆ ဖြစ်လာခဲ့ခြင်းပင်။ လင်းဖန် အနည်းငယ် စိတ်ပျက်သွားမိပါသည်။

သူ့ညီမ တိုက်တွန်းနေတာကိုကြည့်ရင်း လင်းဖန် မဲ့ပြုံးပြုံးကာ ခေါင်းသာငြိမ့်နိုင်တော့သည်။

လင်းဖန် လင်းယွီရှစ်ကိုကြည့်ကာ ပြောလိုက်သည်။ "ငါနင့်ကို လက်ဆောင် ၂ ခုပေးစရာရှိတယ်။ တစ်ခုက LV အိတ်တစ်လုံး။ နောက်တစ်ခုက Chanel ရေမွှေးနဲ့ Chanel အလှကုန်ပစ္စည်းတွေ။ အကုန်လုံးက အစစ်တွေ နင်နဲ့ဆို အရမ်းအသုံးတည့်လိမ့်မယ်။"

အစကတော့ လင်းဖန်တစ်ယောက် LV နဲ့ Chanel တို့၏ ထုတ်ကုန်ပစ္စည်းများအကြောင်း သိပ်မသိခဲ့ပါ။ သို့သော်လည်း လင်းဖန်တွင် လှပချောမောသည့် ညီမလေးတစ်ယောက် ရှိနေမှန်း LV နှင့် Chanel တို့၏ စီအီးအိုများ သိသွားကြသောအခါ လင်းဖန်ထံသို့ တစ်ယောက်ယောက်ဖြင့် ပို့ခိုင်းလိုက်သည်။

LV အိတ်များ, Chanel ရေမွှေး နှင့် အလှကုန် ပစ္စည်းများအားလုံးက ထိပ်တန်း တန်ဖိုးကြီး ဘရန်းများထံမှ ထုတ်ကုန်များသာ ဖြစ်သည်။ သာမန်လူတွေ မတတ်နိုင်ပါ။

ဗီလာကြီးထဲကိုဝင်ပြီးနောက် လင်းဖန်ပေးထားသည့် လက်ဆောင်များကို မြင်ပြီး လင်းယွီရှစ် မျက်ရည်ဝဲသွားသည်။

"အား ငါအကြိုက်ဆုံး LV အိတ်လေး။ Chanel ရေမွှေးနဲ့ အလှကုန်ပစ္စည်းတွေကောပဲ။ အစ်ကိုကြီး နင်ကငါ့အပေါ် အရမ်းကောင်းတာပဲ ငိုချင်လာပြီ" လင်းယွီရှစ်က ပြောလိုက်သည်။

"အစ်ကိုကြီး ဒါတွေအကုန်လုံးက နာမည်ကြီး ဘရန်းတွေနော်။ ဒါတွေဝယ်ဖို့ ပိုက်ဆံတော်တော် ကုန်မှာပဲ" လင်းယွီရှစ်က လင်းဖန်ကိုကြည့်ရင်း ပြောလိုက်သည်။

"အများကြီးတော့ မကုန်ပါဘူး။ နင်သဘောကျရင် ပြီးတာပဲ" လင်းဖန်က ပြုံးလိုက်၏။

"ဒါပေမယ့် အစ်ကိုကြီး ဒါတွေက တန်ဖိုးကြီးလွန်းတယ်။ မသုံးရက်ဘူး။ အကုန်လုံးကို တန်ဖိုးထားပြီး သိမ်းထားရမယ်~" လင်းယွီရှစ်က လင်းဖန်ကို ပြန်ပြုံးပြလိုက်သည်။ သူမက အလွန်ချမ်းသာသော်လည်း အလွန်ချွေတာနေဆဲဖြစ်၏။

"အစ်ကိုကြီး ဒီရက်ပိုင်းလောက် အိမ်ကိုပြန်သေးတယ်။ အဖေနဲ့အမေက အိမ်ကနေ အာလူးနဲ့ ပန်းသီးတွေ ယူသွားဖို့တောင် ပြောလိုက်တယ်။ အိမ်မှာ စိုက်တဲ့ အာလူးနဲ့ ပန်းသီးတွေက ပိုသန့်ရှင်းပြီး နင်စားချင်နေမှာ ဆိုးလို့တဲ့" လင်းယွီရှစ်က ပြောလိုက်သည်။

"နင် အဖေနဲ့အမေကို ပြန်သွားတွေ့သေးတယ်ပေါ့။ သူတို့ အဆင်ပြေကြရဲ့လား" လင်းဖန်က ပြုံးလိုက်သည်။ သူအိမ်မပြန်ရတာတောင် အတော်ကြာခဲ့ပါပြီ။

"အဆင်ပြေကြပါတယ်~ အမေက ယောက်မ ခေါ်လာဖို့ နင့်ကိုပြောနေတာလေးတစ်ခုပဲ။ အစ်မဝမ်ချွေ့က အရမ်းလှတာပဲနော်။ ဒီလောက် ကောင်းတဲ့ ယောက်မ ရထားတာ ပျော်လိုက်တာ" လင်းယွီရှစ်က ပြောလိုက်သည်။

"ဟုတ်ပါပြီ ဒီနှစ် နှစ်သစ်ကူးကျရင် ငါဝမ်ချွေ့ကို အိမ်ပြန်ခေါ်သွားလိုက်မယ်" လင်းဖန်က ပြုံးလိုက်သသည်။

"တကယ်ကြီးလား" လင်းယွီရှစ်က လင်းဖန်ကို ကြည့်လိုက်သည်။

"အစ်ကိုကြီး ဒါဆို ယောက်မကို အရင်ဆုံး အပိုင်သိမ်းမှဖြစ်မယ်နော်~ အပိုင်သိမ်းလို့ရအောင် ငါကူညီပေးရဦးမလား" လင်းယွီရှစ်က ပါးနီနီဖြင့် ပြုံးလိုက်သည်။

"ကိုယ့်ဟာကို သွားနားစမ်းပါ။ ငါက အဲ့လို လူမျိုးလား သူ့ကို အပိုင်သိမ်းချင်ရင်တောင် သူ့ဆန္ဒပါမှလေ" လင်းဖန်က ပြောလိုက်သည်။

"ဟီးဟီးဟီး နင်ဒီလောက် ရိုးသားဖြောင့်မတ်မှန်း မသိခဲ့ဘူး" လင်းယွီရှစ်က ချီးကျူးလိုက်သည်။

လင်းယွီရှစ်ကို လင်းဖန် ခေါင်းခေါက်လိုက်၏။ အင်တာနက်ပေါ်က မုန်းတီးရေးသမားများ၏ ဝေဖန်မှုကိုခံရရုံတင်မကဘဲ ညီမအရင်းဖြစ်သူကပါ သူ့အကျင့်စရိုက်ကို သံသယဝင်နေသည်။

အမှန်ပင်။ နာမည်ကျော်ဖြစ်ဖြစ် စာရေးဆရာပဲဖြစ်ဖြစ် အလွယ်တကူ ဝေဖန်ခံရလေ့ရှိကြသည်။ ဥပမာအားဖြင့် လွန်ခဲ့သည့် ရက်ပိုင်းလောက်က Young Master ဟုခေါ်သည့် အလွန်ချောမောသော စာရေးဆရာတစ်ယောက် ဝတ္ထုတစ်ပုဒ်ကို အလွန်ကောင်းမွန်စွာ ရေးသားခဲ့သဖြင့် လူအမြောက်အများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။

လင်းဖန် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွား၏။ Young Master ကဲ့သို့ ရုပ်ချောချော စာရေးဆရာတောင် ဝေဖန်ခံရလျှင် သူ့လို ကြယ်ပွင့်ကြီးတစ်ပွင့် ဝေဖန်ခံရတာ မဆန်းတော့ပါ။

သူတို့စကားပြောနေတုန်း တံခါးဝရှိ လုံခြုံရေး အစောင့်က သူ့မိဘများပို့ပေးလိုက်သော အာလူးနှင့် ပန်းသီးတို့ကို ဗီလာထဲသို့ သယ်ပေးလိုက်သည်။

အားလုံးပြီးသွားသောအခါ လင်းယွီရှစ်က လင်းဖန်ကိုကြည့်လိုက်သည်။ "အစ်ကိုကြီး ငါတို့ ကားပတ်မောင်းကြရအောင်လေ။ နင်က ဒီလောက် ကားကောင်းကောင်းကြီး ဝယ်ထားတာ ထွက်မောင်းမှပေါ့။"

လင်းဖန်က ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ပြီလေ။ သွားကြတာပေါ့။ ဝမ်ချွေ့ မရှိတာ နှမြောစရာပဲ။ သူသာာ ရှိရင် နင်ရှေ့ခုံမှာ မထိုင်ရဘူး။"

လင်းယွီရှစ် အနည်းငယ် စိတ်ဆိုးသွားသည်။ "အစ်ကိုကြီး ငါနင့်ညီမအရင်းနော်။"

လင်းဖန် ရယ်မောလိုက်သည်။ သူ့ညီမအရင်းဆိုတော့ ပိုပြီးအနိုင်ကျင့်ရသည်။ ကိုယ့်ညီမကို ချစ်မြတ်နိုးသည့် အစ်ကိုဆိုတာမျိုး မရှိသလောက် ရှားပါသည်။

သူ့ရဲ့ အထူးကားသော့များကို ထုတ်ပြီးနောက် လင်းဖန် နူးညံ့စွာဖြင့် နှိပ်လိုက်သည်။ Bugatti Veyron Ettore Bugatti ကားကြီး၏ တံခါးများမှာ လိပ်ပြာအတောင်ဖြန့်သလို လှလှပပ ပွင့်လာ၏။

လင်းယွီရှစ်က ပျော်ပျော်ရွှင်ရွှင်ဖြင့် အပြေးလျှောက်သွားပြီး ပြိုင်ကား၏ ရှေ့ခုံထဲတွင် ဝင်ထိုင်လိုက်သည်။

နူးညံ့သည့် ကားနောက်ခုံက သက်တောင့်သက်သာ ရှိလွန်းသည်။ ကားထဲတွင် အထူးအဲကွန်းလည်းရှိသေးသည်။ အလွန်ဇိမ်ကျပြီး ခမ်းနားလွန်း၏။ ဝင်ထိုင်ပြီးနောက် ခံစားချက်များ ခြားနားသွားသလိုပင်။

လင်းဖန်လည်း ကားထဲဝင်လိုက်ပြီး တံခါးကို ပိတ်လိုက်ပါသည်။

လင်းယွီရှစ် ရှေ့ခုံမှာထိုင်နေတာကိုကြည့်ပြီး လင်းဖန် တောက်တောက်ပပ ပြုံးလိုက်သည်။ "ထိုင်ခုံခါးပတ် ပတ်ဦး။ ငါ မောင်းတော့မယ်။”

All Chapters