Chapters

လင်းဖန်ပေးတဲ့လက်ဆောင် (၃)

Vol. 15 Ch. 213

လင်းဖန်ပေးတဲ့လက်ဆောင် (၃)

Vol. 15 Ch. 213

ပြိုင်ကားမောင်းနေရင်တောင် ထိုင်ခုံခါးပတ် ပတ်ရပါမည်။

ဒီပြိုင်ကား၏ လိုင်စင်ပြားနှင့် တခြား လုပ်ငန်းဆောင်တာများကိုလည်း ပြီးမြောက်အောင် ဆောင်ရွက်ပြီးပါပြီ။ တန်းမောင်းနိုင်သော ပြိုင်ကားမျိုး ဖြစ်၏။

ဒီအသစ်စက်စက်ပြိုင်ကားက လင်းဖန်ကို လုံးဝခြားနားသော ခံစားချက်မျိုး ပေးစွမ်းနေသည်။

လင်းယွီရှစ်က သူမ ဖုန်းကိုထုတ်ပြီး လင်းဖန်ကိုကြည့်လိုက်သည်။ "အစ်ကိုကြီး ငါတိုက်ရိုက်လွှင့်လို့ရလား။ ငါ့မှာ မုန့်ဖိုးတောင် မရှိတော့လို့ပါ။ တောင်းပန်ပါတယ်။"

လင်းဖန်က ပြုံးလိုက်သည်။ "မုန့်ဖိုးမရှိရင် ယွမ် ၃၀၀,၀၀၀ ပေးမယ်။ တိုက်ရိုက်လွှင့်လို့ရပါတယ်။ လုပ်ချင်တာသာလုပ်။ တရားမဝင်တာ မဟုတ်ရင် ငါထောက်ပံ့ပေးမှာပေါ့။"

လင်းယွီရှစ်က ခေါင်းငြိမ့်လိုက်ပြီး ပျော်သွားသည့်ပုံပင်။ "အစ်ကိုကြီး နင်က သဘောကောင်းလွန်းတယ်~ "

ဒီလိုအစ်ကိုအရင်းတစ်ယောက် ရထားရတာ လင်းယွီရှစ် အလွန်ပျော်ရွှင်ပါသည်။

ထို့နောက် လင်းဖန် Bugatti Veyron Ettore Bugatti ပြိုင်ကားကြီးကို စက်နှိုးလိုက်၏။ အင်ဂျင်သံ ဟိန်းထွက်လာပြီး တွန်းကန်အား ခပ်ပြင်းပြင်းထွက်လာ၏။

ပြိုင်ကားကြီး စတင်ထွက်ခွာလေပြီ။

လင်းဖန်က သူ့အသစ်စက်စက် ပြိုင်ကားကြီး Bugatti Veyron Ettore Bugatti ကို လှိုင်းပြာ ပင်လယ််အော် အိမ်ရာ၏ ဝင်ပေါက်မှ မောင်းထွက်သွားလိုက်သည်။

လှိုင်းပြာ ပင်လယ်အော်အိမ်ရာ ဝင်ပေါက်ရှိ လုံခြုံရေး အစောင့်များလည်း အံ့သြသွားကြသည်။

"လခွမ်း... ဒါညီလေး လင်းဖန်ရဲ့ ၄ စီးမြောက် ပြိုင်ကားကြီးမလား။"

"နောက်ထပ် Buggatti ပြိုင်ကားကြီးတစ်စီးပဲ။ ဒါမနေ့က Bugatti ကော်ပိုရေးရှင်းကိုယ်တိုင် ပို့လိုက်တဲ့ ပြိုင်ကားများလား။"

"ဒီ Bugatti ပြိုင်ကားရဲ့ စျေးနှုန်းကို သိလား။ ဘယ်လောက် တန်ဖိုးရှိလဲ။"

"မသိဘူး ဒီပြိုင်ကားအကြောင်းလည်း မသိဘူး။ ဒါပေမယ့် တော်တော်လန်းတယ်ကွ။ အနည်းဆုံးတော့ သန်း ဆယ်ချီပြီး တန်မယ် ထင်တာပဲ။"

"ညီလေးဖန်က ထောလိုက်တာကွာ။ အရမ်းချမ်းသာလွန်းတယ်။ ငါထင်တာတောာ့ ဒီပြိုင်ကားက သန်းရာချီပြီး တန်မယ်ထင်တယ်။ မင်းတို့ မေ့ကုန်ကြပြီလား။ အရင်တုန်းက လင်းဖန်က Bugatti La Voiture Noire ကြီးကို မောင်းတာလေ။ အဲ့တာလည်း သန်းရာကျော်တန်ဖိုးရှိတဲ့ ပြိုင်ကားပဲ။ သြော် အဲ့ဒီ Koenigsegg One ကလည်း သန်းရာကျော် တန်ဖိုးရှိတဲ့ ပြိုင်ကားတစ်စီးပဲ။ ညီလေးဖန် ဘယ်တုန်းက သန်းဆယ်ဂဏန်းလောက်ရှိတဲ့ ပြိုင်ကား မောင်းဖူးလို့လဲ။"

"ဟုတ်တယ်။ အဲ့ Rolls-Royce Cullinan SUV ကြီးကလည်း သန်းနဲ့ချီပြီး တန်တဲ့ ဇိမ်ခံကားကြီး။ အဲ့တာတောင် ပြိုင်ကားမဟုတ်ဘူး SUV ကားကြီး။ ညီလေးဖန်က တကယ့်ကို... အားကျစရာကြီးပါကွာ။"

"ညီလေးဖန် ငါတို့ထက် ချမ်းသာရုံဆိုရင်တောင် တော်သေးတယ်။ ဒါပေမယ့် သူ့ကောင်မလေးကိုကြည့်ပါဦး။ ဒီလောက်လှတဲ့ ရှားဝမ်ချွေ့တဲ့ကွာ။ အားးး ငါ့ရင်ထဲက နတ်သမီးလေးက ညီလေးဖန်ရဲ့ ကောင်မလေး ဖြစ်နေရတယ်လို့။ သူတို့နှစ်ယောက်က အရမ်းချိုမြိန်ပြီး လိုက်ဖက်တယ်။"

...

လင်းဖန် Bugatti Veyron Ettore Bugatti ပြိုင်ကားကြီးကို လမ်းမပေါ်သို့ မောင်းထွက်လိုက်သောအခါ လူများစွာ၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။

ရှန်ဟိုင်းမြို့တွင် သူဌေးများစွာရှိသည်။ သို့သော် သူဌေးတိုင်းကတော့ ဒီလိုပြိုင်ကားမျိုး မောင်းနိုင်လိမ့်မည်ဟု မဆိုလိုပေ။

ပြိုင်ကားများကို ရှန်ဟိုင်းမြို့ လမ်းမများပေါ်တွင် တွေ့ရခဲ၏။

Bugatti ကားမျိုးဆို ပို၍ပင် ရှားပါးသေးသည်။ ပုံမှန်ဆို ရှန်ဟိုင်းမြို့တွင် ကားများစွာ ရှိသော်လည်း ဒီလိုပြိုင်ကားမျိုးတွေကတော့ အလွန်နည်းပါးသည်။ ပြိုင်ကားတစ်စီးပေါ်လာတာနဲ့ အာရုံစိုက်မှုများ၏ ဗဟိုချက် ဖြစ်လာလိမ့်မည်။

အထူးသဖြင့် ပြိုင်ကား၏ ရှေ့ထိုင်ခုံတွေ အာရုံစိုက်မှုကို ပိုခံရသည့် မိန်းမချောလေးများ ရှိနေသည့်အခါတွင် ဖြစ်သည်။

"လခွီး ကြည့်စမ်း အဲ့တာ Bugatti ပြိုင်ကားကြီးဟ။"

"နောက်ထပ် ပြိုင်ကားတစ်စီးလာပြန်ပြီ။ ပိုင်ရှင်ကလည်း အရမ်းချောတာပဲ ကြိုက်လိုက်တာကွာ။"

"ဒီ Bugatti က ဘာဘရန်းလဲ သိကြလား။ ငါလည်းမသိလို့"

"အေးဆေးပေါ့ ဘရိုရာ။ ငါလည်း ဒီကားအကြောင်း မသိဘူး။ ဘာပဲဖြစ်ဖြစ် လန်းနေရင် ပြီးတာပဲမလား။"

"ငါသိတယ် ငါသိတယ် ဒီတာဇံတစ်သိုက်ကတော့။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က Buggatti ကားသစ်ကြီး ထုတ်လုပ်အကြောင်း မမြင်လိုက်ကြဘူးလား။ ဒီပြိုင်ကားကြီးက Bugatti Veyron Ettore Bugatti ပဲ။ အသစ်စက်စက်ပြိုင်ကားကြီး။ ဒီပြိုင်ကားက ဘယ်လောက်တန်လဲဆိုတာ သိကြလား။"

"ငါပြောပြမယ် ဒီပြိုင်ကားက ၂၂၆ သန်းတောင် တန်တာကွ။"