← Chapters

မစ္စတာလင်းဖန် WeChat ပေါ်မှာ Add လို့ရမလား (၁)

Vol. 15 Ch. 214

မစ္စတာလင်းဖန် WeChat ပေါ်မှာ Add လို့ရမလား (၁)

Vol. 15 Ch. 214

"ဝိုး ဘာပြောလိုက်တယ်။ ဒီပြိုင်ကားကြီးက တကယ်ကြီး ၂၂၆ သန်း တန်တယ်လား။"

"ဘုရားရေ ဒါကြီးက ၂၂၆ သန်းတန် ပြိုင်ကားကြီးတဲ့။"

"လခွမ်း တော်တော်စျေးကြီးတာပဲ။ ဒါဆို ဒီပြိုင်ကားက တော်တော်တန်ဖိုးကြီးတာပေါ့။ သန်း ၂၂၀ ကိုမပြောနဲ့ဦး။ ယွမ် ၆ သန်းတောင် ငါမတတ်နိုင်ဘူး။"

"မင်းတို့ကမှ တော်သေးတယ်။ ငါ့မှာဆို ၆ သန်းမပြောနဲ့ ၆ ဒေါ်လာတောင် မရှိဘူး။ ဒီလိုပြိုင်ကားကြီးကို ဝယ်နိုင်တာ ဘယ်လို ဘော့စ်မျိုးလဲ မသိဘူးနော်။"

"အားကျလိုက်တာကွာ။ ဘယ်လိုလုပ်ရမလဲ။"

"ဒီပြိုင်ကားကြောင့် ငါတော်တော် မှင်သက်သွားပြီ။ Bugatti Veyron Ettore Bugatti က Limited Edition ပြိုင်ကားကြီး ထင်တယ်။ တစ်ကမ္ဘာလုံးမှာ ထပ်မထုတ်မယ့် ကားမျိုး။ Bugatti ကော်ပိုရေးရှင်းရဲ့ ဒီဇိုင်နာ ခေါင်းဆောင်ကိုယ်တိုင် ဒီဇိုင်းဆွဲပေးထားတဲ့ ကားတဲ့။"

"ဒီပြိုင်ကားကို ဘယ်သူပိုင်တာလဲ သိကြလား။ ဘယ်သူသိလဲ။"

ရပ်ကြည့်နေသူ အမြောက်အများ စုဝေးလာကြသည်။ ၎င်းတို့၏ မျက်လုံးများက အံ့အားသင့်မှုများနှင့် ပြည့်နှက်နေ၏။

Limited Edition ပြိုင်ကားကြီး တစ်စီးဖြစ်သောကြောင့် ဒီလိုကားမျိုးက သေချာပေါက် သတင်းတွေမှာ ပါလာနိုင်သည်။

ထင်ထားသည့်အတိုင်း သိပ်မကြာလိုက်ဘဲ တစ်ယောက်ယောက် သိရှိသွား၏။

Bugatti ကော်ပိုရေးရှင်း၏ ဌာနချုပ်တွင် ကျင်းပခဲ့သော ဖွင့်ပွဲလည်း သတင်းထဲပါလာပါသည်။

"ငါတွေ့ပြီဟေ့ တကယ်တွေ့ပြီ။ ထင်မထားဘူးကွာ။ Bugatti Veyron Ettore Bugatti ရဲ့ ပိုင်ရှင်က ဘယ်သူလဲသိကြလား။"

"ဒီနေ့ အားလုံးကို ငါပြောပြမယ်..."

"ဒီပြိုင်ကားပိုင်ရှင်ရဲ့ နာမည်က လင်းဖန်တဲ့။"

"ဟုတ်တယ် ရှန်ဟိုင်းမြို့က လင်းဖန်ပဲ။ ဓာတ်ပုံတောင် ငါတွေ့လိုက်သေးတယ်။ လင်းဖန်, စုရှောင်းယူ, လင်းဖန်ရဲ့မန်နေဂျာတို့ ဖွင့်ပွဲအခမ်းအနားမှာ ရိုက်ထားတဲ့ပုံ။ ကံဆိုးစွာနဲ့ ဒီတစ်ပုံတည်းပဲတွေ့တယ်။"

"ဟုတ်တယ်နော်။ ရှားဝမ်ချွေ့ မရှိတာ နှမြောစရာပဲ။ မဟုတ်ရင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကို တစ်ပုံတည်းမှာ မြင်ရမှာ။ သူတို့ ဓာတ်ပုံ တစ်ပုံတည်းမှာဆို တော်တော်ကြည့်ကောင်းကြမှာပဲ။"

"ပြောစရာမလိုအောင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က အရမ်းလိုက်ဖက်ကြပါတယ်။"

"ဘုရားရေ... Bugatti Veyron Ettore Bugatti က လင်းဖန် ပိုင်တာလား။"

"ဒါဆို Bugatti ကော်ပိုရေးရှင်းရဲ့ ဒီဇိုင်နာချုပ်က လင်းဖန်အတွက် ကိုယ်တိုင် ပြိုင်ကားတစ်စီးကို ဒီဇိုင်းဆွဲပေးလိုက်တယ်ဆိုတဲ့ သဘောပဲ မဟုတ်ဘူးလား။ ပြီးတော့ ပြိုင်ကားရဲ့ တန်ဖိုးကလည်း ၂၂၆ သန်းတဲ့။ ပြိုင်ကားတွေ အားလုံးထဲမှာ ဒီကားရဲ့ တန်ဖိုးက Top 3 ထဲ ပါနိုင်တယ်။"

"မင်းတို့ ထင်တဲ့အတိုင်း ဒီပြိုင်ကားကြီးက တန်ဖိုးကြီးလွန်းတယ်ကွာ..."

"ဒါဆို ငါတို့ ခုလေးတင် ကြယ်ပွင့်ကြီး တစ်ယောက်နဲ့ လမ်းလွဲသွားတာပေါ့။ လင်းဖန်က ငါ့အိုင်ဒေါပဲ။ ဒါဆို ငါတို့လိုပဲ သူလည်း ရှန်ဟိုင်းမြို့မှာ နေနေတာပေါ့လေ။ ငါလင်းဖန်ကို မြင်ချင်တယ်။"

"လင်းဖန် ချက်ကျွေးတာ စားပြီး သူ့သီချင်းတွေလည်း နားထောင်ချင်တယ်။ လင်းဖန် ငါ့ကိုစောင့်ပါဦး။"

"လခွမ်း ဘာမှ ထပ်မပြောကြနဲ့တော့။ ငါ့အိုင်ဒေါကို အခုပဲသွားတွေ့ပြီး ဘယ်သွားနေတာလဲဆိုတာ သွားကြည့်တော့မယ်။"

ပရိတ်သတ်များ စကားများပြီးကြသောအခါ ချက်ချင်းပဲ စတင်လှုပ်ရှားကြလေသည်။

သာမန် စူပါ ပြိုင်ကားတစ်စီးသက်သက်ဖြစ်ပါက အများဆုံး လူတွေဝန်းရံတာသာ ခံရနိုင်သည်။ သို့သော်လည်း အခုတော့ သာမန် စူပါ ပြိုင်ကားတစ်စီးမဟုတ်တော့ပေ။

ပြိုင်ကားပိုင်ရှင်က လင်းဖန်ဖြစ်နေ၏။

လင်းဖန်က မရေမတွက်နိုင်သော ပရိတ်သတ်ပေါင်းများစွာ၏ အိုင်ဒေါ ဖြစ်လေသည်။

နိုင်ငံအဆင့် ဆွဲဆောင်မှုရှိသော မင်းသားလေး ဖြစ်၏။

ရှားဝမ်ချွေ့နှင့် ချစ်သူဖြစ်ပြီးနောက် လင်းဖန်၏ ရေပန်းစားမှုလည်း အလွန်မြင့်တက်လာခဲ့သည်။

ဒီရက်ပိုင်းထဲ "ဓားနှင့်နတ်သမီး ဒဏ္ဍာရီ" အတွက် ဗီဒီယိုရင်းမြစ်များကို တောင်းဆိုနေသည့် လူတွေလည်း အင်တာနက်ပေါ်မှာ အများအပြား ရှိနေပါသည်။

အင်တာနက်ပေါ်တွင် ခိုးကူးမှုက နေရာတိုင်းတွင် ရှိနေသည်။

ထို့ကြောင့် လင်းဖန်ကို ပိုပိုပြီး ရေပန်းစားလာစေသည်။

လင်းဖန် အနုပညာလောကထဲဝင်လာတော့ ရှားဝမ်ချွေ့ကို လင်းဖန်ကူညီခဲ့ရုံသာမကဘဲ ရှားဝမ်ချွေ့ကလည်း လင်းဖန်ကို အကူအညီ ပေးခဲ့ပါသည်။

အခုတော့ လင်းဖန်တစ်ယောက် ရှန်ဟိုင်းမြို့၏ လမ်းမများပေါ်တွင် ပေါ်လာသဖြင့် ဆိုလိုရင်းက...

စူပါစတားတစ်ယောက် လုံခြုံရေးမပါဘဲ အပြင်ထွက်လျှင် ချက်ချင်း ပရိတ်သတ်တွေ ဝန်းရံတာကို ခံရလိမ့်မည်။

ဒါက စူပါစတားတစ်ယောက်ဖြစ်ရခြင်း၏ ဒုက္ခပင်။

လင်းဖန်၏ ပြိုင်ကားအကြောင်းကို အလွန်လျှို့ဝှက်ထားသော်လည်း ပရိတ်သတ်တွေက ရှာတွေ့သွားဆဲဖြစ်သည်။

ချက်ချင်းဆိုသလိုပဲ ပရိတ်သတ်များစွာက ၎င်းတို့၏ ကားများဖြင့် မောင်းထွက်လာကြသည်။ တချို့ပရိတ်သတ်များက တက္ကစီတွေပါ ငှားကြသည်။ တချို့ပရိတ်သတ်တွေကတော့ လင်းဖန်နောက်လိုက်ဖို့ လျှပ်စစ်ဆိုင်ကယ်များ စီးကြ၏။

"လင်းဖန်ရေ စောင့်ပါဦး။"

"ကားထဲက ကောင်လေး ဘာလို့ ဒီလောက် ချောပါလိမ့်လို့ စဥ်းစားနေတာ။ ဒီလောက် ချောတဲ့ လူမျိုးတွေ့ဖူးတာ ငါ့အတွက် ပထမဆုံးဖြစ်မယ်ထင်တယ်။ ဒီတော့ သူကလင်းဖန်ပေါ့ ငါ့မင်းသားလေး"

"ဘာပဲဖြစ်ဖြစ် ဒီနေ့ငါ့မင်းသားလေးကို တွေ့မှကို ဖြစ်မှာ"

"မင်းသားလေးရေ ငါလာနေပြီ။"

ယာဥ်ထိန်းရဲတွေတောင် လမ်းမပေါ်က မြင်ကွင်းကြောင့် ကြက်သေသေကုန်ကြသည်။

ဘာတွေဖြစ်နေကြတာလဲ။

သူတို့ဒီလိုမြင်ကွင်းမျိုးကို ရုပ်မြင်သံကြားနှင့် ရုပ်ရှင်များထဲမှာသာ မြင်ဖူးကြပါသည်

ဥပမာအားဖြင့် ရဲအရာရှိများစွာာက ရဲကားများကို မောင်းကာ သူခိုးများကို လိုက်ဖမ်းလေ့ရှိသည်။

သို့မဟုတ် ရုပ်ရှင်ထဲမှာဆို ကားဖြင့် လိုက်သော ဇာတ်ဝင်ခန်းများကဲ့သို့ဖြစ်၏။ အလွန် ကြည့်ကောင်းပါသည်။

အခုတော့... သူတို့ ရုပ်ရှင်ရိုက်နေကြတာလား။

ဖြစ်ပျက်နေသည့် အရာအားလုံးက မယုံနိုင်စရာ ကောင်းလွန်းပါသည်။

ဒီကားတွေနဲ့ တက္ကစီတွေက ကားတစ်စီးတည်းကိုပဲ လိုက်နေကြသည်။

ထိုကားမှာ... Bugatti Veyron Ettore Bugatti ဟူသော အသစ်စက်စက်ပြိုင်ကားကြီး ဖြစ်၏။

ဒီပြိုင်ကားကြီးနောက်ကို လိုက်နေသော လူတွေကိုကြည့်လိုက်ပါက ကောင်လေးများ, ကောင်မလေးများ, အန်တီကြီးများနှင့် ဦးလေးကြီးများတောင် ပါနေပါသေးသည်။ လင်းဖန် နောက်ကို လိုက်ဖို့ဆို သူတို့ဘာမှ အရေးမစိုက်ကြတော့ပါ။

စက်ဘီးစီးပြီး လိုက်လာသည့် လူတွေတောင် ရှိနေပါသေးသည်။ ထို့ကြောင့် ယာဥ်ထိန်းရဲများ ကြက်သေသေကုန်ကြ၏။

ခေတ္တလောက် ယာဥ်ထိန်းရဲများ အရှုပ်အထွေးများကြားထဲ ရောက်သွားကြလေသည်။

Bugatti Veyron Ettore Bugatti ကားကြီးက အလွန်လန်းပြီး လှပရင်တောင် ဒီလူတွေ ဒီလောက်ထိ အသည်းအသန် ဖြစ်စရာ မလိုပါ။

ထို့နောက် Bugatti Veyron Ettore Bugatti ကားကြီး၏ ရှေ့ခုံတွင် ထိုင်နေသူမှာ လင်းဖန်ဖြစ်ကြောင်း လူတွေ ပိုပိုပြီး သိလာကြသည်။

ဤမြင်ကွင်းကြီးက ကြောက်ဖို့ကောင်းလွန်းပါသည်။

Weibo ပေါ်မှာတောင် Bugatti Veyron Ettore Bugatti ပြိုင်ကားက ရေပန်းစားလာသည်။

အောက်ဘက်မှာလည်း ဓာတ်ပုံများစွာ ပါဝင်လာသည်။

"လခွမ်း အစ်ကိုဖန်က တကယ်ကြီး ရှန်ဟိုင်းလမ်းမပေါ်မှာ Bugatti Veyron Ettore Bugatti ပြိုင်ကား မောင်းနေတာပဲ။"

"ငါအားကျလွန်းလို့ မျက်ရည်တောင်ဝဲတယ်။ ဒီပြိုင်ကားကြီးက ၂၂၆ သန်းတန် ပြိုင်ကားကြီးလေ။ အစ်ကိုဖန်က တကယ်တော်တာပဲ။ Bugatti ကော်ပိုရေးရှင်းရဲ့ ဘော့စ်ကတောင် အစ်ကိုဖန်အတွက် ကိုယ်တိုင် ပြိုင်ကားတစ်စီး ဒီဇိုင်းဆွဲပေးခဲ့တာတဲ့။”

All Chapters