← Chapters

မျက်စိအစာကြွေးပွဲကြီး ဖြစ်တော့မှာပဲ (၁)

Vol. 15 Ch. 216

မျက်စိအစာကြွေးပွဲကြီး ဖြစ်တော့မှာပဲ (၁)

Vol. 15 Ch. 216

အိမ်ပြန်ရောက်သောအခါ လင်းဖန် သက်ပြင်းချလိုက်မိ၏။

ဒါ ဘယ်လိုဘဝမျိုးလဲကွာ။

သူ အပြင်မှာ ကားပတ်မောင်းရတာ မလွယ်ကူသော်လည်း ပရိတ်သတ်များစွာ၏ ဝန်းရံမှုကိုပါ ခံလိုက်ရသေးသည်။

သို့သော် ဒီနေ့က ထူးခြားသည်ဟုသာ သတ်မှတ်နိုင်သည်။ ပုံမှန်ဆို ဒီလိုမဖြစ်နိုင်ပါ။

အဓိကအကြောင်းအရင်းက လင်းဖန်၏ Bugatti Veyron Ettore Bugatti က အလွန် လန်းသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ပရိတ်သတ်တွေကို ဝိုင်းကြည့်ချင်စိတ်များ ပေါ်လာစေ၏။

"ဟားဟား အစ်ကိုကြီး နင်က ကြယ်ပွင့်ကြီး တစ်ပွင့်ဖြစ်နေပြီပဲ။ တစ်ခေါက်နှစ်ခေါက်လောက် ဒီလိုနှောင့်ယှက်ခံရတာ ပုံမှန်ပါပဲ" လင်းယွီရှစ်က ပြောလိုက်၏။

"ဖယ်စမ်းပါ။ ငါနားတော့မယ်။ ပဲရစ်စ်က ပြန်ရောက်လာကတည်းက သေချာမနားရသေးဘူး" ပြောပြောဆိုဆိုဖြင့် လင်းဖန် အခန်းထဲ ပြန်သွားခဲ့ပါသည်။

ဒီလောက်လူတွေအများကြီး ဝန်းရံတာမျိုး သူမခံချင်ပါ။

တချို့တွေက ရုပ်ချောဖို့ အရေးကြီးတာကိုသာ သိကြပြီး နာမည်ကျော်များကို အားကျနေသည့် လူအမြောက်အများ ရှိသည်။

လင်းဖန်သာ အရမ်းချောရသည့် ဒုက္ခများကို သိပါသည်။

သာမန် စားသောက်ဆိုင်ပိုင်ရှင်လေးတစ်ယောက် တိတ်တိတ်ဆိတ်ဆိတ် လုပ်နေနိုင်သော်လည်း ချောလွန်းသောကြောင့် ပစ္စည်းများ ထွက်ဝယ်သည့်အခါ အဒေါ်ကြီးများ၏ ပြေးလိုက်မှုကို ခံရသေးသည်။ သူတို့သမီးတွေကို လင်းဖန်နဲ့ မိတ်ဆက်ပေးချင်သောကြောင့် ဖြစ်ပါသည်။

ယခု သူ့ကားကပါ အလွန်ချောမောနေသဖြင့် ဖြတ်သွားဖြတ်လာအုပ်စုများ၏ တားဆီးမှုကို ခံလိုက်ရပြန်သည်။

လင်းဖန်လို သူဌေးတွေလည်း ကိုယ့်ဒုက္ခနဲ့ ကိုယ် ရှိပါသည်။

သို့သော်လည်း သူဌေးဟူသော စကားလုံးဖြင့် လင်းဖန်ကို မဖော်ပြနိုင်ပေ။ လင်းဖန်ကတော့ သူ့ကိုယ်သူ အလွန်ဆင်းရဲသေးသည်ဟု ခံစားမိပါသည်။

သူ့မှာ ငွေသား သန်း ၁၀၀ သာ ရှိသေးသည်။

လင်းဖန်မှာ ပိုင်ဆိုင်မှု အများကြီး ရှိသော်လည်း ခြွင်းချက်မရှိ သူ့ပိုင်ဆိုင်မှုအားလုံးက ပြန်ရောင်းစားလို့ မရပါ။

ငွေရဖို့ လမ်းက အလွန်ရှည်လျားနေဆဲ ဖြစ်သည်။

တစ်နေ့ကျလျှင် သူ့ဘဏ်အကောင့်ထဲက သန်း ၁၀၀ လည်း သုံးကုန်သွားနိုင်သည်။

အရေးအကြီးဆုံးကတော့ ရှားဝမ်ချွေ့အဖေ၏ မျှော်မှန်းချက်များကို မမှီနိုင်သေးဘူးဟု လင်းဖန် ခံစားမိသည်။

ရှားဝမ်ချွေ့၏ အဖေက ပိုင်ဆိုင်မှု ဘီလီယံ ဆယ်ချီသော သူတစ်ယောက်ဖြစ်သည်။ ရှားဝမ်ချွေ့၏ အဖေကို မဆိုဦးနဲ့။ ရှားဝမ်ချွေ့နဲ့ ယှဥ်ကြည့်ရင်တောင် လင်းဖန်တစ်ယောက် ချက်ချင်းဆိုသလို ရှုံးနိမ့်သွားနိုင်ပါသည်။

သူ ဘယ်လောက်ပဲ ချမ်းသာနေပါစေ။ သူ့ဇနီးလောက်တော့ မချမ်းသာာပါ။

ယခု ရှားဝမ်ချွေ့ ရုပ်သံဒရမ်မာရိုက်ကူးခြင်း၊ ကြော်ငြာများ၊ အန်ဒိုဆာများရိုက်ကူးခြင်းဖြင့် ရရှိလာသော ငွေများက မှင်သက်ဖို့ကောင်းသည်။

သူ့အခန်းထဲရောက်သည့်အခါ ရှားဝမ်ချွေ့က မက်ဆေ့တစ်စောင်ပို့ထားမှန်း လင်းဖန်မြင်သွားပါသည်။

ရှားဝမ်ချွေ့ : "~~~"

လင်းဖန် : *စိတ်တိုနေသည့် စတစ်ကာ*

ထို့နောက် ရှားဝမ်ချွေ့က ဗီဒီယိုကောလ်ခေါ်လာခဲ့ပါသည်။

လင်းဖန်က စိတ်ဆိုးနေဆဲ ဖြစ်သည်။ ဗီဒီယိုကောလ်ကို ကိုင်လိုက်ပြီးနောက် ဖန်သားပြင်ပေါ်က ကောင်မလေးအား မြင်လိုက်ရသည်။ သူမက လှပပြီး အပြစ်ကင်းကာ ချစ်ဖို့ကောင်းသည်။ အရေးအကြီးဆုံးက လှလှပပ ဝတ်စားဆင်ယင်ထားခြင်းပင်။

ရှားဝမ်ချွေ့ကို မြင်လိုက်တော့ လင်းဖန်၏ ဒေါသများ အနည်းငယ် ပြေပျောက်သွားခဲ့ပါသည်။

ရှားဝမ်ချွေ့ : "မြောင်မြောင်~ ဘာဖြစ်လို့လဲ။"

ရှားဝမ်ချွေ့ : "မြောင်"

လင်းဖန် : "ငါအရမ်းစိတ်ဆိုးနေတယ်။"

ရှားဝမ်ချွေ့ : "ဟင် ငါ့ဝက်ပေါက်လေးကို ဘယ်သူ စိတ်ဆိုးအောင်လုပ်လိုက်တာလဲ။"

လင်းဖန် : "ဘယ်သူ ရှိရမှာလဲ မင်းပေါ့။"

လင်းဖန် : "မိန်းမ မင်းအိမ်မှာ မရှိရင် ဘယ်လောက် ပျင်းဖို့ကောင်းလဲဆိုတာ မသိဘူးလား။ ငါ ယွီရှစ်နဲ့ အပြင်မှာ ကားထွက်မောင်းတာ လူအုပ်ကြီးလိုက်တာ ခံလိုက်ရတယ်။"

ရှားဝမ်ချွေ့ : "ဟုတ်ပါပြီ စိတ်မဆိုးပါနဲ့။ နာမည်ကျော်တစ်ယောက်ဖြစ်ရတာ ဒီလိုပါပဲ။ ငါအိမ်ကို ပြန်လာဖို့ နည်းနည်းကြာဦးမယ်။ အိမ်ပြန်ရောက်ရင်... နင့်အိမ်မှာနေမယ်လေ။"

ရှားဝမ်ချွေ့ ဒီလိုပြောတာမြင်လိုက်ရတော့ လင်းဖန် သည်းမခံနိုင်တော့ပေ။

ဘယ်လိုစကားလုံးမျိုးတွေလဲ။

သူနဲ့ အတူတူနေပြီး နေ့တိုင်း အတူတူရှိနေပါက ဘယ်သူက ခံနိုင်ရည်ရှိတော့မှာလဲ။

လင်းဖန် : "အဲ့မှာ အလုပ်ကြိုးစား။ မင်းပြန်လာရင် 'ဓားနှင့်နတ်သမီး ဒဏ္ဍာရီ' Season 3 ကို ရိုက်ကြမယ်။"

ရှားဝမ်ချွေ့ : "အွန်း~~"

ရှားဝမ်ချွေ့ : "ပြီးတော့ ငါ့ကို မိန်းမလို့မခေါ်နဲ့နော်။ ငါတို့ လက်မထပ်ရသေးဘူး"

လင်းဖန် : "သိပ်မကြာခင် လက်ထပ်တော့မှာပဲကို"

ရှားဝမ်ချွေ့၏ မျက်နှာလှလှလေး အနည်းငယ် နီရဲသွားသည်။

"ဒါပေမယ့် အဲ့အဆင့်ထိ မရောက်သေးဘူး။ နင်ငါ့အဖေကို အရင်ကျော်ရမယ် ~။ နင် သန်း ၂၀၀ ကျော်တန်တဲ့ ပြိုင်ကားကို ဝယ်လိုက်တယ်ဆို။ တော်တော် ချမ်းသာနေပါလား။"

လင်းဖန် : "တော်တော်စျေးကြီးတယ်။ ကိုယ် ငွေတွေ မဆင်မခြင် သုံးမိပြန်ပြီလား။"

ရှားဝမ်ချွေ့က နူးညံ့စွာ ပြုံးလိုက်သည်။ "နင့်မှာ သုံးစရာငွေ မရှိရင် ငါ့ကိုလာပြောပေါ့။ နင့်မိန်းမက ချမ်းသာပြီးသားပဲကို~"

လင်းဖန် : "အခုလေးတင် မင်းပဲ မိန်းမလို့ခေါ်လို့ မရဘူးဆို"

ရှားဝမ်ချွေ့ : "ဟွန်း နင်ပဲငါ့ကိုခေါ်လို့မရတာ ငါ့ကိုယ်ငါတော့ နင့်မိန်းမလို့ခေါ်လို့ရတယ်~"

လင်းဖန် : "စိတ်ဆိုးသွားပြီ"

ရှားဝမ်ချွေ့ : "ငါအိမ်ပြန်လာမှာကို စောင့်နေနော်~~ အပြင်မှာ ငါအရသာရှိတာတွေတောင် မစားနိုင်ဘူး။ ငါအိမ်ပြန်လာရင် နင်ချက်ကျွေးတာ စားလို့ရတယ်။”

ရှားဝမ်ချွေ့ : "နင် တခြား ဝယ်ချင်တာ ရှိရင် သွားဝယ်လိုက်။ ဘာပဲဖြစ်ဖြစ် ငါရှာထားတဲ့ ပိုက်ဆံက နင့်ပိုက်ဆံပဲကို~"

လင်းဖန် : "မိန်းမ ကိုယ် ခံနိုင်ရည်မရှိတော့ရင် ဘယ်လိုလုပ်မလဲ။ အကျင့်မကောင်းတဲ့ ကောင်မလေး။ နိုင်ငံခြားရောက်နေတာတောင် ဆွဲဆောင်မှု ရှိနေတုန်းပဲ။"

ရှားဝမ်ချွေ့ : "ဒါဆိုလည်း... ဓာတ်ပုံတွေပဲ ပြန်ကြည့်နေလိုက်ပေါ့~~"

ဖုန်းချပြီးနောက် လင်းဖန် သက်ပြင်းချလိုက်မိသည်။

သူ့ဘဝက ပိုပိုပြီး ခက်ခဲလာနေပါပြီ။

ရှားဝမ်ချွေ့ကို မပိုးပန်းခင်တုန်းက လင်းဖန် ဒါတွေ တွေးမိမည်မဟုတ်ပေ။

ယခု ရှားဝမ်ချွေ့ကို ပိုးပန်းပြီးပြီ ဖြစ်သောကြောင့် သူ့ဘဝက ပို၍ပင် ခက်ခဲလာခဲ့၏။

ရှားဝမ်ချွေ့ကို ဗီဒီယိုကောလ်သာ ခေါ်နိုင်သည်။ သူမ လက်ကို ကိုင်လို့လည်းမရ ဖက်ထားလို့လည်း မရပါ။ သူ့ကောင်မလေး၏ ဓာတ်ပုံကိုသာ နေ့တိုင်းကြည့်နေရပါသည်။

ရလဒ်အနေဖြင့် လင်းဖန် ညတိုင်း ရေချိုးရသည်။ မဟုတ်ပါက တကယ် ခံနိုင်ရည်ရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့် ရှားဝမ်ချွေ့ပြန်လာမည့်အချိန်ကို လင်းဖန် ပိုလို့တောင် မျှော်နေမိပါသည်။

သူမ ပြန်လာသည့်အခါ သူမနဲ့နေ့တိုင်း ရိုက်ကူးရေးလုပ်နိုင်ပြီး နေ့တိုင်း သူတို့အချစ်ကို ထုတ်ကြွားနိုင်သည်။

ထိုကဲ့သို့ ဘဝမျိုးက ပျော်ဖို့ကောင်းလွန်းပါသည်။

အမှန်ပင်။ အရေးအကြီးဆုံးကတော့ နောက်ထပ် နှစ်ဝက်လောက်ကြာပြီး ရောက်လာမည့် ရက်ဖြစ်သည်။

နှစ်ဝက်လောက်ကြာသောအခါ ရှားဝမ်ချွေ့၏ အဖေက နိုင်ငံကိုပြန်လာလိမ့်မည်။ ထိုအခါ လင်းဖန် သူ့ယောက္ခထီးလောင်းကို တွေ့ရတော့မည်။

လင်းဖန် ကောင်းကောင်း နေထိုင်ရမည်။

အထူးသဖြင့် ရှားဝမ်ချွေ့၏ အဖေက တရုတ်စစ်တုရင် ကစားရတာ သဘောကျမှန်း သိပြီးနောက် လင်းဖန် အခန်းထောင့်ရှိ စာအုပ်တချို့ကို ကြည့်လိုက်သည်။ "တရုတ်စစ်တုရင်တွင် အနိုင်ရနည်းလမ်းများ ပေါင်းချုပ်"၊ "တရုတ်စစ်တုရင်ပွဲတစ်ပွဲ စတင်နည်း"၊ တရုတ်စစ်တုရင် အခြေခံမှ ကျွမ်းကျင်ကစားသမားအထိ"၊ "တရုတ်စစ်တုရင်မာစတာ တစ်ယောက် ဖြစ်လာအောင် လုပ်နည်း။”

လာစမ်း။ တရုတ်စစ်တုရင်စာအုပ်တွေ လာစမ်း။

All Chapters