မျက်စိအစာကြွေးပွဲကြီး ဖြစ်တော့မှာပဲ (၂)
Vol. 15 Ch. 217
လင်းဖန် စာအုပ်ကိုဖွင့်လိုက်ပြီး တရုတ်စစ်တုရင်အကြောင်း စတင်လေ့လာလိုက်ပါသည်။
နှစ်ဝက်လောက်လိုသေးသဖြင့် လင်းဖန် တရုတ်စစ်တုရင်ကိုလေ့လာပြီး သူ့ယောက္ခထီးကို အထင်ကြီးအောင် လုပ်ဖို့ အချိန်ရှိပါသေးသည်။
ထိုအခါမှသာ ရှားဝမ်ချွေ့ကို တကယ် လက်ထပ်နိုင်ပါလိမ့်မည်။
လင်းဖန်တစ်ယောက် ည ၁ နာရီအထိ လေ့လာပြီးမှ အနားယူဖို့ ပြင်ဆင်လိုက်ပါသည်။
သူ့ပါရမီက မဆိုးလှပါ။ တရုတ်စစ်တုရင်၏ အဖွင့်ရွှေ့ကွက် အမြောက်အများကို မှတ်မိပါသည်။
ထိုအချိန်တွင် ရှားဝမ်ချွေ့ထံမှ WeChat မက်ဆေ့တစ်စောင်ဝင်လာခဲ့သည်။
ရှားဝမ်ချွေ့ : "နင် နှစ်ဝက်လောက် ကြိုးစားရမယ်နော်။ တရုတ်စစ်တုရင်ပြင် ငွေနည်းနည်းလောက် ပိုရှားထားလည်း အဆင်ပြေတယ်။ ~ အဲ့တာာမှ ငါ့အဖေရှေ့မှာ နင်ရပ်တဲ့အခါ သူဘာမှမပြောနိုင်မှာ။ ဘာပဲဖြစ်ဖြစ် လူတိုင်း ဘော့စ်ကြီးတွေဖြစ်လာနိုင်ကြတာမှမဟုတ်တာ~"
ထို WeChat မက်ဆေ့ကိုမြင်ပြီးနောက် လင်းဖန် တောက်တောက်ပပပြုံးမိသွားပါသည်။
ရှားဝမ်ချွေ့က သူမ အဖေကို အနိုင်ယူနိုင်ဖို့ ကူညီပေးနေသည်။
ပထမတစ်ခုက လင်းဖန်၏ စရိုက်ဖြစ်သည်။ ဒါတော့ ဘာမှ ပြဿနာမရှိနိုင်ပါ။
ဒုတိယတစ်ခုက တရုတ်စစ်တုရင်ကောင်းကောင်း ကစားနိုင်ဖို့ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူ့ ယောက္ခထီးလောင်းက တရုတ်စစ်တုရင်ကစားရတာကို အကြိုက်ဆုံး မဟုတ်ပါလား။
တတိယတစ်ခုကတော့ လင်းဖန် ငွေနည်းနည်းရှာကာ အောင်မြင်သည့် လုပ်ငန်းတစ်ခုပိုင်ဆိုင်ဖို့ဖြစ်သည်။ အနည်းဆုံးတော့ အနာဂတ်တွင် ယောက္ခထီးနှင့် ရင်ဆိုင်ရသည့်အခါ မားမားမတ်မတ် ရပ်တည်နိုင်မည်ဖြစ်သည်။
ရှားဝမ်ချွေ့ : "နှစ်ဝက်အတွင်း ဘဏ်အကောင့်ထဲမှာ နင့်စုငွေက ငါ့ထက်များရင် ငါတို့လက်ထပ်ပြီးတဲ့အခါကျ နင်က အထက်စီးက ဖြစ်လိမ့်မယ်။ မဟုတ်ရင် ငါကအထက်စီးကပေါ့။ ငါက အိမ်မှာအာဏာအကြီးဆုံးလူဖြစ်မှာ"
လင်းဖန် ""
ဒီကိစ္စက ယောက်ျားတစ်ယောက်၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသည်။
အမှန်ပင်။ မိသားစုဦးစီးဟူသည့် ရာထူးကို သူအပိုင်သိမ်းမှဖြစ်မည်။ သူ့အဆင့်အတန်းက မြင့်မှဖြစ်မည်။ သူ့မိန်းမ ဖိနှိပ်တာကို ခံလို့ ဖြစ်ပါ့မလား။
လင်းဖန် ချက်ချင်းပဲ အလုပ်ကြိုးစားပြီး ငွေရှာဖို့ ဆုံးဖြတ်လိုက်ပါသည်။
နှစ်ဝက်အတွင်း သူ့ကုမ္ပဏီတွေမှ အစုပေါ်အမြတ်နှင့် အမြတ်အစွန်းများကို လင်းဖန် ရရှိနိုင်ဦးမည် မဟုတ်ပေ။ တစ်နည်းအားဖြင့် လင်းဖန် ထိုလုပ်ငန်းများထံမှ ငွေများများစားစား ရနိုင်ဦးမည် မဟုတ်ပါ။
လင်းဖန်၏ ကျောင်းနယ်မြေအိမ် ငှားရမ်းခများကလည်း သိပ်မများပေ။
မိသားစုဦးစီး ရာထူးကို ယှဥ်ပြိုင်လုယူဖို့အတွက် လင်းဖန် အလုပ်ကြိုးစားပြီး ငွေရှာရမည်။
ယခု လင်းဖန်က စိတ္တဇ ငွေရှာသမားဖြစ်လာဖို့ ဆုံးဖြတ်လိုက်ပါပြီ။
ဘယ်က ရေသာခိုတတ်တဲ့ကောင်လဲ။ အဲ့တာမျိုး မရှိစေရဘူး။
ရှားဝမ်ချွေ့၏ စုငွေမှာ အနည်းဆုံး သန်း ၅၀၀ - ၆၀၀ လောက် ရှိလိမ့်မည်။ သူမက အလွန်ရေပန်းစားသည့် နာမည်ကျော်တစ်ယောက်လည်း ဖြစ်ကာ သူမ၏ လစာက မနည်းလှပါ။
ထို့ကြေင့်လည်း လင်းဖန်ငွေရဖို့ ပိုကြိုးစားရမည်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူ့မိန်းမကို ရှုံးလို့တော့ မဖြစ်ပေ။
နောက်တစ်နေ့မနက် လင်းဖန် နိုးလာခဲ့ပြီး ကွန်ပျူတာ ဖွင့်ကာ ဇာတ်ညွှန်းများ တရားဝင် စတင်ရေးသားဖို့ ပြင်လိုက်သည်။
ဘဝရဲ့ပျော်ရွှင်မှု Season 2 နှင့် ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 တို့အတွက် ဇာတ်ညွှန်းများကို တန်ဖိုးမြင့်မားစွာဖြင့် ရောင်းချနိုင်ပါသည်။
ရှားဝမ်ချွေ့က သူ့ကို လာယှဥ်ချင်မှတော့ လင်းဖန်လည်း နောက်မဆုတ်ပါ။
ယခု ရှားဝမ်ချွေ့က အပြင်ဘက်မှာ ကြော်ငြာရိုက်ကူးနေပြီး လင်းဖန်လည်း အလုပ်ကြိုးစားရမည်။
အနာဂတ်မှာ သူ့မိန်းမ ဖိနှိပ်တာ အမြဲခံနေရရင် ဘယ်လိုလုပ်မလဲ။
နေ့လည်နေ့ခင်းအချိန်...
လင်းယွီရှစ်က လင်းဖန်၏ အခန်းတံခါးကို လာခေါက်သည်။ "အစ်ကိုကြီး အလုပ်လုပ်နေတုန်းလား။"
လင်းဖန်က သူ့မှတ်စုစာအုပ်ကို ပိတ်လိုက်ပြီး ပြုံးလိုက်သည်။ "အစ်ကိုကြီး ငါတို့ကျောင်းမှာ လူတွေ အများကြီး တက်ရောက်မယ့် ပွဲတော်တစ်ခု ရှိတယ်။ နင်က ငါ့အစ်ကိုဆိုတော့ သီချင်းတစ်ပုဒ်နှစ်ပုဒ်လောက် ဆိုဖို့ ကျောင်းက နင့်ကို ဖိတ်လိုက်တယ်။"
"ကျောင်းက နင့်ကို တက်ရောက်ခ ယွမ် ၁.၅ သန်းပေးမယ်လို့လည်း ပြောလိုက်တယ်။ နင်က သီချင်း ၂ ပုဒ်ပဲ ဆိုရမှာ" လင်းယွီရှစ်က ပြောလိုက်သည်။
လင်းဖန်တစ်ယောက် မျက်လုံးများ ဝိုင်းစက်သွားပါသည်။
သီချင်း ၂ ပုဒ်ဆိုရုံနဲ့ ၁.၅ သန်း ဟုတ်လား။
လောလောဆယ် ငွေလိုနေသည့် လင်းဖန်အတွက်တော့ ကွက်တိ ဖြစ်နေပါသည်။
ထို့အပြင် လင်းဖန် သီချင်းနည်းနည်းလည်း ရေးထားသေးသည်။ ၎င်းတို့ကို သီဆိုလို့ရပါသည်။
"ရတာပေါ့။ ဘယ်အချိန်လဲ" လင်းဖန်က ပြုံးလိုက်သည်။
"မနက်ဖြန်ည။ ဒါပေမယ့် ငါတို့သွားချင်ရင် ဒီနေ့ထွက်မှဖြစ်မယ်" လင်းယွီရှစ်က လက်နောက်ပစ်ရင်း ပြောလိုက်ပါသည်။
"ငါတို့ကျောင်းအုပ်ကြီးက နင်သီချင်းဆိုတာကို ကြားချင်လို့တဲ့။ နင်သီချင်းဆိုတာ အရမ်းကောင်းလွန်းတာကိုး။ ပြီးတော့ ငါတို့ကျောင်းက ကျောင်းသားတွေလည်း နင်သီချင်းဆိုတာကို အရမ်းကြိုက်ကြတယ်" လင်းယွီရှစ်က ပြောလိုက်သည်။
"အင်း ဒါဆိုလည်း အထုပ်အပိုးပြင်ပြီး သွားကြတာပေါ့။ သီချင်း ၂ ပုဒ်ဆိုပြီး ငွေဝင်တာ ဘယ်ဆိုးလို့လဲ" လင်းဖန်က ပြောလိုက်၏။
သီချင်း ၂ ပုဒ်သာ ဆိုရမည်ဆို လင်းဖန် အချိန်အများကြီးလည်း မပေးရပါ။
လမ်းတွင် လင်းဖန် ဇာတ်ညွှန်းများ ရေးနိုင်သေးသည်။ ဇာတ်ညွှန်းများရေးပြီးသွားသောအခါ ငွေအများကြီး ဝင်နိုင်ပါသေးသည်။
အရေးအကြီးဆုံးကတော့ လင်းဖန် သီချင်း ၂ ပုဒ်ရေးထားပြီးသားဖြစ်သည်။ ထိုသီချင်းများကို ဆိုဖို့ သိပ်မခက်ခဲလှပါ။
သီချင်းဆိုပြီးနောက် ထိုသီချင်း ၂ ပုဒ်၏ မူပိုင်ခွင့်များကိုပင် ရောင်းချနိုင်ပြီး အယ်လ်ဘမ်တစ်ခုတောင် ရောင်းစားလို့ရပါသည်။ သန်းခုဂဏန်းမှ ဆယ်ဂဏန်းအထိ ရနိုင်သေးသည်။
နှစ်ဝက်လောက်က အကြာကြီး မဟုတ်ပါ။ ရုပ်သံဒရမ်မာ ၂ ခုကို ရိုက်ကူးဖို့အတွက် အချိန်ကြာဦးမည်။
ဘာမှန်းမသိလိုက်ဘဲ နှစ်ဝက်ကုန်ဆုံးသွားလိမ့်မည်။
လင်းဖန်လည်း ရှားဝမ်ချွေ့၏ အဖေကို သူ့ရလဒ်များ ပြသချင်နေပြီ။
သူမကို လက်ထပ်ဖို့ အစွမ်းအစရှိကြောင်း ရှားဝမ်ချွေ့၏ မိဘများကို သူပြသချင်နေပါပြီ။
ဒါက သူ့အနာဂတ်မိသားစု ရာထူးများနဲ့လည်း သက်ဆိုင်နေပါသည်။
ယောက်ျားတစ်ယောက်အနေဖြင့် လင်းဖန်ဘက်က ဦးဆောင်ရမည်။
ရှားဝမ်ချွေ့ စောင့်နေလိုက်စမ်းပါ>
...
အချိန်တွေ ကုန်လွန်သွားမှန်း မသိလိုက်ဘဲ လင်းယွီရှစ်၏ ကျောင်းစုံညီပွဲသို့ လင်းဖန် တက်ရောက်ရမည့် အချိန် ကျရောက်လာခဲ့ပါသည်။
ကျင်းဟွာတက္ကသိုလ်တွင် နှစ်စဥ် စုံညီပွဲ ရှိသည်။
ဒီနေ့ လင်းဖန် ရိုးရိုးရှင်းရှင်း ဝတ်စားဆင်ယင်ထားသော်လည်း သီချင်း ၂ ပုဒ်ကို ပြင်ဆင်ထားပြီးသား ဖြစ်သည်။ တစ်ပုဒ်မှာ ယခင်ကတည်းက ရေပန်းစားပြီးသားဖြစ်သော "အချစ်ကိုဝန်ခံချက်" ဖြစ်ပြီး နောက်တစ်ပုဒ်ကတော့ "ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း" ဖြစ်သည်။ နှစ်ပုဒ်စလုံးက မူရင်း သီချင်းများသာ ဖြစ်ကြပါသည်။
စုံညီပွဲ ပြီးဆုံးခါနီးတွင် ကျင်းဟွာတက္ကသိုလ်ကျောင်းသားများက အားလုံးအတွက် သီဆိုဖို့အတွက် လျှို့ဝှက်အဆိုတော်တစ်ယောက်ကို ကျောင်းမှ ဖိတ်ကြားထားသည်ဟုသာ သိထားကြပြီး ထိုလျှို့ဝှက်အဆိုတော်က ဘယ်သူဘယ်ဝါမှန်း မသိကြပါ။
"ဒီနေ့ ငါတို့ ကျောင်းကို အဆိုတော်တစ်ယောက် လာမယ်ဆိုတာ သိကြလား။"
"နာမည်ကြီး အဆိုတော်တစ်ယောက် ထင်တယ်နော်။ ငါတို့ ကျောင်းအုပ်ကြီးက သီချင်းနားထောင်ရတာာ ကြိုက်တယ်။ ငါတို့လည်း သီချင်းနားထောင်ရရင် ကောင်းတာပေါ့။"
"တော်တော်ဂုဏ်သရေရှိတဲ့ ဧည့်သည်ဖြစ်လောက်တယ်။ ဟူး... လင်းယွီရှစ်ရဲ့ အစ်ကိုသာ ရောက်လာရင် ဘယ်လောက်ကောင်းလိုက်မလဲ။ သူကမှ တကယ့်စူပါစတား။ သူ သီချင်းဆိုတာလည်း အရမ်းကောင်းတာ။ ငါတောင် သူ့ပရိသတ်ဖြစ်နေပြီ။”