← Chapters

ဇိုဖန်းဟွာကို အနိုင်ယူခြင်း

Vol. 28 Ch. 382

ဇိုဖန်းဟွာကို အနိုင်ယူခြင်း

Vol. 28 Ch. 382

ဇိုဖန်းဟွာက  ချောမောလှပလွန်းတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားသူ တစ်ယောက်ပါ။ သူ့ရဲ့ နာမည်လိုပါပဲ။ ဇိုဖန်းဟွာရဲ့ ခန္ဓာကိုယ်ကနေပြီး ပြိုင်ဘက်ကင်းအောင် ခမ်းနားလွန်းတဲ့  အငွေ့အသက်တွေ ထွက်ပေါ်နေပါတယ်။

( note - ဖန်းဟွာဆိုတာက ခမ်းနား ကြီးကျယ်လွန်းတာကို ပြောတာပါ။ )

ဇိုဖန်းဟွာရဲ့ လက်နက်ကလည်း ဓားတစ်လက်ပါပဲ။ ဘယ်တိုက်ကြီးမှာပဲ ဖြစ်ဖြစ်ပါလေ။ ပညာရှင်တွေ အများစုကတော့ ဓားတာအို လမ်းစဉ်ကိုသာ ရွေးချယ်ကြပါတယ်။

ဇိုဖန်းဟွာက သူ့ရဲ့ ခါးမှာရှိတဲ့ ဓားရှည်ကို ဆွဲထုတ်လိုက်ပါပြီ။

အရင်တုန်းကတော့  ဇိုဖန်းဟွာဟာ  လီဖူချန်းကို မျက်လုံးထဲမှာတောင် ထည့်မထားခဲ့တဲ့ သူတစ်ယောက်ပါ။  အခုတော့ သူဟာ လီဖူချန်းနဲ့ မတွေ့ချင်တော့ပါဘူး။

ဒါပေမဲ့လည်း သူဟာ ရွေးချယ်ခွင့် မရှိဘဲ လီချန်းနဲ့ ထိပ်တိုက် တွေ့နေရပါပြီ။

ဇိုဖန်းဟွာက သူဟာ လီဖူချန်းကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက်တော့ ရှိနေဆဲပါပဲ။

" နောက်ဆုံးမှာတော့ မောင်လေးဖန်းဟွာက  လီဖူချန်းနဲ့ တွေ့ပြီ။ ဟမ့် ...  လီဖူချန်း ...။ နင့်ရဲ့ ထိုးထွင်းသိမြင်မှုက ဘယ်လောက် အစွမ်းထက်ထက်  ဖမ်းဟွာကိုတော့ ရှုံးမှာပဲ "

ဇိုလင်းဟွာက  စင်အောက်ကနေပြီး ကြုံးဝါးလိုက်ပါတယ်။

ဇိုဖန်းဟွာဟာ  သူမတို့ ဇိုကလန်ရဲ့ သမိုင်းတစ်လျှောက် ကြောက်စရာ အကောင်းဆုံး ပါရမီရှင်ပါ။ အဲသည်အတွက် ဇိုဖန်းဟွာဟာ လီဖူချန်းကို အနိုင်ယူနိုင်လိမ့်မယ်လို့  သူမ  ယုံကြည်ထားခဲ့ပါတယ်။

လီဖူချန်း အနေနဲ့ကတော့ သည်နှစ်မှာ ဇိုဖန်းဟွာကို ဘယ်လိုမှ အနိုင်ယူနိုင်စရာ  အကြောင်း မရှိပါဘူး။ နောက်နှစ်ဆိုရင်တော့ ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။

ဇိုဖန်းဟွာနဲ့ လီဖူချန်း ထိပ်တိုက်တွေ့ဆုံတဲ့ အကြောင်းကို ကြားလိုက်ရတဲ့ အချိန်မှာတော့  လျိုယန်ဟာ လီဖူချန်းအတွက် အရမ်း စိုးရိမ်သွားခဲ့ပါတယ်။

လီဖူချန်းရဲ့ ချီကျင့်ကြံမှုက အစွမ်းထက်တယ် ဆိုပေမယ့်လည်း ကောင်းကင်နယ်ပယ် အဆင့်မှာသာ  ရှိနေဆဲပါပဲ။ တကယ်လို့ လီဖူချန်းသာ ခန္ဓာကိုယ်အပြင်အားကို သုံးနိုင်လို့ကတော့ လျိုယန်အနေနဲ့ အခုလို စိတ်ပူတော့မှာ မဟုတ်ပါဘူး။

" မင်းက အစွမ်းထက်တာတော့ အမှန်ပဲ။ ဒါပေမဲ့ နှမြောစရာ ကောင်းတာက မင်းရဲ့ အစွမ်းတွေကို သေသေချာချာ ထိန်းချုပ်နိုင်ဖို့ လိုသေးတယ် "

ဇိုဖန်းဟွာက စပြီး မတိုက်ခိုက်ပါဘူး။ သူက လီဖူချန်း စတိုက်တာကို စောင့်နေပုံပါပဲ။

လီဖူချန်းက နှာခေါင်းရှုံ့လိုက်ပြီး ပြန်ချေပ လိုက်ပါတယ်။

" ငါရဲ့ အစွမ်းက မင်း ဝေဖန်လို့ရတဲ့ အရာမျိုး မဟုတ်ဘူး "

" မင်းကို ကြည့်ရတာက အရမ်း ယုံကြည်မှု ရှိနေတဲ့ ပုံပဲ။ ကောင်းပြီလေ ...။ မင်းရဲ့ ယုံကြည်မှုကို ရိုက်ချိုးပေးရတာပေါ့ "

စကားဆုံးတာနဲ့ တစ်ပြိုင်နက် ဇိုဖန်းဟွာဟာ  စတင် လှုပ်ရှား လိုက်ပါတယ်။

" လေလွင့်နဂါးဓားသိုင်း "

ဇိုဖန်းဟွာဟာ အရိပ်တစ်ခုလို ပျောက်ကွယ်သွားပြီး လီဖူချန်းရဲ့ အရှေ့ ခြေလှမ်း၁၀လှမ်း အကွာမှာ ပြန်ပေါ်လာခဲ့ပါတယ်။ သူ့ရဲ့ လက်တစ်ချက် အလှုပ်မှာတော့  ဓားအလင်းတန်း တစ်ခုဟာ  လီဖူချန်းဆီကို   နဂါးတစ်ကောင်ပမာ တိုးဝင်သွားခဲ့ပါပြီ။

ထန် ...

လီဖူချန်းကလည်း တုံ့ဆိုင်းနေခြင်း မရှိပါဘူး။ သူရဲ့ လက်ထဲက ဓားဟာ ဇိုဖန်းဟွာရဲ့ ဓားကို  ရိုက်ထုတ် ပစ်လိုက်ပါတယ်။

ထန် ...  ထန် ... ထန် ...  ထန်

ချွင် ... ချွင် ...

အချိန်ကတော့ ခဏလေးပါပဲ။ ဒါပေမဲ့ အပြင်စည်း ကျောင်းသား အများစုကတော့ သည်နှစ်ယောက် ဓားကွက် ဘယ်နှကွက် သုံးသွားသလည်း ဆိုတာကို  ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပါဘူး။

သူတို့သိတာက တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့  သည်နှစ်ယောက် ထုတ်လိုက်တဲ့ ဓားကွက်တိုင်းဟာ သူ့တိုကို ကြက်သီးမွေးညင်း ထသွားစေတယ် ဆိုတာပါပဲ။

"သည်ကောင်က စိတ်ရှုပ်စရာ ကောင်းလိုက်တာ "

ဇိုဖန်းဟွာရဲ့ မျက်လုံးတွေကတော့ ဖြည်းဖြည်းချင်း အေးစက် လာခဲ့ပါတယ်။ သူ့ဓားရဲ့ အမြန်နှုန်းကလည်း နောက်ထပ် တစ်ဆင့်ကို ရောက်သွားခဲ့ပါပြီ။ သူ့ရဲ့ ဓားချက်တိုင်းက နဂါးတစ်ကောင် မြူးထူးပျော်ပါး နေသလိုပါပဲ။

သည်လေလွင့်နဂါးဓားသိုင်းကို ဇိုလင်းဟွာဟာ  အကျွမ်းကျင်ဆုံး ဖြစ်အောင် လေ့ကျင့် ထားပြီးပါပြီ။ သူက သည်ဓားသိုင်းကို အသုံးပြုပြီး အပ်တစ်စင်းကိုတောင် နှစ်ခြမ်းကွဲအောင် ခုတ်နိုင်ပါတယ်။

" သည်လေလွင့် နဂါးဓားသိုင်းက  အရှေ့ယူနီကွန်း တိုက်မှာဆိုရင် အကောင်းဆုံး ဆန်းကြယ်အဆင့်မြင့် ဓားသိုင်းတောင် ဖြစ်သွားနိုင်တာပဲ "

လီဖူချန်းက  စိတ်ထဲကနေ တွေးနေမိပါတယ်။

ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးကတော့ တကယ့်ကို အံ့သြစရာပါပဲ။ ဇိုကလန်လို ကလန်တစ်ခုမှာ ရှိတဲ့ ဓားသိုင်းကတောင်မှ အရှေ့ယူနီကွန်းတိုက်မှာ ရှိတဲ့ ဓားသိုင်းတွေထက် သာလွန်ကောင်းမွန် နေပါသေးတယ်။

ဒါပေမဲ့လည်း ဓားသိုင်းဆိုတာက အသေဖြစ်ပြီး အသုံးပြုတဲ့ လူကတော့ အရှင်ပါ။

ငရဲမီးဓားသိုင်းက လေလွင့်နဂါးဓားသိုင်းကို မယှဉ်နိုင်ပေမယ့်လည်း လီဖူချန်း သုံးတဲ့ ငရဲမီးဓားသိုင်းက နဂိုမူလ ငရဲမီး ဓားသိုင်းထက်ကို အစွမ်းထက်နေပါပြီ။

လီဖူချန်းရဲ့ ငရဲမီးဓားဆန္ဒကလည်း မြေကမ္ဘာအဆင့်ကို ရောက်ဖို့ သိပ်မလိုတော့ပါဘူး။

" လောင်မီးနဂါး "

လီဖူချန်းက သူ့ရဲ့ ငရဲမီးဓားဆန္ဒကို အဆုံးစွန်ဆုံး အကန့်အသတ် တစ်ခုအထိ မြှင့်တင် လိုက်ပါပြီ။  တောက်ပပြီး ပူပြင်းလှတဲ့ ဓားအလင်းတန်းကြီး တစ်ခုဟာ လေထုထဲမှာ ဝေ့ဝဲပြီး  ဇိုဖန်းဟွာဆီကို တိုးဝင်သွားခဲ့ပါတယ်။ ဒါ မီးနဂါးကြီး တစ်ကောင်က ဇိုဖန်းဟွာကို တိုက်ခိုက် လိုက်သလိုပါပဲ။

သည်ဓားချက်ကိုတော့ ဇိုလင်းဟွာက ဘယ်လိုမှ တောင်မခံ့နိုင်ဘဲ  အနောက်ကို ဆုတ်ပေး လိုက်ရပါတယ်။

" ဘယ်လိုဖြစ်သွားတာလဲ "

ဇိုဖန်းဟွာရဲ့ မျက်လုံးတွေကတော့ ပေါက်ထွက်သွားတော့ မတတ်ကို ပြူးကျယ်လာခဲ့ပါပြီ။

သူက လီဖူချန်းရဲ့ ဓားသိုင်းကို မခုခံနိုင်တော့လို့ အနောက် ဆုတ်လိုက်ရတယ် သတဲ့လား။

" ကောင်းတယ်ဟေ့ "

လျိုယန်ကလည်း အရမ်း အံ့သြသွားခဲ့ပါတယ်။

လျိူယန်က လီဖူချန်းရဲ့ ချီကျင့်ကြံခြင်းကို သည်လောက်အထိ အစွမ်းထက်မယ်လို့ ထင်မထားခဲ့ပါဘူး။

(က)အတန်း၊ တန်းခွဲ ၆ရဲ့ ဆရာဖြစ်တဲ့ ဟိုချောင်ကတော့ ကြိုတင် ခန့်မှန်းချက်တောင် ထုတ်နေပါပြီ။

" ပြီးပြီ ... ။ တိုက်ပွဲက အရှုံးအနိုင် ပေါ်နေပြီ။ ဇိုဖန်းဟွာက လီဖူချန်းရဲ့ ပြိုင်ဘက် မဟုတ်ဘူး "

(က)အတန်း၊ တန်းခွဲ၄ရဲ့ ဆရာဖြစ်သူ ဝေယန်ထုံကတော့ ဟိုချောင်ရဲ့ ခန့်မှန်းမှုကို သဘော မတူပါဘူး။

" အနိုင်အရှုံးကို ပြောဖို့အတွက် အရမ်း စောလွန်း သေးတယ်လို့ ငါထင်တယ်။  ဇိုလင်းဟွာက သူ့ရဲ့ မြေကမ္ဘာအဆင့် ဓားသိုင်းကို မထုတ်သုံးရ သေးဘူးလေ "

ဇိုဖန်းဟွာ ဆိုတာက သူ့တန်းခွဲ၄ရဲ့ အားအထားရဆုံး ကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။ တကယ်လို့ ဇိုဖန်းဟွာကသာ ထိပ်တန်း ကျောင်းသားစာရင်းရဲ့  ထိပ်ဆုံးကျောင်းသား သုံးယောက် အတွင်း ဝင်ခဲ့မယ် ဆိုရင် သူက သင်ကြားရေးရမှတ် ၅၀၀ ရမှာပါ။ အဲသည်အတွက် ဝေယန်ထုံက ဟိုချောင်ရဲ့ ခန့်မှန်းချက်ကို သဘော မတူရခြင်း ဖြစ်ပါတယ်။

တန်းခွဲ၇ရဲ့ ဆရာဖြစ်တဲ့ စုချွန်ရန်ကတော့ အတော်လေး စိတ်လှုပ်ရှားနေပါပြီ။ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သူဟာ လီဖူချန်းကို ထိပ်တန်းဆုံး ကျောင်းသားစာရင်းရဲ့ ထိပ်ဆုံး သုံးနေရာအတွင်းကို ဝင်နိုင်လိမ့်မယ်လို့ တစ်ခါမှတောင် မတွေးထင်ထား ခဲ့ပါဘူး။ လီဖူချန်း တစ်ယောက် ထိပ်တန်းကျာင်းသား စာရင်းထဲကို ဝင်နိုင်ရင် တော်ပါပြီလေ ဆိုပြီး မှတ်ယူ ထားခဲ့တာပါ။

ဒါပေမဲ့ မထင်မှတ်ဘဲ လီဖူချန်းရဲ့ စွမ်းဆောင်ပြမှုတွေဟာ လုံးဝ ရင်သပ် ရှုမောဖွယ်ရာ ဖြစ်နေပါတယ်။ သည်အတိုင်းဆိုရင် လီဖူချန်းက  ထိပ်တန်း ကျာင်းသားစာရင်းရဲ့ ထိပ်ဆုံး သုံးနေရာ အတွင်းကို ဝင်ဖို့တောင်  အတော်လေး အခြေအနေ ကောင်းနေပါင်္ပြီ။

ထိပ်တန်းကျာင်းသားစာရင်းရဲ့ ထိပ်ဆုံးသုံးနေရာ ဆိုတာက ဟာသ မဟုတ်ပါဘူး။

ထိပ်တန်းးကျောင်းသားစာရင်းရဲ့ ထိပ်ဆုံး သုံးနေရာအတွင်းကို ဝင်ရောက်နိုင်မယ်ဆိုရင် လီဖူချန်းဟာ  မြေကမ္ဘာအဆင့်နိမ့် အတွင်းအား ကျင့်စဉ်တစ်ခုကို လေ့ကျင့်ခွင့် ရမှာပါ။ လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုနဲ့ မြေကမ္ဘာအဆင့်နိမ့် အတွင်းအားကျင့်စဉ်ကိုသာ ပေါင်းလိုက်လို့ ကတော့ ကျားကို အတောင်ပံ တပ်ပေး လိုက်တာထက်တောင် ဆိုးသွားပါဦးမယ်။ အပြင်စည်း တက္ကသိုလ် တစ်ခုလုံးမှာ လီဖူချန်းကို ယှဉ်နိုင်မယ့်ကျောင်းသား ရှိတော့မှာ မဟုတ်ပါဘူး။

လီဖူချန်းရဲ့ ဓားချက်ကြောင့် နောက်ဆုတ် လိုက်ရတဲ့ ဇိုဖန်းဟွာရဲ့ မျက်နှာကတော့ လငပုပ် ဖမ်းသကဲ့သို့ မည်းမှောင်  သွားခဲ့ပါပြီ။

သူတို့ နှစ်ယောက်စလုံးဟာ ဆန်းကြယ် အထွတ်အထိပ်အဆင့် ဓားသိုင်းကို သုံးခဲ့ပေမယ့်လည်း  သူက လီဖူချန်းရဲ့ ဓားချက်ကြောင့် အနောက်ဆုတ် ပေးလိုက်ရတာ မဟုတ်ပါလား။

ဇိုလင်းဟွာ အတွက်ကတော့ ဒါဟာ စော်ကားခံရခြင်း တစ်မျိုးပါပဲ။

" လီဖူချန်း ...  ငါက ငါ့ရဲ့ ရွှေပိုးမျှင် ဓားသိုင်းကို သုံးဖို့အတွက် အစီအစဉ် မရှိဘူး။  မင်းက အရမ်း အစွမ်းထက်နေမှတော့ ငါ့အနေနဲ့ မသုံးချင်လည်း သုံးရတော့မယ် "

စကားဆုံးတာနဲ့ တစ်ပြိုင်နက် ဇိုဖန်းဟွာဟာ သူ့ရဲ့ ညာခြေထောက်ကို အားပြုပြီး အရှိန်ယူကာ လီဖူချန်းဆီသို့ ခုန်ဝင်သွားခဲ့ပါပြီ။

သူ့ရဲ့ ဓားကတော့ စက်ဝိုင်းပုံသဏ္ဌာန် လည်ပတ်သွားပြီး ရွှေရောင်ပိုးမျှင်တွေနဲ့ ဆင်တူတဲ့ ဓားချီတွေကို ထုတ်ပေးနေပါတယ်။ အဲသည်ရွှေရောင်ပိုးမျှင် ဓားချီတွေက လီဖူချန်းကို ရစ်ပတ်ဖို့ ကြိုးစားနေပါသေးတယ်။

ဒါကတော့ ဇိုဖန်းဟွာရဲ့ မြေကမ္ဘာအဆင့်နိမ့် ဓားသိုင်းဖြစ်တဲ့ ရွှေပိုးမျှင် ဓားသိုင်းပါပဲ။

သည်ဓားသိုင်းက အတော်လေး ကြောက်စရာကောင်းတဲ့ ဓားသိုင်းတစ်ခု ဖြစ်ပါတယ်။ ပြိုင်ဘက် ဖြစ်သူဟာ ရွှေရောင်ပိုးမျှင် ဓားချီလေး တစ်ခုကိုတောင် အထိခံလို့ မရပါဘူး။ ရွှေရောင်ပိုးမျှင် ဓားချီနဲ့ ထိလိုက်မိတာနဲ့ တစ်ပြိုင်နက် ပြိုင်ဘက်ဖြစ်သူဟာ မမြင်ရတဲ့ ကြိုးတွေနဲ့ ချည်နှောင် ခံလိုက်ရသလို ဖြစ်သွားပြီး  ထိန်းချုပ်ခံလိုက်ရမှာပါ။ ပြီးတော့ အဲသည် ရွှေရောင်ပိုးမျှင် ဓားချီတွေက လူကို အပိုင်းပိုင်းအစစ ဖြစ်သွားစေနိုင်ပါသေးတယ်။

တစ်ဖက်ပြိုင်ဘက်က ရွှေပိုးမျှင် ဓားသိုင်းထက် ပိုအားမကောင်း သရွေ့ကတော့ သည်ရွှေရောင်ပိုးမျှင် ဓားချီတွေကို ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး။

" သည်ဓားသိုင်းက အတော်လေး ကြောက်စရာ ကောင်းတာပဲ  "

လီဖူချန်းက သူ့ရဲ့ ငရဲမီးဓားသိုင်းဟာ သည်ရွှေပိုးမျှင် ဓားသိုင်းကို မယှဉ်နိုင်ဘူး ဆိုတာကို သိလိုက်ပါတယ်။

ဒါပေမဲ့လည်း သိပ်တော့ စိတ်ပူစရာ မလိုပါဘူး။ သူ့ဆီမှာ လျှို့ဝှက် ကောင်းကင်ဘုံဓားသိုင်း ရှိပါသေးတယ်။ လီဖူချန်းက နေဝန်းစိမ်း ဓားဆန္ဒကိုတော့ တကယ့် သေရေးရှင်ရေး အခြေအနေမှာမှ ထုတ်သုံးဖို့ စဉ်းစားထားပါတယ်။

အနည်းဆုံးတော့ လျှို့ဝှက်ကောင်းကင်ဘုံ ဓားသိုင်းက လေလွင့်နဂါး ဓားသိုင်းအောက် မကျပါဘူး။ လီဖူချန်းရဲ့ လက်ထဲမှာဆိုရင် သည်ဓားသိုင်းက ပိုလို့တောင် အစွမ်းထက်လာ ပါဦးမယ်။ ပြီးတော့ လီဖူချန်းဆီမှာက ဘုံခုနစ်ဆင့် ကောင်းကင်ဓား ရှိပါသေးတယ်။

ဘုခုနစ်ဆင့် ကောင်းကင်ဓားနဲ့ လျှို့ဝှက် ကောင်းကင်ဘုံဓားသိုင်းကို တစ်ပြိုင်တည်း သုံးလိုက်မယ် ဆိုရင် ဓားသိုင်းရဲ့ အစွမ်းက နှစ်ဆနီးပါး ပိုထက်မြက် သွားဦးမှာပါ။

" ကောင်းကင်တံတိုင်း "

လီဖူချန်းက ဓားကွက် ပြောင်းလိုက်ပြီး ရွှေရောင်ပိုးမျှင်ဓားချီတွေကို ခုခံလိုက်ပါတယ်။

လီဖူချန်းနဲ့  ဇိုဖန်းဟွာရဲ့ ကြားထဲမှာ ဓားအလင်းတန်း လွှာကြီးတစ်ခု ဖြစ်တည်လာခဲ့ပါပြီ။ ရွှေရောင်ပိုးမျှင် ဓားချီတွေက ရှေ့တက် တိုးလာနိုင်ခြင်း မရှိတော့ပါဘူး။

" ဖျက်ဆီးရမယ်။ ငါသည် ဓားအလင်းတန်းလွှာကို ဖျက်ဆီးရမယ် "

ဇိုဖန်းဟွာက ဒေါသတကြီးဖြင့်  ရွှေပိုးမျှင်ဓားသိုင်းကို အစွမ်းကုန် ထုတ်လိုက်ပါတယ်။   ရွှေရောင်ပိုးမျှင် ဓားချီတွေက တစ်စထက်တစ်စ ပိုပိုများလာပြီး ဓားအလင်းတန်းလွှာကြီးကို တိုက်စား ပစ်လိုက်ပါပြီ။

" ကောင်းကင်ဘုံ ပြောင်းလဲခြင်း "

ဘုံခုနစ်ဆင့် ကောင်းကင်ဓားက အပြစ်အနာအဆာ ကင်းတဲ့ ဓားအလင်းတန်းတွေကို ဖြစ်တည် စေလိုက်ပြီး  ဓားအလင်းတန်း အစုအဝေး တစ်ခုကို ဖန်တီးလိုက်ပြန်ပါတယ်။

အဲသည် ဓားအလင်းတန်း အစုအဝေးက တစ်စထက်တစ်စ  ပိုပို ဖောင်းကားလာပြီး ဇိုဖန်းဟွာရဲ့ အရှေ့မှာ ပေါက်ကွဲ သွားခဲ့ပါတယ်။

ဝုန်း ...

ဓားအလင်းတန်း အစုအဝေးက ပေါက်ကွဲသွားခဲ့သလို  ရွှေရောင် ပိုးမျှင် ဓားချီတွေကလည်း တစ်စစီ ပြန့်ကျဲ သွားခဲ့ပါပြီ။

ဇိုဖန်းဟွာက သူ့ကိုယ်သူတောင် မထိန်းနိုင်တော့ဘဲ မျက်နှာ ဖြူဖပ်ဖြူရော်နဲ့ အနောက်ကို ဆုတ်သွား ခဲ့ရပါတယ်။

ဒါက တကယ့် ဟာသ တစ်ခုပါပဲ။ ဇိုဖန်းဟွာဟာ လွန်ခဲ့တဲ့ ၂နှစ်ကတည်းက သည်ရွှေပိုးမျှင် ဓားသိုင်းရဲ့ အကြိုပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်ပြီးသွား ခဲ့တာပါ။  အခုဆိုရင် သူ့ရဲ့ ရွှေပိုးမျှင် ဓားသိုင်းက ပြီးပြည့်စုံခြင်း အဆင့်အထိတောင် ရောက်လုနီးပါး ဖြစ်နေပါပြီ။

ဒါတောင်မှ သူ့ရဲ့ ဓားသိုင်းက  လီဖူချန်းရဲ့ ဆန်းကြယ် အဆင့်မြင့် ဓားသိုင်းကို မယှဉ်နိုင်ခဲ့ပါဘူး။

" ငါအရှုံး မပေးဘူးကွ "

ဇိုဖန်းဟွာက သွေးရူးသွေးတန်းနဲ  ရွှေရောင် ပိုးမျှင်ဓားချီတွေကို နောက်ထပ် တစ်ကြိမ် ထပ်ထုတ်ဖို့ ပြင်လိုက်ပါတယ်၊

" အချိန်ကျပြီ "

လျှို့ဝှက်ကောင်းကင်ဘုံ ဓားသိုင်းက ရွှေပိုးမျှင်ဓားသိုင်းကို ခုခံနိုင်ပေမယ့်လည်း  အနိုင်ယူ ဖို့တော့ မဖြစ်နိုင်ပါဘူး။

လီဖူချန်းအနေနဲ့  ဇိုဖန်းဟွာ ရွှေရောင်ပိုးမျှင် ဓားချီတွေကို ထုတ်ဖို့ ပြင်နေတဲ့ စက္ကန့်ပိုင်းလေးကို အခွင့်ကောင်း ယူပြီး တိုက်ခိုက်ဖို့ လိုအပ်လာပါပြီ။

လီဖူချန်းက ကောင်းကင်ပေါ်ကို ခုန်တက်ပြီး ဇောက်ထိုး ပြန်ဆင်းချ လာခဲ့ပါတယ်။ သူ့ရဲ့ ဦးတည်ရာ ပစ်မှတ်ကတော့ ဇိုဖန်းဟွာပါပဲ။

"ကြယ်ကြွေ "

ကြယ်တစ်စင်း ကြွေကျလာသလို  တောက်ပလှတဲ့ ဓားအလင်းတန်း တစ်ခုကတော့ ဖြစ်တည် လာခဲ့ပါပြီ။ ဇိုဖန်းဟွာက မျက်လုံးတောင် မဖွင့်နိုင်တော့ပါဘူး။

ထန်  ...

ဇိုဖန်းဟွာရဲ့ လက်ထဲက ဓားဟာ လွတ်ကျသွားခဲ့သလို နှုတ်ခမ်း ထောင့်ကနေလည်း သွေးတွေ ယိုစီး ကျလာခဲ့ပါပြီ။ သူက မိုးကြိုးပစ်တာကို အရှင်လတ်လတ် ခံလိုက် ရတယ်လို့တောင် ထင်နေမိပါတယ်။

အစောပိုင်းတုန်း ဓားချက်ဟာ အလွန်အမင်း မြန်ဆန်လွန်းလှပါတယ်။ ဘယ်လောက်အထိ မြန်သလည်း ဆိုတော့ ဇိုဖန်းဟွာ အနေနဲ့ ဘာမှကို  မတုံ့ပြန်လိုက်နိုင်တဲ့ အထိပါပဲ။ တကယ်လို့ သည်ဓားချက်ကသာ သေကွင်းသေကွက်တွေကို ဦးတည်ခဲ့လို့ကတော့ အခုချိန်လောက်ဆိုရင် ဇိုဖန်းဟွာတစ်ယောက် သေနေလောက်ပါပြီ။

" မြန်လိုက်တဲ့ ဓားချက် "

နံပါတ်၃ ထိပ်တန်းကျောင်းသားဖြစ်တဲ့ ဝူကျိက စိတ်လိုလက်ရ ချီးကျူးလိုက်ပါတယ်။

သည်ဓားချက်က ဘာမှ ထူးဆန်းတာ မပါပါဘူး။ ဒါက အမြန်နှုန်းသီးသန့်ကိုသာ အခြေခံထားတာပါ၊

ဒါပေမဲ့လည်း သည်လိုဓားချက်မျိုးကို လူတိုင်း မထုတ်သုံးနိုင်ဘူး ဆိုတာကိုတော့ ဝူကျိတစ်ယောက် ကောင်းကောင်းကြီး နားလည်ထားပါတယ်။

" သူ ...  နိုင်သွားပြီ "

စုချွန်ရန်က  စိတ်လှုပ်ရှားစွာနဲ့ ရေရွတ်လိုက်ပါတယ်။

ဇိုဖန်းဟွာကို အနိုင်ယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ထိပ်တန်းကျောင်းသား စာရင်းရဲ့ ထိပ်ဆုံး သုံးနေရာထဲကို ဝင်ဖို့အတွက် ပိုပြီး အလားအလာ ကောင်းသွားခဲ့ပါပြီ။ လီဖူချန်းအနေနဲ့   နံပါတ်၃ ထိပ်တန်း ကျောင်းသားဖြစ်တဲ့ ဝူကျိကို အနိုင်ယူဖို့ပဲ လိုပါတယ်။ ဝူကျိကို အနိုင်ရလိုက်ပြီ ဆိုတာနဲ့ ထိပ်တန်းကျောင်းသား စာရင်းရဲ့  ထိပ်ဆုံးသုံးနေရာထဲက တစ်နေရာဟာ သူ့အတွက် သေချာ သလောက်နီးပါး ဖြစ်သွားတော့မှာပါ။

တန်းခွဲ၄ရဲ့ ဆရာဖြစ်တဲ့  ဝေယန်ထုံကတော့ မျက်နှာ ပျက်နေခဲ့ပါပြီ။

" မဖြစ်နိုင်ဘူး ...။ ဘယ်လိုမှ မဖြစ်နိုင်ဘူး "

ဇိုလင်းဟွာက သူမရဲ့ မျက်လုံးကိုတောင်မှ မယုံနိုင်တော့သလို ခံစားနေရပါတယ်။

သူမရဲ့ မောင်ဝမ်းကွဲဖြစ်သူ ဇိုဖန်းဟွာက လီဖူချန်းကို တကယ်ကြီး ရှုံးနိမ့် သွားခဲ့ပါပြီ။

" သည်ကလေးရဲ့ ဓားတာအိုက တကယ် ကြောက်စရာပဲ "

ပွဲကြည့်စင်မြင့်ပေါ်မှာ ရှိနေတဲ့ အပြင်စည်း တက္ကသိုလ် အကြီးအကဲ တစ်ယောက်က လီဖူချန်းနဲ့ ပတ်သက်ပြီး မှတ်ချက် ချလိုက်ပါတယ်။

ကျန်တဲ့ အကြီးအကဲတွေကလည်း မငြင်းပါဘူး။ ဆန်းကြယ် အဆင်မြင့်ဓားသိုင်းကို အသုံးပြုပြီး ဇိုဖန်းဟွာရဲ့ မြေကမ္ဘာ အဆင်နိမ့်ဓားသိုင်းကို ဖိနှိပ်ထားနိုင်တာ တစ်ခုနဲ့တင် လီဖူချန်းရဲ့ ဓားတာအိုဟာ အတော်လေး ကြောက်စရာ  ကောင်းနေပါပြီ။

ဒါပေမဲ့ လီဖူချန်းရဲ့ နောက်ဆုံးဓားချက်ဟာ ပိုပြီး ကြောက်စရာ ကောင်းနေပါသေးတယ်။ လီဖူချန်းရဲ့ နောက်ဆုံး ဓားချက်မှာဆိုရင် ကောင်းကင်နဲ့ မြေကြီးရဲ့ အနှစ်သာရတွေပါ ခိုဝင် ကိန်းအောင်း နေတာပါ။

လီဖူချန်းက  သူ့ရဲ့ ကိုယ်ပိုင် ဓားတာအိုကို အမှီပြုပြီး သည်ဓားကွက်ကို အဆင်မြှင့်ခဲ့တယ် ဆိုတာက အသိသာကြီးပါပဲ။ အဲဒါက မြေကမ္ဘာအဆင့်နိမ့် ဓားသိုင်းတစ်ခုမှာ ခိုဝင် ကိန်းအောင်းနေတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ အနှစ်သာရကို နားလည်အောင် လုပ်ရတာထက်တောင် ပိုခက်ပါသေးတယ်။

***

All Chapters