← Chapters

တကယ့်မျက်စိအစာကျွေးပွဲကြီးဖြစ်တော့မှာပဲ (၃)

Vol. 15 Ch. 218

တကယ့်မျက်စိအစာကျွေးပွဲကြီးဖြစ်တော့မှာပဲ (၃)

Vol. 15 Ch. 218

"နင်တို့လင်းဖန်ကို ပြောနေကြတာမလား။ လင်းဖန်ရဲ့သီချင်းတွေက အရမ်းကောင်းတာ။ ဒါပေမယ့် လင်းဖန် တိုက်ရိုက်သီဆိုတာ တစ်ခါမှမကြားဖူးဘူး။ သူသီချင်းဆိုတာကို တစ်ခါလောက် ကြားရရင် ဘယ်လောက်ကောင်းလိုက်မလဲ။"

ကျင်းဟွာတက္ကသိုလ်မှ ကျောင်းသားအမြောက်အများက လင်းဖန်၏ ပရိသတ်များသာ ဖြစ်ကြသည်။

သို့သော်လည်း သူတို့လင်းဖန်ကို တွေ့ရဖို့က အလွန်ခက်ခဲပါသည်။ ဘာပဲဖြစ်ဖြစ် လင်းဖန်က ကြယ်ပွင့်ကြီးတစ်ယောက် ဖြစ်နေပြီမဟုတ်ပါလား။

ထိုအချိန်တွင်....

အခန်းအနားကြီးတစ်ခုလုံးရှိ မီးအလင်းရောင်များ ပိတ်သွားသည်။

ခန်းမကြီးတစ်ခုလုံး မှောင်မိုက်သွားသည်။

ကျောင်းသားများ ဘေးပတ်လည်ရှိ အရာအားလုံး တိတ်ဆိတ်သွားကြသည်။

တင်ဆက်သူ၏ အသံက စင်ပေါ်မှ ထွက်လာသည်။

"ကျွန်တော်တို့ရဲ့ ကျောင်းသူကျောင်းသားတို့။ ဒီနေ့အတွက် ကျွန်တော်တို့ကျောင်းကနောက်ဆုံး ဧည့်သည်တစ်ယောက် ဖိတ်ကြားထားတာကို အားလုံးသိပြီးကြမှာပါ။"

"သူ့သီချင်းတွေက အရမ်းကောင်းတာ။ Tiktok မှာတောင် ရေပန်းစားခဲ့သေးတယ်။ QQ Music မှာဆို သူ့သီချင်းတွေက ထိပ်ဆုံးအဆင့်တွေထိ တက်သွားပြီး ကောင်းကင်ဘုံဘုရင်ကြီးကျိုးကိုတောင် ကျော်တက်သွားခဲ့ဖူးတယ်။"

"ရုပ်သံဒရမ်မာ ၂ ခုမှာလည်း သရုပ်ဆောင်ဖူးပါတယ်။ တစ်ခုက ဘဝရဲ့ပျော်ရွှင်မှုလို့ခေါ်ပြီးတော့ နောက်တစ်ခုကတော့ ဓားနှင့်နတ်သမီးဒဏ္ဍာရီလို့ အမည်ရပါတယ်။"

"သူ့နာမည်ကတော့... လင်းဖန်ပဲ ဖြစ်ပါတယ်။"

"လင်းဖန်ကို သူ့ရဲ့ ပထမဆုံးသီချင်းဖြစ်တဲ့ အချစ်ဝန်ခံချက်သီချင်းကို သီဆိုဖို့ ဖိတ်ကြားလိုက်ကြရအောင်လား။"

တင်ဆက်သူ၏ အသံထွက်ပေါ်လာသောအခါ ကျောင်းသားများ အားလုံး ကြက်သေသေသွားကြပြီး သူတို့နား သူတို့ မယုံနိုင်အောင် ဖြစ်သွားကြသည်။

သူတို့ အိုင်ဒေါလင်းဖန် တကယ်ကြီး ရောက်လာခဲ့၏။

ပြိုင်ဘက်ကင်း သရုပ်ဆောင်စွမ်းရည်များရှိသည့်အပြင် လင်းဖန်က အဆိုတော်တစ်ယောက်လည်း ဖြစ်ပါသည်။

သူသီဆိုခဲ့သည့် အချစ်ကို ဝန်ခံချက် သီချင်းက လူတိုင်း ထပ်ခါထပ်ခါနားထောင်သည့် သီချင်းတစ်ပုဒ် ဖြစ်လာခဲ့တာ ကြာပါပြီ။

ဒီနေ့တော့ အားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည့် အရာက... လင်းဖန် တကယ်ကြီး ဒီကို ရောက်ရှိလာခြင်းပင်။

"အား လင်းဖန်ရောက်လာပြီဟေ့။"

"ဘုရားရေ ငါ့အိုင်ဒေါလင်းဖန်။ လင်းဖန် တိုက်ရိုက်သီဆိုတာကို တကယ်ကြားခွင့်ရတော့မယ်။"

"လင်းဖန်ရဲ့ 'အချစ်ကိုဝန်ခံချက်' သီချင်းက အရမ်းကောင်းတာ။ လင်းဖန်ကို ငါ့တစ်သက်မှာ တစ်ခါ မြင်လိုက်ရပြီဆိုတော့ ပျော်ပျော်ကြီး သေလို့ ရပြီ။"

"လင်းဖန် လင်းဖန် လင်းဖန်"

မရေမတွက်နိုင်သော ကျောင်းသားကျောင်းသူများစွာက အော်ဟစ်အားပေးနေကြသည်။

ဒါက ကျောင်းစုံညီပွဲ မဟုတ်တော့ပါ။။ တကယ့် ဂီတဖျော်ဖြေပွဲကြီး တစ်ခုလို ဖြစ်သွားခဲ့ပါသည်။

လင်းဖန်ကမှ တကယ့် ဇာတ်လိုက် ဖြစ်သည်။ ထိုအချိန်တွင် ဘွန်း ဝှစ်...

စင်ပေါ်က မီးတွေအားလုံး ရုတ်တရက်ကြီး ပြန်လင်းလာခဲ့၏။ ထို့နောက် ကြားဖူးနေကျ နောက်ခံတေးဂီတသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဒါက အချစ်ကို ဝန်ခံချက်၏ နောက်ခံတေးဂီတ ဖြစ်ပါသည်။

အဖြူရောင် လူရိပ်တစ်ခုက ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။

စင်ပေါ်က လှလှပပ မီးများအားလုံး လင်းဖန်ကို မီးမောင်းထိုးပြလိုက်ကြသည်။

လင်းဖန်က လက်ထဲတွင် မိုက်ခရိုဖုန်းတစ်လုံးကို ကိုင်လျက် ထွက်လာခဲ့၏။ သူက သာမန် အဖြူရောင် တီရှပ်တစ်ထည်ကိုသာ ဝတ်ဆင်ထားသော်လည်း ချောမောပြီး ခန့်ညားနေပါသည်။

ပန်းချီကားတစ်ချပ်ထဲမှ ထွက်လာသည့် အင်မော်တယ်တစ်ပါးလိုပင်။

သူ့တွင် ပြိုင်ဘက်ကင်း အရှိန်အဝါနဲ့ ခန့်ညားထည်ဝါသော ရုပ်ရည်တို့ ရှိသည်။

သူ ပေါ်လာတာနဲ့ တစ်ပြိုင်နက် လူအားလုံး၏ အာရုံကို ဆွဲဆောင်လိုက်နိုင်သည်။

ဘေးပတ်လည်ရှိ ရှုခင်းများ၊ မီးအလင်းရောင်များနှင့် LED ဖန်သားပြင်ပေါ်က အရာအားလုံးတောင် ၎င်းတို့၏ အရောင်အသွေး စုံလင်မှုကို ဆုံးရှုံးသွားကြ၏။

မိုက်ခရိုဖုန်းကို ကိုင်လျက် နောက်ခံတေးဂီတသံနှင့်အတူ စတိတ်စင်အလယ်တွင် ကျော့ရှင်းစွာ ရပ်နေပြီး ကျောင်းသားကျောင်းသူများအားလုံး သူ့သီဆိုမှုတွင် မြူးထူးနေကြပါသည်။

အခမ်းအနားထဲရှိနေသူအားလုံး မှင်သက်သွားကြသည်။

ကမ္ဘာကြီးထဲမှာ ဒီလောက်ချောမောတဲ့ လူမျိုးရှိနေရတဲ့လား။

လင်းဖန် ထွက်လာတော့ ကြယ်ရောင်စုံတွေတောင် သူ့တောက်ပမှုကို မဖုံးလွှမ်းနိုင်တော့ပါ။

လင်းဖန်၏ အသံ ထွက်ပေါ်လာခဲ့သည်။

[ကျန်းမြစ် ဘယ်ဘက်တစ်ဖက်ကမ်းရဲ့ ကော်ဖီလေးတစ်ခွက်]

[ကိုယ့်လက်ထဲ ကော်ဖီတစ်ခွက်ကိုင်ရင်း မင်းရဲ့ အလှကို မြည်းစမ်းပါ့မယ်]

[နှုတ်ခမ်းနီရာလေးထင်စေခဲ့တဲ့ နှုတ်ခမ်းလေးရယ်]

[ပန်းဆိုင်ထဲက နှင်းဆီတွေအတွက် နာမည် ဘယ်သူပေးခဲ့တယ်]

နူးညံ့သိမ်မွေ့သော အသံတစ်ခုက တေးဂီတသံနှင့်အတူတူ ပရိသတ်အားလုံး၏ နားထဲသို့ တိုးဝင်လာခဲ့သည်။

ထိုအချိန်တွင် ပရိသတ်အားလုံး တကယ် သာယာငြိမ့်ငြောင်းသော အသံတစ်ခုကို ကြားလိုက်ရပါသည်။

ပရိသတ်အားလုံး မတ်တပ်ရပ်ကာ လင်းဖန်၏ သီဆိုမှုထဲ ယစ်မူးသွားခဲ့သည်။

လင်းဖန်ကိုမြင်လိုက်ရပြီးနောက် အားပေးဖို့, စကားပြောဖို့, အော်ဖို့တောင် အချိန်မရှိတော့ပါ။

ပရိသတ်အားလုံး, ကျင်းဟွာ တက္ကသိုလ်၏ ကျောင်းအုပ်နှင့် ဆရာဆရာမများ, ကျောင်းသူကျောင်းသားများအားလုံး ထိုကဲ့သို့ သာယာငြိမ့်ငြောင်းသော အသံလေးတွင် နှစ်မြောသွားကြသည်။

အားလုံး စိတ်ပါဝင်စားကာ ကိုယ့်ဒုက္ခတွေကိုတောင် မေ့ကုန်ကြပါပြီ။

ပြိုင်ဘက်ကင်းသည့် အသံတစ်ခုက သီချင်းစာသားများနှင့်တကွ အားလုံး၏ အာရုံထဲဝင်ရောက်လာခဲ့သည်။

ယခုရှိနေသူအားလုံး သတိမေ့လျော့ ယစ်မူးသွားကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော ပရိသတ်အားလုံးလည်း ယစ်မူးသွားကြပါသည်။

အဆိုနတ်ဘုရားလင်းဖန်က အားလုံးရှေ့မှာပေါ်လာခဲ့၏။

ဒီမြင်ကွင်းကြီးက ဘယ်အရာနဲ့မှ နှိုင်းယှဥ်လို့ မရနိုင်ပါ။

ပုံရိပ်အလှအပများက ရူးလောက်ဖွယ်ဖြစ်ပြီး အားလုံး၏ နှလုံးသားများလည်း လုံးဝ မှင်သက်နေကြလေပြီ။

တကယ့် မျက်စိအစာကြွေးပွဲကြီး ဖြစ်လာပေတော့မည်။

All Chapters