← Chapters

ဒီနေ့ညက ထူးခြားဖို့ အကြောင်းဖန်လာပြီ (၁)

Vol. 15 Ch. 219

ဒီနေ့ညက ထူးခြားဖို့ အကြောင်းဖန်လာပြီ (၁)

Vol. 15 Ch. 219

ပရိသတ်အားလုံး လက်များကို ယိမ်းမိကြသည်။

လင်းဖန်၏ "အချစ်ကိုဝန်ခံချက်"က အားလုံး၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်သွားခဲ့သည်။

ဒီသီချင်းက ချိုမြိန်လွန်းပါသည်။

ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ပရိသတ်အားလုံး မျက်နှာပေါ်တွင် ပျော်ပျော်ရွှင်ရွှင် အပြုံးများ ပေါ်လာကြသည်။

လင်းဖန်၏ သီချင်းကို နားထောင်ရတာ အလွန်သာယာပါသည်။

သီချင်းတစ်ပုဒ်လုံးတွင် ချိုမြိန်သည့် စတိုင်တစ်ခု ရှိနေသည်။ ကျောင်းသားကျောင်းသူ အားလုံး လင်းဖန်ကိုကြည့်ကာ ဒီလိုသီချင်းထဲ ရောက်သွားသလိုမျိုး ခံစားလိုက်ကြရပါသည်။

လင်းယွီရှစ်တောင် မှင်သက်သွားခဲ့ရ၏။

သူမ အစ်ကို၏ သီချင်းများက ကောင်းလွန်းသည်။

လင်းဖန် အစိမ်းသက်သက် သီချင်းဆိုရင်တောင် တော်တော်ကောင်းနေမှန်း သူမ သိပါသည်။

ထိုအချိန်တုန်းက လင်းဖန် အချစ်ရဲ့ဝန်ခံချက်ကို ကမ်းခြေတွင် သီဆိုခဲ့ပြီး အွန်လိုင်းပေါ်မှာ အလွန်အမင်း ရေပန်းစားလာခဲ့သည်။

ဒါက လင်းဖန်၏ ပထမဆုံး စတိတ်စင် ဖျော်ဖြေမှု ဖြစ်၏။

ပွဲတက်ဝတ်စုံများ၊ မီးအလင်းများ၊ နောက်ခံတေးဂီတနှင့် သီချင်းတို့ ပါဝင်သည်။

တခြားသူတွေက လင်းဖန်သီချင်းဆိုတာကို အနီးကပ် တစ်ခါမှ မကြားဖူးကြပေ။ သို့သော် လင်းယွီရှစ်ကတော့ သူ့သီချင်းဆိုသံကို ခဏခဏ ကြားရပါသည်။

သို့သော်လည်း ဒီနေ့တော့ လင်းဖန် သီချင်းဆိုတာ ဘယ်လောက်ကောင်းမှန်း သူမ နားလည်သွားခဲ့ပါပြီ။

ဒီလိုအသံမျိုးကို အရင်တုန်းကနဲ့ ယှဥ်ကြည့်လို့ မရတော့ပါ။ ဒီလောက်အဆိုကောင်းတဲ့လူ ကမ္ဘာကြီးထဲမှာ ရှိနိုင်ပါဦးမလား။

နောက်ခံတေးဂီတများနှင့်အတူ လင်းဖန် သီဆိုလိုက်သည့် စာသားတိုင်းက လင်းယွီရှစ်ကို ငိုချင်စိတ်များ ဖြစ်ပေါ်စေသည်။

တခြားလူတွေ သီချင်းဆိုတာ အများကြီး မြင်ဖူးသော်လည်း ဒီလောက်ကောင်းသည့် သီချင်းကိုတော့ တစ်ခါမှ မကြားဖူးခဲ့ပေ။

စတိတ်စင်ပေါ် များစွာသော မီးရောင်များ အကြား လင်းဖန် ရှိနေသည်။ သူက ထိုနေရာတွင် ဇာတ်လိုက်မင်းသား ဖြစ်၏။ အားလုံး၏ ရင်ထဲက အိုင်ဒေါ ဖြစ်သည်။

ဘာမှန်း မသိလိုက်ပဲ လင်းယွီရှစ် နားလည်သွားခဲ့ပါသည်။

သူမ၏ အစ်ကိုဖြစ်သူ လင်းဖန်က သူမ အိုင်ဒေါဖြစ်သွားခဲ့ပါပြီ။

နောက်ဆုံးတော့ စူပါစတားတစ်ယောက်ကို အစ်ကိုတော်ထားရတာ ဘယ်လိုခံစားရမှန်း နားလည်သွားခဲ့ပါပြီ။

ဒါက သူမ အစ်ကို ဖြစ်သည်။ လင်းယွီရှစ် ငိုမိသွား၏။ သူမ၏ မျက်လုံးများက နီရဲနေပါသည်။

သူမအစ်ကို လင်းဖန်က ဒီနေ့ ဒီလို စတိတ်စင်ပေါ်တွင် ရှိနေနိုင်လိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပါ။။

လင်းဖန်အတွက် သူမ အလွန် ဂုဏ်ယူမိပါသည်။

ဒီလိုအစ်ကိုတစ်ယောက် ပိုင်ဆိုင်ထားရလျှင် တစ်သက်တာ လုံလောက်ပါပြီ။

ဒီ"အချစ်ကိုဝန်ခံချက်" သီချင်းလည်း အဆုံးသတ်ခါနီးလာခဲ့လေပြီ။

[ဒါလင် အဲ့ဒီနေ့ကစလို့ မင်းကိုချစ်မိခဲ့တယ်]

[ချိုမြိန်ပြီး နူးညံ့လွန်းတဲ့သူ]

[ဟန်နီ တစ်ဇွတ်ထိုး မလုပ်ပါနဲ့။ မင်းမျက်လုံးလေးတွေကို ကိုယ်နားလည်နိုင်တယ်]

[ဒါလင် မင်းကိုချစ်မိခဲ့တုန်းက]

[ငါ့မှတ်ဉာဏ်တွေမှာ မင်းရဲ့ ရေမွှေးနံ့တွေ အပြည့်နဲ့]

[အိပ်မက်ပုလင်းလေးမှာ မင်းပဲရှိတယ်]

[အတူတူ ပေါင်းစည်းပြီး ဟန်နီ တစ်ဇွတ်ထိုး မလုပ်လိုက်ပါနဲ့။ မင်းရဲ့မျက်လုံးလေးတွေကို ကိုယ်နားလည်နိုင်တယ်]

ထိုသီချင်းကို သီဆိုပြီးနောက် လင်းဖန် မိုက်ခရိုဖုန်းကို လက်ထဲကိုင်လျက် ပရိသတ်ကို တောက်ပသော အပြုံးဖြင့် ကြည့်လိုက်ပါသည်။

နောက်ခံတေးဂီတ ရပ်တန့်သွားသောအခါ ကျင်းဟွာ တက္ကသိုလ်ရှိ ပရိသတ်အားလုံးနှင့် ကျောင်းသားကျောင်းသူအားလုံးက လက်ခုပ်တီး အားပေးလိုက်ကြသည်။

"လင်းဖန်"

"လင်းဖန်"

"လင်းဖန်ရဲ့ သီချင်းတွေက ဘာလို့ အရမ်း ကောင်းရတာလဲ။ ဒီ 'အချစ်ကို ဝန်ခံချက်' သီချင်းက အရမ်းချိုမြိန်နေတာပဲ။"

"ငါငိုနေပြီ ငါတကယ်ငိုနေပါပြီ။ နာမည်ကြီး အဆိုတော်တစ်ယောက် တိုက်ရိုက်ဆိုတာကို ပထမဆုံးအကြိမ်ကြားဖူးတာပဲ။ ပြီးတော့ လက်မှတ်ဖိုးတောင် မကုန်ဘူး။"

"လင်းဖန်ကို တေးဂီတဖျော်ဖြေပွဲတစ်ခုကျင်းပပေးဖို့ လေးလေးနက်နက် တောင်းဆိုချင်တယ်။ လင်းဖန် သီချင်းဆိုတာ နားထောင်ချင်တယ်။ ဒီ'အချစ်ကို ဝန်ခံချက်'က အွန်လိုင်းပေါ်မှာ နားထောင်ရတာနဲ့လုံးဝ ခြားနားနေတယ်။ တိုက်ရိုက်နားထောင်မှ ဒီသီချင်း ဘယ်လောက်ကောင်းလဲဆိုတာ သိပြီး အံ့သြဖို့ ဘယ်လောက်ကောင်းလဲ သိသွားကြလိမ့်မယ်။"

"ဒီသီချင်းနားထောင်လိုက်ရုံနဲ့ ငါချစ်ပါချစ်ချင်သွားတယ်။ ထားလိုက်တော့။ ငါ ဒီနေ့ညပဲ ဖွင့်ပြောလိုက်တော့မယ်။"

"ငါ အချစ်သီချင်းတွေလည်း အများကြီး ကြားဖူးပါတယ်။ ဒါပေမယ့် လင်းဖန်ရဲ့ သီချင်းလိုမျိုးတော့ တစ်ခါမှ မကြားဖူးဘူး။ တခြား သီချင်းတွေ တကယ်ယှဥ်နိုင်တဲ့သီချင်းပဲ။ လင်းဖန်သာ အဆိုတော်လမ်းကို လျှောက်မယ်ဆို သေချာပေါက် တကယ့် စူပါစတား အစစ်ဖြစ်လာမယ်လို့ ယုံကြည်တယ်။"

"ကြိုက်တယ် ကြိုက်တယ်။ ဘာပြောရမှန်းတောင် မသိတော့ဘူး။ လင်းဖန် နောက်တစ်ပုဒ် ဆိုပေးပါဦး~"

တစ်ချိန်တည်းမှာပင် လင်းယွီရှစ်၏ တိုက်ရိုက်ထုတ်လွှင့်မှု ထိန်းမနိုင် သိမ်းမရ ဖြစ်သွားခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုထဲက ကင်မရာက လင်းဖန်ကို ချိန်ရွယ်ထားသည်။

အရင်တစ်ခေါက်က အစိမ်းသက်သက် သီချင်းဆိုခြင်းသာဖြစ်ပြီး ဒီတစ်ခေါက်ကတော့ လင်းဖန်၏ အသံအစစ် ဖြစ်သည်။ နောက်ခံတေးဂီတ ပါဝင်ပြီး စတိတ်စင်ပေါ်က မီးအလင်းရောင်တွေလည်း ပါဝင်နေပါသေးသည်။

ဒီမြင်ကွင်းက တကယ့်ပဲ နှိုင်းယှဥ်စရာ မရှိလောက်အောင်ပင်။

လင်းယွီရှစ်၏ တိုက်ရိုက်ထုတ်လွှင့်မှု ရေပန်းစားချက်က ၆ သန်း၊ ၇ သန်းတောင် ကျော်သွားခဲ့ပါပြီ။

တကယ့် တိုက်ရိုက်ထုတ်လွှင့်သူကြီးတစ်ယောက်သာ ဒီလို ရေပန်းစားမှုမျိုး ရရှိနိုင်၏။

တိုက်ရိုက်ထုတ်လွှင့်မှုထဲက ကောမန့်များကလည်း အလွန်များပြားနေပြီဖြစ်ကာ သေသေချာချာပင် မမြင်ရဘဲ နေရာလွတ်တောင် မရှိတော့ပေ။

"666666"

"အစ်ကိုဖန် သီချင်းဆိုတာ တကယ်ကောင်းတာပဲ။ သူဘယ်မှာလဲ။ အစ်ကိုဖန် သီချင်းဆိုတာကို အပြင်မှာသာ တွေ့လိုက်ရရင် ငါသေပျော်ပြီ။"

"အား ကောင်းလိုက်တဲ့ အသံလေး။ ဘာလို့ ဒီလောက် အဆိုကောင်းရတာလဲ။"

"နောက်တစ်ပုဒ်လောက်။ သူ့ကို နောက်တစ်ပုဒ်လောက် တောင်းဆိုပေးပါဦး။"

လင်းယွီရှစ်၏ တိုက်ရိုက်ထုတ်လွှင့်မှုထဲက လက်ဆောင်တွေလည်း ထိန်းမနိုင် သိမ်းမရ ဖြစ်သွားခဲ့ပါသည်။

Plane များ Rocket များနှင့် Super Rocket ပေါင်းစုံ လင်းယွီရှစ်၏ ဖုန်းဖန်သားပြင်ပေါ်တွင် ပေါ်လာခဲ့သည်။

ထို့နောက် ဘွန်း…

လင်းယွီရှစ်၏ တိုက်ရိုက်ထုတ်လွှင့်မှု ဒီတစ်ခါတော့ တကယ်ထိန်းမရတော့ပေ။

Douyu က တိုက်ရိုက်ထုတ်လွှင့်မှုထဲ လူတွေ ဘယ်လောက်များများ ၎င်းတို့၏ ဆာဗာရပ်တန့်မသွားအောင် ဆာဗာကို တိုးချဲ့ထားကြပြီးသား ဖြစ်သည်။

ယခုတော့ တိုက်ရိုက်ထုတ်လွှင့်မှုထဲက လက်ဆောင်စနစ်က ဘာမှ မဖြစ်သေးသော်လည်း ကောမန့်များကိုတော့ မမြင်ရတော့ပေ။

တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ ကောမန့် အကန့် ပျက်စီးသွားသည်။

အရင်တစ်ခေါက် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု၏ ကောမန့်အကန့် ပျက်စီးခဲ့တာက 50-50 ဟုခေါ်သည့် နာမည်ကြီး တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်ကြောင့် ဖြစ်သည်။ အားလုံး "Paratropper One Lu Kaikai တိုက်ပွဲအသင့်ပြင်" ဟု ဆက်တိုက်မန့်နေကြပြီး 50-50 ကလည်း အလွန်ရေပန်းစားလွန်းသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု၏ ကောမန့်အကန့် ပျက်စီးသွားခဲ့ရခြင်း ဖြစ်သည်။

သို့သော်လည်း ဒီတစ်ခေါက်က ဆာဗာများကို ပြန်လည်ပြုပြင်ထားပြီးသား ဖြစ်ပါသည်။

All Chapters