← Chapters

လင်းဖန်ရဲ့သီချင်း နာမည်ကြီးသွားပြီ

Vol. 15 Ch. 222

လင်းဖန်ရဲ့သီချင်း နာမည်ကြီးသွားပြီ

Vol. 15 Ch. 222

တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း ပိတ်လိုက်ပြီဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိသတ်အားလုံး ရူးသွပ်ကုန်ကြပါသည်။

ကောမန့်အကန့်က ပြန်မကောင်းသေးပေ။ လင်းဖန်က သီချင်းနှစ်ပုဒ်ဆိုပြီး Douyu ၏ ကောမန့် လုပ်ဆောင်ချက်စနစ်များကို ပျက်စီးသွားစေခဲ့၏။

လင်းယွီရှစ်ကို လက်ဆောင်ပေးတဲ့လူတွေလည်း ပိုပိုများလာခဲ့ပါသည်။

တစ်ချိန်တည်းတွင် ပဲရစ်စ်မြို့၌။

LV နဲ့ Chanel တို့၏ ဝန်ထမ်းများက အနည်းငယ် စိတ်လှုပ်ရှားနေကြပါသည်။

"ခက်လိုက်တာ။ မစ္စတာလင်းရဲ့ သီဆိုမှုက အရမ်းကောင်းတာပဲ။ တော်တော်ကောင်းလွန်းတယ်။ ပဲရစ်စ်မြို့က အဆိုတော်တွေ အများကြီးထက် ပိုကောင်းသေးတယ်"

"လင်းဖန်က စူပါစတားတစ်ယောက်လေ။ တရုတ်နိုင်ငံက စူပါစတားတစ်ယောက်ပေါ့။"

"သူ့သီဆိုသံကြောင့် ငါတို့တွေ မှင်သက်သွားခဲ့ရတယ်။ သီချင်းနှစ်ပုဒ်ရဲ့ စာသားနဲ့ မယ်လိုဒီကလည်း တော်တော်လေး ကောင်းတယ်။"

"အခွင့်အရေးသာရလာရင် ငါတရုတ်ကိုသွားပြီး လင်းဖန်ရဲ့ ဖျော်ဖြေပွဲကို သွားချင်တယ်။ လင်းဖန်သီချင်းဆိုတာကို အနီးကပ်နားထောင်ရရင် ပိုပြီး အံ့သြသွားမလားပဲ။"

"မစ္စရှားရဲ့ ကောင်လေးက အရမ်းပါရမီရှိတာပဲနော်။ အားကျလိုက်တာ..."

LV နဲ့ Chanel တို့၏ သာမန်ဝန်ထမ်းတွေကတော့ လင်းဖန်က သူတို့ကုမ္ပဏီနှစ်ခုစလုံး၏ အဓိက ရှယ်ယာဝင်တစ်ယောက် ဖြစ်မှန်း မသိကြပါ။

သူတို့သာသိပါက ပိုလို့တောင် အံ့သြသွားနိုင်ပါသေးသည်။

သူ့ကို မစ္စတာလင်းဟုမခေါ်တော့ဘဲ ဘော့စ်လင်းဟုတောင် ခေါ်ချင်ခေါ်နိုင်သည်။

ရှားဝမ်ချွေ့ကတော့ ဆက်ထိုင်နေပြီး ချစ်ဖို့ကောင်းစွာ ပြုံးလိုက်ပါသည်။

"သူ သီချင်းဆိုတာ... တော်တော်ကောင်းတာပဲ။"

သူမ ချိုမြိန်စွာဖြင့် ပြုံးလိုက်သည်။ လင်းဖန်၏ အသံကိုကြားလိုက််ရပြီးနောက် သူမ ပင်ပန်းသလို မခံစားရတော့ပေ။

လင်းဖန်၏ အသံကို ကြားလိုက်ရတာ ကောင်းချီးမင်္ဂလာတစ်ခုလိုပင်။

အချိန်တစ်ခုလောက် ရှားဝမ်ချွေ့ လင်းဖန်ကို သတိရသွားခဲ့သည်။

သူမ အလုပ်ကို မြန်မြန်အဆုံးသတ်ပြီး အိမ်ပြန်ကာ လင်းဖန်ကို တွေ့ရမည်။

သူမ နိုင်ငံခြားထွက်လာခဲ့တာ လဝက်နီးပါးလောက် ရှိနေပါပြီ။ သူမ၏ အချိန်ဇယားအရဆို နောက်ထပ် လဝက်အတွင်း အိမ်ပြန်နိုင်တော့မည်။

ထို့နောက်... သူမ လင်းဖန်ကိုတွေ့နိုင်လိမ့်မည်။ ပြီးလျှင် သူ့ကို Surrprise လုပ်ပါမည်။

ဒီခြောက်လအတွင်း လင်းဖန်နဲ့ အတူတူ သူမ ကြိုးစားမည်။

လဝက်အတွင်း သူမ မိဘတွေနဲ့ လင်းဖန် တွေ့နိုင်တော့မည်။

ထို့နောက် သူမ လင်းဖန်နဲ့ စေ့စပ်နိုင်ပါတော့မည်။

"ကျွန်မတို့ ကြော်ငြာဆက်ရိုက်လို့ရမလား။"

"ဒီရက်ပိုင်းထဲ အလုပ်ကြိုးစားပြီး အိမ်စောစောပြန်ချင်လို့ပါ" ရှားဝမ်ချွေ့က ပြုံးလိုက်ပြီး ဘေးပတ်လည်ရှိ ဝန်ထမ်းများကို ကြည့်လိုက်ပါသည်။

"ဒါပေါ့" မန်နေဂျာတစ်ယောက် လျှောက်လာပြီး ရှားဝမ်ချွေ့ကို အနည်းငယ် ဦးညွှတ်လိုက်ပါသည်။ ရှားဝမ်ချွေ့က လင်းဖန်၏ ကောင်မလေးမှန်း သိသော်လည်း ကြော်ငြာကိုတော့ ပြီးအောင် ရိုက်ရပါမည်။

ရှားဝမ်ချွေ့က ကမ္ဘာ့ထိပ်တန်း တန်ဖိုးကြီး ထုတ်ကုန်ပစ္စည်းများအတွက် ကြော်ငြာရိုက်ကူးနေခြင်းဖြစ်သည်။ သူမက တရုတ်နိုင်ငံ၏ ကိုယ်စားပြုလည်းဖြစ်ပြီး ထိုထုတ်ကုန်နှစ်မျိုးအတွက် ကမ္ဘာလုံးဆိုင်ရာ ကြော်ငြာပုဂ္ဂိလ်လည်း ဖြစ်သည်။ ထို့ကြောင့် သူမ၏ လုပ်ငန်းကိုတော့ လေးလေးနက်နက် ပြီးမြောက်အောင် ဆောင်ရွက်ရပါမည်။

ဒီလောက်လှပသည့် ကောင်မလေးကို ကြည့်ရင်း မန်နေဂျာ မငြင်းနိုင်ပါ။

အရေးအကြီးဆုံးက ရှားဝမ်ချွေ့က လင်းဖန်၏ ကောင်မလေးဖြစ်သည်။

လင်းဖန်က ကုမ္ပဏီ၏ အဓိက ရှယ်ယာဝင်တစ်ယောက် ဖြစ်၏။

ရှားဝမ်ချွေ့၏ သရုပ်မှန်ကို တခြားသူတွေ မသိနိုင်သော်လည်း မန်နေဂျာကတော့ သိပါသည်။

သူတို့ အချိန်ပိုလည်း လုပ်ရပြီး ရှားဝမ်ချွေ့အား ကြော်ငြာပြီးမြောက်အောင် ရိုက်ကူးနိုင်ဖို့အတွက် ကူညီပေးခဲ့ကြပါသည်။

"မစ္စရှား။ နေ့တိုင်း ကြိုးစားပြီး ရိုက်ကူးမယ်ဆိုရင် ၅ ရက်အတွင်း ရိုက်ကူးရေးပြီးနိုင်ပါတယ်။"

"မူလ အစီအစဥ်က ၁ လကြာ ဆိုပေမယ့် အခုတော့ ရိုက်ကူးရေးကို ရက် ၂၀ အတွင်း ပြီးအောင် ဆောင်ရွက်နိုင်ပါလိမ့်မယ်" မန်နေဂျာက အနည်းငယ် ဦးညွှတ်ကာ ပြုံးလိုက်ပါသည်။

"သြော် ကောင်းပါပြီ" ရှားဝမ်ချွေ့ မတ်တပ်ရပ်လိုက်ပြီး အလုပ်ဆက်လုပ်ပါသည်။

သူမအတွက် ဘယ်လောက်ပဲ ခက်ခဲနေပါစေ သူမ လင်းဖန်ကို စောစောမြင်ချင်မိသည်။

လင်းဖန်က သူမကောင်လေး မဟုတ်လား။

လင်းဖန် အနားမှာရှိနေပါက ရှားဝမ်ချွေ့ ဘာပဲလုပ်လုပ် အားတက်ရပါသည်။

နောက်ဆုံးတော့ သူမ အားကိုးနိုင်မည့် ယောက်ျားတစ်ယောက်ကို ရှာတွေ့ခဲ့ပြီ။

...

တရုတ်နိုင်ငံ QQ Music တွင်

အော်ပရေးရှင်းများအတွက် တာဝန်ရှိသူ ထိတ်လန့်အံ့အားသင့်သွားရသည်။ "လင်းဖန်ရဲ့ သီချင်းအသစ်က အရမ်းကောင်းတာပဲ။ တိုက်ရိုက်ထုတ်လွှင့်မှုထဲမှာ ဆိုထားတာ ၁၀ မိနစ်တောင် မကြာသေးပေမယ့် အင်တာနက်ပေါ်မှာ အရမ်းရေပန်းစားလာပြီ။"

"ဒီ 'ကျွန်တော့်ရဲအတန်းဖော်'သီချင်းက Tiktok မှာလည်း ရေပန်းစားလာပြီ။ သီချင်းက တော်တော်ကောင်းတာ။ လင်းဖန်က နောက်တစ်ခေါက် နတ်လက်နဲ့ ရေးတဲ့ သီချင်းတစ်ပုဒ်ကို ဖန်တီးလိုက်ပြန်ပြီ" အော်ပရေးရှင်း တာဝန်ရှိသူက ပြောလိုက်သည်။

"ဘာ တကယ်ကြီးလား။ လင်းဖန် တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ခဲ့တာလား။"

"ဟုတ်တယ်။ လင်းဖန်က Douyu မှာ သီချင်းနှစ်ပုဒ် ဆိုထားတယ်။ ၁၀ မိနစ်လောက်ပဲ ရှိသေးတယ်။ တစ်ပုဒ်က 'အချစ်ကိုဝန်ခံချက်' နောက်တစ်ပုဒ်က 'ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း'ပဲ။ ဒီသီချင်းက တော်တော်ကောင်းတယ်ဆိုရမယ်။"

"ငါ တိုက်ရိုက်ထုတ်လွှင့်မှုကိုတောင် မကြည့်လိုက်ရဘူး။ လင်းဖန်က သီချင်းသစ်က တော်တော်ကောင်းမယ့်ပုံပဲနော် ဟုတ်လား။"

QQ Music ၏ ဝန်ထမ်းများအားလုံး အံ့အားသင့်သွားကြသည်။

သူတို့အားလုံးက အလုပ်လုပ်နေကြပြီး လင်းဖန်၏ တိုက်ရိုက်ထုတ်လွှင့်မှုအကြောင်း သိသူနည်းပါသည်။ သို့သော်လည်း ၁၀ မိနစ်အတွင်း လင်းဖန်၏ သီချင်း ၂ ပုဒ်က Weibo ပေါ်တွင် ရေပန်းစား အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။

ထို့အပြင် လင်းဖန်၏ သီချင်းက Tiktok မှာလည်း ရေပန်းစားစ ပြုလာပြီ။

QQ Music ၏ ဝန်ထမ်းများက ချက်ချင်းပဲ Tiktok ကိုသွားပြီး လင်းဖန်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်လိုက်၏။

ထို့နောက်... QQ Music ၏ဝန်ထမ်းများစွာ အံ့အားသင့်သွားကြရသည်။

"လခွမ်း... ကျွန်တော့်ရဲ့အတန်းဖော် သီချင်းရဲ့စာသားတွေက အရမ်းကောင်းပြီး မုဒ်ကလည်း အရမ်းမိုက်တယ်။ အရမ်းကဗျာဆန်တဲ့ စကားလုံးတွေမပါပေမယ့် လင်းဖန်ဆိုလိုက်တော့ ကောင်းကင်ဘုံသံစဥ်လိုပဲ။"

"ဒီသီချင်းလည်း ရေပန်းစားလာဦးမှာပဲ။ လင်းဖန် ရေးတဲ့ သီချင်းအားလုံး ရေပန်းစားလာတယ်။"

"ဘုရားရေ လင်းဖန်က တော်လိုက်တာ။ မင်းတို့တွေ ပရိသတ်ရဲ့ တုန့်ပြန်မှုကို မြင်လားတော့မသိဘူး။ သူတို့အကုန်လုံး လင်းဖန်ရဲ့ သီချင်းကို အရမ်းကြိုက်နေကြတယ်။"

"လင်းဖန်ကို ချက်ချင်းဆက်သွယ်ပြီး ဒီသီချင်းအတွက် မူပိုင်ခွင့်ကို ဝယ်လိုက်တော့။ လင်းဖန်က သရုပ်ဆောင်နဲ့ ဒါရိုက်တာမဟုတ်ဘူးလား။ သူဆိုတဲ့ သီချင်းတိုင်းက ဘာလို့ ဒီလောက် ရေပန်းစားလာကြတာလဲ။”

"လင်းဖန်က အဆိုလည်း ကောင်းတာကိုး။ သူဆိုတဲ့ သီချင်းနှစ်ပုဒ်က Trend အသစ်စက်စက်တစ်ခုကို လမ်းသွယ်ပေးလိုက်တာပဲ။"

လင်းဖန် သီဆိုခဲ့သည့် သီချင်း ၂ ပုဒ်က Tiktok, QQ Music, NetEase Music, Weibo, Zhihu နဲ့ အင်တာနက်တစ်ခွင်လုံးမှ ရေပန်းစားလာသည်။

Tieba Forum ကတောင် 'ကျွန်တော့်ရဲ့အတန်းဖော် သီချင်းအကြောင်း ဆွေးနွေးနေကြပါသည်။

ကျောင်းတက်ဖူးတဲ့လူတိုင်း အတန်းဖော်တစ်ယောက် ရှိခဲ့ဖူးသည်။

ဒီသီချင်းက လူအမြောက်အများကို ခံစားမှု ပေးစွမ်းနိုင်ခဲ့၏။

လင်းဖန်၏ အဆိုကောင်းမှုနှင့် ပေါင်းစပ်လိုက်သောအခါ ဒီသီချင်းက အလွန်အမင်း ရေပန်းစားလာသည်။

ထိုအချိန်တွင် လင်းဖန်နှင့် လင်းယွီရှစ်တို့က ကျင်းဟွာ တက္ကသိုလ်၏ ရေကန်ကြီးဘေး၌ လမ်းလျှောက်နေကြသည်။

ကျင်းဟွာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူအများစုက စုံညီပွဲ တက်ရောက်နေကြပြီး ကမ်းပတ်စ်မှာ လူများများစားစား မကျန်ပါ။

မိနစ်ပိုင်းလောက် လမ်းလျှောက်ပြီးနောက် ဖေးချမ့်ထံသို့ NetEase Music ဝန်ထမ်း တစ်ယောက်၏ ဖုန်းဝင်လာခဲ့ပါသည်။

"ဟယ်လို မစ္စတာလင်း ကျွန်တော်က NetEase Music ရဲ့ ဝန်ထမ်းတစ်ယောက်ပါ။ ခင်ဗျားရဲ့ 'ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း' သီချင်းက အင်တာနက်တစ်ခွင်မှာ ရေပန်းစားစ ပြုနေပြီ။ အဲ့ဒီသီချင်းက တကယ်ပဲ ကောင််းလွန်းပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီလည်း ခင်ဗျားရဲ့ သီချင်းကို အရမ်းကြိုက်လို့ မူပိုင်ခွင့် ဝယ်လို့ရမလားဗျ" NetEase Music ၏ ဝန်ထမ်းက မေးလိုက်ပါသည်။

"အရင်တစ်ခေါက်က မစ္စတာလင်းရဲ့ 'အချစ်ကို ဝန်ခံချက်' သီချင်းကို မဝယ်နိုင်ခဲ့လို့ အရမ်း စိတ်မကောင်းဖြစ်ရပါတယ်။ အဲ့တာကြောင့် ကျွန်တော်တို့ ဒီသီချင်းအတွက် မူပိုင်ခွင့်ကို အထူးတလည် ဝယ်ယူချင်နေတာပါ။ ကျွန်တော်တို့ ၃.၅ သန်း ပေးပါ့မယ်။"

"ကျွန်တော်တို့ QQ Music နဲ့ မယှဥ်နိုင်ဘူးဆိုရင်တောင် ခင်ဗျားရဲ့ သီချင်းကို လိုချင်ပါသေးတယ်။ ကျွန်တော်တို့ကုမ္ပဏီက ဒီသီချင်းကို ပရိုမိုးရှင်း ကောင်းကောင်းဆင်းပေးပါ့မယ်လို့ ကတိပေးပါတယ်။ အမြတ်အားလုံးရဲ့ ရာခိုင်နှုန်းတစ်ခုကိုလည်း ပေးအပ်သွားမှာပါ" NetEase Music ဝန်ထမ်းက လေးလေးနက်နက် ပြောလိုက်သည်။

"ကျွန်တော် စဥ်းစားပေးပါ့မယ်" လင်းဖန်က ပြုံးကာ ပြောလိုက်သည်။ ဒီလိုအခြေအနေမျိုးတွေနဲ့ သူအသားကျနေပြီဖြစ်သည်။

"ကောင်းပါပြီ မစ္စတာလင်း လိုအပ်တာရှိရင် ကျွန်တော်တို့ ကုမ္ပဏီကို ပြောလို့ရပါတယ်" NetEase ဝန်ထမ်းက ပြန်ပြောလိုက်ပါသည်။

သူဖုန်းချလိုက်စဥ်မှာပင် QQ Music ထံမှ လင်းဖန် ဖုန်းလက်ခံရရှိပြန်သည်။

"မစ္စတာလင်း ကျွန်တော်တို့ကုမ္ပဏီက ဒီတစ်ခေါက် ၃.၆ သန်းပေးပါ့မယ် စာချုပ်တွေ အားလုံးကိုလည်း ခင်ဗျားနဲ့ ချုပ်ဆိုထားပြီးသား စာချုပ်တွေအတိုင်းပဲ အကြမ်းဖျင်း ပြင်ဆင်ထားပြီးပါပြီ။ ခင်ဗျားရဲ့ သီချင်းက ကောင်းလွန်းတယ်။ QQ Music က တခြား ဘယ်ကုမ္ပဏီထက်မဆို ပိုကောင်းအောင် ပရိုမိုးရှင်း ဆင်းပေးနိုင်မှာပါ" QQ Music ၏ အော်ပရေးရှင်းဌာနခေါင်းဆောင်က ပြောလိုက်ပါသည်။

"ဒီလိုဆိုရင် ဘယ်လိုသဘောရလဲ။ ကျွန်တော် ခင်ဗျားတို့ကို သုံးစွဲခွင့်နဲ့ ပရိုမိုးရှင်းဆင်းခွင့်အတွက် ယွမ် ၄ သန်းနဲ့ ရောင်းပေးမယ်။ ဒါပေမယ့် သီးသန့်မူပိုင်ခွင့်ကိုတော့ ကျွန်တော့်လက်ထဲမှာပဲ ဆက်သိမ်းထားဦးမယ်။"

"NetEase Music ရဲ့ ဝန်ထမ်းကလည်း ကျွန်တော့်ဆီကို 'ကျွန်တော့်ရဲ့အတန်းဖော်' သီချင်းဆိုဖို့အတွက် ဆက်သွယ်လာတယ်။ ပလက်ဖောင်းများများပေါ်မှာ ပရိုမိုးရှင်းဆင်းရင် ပိုကောင်းမယ်လို့ ကျွန်တော်တော့ ထင်တယ်ဗျ။ ခင်ဗျားတို့ကော ဘယ်လို သဘောရလဲ။” လင်းဖန်က ပြုံးလိုက်ပါသည်။

သီချင်းတိုင်း၏ မူပိုင်ခွင့်က လင်းဖန်လက်ထဲမှာပဲ ရှိသင့်သည်။ NetEase Music နှင့် QQ Music တို့ နှစ်ခုစလုံးက ဒီသီချင်းကို အသုံးပြုဖို့ မူပိုင်ခွင့်ဝယ်လိုက်ပါက စျေးနှုန်းက နှစ်ဆဖြစ်သွားမည်။ ထို့အပြင် ထိုကုမ္ပဏီနှစ်ခုက အတူတူ ပရိုမိုးရှင်းဆင်းလိုက်ပါက လင်းဖန်၏ သီချင်းမှာ အနာဂတ်တွင် မူပိုင်ခွင့် ဝင်ငွေများ ပိုပြီး ရလာနိုင်ပါသည်။

"အဆင်ပြေတာပေါ့ မစ္စတာလင်း။ ခင်ဗျားနဲ့ အတူတူအလုပ်လုပ်ရတာ ကျွန်တော်တို့ ဂုဏ်ယူမိပါတယ်။ ခင်ဗျား ကျင်းဟွာတက္ကသိုလ်မှာပဲလား။ ကျွန်တော်တို့ စာချုပ်ချုပ်ဖို့ တစ်ယောက်ယောက်ကို ချက်ချင်းလွှတ်ပေးလိုက်ပါ့မယ်။ ဒါပေမယ့် ကျွန်တော်တို့ သီချင်းအသုံးပြုခွင့်ကိုပဲ ဝယ်နိုင်မယ်ဆိုရင်တော့ အစုပေါ်အမြတ်ကို ၈၂ ရာခိုင်နှုန်းကနေ ၇၃ ရာခိုင်နှုန်းအဖြစ် ပြောင်းရလိမ့်မယ်။ ဒါပေမယ့် ဂီတ ပလက်ဖောင်းတွေ အများကြီးက ခင်ဗျားရဲ့သီချင်းကို ဝိုင်းပြီး ပရိုမိုးရှင်း ဆင်းပေးကြမှာဆိုတော့ ခင်ဗျားရဲ့ ဝင်ငွေက နိမ့်မသွားလောက်ပါဘူး" QQ Music ၏ တာဝန်ရှိသူက ပြောလိုက်သည်။

"အင်း ကျွန်တော် အခု ကျင်းဟွာတက္ကသိုလ်မှာပါ။ ခင်ဗျားတို့ ရောက်တဲ့အချိန်ကျရင် ဖုန်းဆက်လိုက်ပါ" လင်းဖန်က ပြုံးလိုက်၏။

တစ်ချိန်တည်းမှာပင် NetEase Music ၏ ဝန်ထမ်းက အနည်းငယ် စိတ်ဖိစီးနေသည်။

အရင်တစ်ခေါက် သူတို့ စျေးသတ်မှတ်ပြီးတော့ လင်းဖန်ကို QQ Music ၏ ဝန်ထမ်းက လုယူသွား၏။

ဒီနေ့ ဖုန်းဆက်ပြီး သူတို့ ချက်ချင်း စာချုပ်ကို ကျင်းဟွာတက္ကသိုလ်ထံသို့ ယူလာခဲ့သည်။

NetEase Music လည်း ဒီတစ်ခေါက်တော့ ဒီလို အဆိုနတ်ဘုရားတစ်ယောက်ကို အလွတ်ပေးလို့ မဖြစ်တော့ပါ။

သူတို့ကလည်း နိုင်ငံတော်ထဲက ထိပ်တန်း ဂီတ ပလက်ဖောင််းတစ်ခုဖြစ်သည်။ သူတို့ လင်းဖန်လို အဆိုနတ်ဘုရားတစ်ယောက်ကို ထပ်ပြီး လက်လွှတ်လိုက်ရဦးမည်ဆိုလျှင် သူတို့အရှုံးများက တိုင်းတာ၍ မရနိုင်အောင် ရှိလာလိမ့်မည်။

၃ မိနစ်အတွင်း NetEase Music ဝန်ထမ်းက ဖုန်းထပ်ဆက်ပြန်သည်။

ကျင်းဟွာတက္ကသိုလ်အနီးတွင် ထိုကုမ္ပဏီနှစ်ခုစလုံး၏ ကိုင်းခွဲများရှိသဖြင့် NetEase Music ဝန်ထမ်းက ကျင်းဟွာကို တတ်နိုင်သမျှ အမြန်ဆုံး အပြေးသွားသည်။

"မစ္စတာလင်း NetEase Music ရဲ့ဝန်ထမ်းက ကျင်းဟွာတက္ကသိုလ်ကိုတောင် ရောက်နေပါပြီ။ ဆုံးဖြတ်ချက် ချပြီးသွားပြီလား မသိဘူး။"

"သေချာ စဥ်းစားပြီးသွားပြီဆိုရင် အခု စာချုပ်ချုပ်လို့ရပါပြီ။ စျေးထပ်တိုးခိုင်းချင်လည်း အဆင်ပြေပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီက ခင်ဗျားလို အဆိုပါရမီရှင်တစ်ယောက်ကို ထပ်ပြီး လက်မလွှတ်နိုင်တော့လို့ပါ" NetEase Music ဝန်ထမ်းက တလေးတစား ပြောလိုက်ပါသည်။

" ၄ သန်းပါ။ ဒီသီချင်း သုံးစွဲခွင့်ကို ဝယ်ယူနိုင်ပြီး QQ Music နဲ့အတူ ဒီသီချင်းကို သုံးစွဲလို့ ရပါတယ်။ ခင်ဗျားတို့ ဆုံးဖြတ်ပြီးပြီဆိုရင် ကျွန်တော့်ရဲ့ သီချင်းကို နောက်ပိုင်း ခင်ဗျားတို့ရဲ့ ပလက်ဖောင်း နှစ်ခုစလုံးမှာ ထုတ်ပါ့မယ်" လင်းဖန်က ပြောလိုက်သည်။

NetEase Music ၏ဝန်ထမ်းက ထိုစကားကိုကြားသောအခါ အနည်းငယ် စိတ်လှုပ်ရှားသွားကြပါသည်။ "ကောင်းတာပေါ့ မစ္စတာလင်း။ ကျွန်တော်တို့ ခင်ဗျားနဲ့ စာချုပ်ချုပ်ဖို့ စိတ်ကူးနေခဲ့တာ ကြာပြီ။ ကျွန်တော်တို့ ကုမ္ပဏီကလည်း ခင်ဗျားဆိုတဲ့ သီချင်းတိုင်းကို အရမ်းကြိုက်ကြပါတယ်။ ကျေးဇူးပြုပြီး တည်နေရာတစ်ခုလောက် ရွေးပြီး ကျွန်တော်တို့ စာချုပ်ချုပ်ကြရအောင်လား။"

"ကောင်းပါပြီ" လင်းဖန် ဖုန်းချလိုက်သည်။

ထို့နောက် ကျင်းရွာတက္ကသိုလ်၏ စာသင်ခန်းတစ်ခန်းထဲတွင် NetEase Music နှင့် QQ Music တို့ လင်းဖန်နဲ့ စာချုပ်ချုပ်ဆိုလိုက်ကြပါသည်။

ကျွန်တော့်ရဲ့အတန်းဖော် သီချင်းကို သုံးစွဲခွင့်ကို ထိုကုမ္ပဏီနှစ်ခုအား ရောင်းချလိုက်ပါသည်။ အမှန်ပင်။ လင်းဖန်ကိုယ်တိုင် စတူဒီယိုကိုသွားပြီး ဒီသီချင်းကို နောက်ထပ်နှစ်ခေါက် အသံသွင်းဖို့တော့ လိုပါလိမ့်မည်။ ထို့နောက် တရားဝင် အွန်လိုင်းပေါ် တင်နိုင်ပြီဖြစ်ပြီး အမြတ်အစွန်းတွေ အများကြီး ရလာပါလိမ့်မည်။

စာချုပ်ချုပ်ပြီး သိပ်မကြာခင် လင်းဖန် ကုမ္ပဏီ နှစ်ခုထံမှ ငွေလွှဲလက်ခံရရှိခဲ့ပါသည်။

စုစုပေါင်း ၈ သန်းတိတိသူ့လက်ထဲ ရောက်လာခဲ့ပြီ။

လင်းယွီရှစ် ကြက်သေသေသွားမိပါပြီ။

သူမ အခုလေးတင် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုပြုလုပ်ခဲ့ပြီး ကြည့်ရှုသူ အလွန်များခဲ့သည်။ သို့သော် သူမ ရသည့် လက်ဆောင်များက ယွမ် သိန်းဂဏန်းသာ တန်ပါသည်။

သို့သော်လည်း သူမ အစ်ကိုလင်းဖန်ကတော့ အလွန်တော်လွန်းသည်။

သီချင်းတစ်ပုဒ်သာ ဆိုလိုက်ရပြီး ယွမ် ၈ သန်းတောင် ပိုင်ဆိုင်သွားခဲ့သည်။

All Chapters