← Chapters

လင်းဖန်ရဲ့ နတ်ဘုရားအဆင့်ရှိ အချက်အပြုတ်စွမ်းရည်များ (၁)

Vol. 15 Ch. 223

လင်းဖန်ရဲ့ နတ်ဘုရားအဆင့်ရှိ အချက်အပြုတ်စွမ်းရည်များ (၁)

Vol. 15 Ch. 223

"ဝါး..."

"အစ်ကိုကြီး ဒါ ၈ သန်းတောင်နော်။ နင် တစ်ချက်တည်းနဲ့ ၈ သန်းတောင် ရလိုက်တာပဲ။ အားကျလိုက်တာ။” လင်းယွီရှစ်က လင်းဖန်ကိုကြည့်ရင်း ပြောလိုက်ပါသည်။

ယွမ် ၈ သန်းဆိုတာ ဘယ်လို ပမာဏမျိုးလဲ။

ကောင်တီမြို့ငယ်လေးတွင် အိမ် လေး ငါးလုံးလောက် ဝယ်ပစ်လိုက်လို့ရသည်။ ပိုသေးသည့် ကောင်တီမြို့ဖြစ်ပါက အိမ် ၁၀ လုံးကျော်ဝယ်ပစ်လိုက်လို့ရပါသည်။

၈ သန်းဆိုတာ သာမန်လူတွေ တစ်သက်လုံး ရှာနိုင်မည်မဟုတ်သည့် ငွေပမာဏမျိုးဖြစ်သည်။

မိနစ်ပိုင်းအတွင်း လင်းဖန်က ယွမ် ၈ သန်းတောင် ရသွားခဲ့ပါသည်။ တရားလွန်လွန်း၏။

"ယွမ် ၈ သန်းတည်းပါ။ အများကြီး မဟုတ်ပါဘူး" လင်းဖန်ကပြုံးလိုက်သည်။ သူ တကယ် ဂရုမစိုက်ပါ။

"အစ်ကိုကြီး နင်အခုချမ်းသာလာပြီဆိုတော့ ပြောင်းလဲသွားပြီပေါ့။ ၈ သန်းဆိုတာ မများဘဲနေမလား။ သာမန်လူတွေ ဘယ်လိုလုပ် အဲ့လောက် ရှာနိုင်မှာလဲ" လင်းယွီရှစ်က မျက်တောင်ခတ်ကာ ပြောလိုက်၏။ သူမ၏ မျက်လုံးများက လေးစားအားကျမှုများဖြင့် ပြည့်နှက်နေသည်။

"ငါ ကျင်းဟွာ တက္ကသိုလ်မှာ ဆိုခဲ့တဲ့ သီချင်းနှစ်ပုဒ်အပြင် ပွဲတက်ခ ယွမ် ၃ သန်းရယ်ဆို စုစုပေါင်း ယွမ် ၁၁ သန်းရှိပြီ" လင်းဖန်က သူ့ဘဏ်အကောင့်ထဲက ပမာဏကို ကြည့်လိုက်ပြီး တောက်တောက်ပပပြုံးလိုက်သည်။

"အား နင်အရမ်းချမ်းသာတာပဲ အစ်ကိုကြီး"

"ဒါပေမယ့် ဟုတ်ပါတယ်လေ ငါ့အစ်ကိုက အဆို တကယ်ကောင်းတာကိုး" လင်းယွီရှစ်က ပြုံးလိုက်ပါသည်။

"အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး။ ဒီတိုင်း သီချင်းတွေကို အပျော်သဘော ရေးလိုက်ဆိုလိုက် လုပ်နေတာပါ။ အဆိုတော်ဖြစ်လာဖို့ အရမ်းကြီး အာရုံစိုက်မထားဘူး" လင်းဖန်က အေးအေးဆေးဆေး ပြောလိုက်ပါသည်။

လင်းယွီရှစ် "...."

လင်းယွီရှစ်က ပြောလိုက်သည်။ "အစ်ကိုကြီး နင်သီချင်းဆိုဖို့ အာရုံစိုက်ပြီး၊ ဖျော်ဖြေပွဲတွေကျင်းပပြီးတော့ ကော်မာရှယ်ပွဲတွေမှာ ဝင်ပါမယ်ဆို နင်ဒီ့ထက်တောင် ပိုက်ဆံပိုရဦးမယ်။ ပြီးတော့ ဒီလောကထဲမှာ အာရုံစိုက်ထားမယ်ဆို နင်သေချာပေါက် အဆိုတော်ကြီးတစ်ယောက် ဖြစ်လာမှာ။ နောက်ပိုင်းကျရင် စူပါစတားကြီးတောင်ဖြစ်လာနိုင်တယ်။"

လင်းဖန်က လင်းယွီရှစ်၏ ခေါင်းကို ပွတ်ပေးလိုက်ပြီး ပြောလိုက်သည်။ "အင်း နောက်ပိုင်းကျမှ စဥ်းစားလိုက်ပါ့မယ်။ ဝမ်ချွေ့က ပြန်မလာသေးတော့ သူနဲ့မတွေ့ရသေးဘူး။ သူပြန်လာရင် ငါတို့ 'ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 နဲ့ ဘဝရဲ့ပျော်ရွှင်မှု Season 2 တို့ကို ရိုက်ရဦးမယ်။"

ထိုအချိန်ကျရင် သူတို့ရိုက်ကူးရေးစတာနဲ့ ပိုပြီးတောင် အလုပ်ရှုပ်ကြလိမ့်မည်။

လင်းဖန်နှင့် လင်းယွီရှစ်တို့ တိတ်ဆိတ်နေသည့် ကျောင်းတော်ကြီးထဲသို့ ဝင်လာခဲ့သည်။

ရေကန်ကြီး၏ မျက်နှာပြင်က တလက်လက် တောက်ပနေပြီး ကျောင်းတော်ထဲက ပန်းပွင့်များနှင့် သစ်ပင်များကို ရောင်ပြန်ဟပ်နေသည်။

တက္ကသိုလ်ကြီးက တကယ်လှပပါသည်။

ခဏကြာသောအခါ လင်းယွီရှစ်က လင်းဖန်ကိုကြည့်လိုက်ပြီး မေးလိုက်ပါသည်။ "အစ်ကိုကြီး နင့်ကိုတွေ့ချင်တဲ့ ငါ့သူငယ်ချင်း တစ်ယောက် နှစ်ယောက်လောက် ရှိတယ်။ ငါနဲ့ လိုက်ခဲ့ပေးပါလား။"

လင်းဖန်က ချက်ချင်း ငြင်းလိုက်ပါသည်။ "ကောင်မလေးတွေပဲမလား။"

လင်းယွီရှစ်က ခေါင်းငြိမ့်၏။ "ကောင်လေးတချို့လည်း ပါပါသေးတယ်။ အကုန်လုံး နင့်ပရိသတ်တွေပဲ။"

"ငါ့အချစ်ဆုံးသူငယ်ချင်း ချမ့်ချမ့်က နင့်ရဲ့အမာခံပရိသတ်လေ။ သူနင့်ကို တကယ်တွေ့ချင်နေတာ။ သူ့အိမ်မှာလည်း စားသောက်ဆိုင်လေးတစ်ဆိုင် ဖွင့်ထားတယ်။ ဒီနေ့ နင့်ကို လာစေချင်နေတာ~"

လင်းယွီရှစ်လည်း လင်းဖန်၏ သဘောတူညီမှုကို မေးမြန်းရပါသေးသည်။ ဘာပဲဖြစ်ဖြစ် လင်းဖန် မသွားချင်ပါက သူမ လုပ်နိုင်တာ ဘာမှ မရှိပါ။

"အင်း ငါသွားလို့ရပါတယ်။ နင့်သူငယ်ချင်းတွေကို မျက်နှာပြရမှာပေါ့" လင်းဖန်က ပြုံးကာ ပြောလိုက်ပြီး ကားဆီသို့ လျှောက်သွားပါသည်။

ဒီတစ်ခေါက် သူအပြင်ထွက်လာတော့ Bugatti Veyron Ettore Bugatti ကားကြီးကို မောင်းမလာတော့ပါ။ အရင်တစ်ခေါက် သူမောင်းလာတုန်းက လူအုပ်ကြီး လိုက်နှောင့်ယှက်တာကို ခံခဲ့ရပါသည်။ ထိုမှတ်ဉာဏ်က သူ့စိတ်ထဲတွင် ထင်ထင်ရှားရှားကြီး ရှိနေဆဲဖြစ်၏။

လင်းဖန်က ပြန်လည်ပြုပြင်ထားသည့် Bugatti La Voiture Noire ကားကို မောင်းလာခဲ့သည်။

လင်းဖန် သော့ထုတ်လိုက်၏။ ထို့နောက် Bugatti La Voiture Noire ကား၏ တစ်ဖက်တစ်ချပ်စီရှိ တံခါးများက လိပ်ပြာအတောင်ဖြန့်သလို တစ်ချိန်တည်း ပွင့်သွားကြသည်။

ကားဘေးတွင် ကျောင်းသားများစွာ ရှိနေ၏။

အားလုံးက ကျင်းဟွာတက္ကသိုလ်က ကျောင်းသားများသာ ဖြစ်သည်။ ယောက်ျားလေးကော မိန်းကလေးကော ရှိကြပြီး မိန်ကလေးများက တော်တော်လေး လှပကြပါသည်။

"အား လင်းဖန်ရောက်လာပြီ လင်းဖန်"

"လင်းဖန် အရမ်းချောတာပဲ။ နောက်ဆုံးတော့ စူပါစတားကို လူကိုယ်တိုင်တွေ့ရပြီ။"

"ငါလည်း လင်းယွီရှစ်လိုမျိုး ဖြစ်ချင်ပြီး သူ့လိုအစ်ကိုမျိုး လိုချင်လိုက်တာ"

"ဒီပြိုင်ကားကြီးက တော်တော်လန်းတာပဲ။ ငါဒီပြိင်ကားကို သိတယ်။ အရင်တုန်းကတောင် Weibo ပေါ်မှာ နာမည်ကြီးခဲ့သေးတယ်။ ဒီပြိုင်ကားက Bugatti La Voiture Noire တဲ့။"

"သန်းရာချီပြီး တန်ဖိုးရှိတဲ့ ပြိုင်ကားပဲ။ အရင်တစ်ခေါက်က အက်ဆီးဒင့်ဖြစ်ထားတယ်ဆိုပေမယ့် ပြန်ပြင်ထားပြီး လန်းနေတုန်းပဲ။"

"ဘုရားရေ လင်းဖန်ရဲ့ ပြိုင်ကားကလည်း အရမ်းမိုက်တာပဲ အားကျလိုက်တာ"

လူအမြောက်အများက လင်းဖန်ကို လေးစားအားကျစွာ ကြည့်နေကြသည်။

ကျောင်းသားများ၏ စာရိတ္တကလည်း အတော်လေး ကောင်းမွန်ကြပါသည်။ ကားကိုကြည့်ဖို့ ဘေးမှာသာ ရပ်နေကြပြီး လင်းဖန်ကားကို ပိတ်ရပ်မထားကြပါ။

ဘာပဲဖြစ်ဖြစ် ကျင်းဟွာတက္ကသိုလ်ရှိ ကျောင်းသားများအားလုံးက အလွန်ပညာတတ်ကြသည်မဟုတ်ပါလား။

လင်းဖန်လျှောက်လာတော့ ကောင်မလေးများစွာ ရှက်သွေးဖြာသွားကြသည်။

ဘာပဲဖြစ်ဖြစ် လင်းဖန်က သူမတို့ရဲ့ မင်းသားလေး ဖြစ်သည်။

၎င်းတို့ကြားထဲတွင် စုံတွဲတစ်တွဲက လက်ချင်းတွဲထားပြီး လင်းဖန်ကို ကြည့်နေ၏။

ကောင်မလေးက ရှက်သွေးဖြာနေကာ ကောင်လေးက သက်ပြင်းသာချနိုင်သည်။ "နင်လင်းဖန်ကို သဘောကျနေတာလား။"

ကောင်မလေးက ခေါင်းခါပြီး အမြန်ငြင်းလိုက်ပါသည်။ သူမ ကောင်လေး၏ လက်ကို ဆက်တွဲထား၏။ "မဟုတ်ပါဘူး လင်းဖန်က ပိုချောတယ်လို့ပဲ မြင်မိတာပါ။"

သူမ ထိုကဲ့သို့ ပြောလိုက်သော်လည်း သူမ မျက်လုံးတွေက လင်းဖန်အပေါ်မှာသာ ပုံသေရှိနေသည်။ သူမ၏ မျက်နှာက လေးစားအားကျမှုများဖြင့် ပြည့်နှက်နေပြီး ကောင်မလေးများ၏ ရှက်သွေးဖြာမှုက ဟန်ဆောင်လို့ မရပါ။

ကောင်လေးက ထပ်ပြီး သက်ပြင်းချလိုက်ရပြန်သည်။ သူ့ကောင်မလေးက သူ့လက်ကိုတွဲထားပြီး ဒီလိုစကားမျိုးတွေ ပြောနေသော်လည်း မျက်စိကောင်းသည့်လူတိုင်း ကောင်မလေး လင်းဖန်ကို အလွန် ကြိုက်နေမှန်း သိနိုင်သည်။

ကောင်လေးက ပြုံးကာ ကောင်မလေး၏လက်ကို ဆုပ်ကိုင်လိုက်၏။ သူပြုံးကာ ပြောလိုက်သည်။ "ရပါတယ် ငါလည်း လင်းဖန်ကို သဘောကျပါတယ်။ သူက ငါ့အိုင်ဒေါပဲလေ။ ပြီးတော့ လင်းဖန်က အရမ်းချောလွန်းတော့ ကောင်မလေးတွေ မကြိုက်မှ အံ့သြရမှာ။”

ကောင်လေး နားလည်မှုရှိတာကို မြင်ပြီး ကောင်မလေးက ပြုံးကာ နူးညံ့စွာ ခေါင်းငြိမ့်ပြလိုက်သည်။

တက္ကသိုလ်က အချစ်များက အလွန်လှပဆဲဖြစ်သည်။

ထို့နောက် လင်းဖန် ကားထဲဝင်ဖို့ ပြင်လိုက်စဥ်မှာပင် ပုံစံအားဖြင့် ၁၀ မှတ်တွင် ၈ မှတ်လောက် ရှိသည့် ရိုးရိုးရှင်းရှင်း ဝတ်စားထားသော ကောင်မလေးတစ်ယောက်က လင်းဖန်ရှေ့ကို အပြေးရောက်လာခဲ့သည်။ သူမက ဘာမိတ်ကပ်မှ မလိမ်းထားသော်လည်း အလွန် လှပပါသည်။

"လင်းဖန် ကျွန်မက ရှင့်ပရိသတ်ပါ။ ကျွန်မနာမည် ကျန်းကျွန်းရှားလို့ခေါ်ပါတယ်။ ရှင့်ရဲ့ ရုပ်သံဒရမ်မာတွေကိုလည်း အရမ်းကြိုက်တာ။ ကျွန်မကို... လက်မှတ်ထိုးပေးလို့ရမလား" ကျန်းကျွန်းရှားက လင်းဖန်ကို လေးစားအားကျစွာ ကြည့်လိုက်သည်။

"ရပါတယ်" လင်းဖန်က ဖောင်တိန်နှင့် စာရွက်တို့ကိုယူလိုက်ပြီး ကောင်မလေးအတွက် လက်မှတ်ထိုးပေးလိုက်ပါသည်။

All Chapters