← Chapters

လင်းဖန်ရဲ့ နတ်ဘုရားအဆင့်ရှိ အချက်အပြုတ်စွမ်းရည်များ (၂)

Vol. 15 Ch. 224

လင်းဖန်ရဲ့ နတ်ဘုရားအဆင့်ရှိ အချက်အပြုတ်စွမ်းရည်များ (၂)

Vol. 15 Ch. 224

"ကျေးဇူးတင်ပါတယ်" ကောင်မလေးက ပြုံးကာ ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်ပါသည်။

လင်းဖန် သူ့ပရိသတ်တွေကို ဘယ်လို ကောင်းကောင်းဆက်ဆံကြောင်းမြင်ပြီးနောက် ဘေးပတ်လည်ရှိ ကောင်မလေးများ အော်ဟစ်ကုန်ကြသည်။

လင်းဖန်က သူ့ပရိသတ်တွေအပေါ် အရမ်းနွေးထွေးပါလား။

သူတို့အိုင်ဒေါက အမြဲတမ်းဒီလိုပဲဖြစ်သည်။

"ဒီနေ့ ကျွန်တော် ကိစ္စရှိသေးလို့ အားလုံးအတွက်တော့ လက်မှတ်ထိုးပေးနိုင်မှာ မဟုတ်ဘူး။ နောက်ပိုင်း အခွင့်အရေးရခဲ့ရင် ကျွန်တော် ကျင်းဟွာတက္ကသိုလ်ကို ထပ်လာဦးမှာပါ" လင်းဖန်က ပြုံးလိုက်ပြီး သူ့ဘေးပတ်လည်က စိတ်အားထက်သန်နေသော ကျောင်းသားများကို ကြည့်လိုက်ပါသည်။

ကောင်မလေးများစွာက အနည်းငယ် စိတ်ပျက်သွားကြသော်လည်း ရွေးချယ်စရာမရှိဘဲ ပျော်ပျော်ရွှင််ရွှင်ဖြင့် ခေါင်းငြိမ့်ပြလိုက်ရတော့သည်။

ထို့နောက် ကောင်မလေးများစွာ၏ အကြည့်အောက်တွင် လင်းဖန် ကားထဲဝင်သွားပြီး လင်းယွီရှစ်ဖြင့် ကျောင်းတော်အဝင်ဝသို့ မောင်းထွက်သွားခဲ့ပါသည်။

ကျောင်းအဝင်ဝ ဂိတ်တွင် ကောင်လေးနှစ်ယောက်၊ ကောင်မလေး နှစ်ယောက်တို့က အသင့်စောင့်နေကြ၏။

တစ်ယောက်က လင်းယွီရှစ်၏ အကောင်းဆုံး သူငယ်ချင်း ဝူချမ့်ချမ့်ဖြစ်သည်။

သူတို့လင်းဖန်၏ ပြိုင်ကားကို မြင်လိုက်သောအခါ သူတို့ ၄ ယောက်သား အံ့သြသွားကြ၏။

"ဒါ လင်းဖန်ရဲ့ ပြိုင်ကားကြီးပဲ။ သန်းရာချီတဲ့ ပြိုင်ကားတစ်စီးပဲ မကြာသေးခင်က အက်ဆီးဒင့်ဖြစ်ထားတဲ့ ကားလည်း ဟုတ်တယ်။ ငါသိတယ်။ အရမ်းမိုက်တာပဲ။"

"လင်းဖန် တကယ်ရောက်လာတာပဲ။"

"ချမ့်ချမ့် နင့်ကိုကျေးဇူးတင်ရမယ်။ နင့်အကြံကြောင့်သာမဟုတ်ရင် ငါတို့လင်းဖန်ကို တွေ့နိုင်မှာမဟုတ်ဘူး။”

ကျောင်းသားအနည်းငယ်က ဂိတ်တံခါးတွင် မတ်တပ်ရပ်နေပြီး လင်းဖန်ကို စောင့်နေကြသည်။

လင်းဖန်က ကျောင်းအဝင်ဝဂိတ်တွင် ကားရပ်လိုက်ပြီး ကားပြတင်းမှန်ချလိုက်သည်။

လင်းဖန်ပြုံးကာ ပြောလိုက်သည်။ "မင်းတို့က ယွီရှစ်ရဲ့ သူငယ်ချင်းတွေ ဟုတ်တယ်မလား။"

ဝူချမ့်ချမ့်က ခေါင်းငြိမ့်လိုက်သည်။ သူမ မျက်နှာက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့၏။ "ဟုတ်တယ် ဟုတ်တယ်။ ကျွန်မက လင်းယွီရှစ်ရဲ့ အချစ်ဆုံးသူငယ်ချင်း ဝူချမ့်ချမ့်ပါ။ ကျွန်မတို့အားလုံးက ရှင့်ပရိသတ်တွေပါ။ "

လင်းဖန်က ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ပါပြီ။ ဒီနေ့ည မင်းတို့စားသောက်ဆိုင်ကို သွားကြမယ်လေ။ ဒါပေမယ့် ရှေ့က လမ်းပြချင်တယ်ဆိုရင် မင်းတို့ ကားတစ်စီးတော့ ရှာရမယ်။ ငါ့ကားက လူ ၂ ယောက်ပဲ စီးလို့ရတယ်။"

ဝူချမ့်ချမ့်က အမြန်ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်ပါသည်။ "ဟုတ်ကဲ့ပါ။ ကျွန်မတို့အားလုံး အဆင်သင့်ပြင်ထားပြီးသားပါ။"

သူတို့ဘေးမှာ Mercedes-Benz ကားတစ်စီး ပါကင်ထိုးထား၏။ ကားက မဆိုးရွားသော်လည်း လင်းဖန်၏ Bugatti နဲ့ယှဥ်ရင်တော့ မှေးမှိန်နေပါသည်။

သိပ်မကြာခင် သူတို့ ဝူချမ့်ချမ့်၏ စားသောက်ဆိုင်သို့ ရောက်ရှိလာကြသည်။

လင်းဖန် ဝင်လာတော့ သူ့ကိုစောင့်ကြိုနေသည့် လင်မယားနှစ်ယောက် ရှိ၏။

ဒါက အသားကင်ဆိုင်ဖြင်သည်။ ပုံမှန်ဆို ကတ်စတမ်မာများစွာ ရှိတတ်သော်လည်း ဒီနေ့ လင်းဖန်ကို ကြိုဆိုဖို့အတွက် သူတို့ ဆိုင်ကို မဖွင့်ခဲ့ကြခြင်း ဖြစ်သည်။

တံခါးနားသို့ ရောက်လာတော့ ဝူချမ့်ချမ့်က ပြောလိုက်၏။ "ဒီမှာလေ။ အထဲမှာ ဟင်းချက်ပစ္စည်းတွေ အများကြီး ရှိတယ်။ ကျွန်မ မိဘတွေက အရသာရှိတဲ့ အသားကင်တွေ လုပ်တာလေ။"

လင်းယွီရှစ်လည်း လင်းဖန်ကိုကြည့်လိုက်ပြီး အလွန်ဂုဏ်ယူမိပါသည်။

ဒီလိုအစ်ကိုမျိုး ပိုင်ဆိုင်ထားရတာ အလွန်ပျော်ရွှင်ဖို့ကောင်းသည်။

သူတို့စားသောက်ဆိုင်ထဲ ဝင်လိုက်တော့ ဝူချမ့်ချမ့်၏ မိဘများက သူတို့ကို အလျှင်အမြန် ကြိုဆိုလိုက်သည်။

"သားက ယွီရှစ်ရဲ့ အစ်ကို လင်းဖန်ဖြစ်မယ်ထင်တယ်။ အန်တီတို့နှစ်ယောက် သားရဲ့ ရုပ်သံဒရမ်မာတွေကို အရင်ကကြည့်ဖူးပါတယ်။ တော်တော် ကောင်းကောင်း ရိုက်ထားကြတာပဲ" ဝူချမ့်ချမ့်၏ အမေက အပြုံးဖြင့်ပြောလိုက်ပါသည်။

"လာပါလာပါ ထိုင်ပါဦး။ ရေယူပေးမယ်။ ငါတို့အိမ်ကိုလာရတာ မလွယ်ဘူး။ မင်းတို့ကို ကောင်းကောင်း ဧည့်ခံရမှာပေါ့" ဝူချမ့်ချမ့်၏ အဖေကလည်း အမြန်ရောက်လာပြီး လင်းဖန်အတွက် ထိုင်ခုံတစ်ခုဆွဲပေးလိုက်ပါသည်။

ကောင်လေးနှစ်ယောက်နဲ့ တခြားကောင်မလေး တစ်ယောက်တို့ကလည်း စိတ်အားထက်သန်နေကြပါသည်။

လင်းဖန်က ပြုံးကာ ပြောလိုက်သည်။ "ကိစ္စမရှိပါဘူးဗျာ။ အားလုံးက ယွီရှစ်ရဲ့ အတန်းဖော်တွေပဲ။ ကျောင်းမှာ ယွီရှစ်က အားလုံးရဲ့ အကူအညီကို လိုပါတယ်။"

လင်းဖန်က နာမည်ကျော်တစ်ယောက်ဖြစ်နေရုံနဲ့ မာနကြီးမည်မဟုတ်ပေ။ သူ့ကိုယ်သူ သာမန်လူဟုသာ သတ်မှတ်ထားသည်။

"ဦးလေးနဲ့ အန်တီတို့ ကျွန်တော့်ကို နာမည်ကျော်တစ်ယောက်လို ဆက်ဆံစရာမလိုပါဘူး။ ကျွန်တော်က ဒိတိုင်း သရုပ်ဆောင်ပြီး သီချင်းဆိုရတာ ကြိုက်တဲ့ သာမန်လူတစ်ယောက်ပါ။ ကျွန်တော်တို့ နတ်ဘုရားလိုမျိုး မဆက်ဆံပါနဲ့" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

"ဒီနေ့ ကျွန်တော် ယွီရှစ်နဲ့ လိုက်လာတာဆိုတော့ ကျွန်တော် အကင်လည်း လုပ်တတ်တယ်။ အားလုံးကို အကင်လုပ်ကျွေးပါရစေ" လင်းဖန်က ပြုံးလိုက်သည်။

"ဘယ်ဖြစ်ပါ့မလဲ။ မင်းကို အန်တီတို့အတွက် အကင်လုပ်ခိုင်းစရာလား" ဝူချမ့်ချမ့်၏ အမေက အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

"အန်တီ။ ကျွန်တော်လည်း စားသောက်ဆိုင် တစ်ဆိုင်ဖွင့်ဖူးတယ်။ လွန်ခဲ့တဲ့ လပိုင်းလောက်ကမှ ကျွန်တော် ကံကောင်းပြီး ရုပ်သံ ဒရမ်မာတစ်ခုနှစ်ခု ရိုက်နိုင်သွားတာပါ။ တစ်ဖက်မှာတော့ ယွီရှစ်က တက္ကသိုလ်တက်နေတုန်းပဲ ရှိသေးတယ်။ ကျင်းဟွာ တက္ကသိုလ်မှာ တစ်ယောက်တည်း ပြဿနာတွေ အများကြီး ရင်ဆိုင်လာရဦးမှာ။ ကျွန်တော် စိတ်ပူမိတယ်။ အဲ့တာကြောင့် သူ့ကို စောင့်ရှောက်ပေးဖို့ အားလုံးကို အားနာနာနဲ့ ဒုက္ခပေးရဦးမှာပဲ" လင်းဖန်က ပြောလိုက်ပါသည်။

လင်းယွီရှစ်သာ ဒီမှာ အနိုင်ကျင့်ခံရပါက တစ်ယောက်ယောက်ကူညီပေးနိုင်လိမ့်မည်။

"ဟုတ်ပြီ ဦးလေးနဲ့ အန်တီတို့ သမီးအစ်ကိုက အရသာရှိတဲ့ အကင်တွေ လုပ်တတ်ပါတယ်။ သူနဲ့ စကားနိုင် ပြိုင်လုမနေပါနဲ့တော့" လင်းယွီရှစ်က ပြုံးကာ ပြောလိုက်ပါသည်။

လင်းဖန် မီးဖိုချောင်ထဲမှာ တစ်ယောက်တည်း အလုပ်ရှုပ်နေတာကို မြင်ပြီး ကျောင်းသားများစွာ အံ့အားသင့် အထင်ကြီးမိသွားကြသည်။

"ဟူး.... နာမည်ကျော်တွေက ငါတို့နဲ့အကွာကြီး ကွာကြတယ်လို့ ထင်ဖူးတယ်။ အစ်ကိုဖန် ဒီနေ့ ဒီလောက်တော်လိမ့်မယ်လို့ ထင်မထားဘူး။"

"ဟုတ်တယ် အစ်ကိုဖန်ရဲ့ စာရိတ္တကလည်း အရမ်းကောင်းတယ်။ အရင်တုန်းက အစ်ကိုဖန်ရဲ့ စာရိတ္တကို အွန်လိုင်းပေါ်မှာ နာမည်ဖျက်တဲ့လူတွေ အများကြီးပဲ။ အခု အစ်ကိုဖန်ကို မြင်လိုက်ရတော့ အိုင်ဒေါအစစ်အမှန်ဆိုတာဘာလဲ ငါသိသွားပြီ။"

"အစ်ကိုဖန်က အရမ်းကောင်းတဲ့လူတစ်ယောက်ပါ။ ကလေးမလေးတစ်ယောက်ကို ကယ်ဖို့ အစ်ကိုဖန် Bugatti ကားနဲ့ ကားတစ်စီးကို ဝင်တိုက်ခဲ့တာကိုတောင် မြင်ဖူးတယ်။ အဲ့ဒီနောက် အစ်ကိုဖန်က အဲ့ဒီကောင်မလေးကို ပညာသင်ဖို့ အကောင်းဆုံကျောင်းဆီပို့ပေးခဲ့တာ။ သဘောကျလိုက်တာဟယ်။"

"ယွီရှစ် စိတ်မပူပါနဲ့။ တက္ကသိုလ်မှာ နင့်ကို ဘယ်သူမှ အနိုင်ကျင့်ခွင့်မပြုဘူး။"

ကျောင်းသားတချို့က ပြောလိုက်သည်။ ၎င်းတို့၏ မျက်လုံးထဲတွင် လေးစားအားကျမှုများဖြင့် ပြည့်နှက်နေခဲ့ပါသည်။

သူတို့ ယခင်တုန်းက လင်းဖန်၏ လုပ်ရပ်များကိုသာ သဘောာကျတာဆိုလျှင် အခုတော့ လေးစားသွားပါပြီ။

လင်းဖန်လို အနုပညာရှင်တစ်ယောက်နဲ့ သူ့စာရိတ္တတို့က အားလုံး၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်ကျန်ရစ်နေပါသည်။

သူတို့က နာမည်ကျော်တစ်ယောက်ကို တွေ့နေရတာမဟုတ်ဘဲ အိုင်ဒေါအစစ်အမှန််တစ်ယောက်ဖြစ်သည်။

ဝူချမ့်ချမ့်၏ မိဘများက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ မဲ့ပြုံးပြုံးလိုက်ပါသည်။

လင်းဖန်လိုမျိုး စာရိတ္တကောင်းကောင်းလူတွေက အလွန်ရှားပါးသွားပါပြီ။

"လင်းဖန်က အရမ်းချောမောပြီး သဘောလည်း ကောင်းလိုက်တာ။ လင်းဖန်မှာ ကောင်မလေးသာမရှိရင် ငါတို့ချမ့်ချမ့်လေးကို လင်းဖန်နဲ့ အောင်သွယ်ပေးပါတယ်" ဝူချမ့်ချမ့်၏ အဖေက ပြောလိုက်သည်။

"ဟုတ်ပါ့ ဟုတ်ပါ့ လင်းဖန်ကို လက်ထပ်ရတာ ဘယ်လောက်ကောင်းတဲ့ ကောင်းချီးလဲ" ဝူချမ့်ချမ့်၏ အမေကလည်း ခေါင်းငြိမ့်လိုက်သည်။

All Chapters