← Chapters

လင်းဖန်ရဲ့ နတ်ဘုရားအဆင့်ရှိ အချက်အပြုတ်စွမ်းရည်များ (၃)

Vol. 15 Ch. 225

လင်းဖန်ရဲ့ နတ်ဘုရားအဆင့်ရှိ အချက်အပြုတ်စွမ်းရည်များ (၃)

Vol. 15 Ch. 225

"အဖေနဲ့ အမေ ဘာတွေပြောနေတာလဲ။ အဲ့လောက်ကြီး သမီးဘယ်လိုလုပ် စဥ်းစားရဲမှာလဲ။ အစ်ကိုဖန်ကို တွေ့ရတာနဲ့တင် ကျေနပ်လှပါပြီ" ဝူချမ့်ချမ့်က ရှက်သွေးဖြာသွားပြီး သိမ်မွေ့စွာ ပြောလိုက်ပါသည်။

ဒီလိုအရာမျိုးက မဖြစ်နိုင်မှန်း သူမလည်း သိပါသည်။

လင်းဖန်က ရှားဝမ်ချွေ့ကိုသာ သဘောကျပြီး ဘယ်တော့မှ ပြောင်းလဲသွားတော့မှာ မဟုတ်ပါ။

ရှားဝမ်ချွေ့ကသာ လင်းဖန်နဲ့ အသင့်တော်ဆုံး မိန်းကလေး ဖြစ်ပါသည်။

လင်းယွီရှစ်ကတော့ ဒီတိုင်း တောက်တောက်ပပ ပြုံးပြီး ဘာမှ မပြောခဲ့ပါ။

အနုပညာလောကထဲမှာ လင်းဖန်ကို သဘောကျသည့် လှလှပပ အမျိုးသမီး နာမည်ကြီးများစွာရှိပါသည်။ ထို့အပြင် ထိုအမျိုးသမီးနာမည်ကြီးများအားလုံးက ရည်းစား မရှိကြပေ။

လင်းဖန်ကို သဘောကျသည့် လူအမြောက်အများ ရှိနေသော်လည်း ရှားဝမ်ချွေ့ကိုတော့ ဘယ်သူမှ အစားထိုးနိုင်မှာ မဟုတ်ပါ။

လင်းဖန် အသားကင်လို့ပြီးသွားချိန် အစားအသောက် မွှေးရနံ့များက လေထုထဲ တိုးဝင်လာခဲ့သည်။

ကြက်ပေါင်များ၊ ကြက်တောင်ပံများ၊ အာလူးကင်များ၊ ဝက်ပေါင်ခြောက်များ၊ ကင်းမွန်များ၊ သိုးသားတုတ်ထိုးများ၊ ကြက်သွန်မြိတ်များ၊ အပ်မှိုများ၊ ခရင်မ်ပေါင်မုန့်များနှင့် တို့ဟူးများလည်း ရှိသည်။

လင်းဖန်က အကုန်လုံးကို တစ်ပြိုင်တည်း ထုတ်ယူလာပါသည်။

အကင်တွေအများကြီးကို တွေ့လိုက်ရသဖြင့် စားသောက်ဆိုင်ထဲကလူတွေ ကြက်သေ သေကုန်ကြသည်။

"လခွမ်း အစ်ကိုဖန်က တော်လိုက်တာ။ အကင်နံ့လေးတွေက ဘာလို့ ဒီလောက်အထိ မွှေးနေရတာလဲ။"

"အရင်တုန်းက အစ်ကိုဖန်က စားဖိုမှူးတစ်ယောက်လို့ ကြားမိသေးတယ်။ ငါမယုံခဲ့ဘူး။ အခုတော့ ယုံသွားပြီ။ အကင်စားဖို့ လမ်းပေါင်းစုံသွားဖူးပြီး အကင်ပေါင်းစုံလည်း စားဖူးတယ်။ ဒါပေမယ့် ဒီနေ့တော့ အပြင်အဆင်နဲ့တင် အရမ်းကောင်းနေပြီ။ ငရုတ်သီးလေး နည်းနည်းနဲ့ဆို အရမ်းအရသာရှိမှာပဲ။"

"မဖြစ်သင့်ဘူး။ အကင်ချင်းတူတူ ဘာလို့ ဒီနေ့ကျမှ အရမ်းမွှေးနေတာလဲ။ အစ်ကိုဖန်ကို အရူးမျက်ကန်းလို ချီးကျူးနေတာမဟုတ်ဘူး။ ဒါပေမယ့် ဒီအကင်ရဲ့ မွှေးရနံ့က တော်တော် အံ့သြဖို့ကောင်းတာပဲ။"

"ငါဗိုက်တောင် ဆာလာပြီ။ အကင်က အရမ်းအရသာရှိမယ့်ပုံလေးပဲ။"

ကျောင်းသားများအားလုံး မှင်သက်သွားကြပါသည်။ ဝူချမ့်ချမ့်လည်း ထိုနည်းလည်းကောင်းဖြစ်သည်။ သူမ၏ လှပသော မျက်လုံးလေးများက သူမရှေ့က စားပွဲတော်ကြီးကို ကြည့်နေမိသည်။

အားလုံးက ရိုးရိုးရှင်းရှင်း အကင်တွေသာ ဖြစ်သော်လည်း အတော်လေး ကြည့်ကောင်းလှပါသည်။

လင်းဖန်က တကယ် အကင်ကင်တတ်ပြီး အရသာရှိမည့်ပုံပင်။

"တကယ်ပဲ ကောင်းကောင်း ကင်ထားတာပဲ။ ငါလည်း နှစ်ပေါင်းများစွာ ချက်ပြုတ်လာတာပါ။ ဒါပေမယ့် ဒီလိုမျိုးတော့ ကင်နိုင်မယ် မထင်ဘူး။ သူရဲ့ မီးအထိန်းအကွပ်ကလည်း အရမ်းကောင်းတယ်" ဝူချမ့်ချမ့်၏ အမေက အံ့အားသင့်စွာ ပြောလိုက်သည်။

"အားလုံး ကျွန်တော့်ကို မြှောက်ပြောဖို့ မလိုပါဘူးဗျာ။ စားကြရအောင်ဗျာ" လင်းဖန်ကပြုံးလိုက်ပြီး ဘာမှ စိတ်ထဲမထားပါ။

သူက စားပွဲတော်များ ချက်ပြုတ်ရတာကို အသားကျနေပြီဖြစ်ပြီး အကင်တွေလည်း အကြိမ်ပေါင်းများစွာ လုပ်ဖူးပါသည်။ လင်းဖန်၏ အချက်အပြုတ်စွမ်းရည်က စားဖိုမှူးပေါင်းများစွာထက်တောင် ကျော်လွန်နေပါပြီ။

ထို့နောက် လင်းဖန်၏ အကင်ကို အားလုံး စတင်စားကြည့်လိုက်ကြသည်။

ထို့နောက် အားလုံး မှင်သက်သွားရ၏။

ဝူချမ့်ချမ့်၊ လင်းယွီရှစ်၊ ဝူချမ့်ချမ့်၏ မိဘနှစ်ပါး၊ နာမည်မပေးရသေးသည့် ကောင်လေးနှစ်ယောက်နဲ့ သာမန်ကောင်မလေးတစ်ယောက်...။

တချို့က မျက်လုံးများ ပြူးကာ လင်းဖန်ကို မယုံကြည်နိုင်စွာကြည့်နေကြသည်။

သူတို့ အရိုးရှင်းဆုံးဖြစ်သော သိုးသားတုတ်ထိုးနှင့် အာလူးနည်းနည်းသာ စားကြည့်ရသေးသော်လည်း သူတို့ကို ပေးစွမ်းလိုက်သည့် ခံစားချက်က ယခင်တုန်းက အကင်စားခဲ့ဖူးသည့် ခံစားချက်များနှင့် လုံးဝ ခြားနားနေပါသည်။

လင်းဖန်ရဲ့ စားပွဲတော်က ဘာလို့ ဒီလောာက်တောင် အရသာရှိရတာလဲ။

"လင်းဖန် ရိုးရိုးသားသားပြောမယ်နော်... မင်းလုပ်ထားတဲ့ အကင်က... ငါတို့တွေ နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့ အကင်တွေထက်တောင် ပိုကောင်းနေသေးတယ်။"

"အစ်ကိုဖန်က တကယ့် မာစတာစားဖိုမှူးကြီးပဲ။ အရင်တုန်းကလည်း လူတွေအများကြီး အစ်ကိုဖန်ရဲ့ အချက်အပြုတ်စွမ်းရည်ကို ချီးကျူးကြတာ မြင်ဖူးပါတယ်။ ဒီနေ့တော့ အစ်ကိုဖန်၏ သိုးသားတုတ်ထိုးကင်တွေ တစ်လုတ်ကြီး စားလိုက်ရပြီ။ အရမ်းကောင်းတာပဲ..."

"ဒီလောက်ကောင်းတဲ့ စားပွဲတော်မျိုး ဘယ်မှာရှိလို့လဲ။ အစ်ကိုဖန် ကျွန်တော့်ကို တပည့်အဖြစ် သတ်မှတ်ပေးပါလား။"

အစကတော့ သာမန် တွေ့ဆုံပွဲ အသေးစားလေး ဖြစ်သည်။

ဒီလူတွေက ကမ္ဘာသစ်ထံသို့သွားသည့် တံခါးကို ဖွင့်လိုက်ရသလိုမျိုး ပြုမူနေကြသည်။

သူတို့လင်းဖန်၏ စရိုက်ကိုမြင်ကာ သူတို့အိုင်ဒေါဖြစ်သည်ဟု ခံစားလိုက်ကြရ၏။

လင်းဖန်၏ အကင်တချို့ကို စားသောက်ပြီးနောက် လင်းယွီရှစ်နဲ့ သူမ၏ အတန်းဖော်တွေလည်း အံ့သြမှင်သက်သွားကြရသည်။

သူတို့စားလိုက်တာက... တကယ်အရသာရှိပြီး ယှဥ်ရက်စရာ မရှိလောက်အောင် ကောင်းမွန်လွန်းပါသည်။

All Chapters