ရွှေရောင်လေလံပွဲ
Vol. 47 Ch. 646
ရွှေလေလံပွဲ...
ရိုးရှင်းသည့် အမည် တစ်ခု ဖြစ်သည့်တိုင် ၎င်း၏ မူလမှာ ရွှေရောင် အသက်နန်းတော်၏ အာရုဏ်ဦး နေ့ရက်များ ကတည်းက စတင်ခဲ့ပေသည်။
ရွှေလေလံပွဲတိုင်းမှာ ပြင်းထန်လွန်းသည့် ပြိုင်ဆိုင်မှုများ၊ ပုံမဖော်နိုင်သည့် ပျော်ရွှင်မှုများနှင့် မျှော်လင့်ချက် အလွန် ထိခိုက် ပျက်စီးမှုများကို အမြဲ သယ်ဆောင်လာလေ့ ရှိသည်။ ရွှေရောင် အသက်နန်းတော် စတင် တည်ထောင်ချိန်မှ စ၍ နှစ်ပေါင်းသောင်းချီ သမိုင်း တစ်လျှောက်လုံးတွင် ရွှေလေလံပွဲ ဟူသော ခေါင်းစဥ်အောက်၌ လေလံပွဲ တစ်ရာ့ရှစ်ကြိမ် အထိသာ ကျင်းပခဲ့ဖူးသည်။
ရွှေလေလံပွဲတိုင်း၌ ရွှေရောင် အသက်နန်းတော်မှာ ထုတ်ကုန် အသစ် တစ်ခုကို မိတ်ဆက် ပြသလေ့ ရှိကာ ယေဘုယျအားဖြင့် ထိုထုတ်ကုန်မှာ ၎င်းခေတ်၏ အဓိပ္ပာယ်ကို ဖွင့်ဆိုလေ့ ရှိသည်။ ယခု တစ်ကြိမ် ရွှေလေလံပွဲကို ဆေလုံး သရုပ်ဖော် ပြသပွဲလိုပင် ပုံရိပ်ဖမ်း ဓာတ်ပြားမှ တစ်ဆင့် တိုက်ရိုက် ကျင်းပမည် ဖြစ်သည်။
မာ့ဆုကျင်းမှာ စင်မြင့်၌ ဗဟို၌ ရပ်နေခဲ့ကာ လှပစွာ ဝတ်စားထား၏။ ပါးပြင်ထက်၌ သဘာဝ အတိုင်း ဖြစ်တည်နေသည့် ပါးချိုင့်ကလေးက အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။ သူမက အရှေ့ရှိ ထိုင်ခုံများကို လှမ်းကြည့် လိုက်၏။ သိပ်မကြာခင်မှာပင် ထိုထိုင်ခုံများမှာ ထိပ်သီး ကျင့်ကြံသူများ၊ နာမည် အကြီးဆုံး ပါရမီရှင်များနှင့် ပြည့်နှက် သွားတော့မည် ဖြစ်သည်။
အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို လွန်ခဲ့သည့် သုံးနာရီခန့်က မဟာစက်ဝန်း ကြယ်ကွင်းပြင်ဆီ ကြေညာခဲ့ပြီး ဖြစ်လေရာ ထိုသတင်းက အခြား ကြယ်တာရာ နယ်မြေများရှိ ထိပ်သီး အင်အားစုများကို ခေါ်ဆောင်လာရန် လုံလောက်လိမ့်မည် ဖြစ်သည်။
မိန်းကလေးက တိတ်တဆိတ်ပင် ကောင်းကင်သို့ မော့ကြည့်လိုက်မိ၏။
“အဲဒီ ငွေရောင် မျက်လုံးနဲ့ အဂ္ဂိရတ် ပညာရှင်လေးက ထာဝရ ဧကရာဇ်နဲ့ တကယ်ပဲ ပတ်သက်နေတာလား... အဲဒီလိုသာ အမှန်ဆိုရင် သူက ထာဝရ ဧကရာဇ်ထက် မကျော်ရင်တောင် တန်းတူတဲ့ အလားအလာကို ပိုင်ဆိုင်ထားမှာ သေချာတယ်... ကြည့်ရတာ ငါတို့ရဲ့ အဆုံးမဲ့ ကောင်းကင်ကတော့ နောက်တစ်ကြိမ် ထပ်ပြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်ဦးမယ် ထင်ပါရဲ့”
ထာဝရ ဧကရာဇ်ခေတ်ကို ကိုယ်တိုင်ကိုယ်ကျ မမှီလိုက်သည့်တိုင် ထိုပုဂ္ဂိုလ်ကြီးမှာ မည်သို့ မည်ပုံ စွမ်းဆောင်ခဲ့ကြောင်း စီနီယာများထံမှ သူမ ကြားခဲ့ဖူးသည်။ မကြာခင်မှာပင်... စူးစူးရှရှ အသံများ ပဲ့တင်ထပ် ထွက်ပေါ်လာကာ ထိုင်ခုံများမှာ ဝိညာဥ်အလင်းများဖြင့် ပြည့်နှက်သွား၏။
မာ့ဆုကျင်းက စိတ်ထဲမှ ပင့်သက် တစ်ချက် ရှိုက်ကာ အားယူလိုက်ရင်း မျက်နှာထက်၌ အချိုသာဆုံး အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။
“ရွှေရောင် အသက်နန်းတော်ရဲ့ တစ်ရာ့ ရှစ်ကြိမ်မြောက် ရွှေလေလံပွဲကနေ ကြိုဆိုပါတယ်ရှင်... ဒီနေ့ ကျွန်မတို့ရဲ့ လေလံပစ္စည်းကတော့ အာရုဏ်ဦး နေမီးတောက် ဆေးလုံး တစ်လုံးနဲ့ ပထမ ဆေးလုံး နှစ်ဆယ့် လေးခု အတွက် ဦးစားပေး ဝယ်ယူခွင့်ပါပဲ... ဒီနေရာမှာ တစ်ခု မှတ်သားထားရမှာက အာရုဏ်ဦး နေမီးတောက် ဆေးလုံး ဒီနေ့ကစပြီး နောက်ထပ် နှစ်ဆယ့်လေးနှစ် ကြာမှ အများပြည်သူ ရရှိနိုင်မယ် ဆိုတာပဲ... လေလံပွဲကို အနိမ့်ဆုံး စျေးနှုန်းနဲ့ စလိုက်ကြရအောင်.. ကြမ်းခင်းစျေးကတော့ လျှို့ဝှက် အမတေ ကျောက်တုံး သုံးဆယ့် နှစ်တုံးပါ”
"…"
အားလုံးမှာ တိတ်ဆိတ်နေ၏။ အလွန်အမင်း တိတ်ဆိတ်နေ၏။ အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်နေ၏။ လျှို့ဝှက် အမတေ ကျောက်တုံး သုံးဆယ့် နှစ်တုံး... ထိုကြမ်းခင်းစျေးမှာ သာမန် အဆင့်ကိုး ဆေးလုံး တစ်လုံး အတွက်တော့ မျှတသော စျေးနှုန်း ဖြစ်သည်။ သို့သော်လည်း... စျေးနှုန်း၏ အမှန်တကယ် တန်ဖိုးကို စတင် ဆုံးဖြတ်ပေးမည်က ထိုကြမ်းခင်းစျေး မဟုတ်ချေ။ ပထမဆုံး ပေးမည့် လေလံစျေးနှုန်းပင် ဖြစ်သည်။ တစ်ခါတစ်ရံ၌ ပထမဆုံး ပေးသည့် စျေးနှုန်းများမှာ အလွန်ပင် ပြင်းထန်ကာ နေပေါင်းများစွာလို ထ၍ ပေါက်ကွဲတတ်သည်။
ထင်ထားသည့် အတိုင်း သိပ်မကြာခင်မှာပင်... အလွန် စွမ်းအား ကြီးမားကာ ပြင်းထန်လှသော အသံ တစ်ခုမှာ ထွက်ပေါ်လာကာ မဟာမြင်း လောကနယ်မြေ တစ်ခုလုံးကို တုန်လှုပ် သွားစေခဲ့၏။
“ကျုပ်ရဲ့ ချန်းကလန်က မီးတောင်သတ္တု လေကနယ်မြေ၊ ကြယ်တာရာ အဆင့် ဂြိုဟ် အသေး နှစ်ခု၊ လျှို့ဝှက် အမတေ ကျောက်တုံး လေးဆယ်နဲ့ ကမ်းလှမ်းတယ်”
“...”
မရေမတွက်နိုင်သည့် ပုံရိပ်များ၏ ဝိညာဥ်အာရုံများမှာ တုန်ရီသွားကာ လေထုကို မွမ်းကြပ်စေသည့် ရောင်စုံ အလင်းတန်းများကို ထုတ်လွှတ်လာ၏။
ရွှေလေလံပွဲကား ပထမဆုံး ကမ်းလှမ်းမှုတွင်ပင် အလွန် ကြောက်မက်ဖွယ် ကောင်းနေခဲ့ပြီ ဖြစ်သည်။ လောကနယ်မြေ တစ်ခု၊ ဂြိုဟန်နှစ်လုံး မဆိုထားနှင့် လျှို့ဝှက် အမတေ ကျောက်တုံး တစ်တုံးချင်းစီ၏ တန်ဖိုးပင်လျှင် သာမန် ကျင့်ကြံသူများ အလှမ်းမမှီနိုင်အောင် မြင့်မား လွန်းလှသည်။
မာ့ဆုကျင်းက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းရင်း စကားပြောသူကို လှမ်းကြည့်လိုက်သည်။ ထိုပုဂ္ဂိုလ်မှာ အရပ် ရှည်ရှည် ကြေးညိုရောင် အသားအရေနှင့် အမျိုးသမီး တစ်ယောက်ပင် ဖြစ်၏။ သူမက ခပ်တိုတို အနက်ရောင် ဆံပင်၊ အနက်ရောင် မျက်လုံးများနှင့် သူရဲကောင်းဆန်ဆန် လှပသူ တစ်ဦး ဖြစ်သည်။ ကိုယ်တိုင် ကိုယ်ကျ ရောက်ရှိလာခြင်း မရှိသည့်တိုင် သူမ၏ ဝိညာဥ်ပုံရိပ်ယောင် တစ်ခုတည်းကပင်လျှင် အလွန် ကြောက်မက်ဖွယ် ကောင်းနေခဲ့ပြီ ဖြစ်သည်။
“ချန်းရီလီ...”
မာ့ဆုကျင်းမှာ ချက်ချင်းပင် မှတ်မိလိုက်၏။ သူမ၏ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ တော်ဝင် မျိုးနွယ် ရှစ်ခု အနက် တစ်ခု ဖြစ်သည့် ချန်းမျိုးနွယ်မှ တစ်မျိုးတစ်ပိုင်း အရှင် အဆင့် ကျင့်ကြံသူ တစ်ယောက်ပင် ဖြစ်သည်။
မာ့ဆုကျင်းက တည်ငြိမ်စွာပင် ခေါင်းတစ်ချက် ညိတ်ရင်း တုန့်ပြန်လိုက်၏။
“မီးတောင်သတ္တု လောကနယ်မြေရဲ့ တန်ဖိုး လျှို့ဝှက် ကျောက်တုံး ဆယ့်ရှစ်ခုနဲ့ ကြယ်တာရာ ကျောက်တုံး နှစ်သိန်း တန်ကြေးရှိတယ်... ကြယ်တာာ အဆင့် ဂြိုဟ်တစ်ခုချင်းစီကတော့ လျှို့ဝှက် ကျောက်တုံး သုံးခုနဲ့ ကြယ်တာရာ အမတေ ကျောက်တုံး လေးသိန်း တန်ကြေးရှိတယ်... လျှို့ဝှက် ကျောက်တုံးတွေပါ ထည့်ပေါင်းရရင် လျှို့ဝှက်ကျောက်တုံးပေါင်း စုစုပေါင်း ငါးဆယ့် ငါးတုံးပါ”
ချီအမတေ ကျောက်တုံး တစ်သန်းလျှင် အမတေ ကျောက်တုံး တစ်တုံး တန်ကြေးရှိကာ လျှို့ဝှက် ကျောက်တုံး တစ်ခုကတော့ ကြယ်တာရာ ကျောက်တုံး တစ်သန်းနှင့် ညီမျှသည်။ အဆုံးမဲ့ ကောင်းကင်၏ တန်ဖိုး သတ်မှတ်မှုက ထာဝရ ကြယ်တာရာ နယ်မြေနှင့် သိပ်ကွာခြားခြင်း မရှိလှချေ။
ပထမဆုံး ကမ်းလှမ်းမှုကပင် ထိုမျှ တန်ဖိုး များပြားနေလေရာ အတွေ့အကြုံ နည်းပါးသည့် လူငယ်များမှာ ခြေဖျားလက်ဖျားများ အေးစက် သွားကြ၏။
ချန်းရီလီ၏ ဝိညာဥ်ပုံရိပ်ယောင်က ကောင်းကင်ကျောက်တိုင် တစ်ခုလို မတ်တပ်ရပ်နေကာ တုနှိုင်းမဲ့သည့် ရောင်စဥ်များကို ထုတ်လွှတ်နေ၏။ သူမက အခြားလူများကို တိုက်ရိုက် ခြိမ်းခြောက်နေခြင်း မဟုတ်သည့်တိုင် စိန်ခေါ်နေသည်ကတော့ ရှင်းလင်းပေသည်။
ဟူး...
သိပ်မကြာခင်မှာပင် အသည်းခိုက်မတတ် အေးစက်လှသည့် လေထုတစ်ခု ပျံ့လွင့်လာ၏။ ကျင့်ကြံခြင်း အခြေခံ အားနည်းလှသည့် လူငယ်များမှာ ဝိညာဥ်အာရုံ တည်ရှိမှုဖြင့်ပင် တစ်ကိုယ်လုံး တုန်ရီသွားသလို ခံစားလိုက်ကြရသည်။
“ဒီလောက် ကမ်းလှမ်းမှု သေးသေးလေးနဲ့ အခြားလူတွေ နောက်ဆုတ်သွားမယ်လို့ ထင်နေရင် နောက်ဆုတ်ပြီး ပြန်ထိုင်နေလိုက်တာ ပိုကောင်းလိမ့်မယ်... ငါတို့ ပင်းမျိုးနွယ်က အေးခဲတော လျှို့ဝှက် နယ်မြေ တစ်ခု၊ ကြယ်တာရာ အဆင့် ဂြိုဟ်အသေး သုံးခု၊ ကြယ်ရေခဲ နှင်းစက် တစ်စက်၊လျှို့ဝှက် ကျောက်တုံး လေးဆယ်နဲ့ ကမ်းလှမ်းတယ်”
ယခုတစ်ကြိမ် ကမ်းလှမ်းလိုက်သူကတော့ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေး တစ်ဦး ဖြစ်သည်။ သူမက အလွန်လှပသည့် ခံစားချက်မဲ့ အပြာရောင် မျက်ဝန်းများကို ပိုင်ဆိုင်ထားကာ ၎င်းတို့မှာ ရေခဲ သလင်းကျောက်များ ကဲ့သို့ တလက်လက် တောက်ပနေ၏။
မိန်းကလေးမှာ အကြည့်တစ်ခု တစ်ခုတည်းကပင် ဝိညာဥ်အာရုံများကို အေးခဲပစ်နိုင်စွမ်း ရှိကာ သူမကို ကြည့်မိသော လူငယ်များမှာ စိတ်များ တောင့်တင်းသွားသလို ခံစားလိုက်ကြရသည်။ အကယ်၍ စီနီယာများ၏ အကူအညီကြောင့်သာ မဟုတ်ပါက သူတို့ နေရာတွင်ပင် အေးခဲကာ သေဆုံးသွားလောက်သည်။
မာ့ဆုကျင်းက အဖြူရောင် ဆံပင်များနှင့် ထိုအမျိုးသမီးကို ကြည့်ကာ ပြုံးလိုက်၏။ သူမက အလွန် လှပသည့် ဖြစ်တည်မှုမျိုး မဟုတ်ပဲ ပျမ်းမျှထက် သာရုံမျှသာ ဖြစ်ပေသည်။ သို့သော်လည်း သူမ၏ အော်ရာကတော့ အလွန်အမင်း အေးစက်ကာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
“ပင်းထန်း...”
သူမသည်လည်း သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်ပင် ဖြစ်ကာ တော်ဝင် မျိုးနွယ် ရှစ်ခုဝင် ပင်မျိုးနွယ်မှ ဖြစ်သည်။
ပင်းမျိုးနွယ်မှာ ရေခဲကျင့်စဥ်များကို အထူး အလေးပေး ကျင့်ကြံသည့် အင်အားစု တစ်ခု ဖြစ်ကာ လက်ရှိ အင်ပါယာ ကလန် ဖြစ်သည့် ထန်းကလန်နှင့် နက်ရှိုင်းသော ဆက်ဆံရေးများရှိသူ ဖြစ်သည်။ ထိုမျိုးနွယ် နှစ်ခု ကြားတွင် အပြန်အလှန် လက်ထပ်မှုများ မကြာခဏဆိုသလို ဖြစ်ပေါ်လေ့ ရှိသည်။
ချန်းရီလီက ပေ့ထန်းကိုကြည့်လိုက်၏။ သူမ၏ မျက်လုံးများက ရဲရဲတောက် စိန်ခေါ်မှုများနှင့် ပြည့်နှက်နေကာ ပေ့ထန်း၏ လျစ်လျူသော အကြည့်များနှင့် တိုက်ရိုက် ဆုံတွေ့သွားသည်။ ဝိညာဥ်အော်ရာ နှစ်ခုက တုန်ခါသွားကာ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။
ဘုန်း... ဘုန်း...
ချက်ချင်းပင် လောကကြီးမှာ လေပြင်းမုန်တိုင်းများနှင့် ရေခဲနှင်းလွှာများ အကြားတွင် နစ်မြုပ် သွားခဲ့၏။ ရွှေလေလံပွဲကား စတင်ချိန်တွင်ပင် ကြောက်မက်ဖွယ် ကောင်းအောင် ပြိုင်ဆိုင်မှု ပြင်းထန်နေခဲ့ပြီ ဖြစ်သည်။
မာ့ဆုကျင်းက သေမျိုးတစ်ပိုင်း အရှင် နှစ်ယောက်၏ ပြိုင်ဆိုင်မှုကို ဝင်ရောက် နှောက်ယှက်ခြင်း မပြုပါချေ။ အသာအယာပင် ပြုံးလိုက်ရင်း စျေးနှုန်းများကို တွက်ချက် ပြလိုက်၏။
“အေးခဲတော လျှို့ဝှက် နယ်မြေက လျှို့ဝှက် ကျောက်တုံး နှစ်ဆယ့် တစ်ခုနဲ့ အမတေ ကျောက်တုံး ခြောက်သိန်း တန်ကြေးရှိတယ်... ကြယ်အဆင့် ဂြိုဟ်အသေးသုံးလုံးရဲ့ စုစုပေါင်း တန်ကြေးက လျှို့ဝှက် ကျောက်တုံး ဆယ်တုံးနဲ့ ကြယ်တာရာ အမတေ ကျောက်တုံး နှစ်သိန်း အထိ ရှိတယ်... ပင်းမျိုးနွယ် ကြယ်ရေခဲ သစ်ပင်က ထုတ်လုပ်တဲ့ ကြယ်ရေခဲ နှင်းစက်ကတော့ လျှို့ဝှက် ကျောက်တုံး ငါးခု အထိ တန်တယ်... လျှို့ဝှက် ကျောက်တုံးတွေပါ ပေါင်းလိုက်မယ် ဆိုရင် ကမ်းလှမ်းမှုက လျှို့ဝှက် ကျောက်တုံး ခုနစ်ဆယ့် ခြောက်ခုနဲ့ ကြယ်တာရာ အမတေ ကျောက်တုံး ရှစ်သိန်း အထိ တန်ကြေးရှိတယ်”
***