မြေဆွဲအား ရင်းမြစ် ကြယ်တာရာ ကပ်ဘေး (၂)
Vol. 47 Ch. 654
မြေဆွဲအား ရင်းမြစ် ကြယ်တာရာ ကပ်ဘေးနှင့် ပတ်သက်သည့် ဝေ့ဝူယင်တွင် ဖိအား သိပ်မရှိချေ။ ၎င်းနှင့် ဆက်နွယ်နေသည့် နိယာမများကို သူ သေချာစွာ လေ့လာပြီး ဖြစ်သည့် အပြင် မြေဆွဲအား အကြောင်း နက်နဲမှုများကိုလည်း နားလည်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်ပင်... ၎င်းက သိပ်ခက်ခဲလိမ့်မည်ဟု သူ မထင်ထားချေ။
မည်သို့ပင် ဆိုစေ... နောက်ဆုံး ကြယ်တာရာ ကပ်ဘေး နှစ်ခုမှာ ဝေ့ဝူယင် အတွက် အလွန်ပင် လွယ်ကူခဲ့ပေသည်။ သူ ပိုမို အစွမ်းထက် လာသည်နှင့် အမျှ သူ၏ ကျင့်ကြံခြင်း အခြေခံမှာလည်း ပိုမို ထက်မြက်လာသည်။ ကြယ်တာရာ ကပ်ဘေးများမှာလည်း သူ့အတွက် ပိုမို လွယ်ကူလာသည်။
လောလောဆယ်တွင်မြေဆွဲအား ရင်းမြစ် ကြယ်တာရာ ကပ်ဘေး မဆိုထားနှင့်... ကြယ်တာရာ အမြုတေ အဆင့်ကိုး ကြယ်အမြုတေ အဆင့် တစ်ယောက်ထံမှ လွတ်မြောက်အောင် ထွက်ပြေးရန်ပင် ဝေ့ဝူယင် ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိသည်။
သူ ပိုင်ဆိုင်ထားသည့် ဝိညာဥ်ဆင်းတုများ၊ အာကာသ ပဲ့တင်သံလှိုင်းများ၊ မူလ အလင်းများဖြင့် ဆိုပါက ထိုကပ်ဘေးမှာ အလွန် လွယ်ကူလိမ့်မည် ဖြစ်သည်။
သို့သော်လည်း... သူ ဘယ်လောက်တောင် မှားယွင်းခဲ့သနည်း။ သူ့ အတွေးအခေါ်က ဘယ်လောက်တောင် မိုက်ရူးရဲ ဆန်ခဲ့သနည်း။
ဘဝတွင် ဝေ့ဝူယင် ဘယ်တုန်းကမှ ထိုမျှလောက် မကြောက်ခဲ့ဖူးချေ။ ကြယ်တာရာ နယ်မြေမှ လွင့်စဥ် သွားချိန်၊ ကောင်းကင် လဲပြိုကျချိန်၊ ငရဲ၏ ကပ်ဘေးများနှင့် ရင်ဆိုင်ရချိန်များတွင်ပင် သူ တည်ငြိမ်နိုင်ခဲ့သည်ချည်းသာ ဖြစ်သည်။
၎င်းက ရိုးရှင်းစွာဖြင့် စတင်ခဲ့ပေသည်။ မြေဆွဲအား ရင်းမြစ် ကြယ်တာရာ ကပ်ဘေး တစ်ခု... ၎င်းအား ဖြတ်ကျော်ရန် အတွက် လိုအပ်သမျှက မြေဆွဲအား ဗဟိုထု ဟု ခေါ်သည့် အရာတစ်ခုကို ထုတ်လုပ်ရန်သာ ဖြစ်သည်။ ၎င်းက အလွန် သေးငယ်သည့် ဒြပ်ထု တစ်ခု ဖြစ်ကာ (လောကတွင် မြစ်ဖျားခံသည့်) ဆွဲငင်အားများ၏ တစ်ကြိမ်ပြီး တစ်ကြိမ် ဖိနှိပ်မှုက ရရှိသည်။
၎င်းအား ဂြိုဟ်ဝင်္ကပါ တစ်ခုနှင့် နှိုင်းယှဥ်နိုင်ကာ စွမ်းအင်များမှာ ခန္ဓာကိုယ် အတွင်း၌ ဂြိုဟ်အမြုတေ သဖွယ် သန္ဓေတည်လာခြင်းမျိုး ဖြစ်သည်။ ခန္ဓာကိုယ် အတွင်း ဝင်ရောက်လာသည့် စွမ်းအင်များကို ထိန်းချုပ်နိုင်သရွေ့ ကျင့်ကြံသူမှာ အဆင်ပြေလိမ့်မည် ဖြစ်ကာ မြေဆွဲအား ဗဟိုထုမှာ ခန္ဓာကိုယ် အတွင်း အလိုအလျောက် ဖွဲ့စည်းလာလိမ့်မည် ဖြစ်သည်။
ထိုဖြစ်စဥ်က အလွန် ရိုးရှင်းသည် မဟုတ်ပါလား။
“...”
“...”
“...”
သောက်ကျိုးနည်း စိတ်ပျက်ဖွယ် ကောင်းလောက်အောင်ပင် ဝေ့ဝူယင် အတွက်တော့ ထိုကဲ့သို့ မဟုတ်ခဲ့။ ယခုတစ်ကြိမ်တွင်လည်း သူ၏ ကြယ်တာရာ ဝိညာဥ်များမှာ ကပ်ဘေး၏ အကန့်အသတ်နှင့် ဆတ်ဆော့ခဲ့ကြပြန်သည်။
အစပိုင်း၌ ဝေ့ဝူယင်မှာ ခန္ဓာကိုယ် အတွင်း ဝင်ရောက်လာသည့် မြေဆွဲအား ရင်းမြစ်များကို လွယ်ကူစွာပင် ခုခံ နိုင်နေခဲ့သည်။ ထိုဖိအားလောက်ကို သူ မမှုပါချေ။ မည်သို့ပင် ဆိုစေ... သူက သေမျိုး အထွတ်အထိပ် အဆင့် အစစ်အမှန်နဂါး ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။
သို့သော်လည်... များမကြာခင်မှာပင် တစ်ခါမှ မျှော်လင့်မထားခဲ့သည့် မြင်ကွင်းတစ်ခုက သူ့ကို စီးကြို နေခဲ့တော့သည်။
၎င်းက မြေဆွဲအား ရင်းမြစ် အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ချိန်တွင် ဖြစ်ပျက်လာခဲ့သနည်း အဖြစ်အပျက် တစ်ခုလည်း ဖြစ်သည်။ ထိုအခိုက်၌ သူ၏ ခန္ဓာကိုယ် အသက်အင်အားမျာ သဘာဝ မကျစွာ သုံးစွဲမှု နှေးကွေးသွားသည်ဟု ခံစားရရုံမျှသာ မက... သူ့ခန္ဓာကိုယ်ပေါ် သက်ရောက်နေသည့် အချိန် စီးဆင်းမှုမှာလည်း ပြောင်းလဲ သွားခဲ့သည်။ သို့သော်လည်း... သူ၏ မြေဆွဲအား ဗဟိုထုမှာ မြေဆွဲအားများကို အလွန်အကျွံ ထပ်မံ စုပ်ယူနေဆဲ ဖြစ်သည်။
ထိုအခိုက်၌ ဝေ့ဝူယင်မှာ ခန္ဓာကိုယ် တစ်ခုလုံးကို ညှစ်ထုတ်ခံရသလိုပင် စတင် ခံစားလာရသည်။ ထိုအရာက သူ့ဘဝ တစ်လျှောက်လုံးတွင် ကြုံတွေ့ဖူးသည့် အဆိုးရွားဆုံး အတွေ့အကြုံလည်း ဖြစ်သည်။
သူ၏ ပတ်လည်ရှိ ဧရိယာ တစ်ခုလုံးမှာ အမှောင်တော့ပဲ အလွန်အမင်း လင်းထင်းလာသည်။ ထိုအလင်းစွမ်းအင်များမှာ မိုင်ပေါင်း သန်းချီအောင် တည်ရှိနေပုံ ရကာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ထို့နောက်... မကြာခင်မှာပင် သူ၏ ကြယ်တာရာ ဝိညာဥ်လေးခုမှာ မြေဆွဲအား ဗဟိုထု လေးခုကို တစ်ခုထဲ အဖြစ်သို့ ပေါင်းစည်းကာ အချိန်ပြိုကွဲမှုနှင့် အလင်းစွမ်းအင် ဆွဲငင်မှုများကို ဖြစ်ပေါ်စေကြောင်း သူ သဘောပေါက်လိုက်သည်။
ထို့နောက်... အာကာသ အတွင်းတွင် ထူးဆန်းသော အော်မြည်သံများ ထွက်ပေါ်လာကာ မြေဆွဲအား ဗဟိုထုမှာ လောကအတွင်းရှိ နက္ခတ္တ အင်အားများကို စတင် ဆွဲငင်၍ ရှေ့နောက် ရှိပုံ မရသည့် အနက်ရောင် တွင်းပေါက် တစ်ခု အဖြစ် ဖွဲ့စည်းလာသည်။ အလင်းစွမ်းအင်များမှာ ထိုတွင်းပေါက်ကို ဝန်းရံကာ အရှိန်အဟုန် ပြင်းစွာဖြင့် လှည့်ပတ်ကြ၏။
“ဘာတွေ ဖြစ်နေတာလဲ...”
ထိုအရာက မိုးကုပ်စက်ဝိုင်းနှင့် ခန္ဓာကိုယ် အတွင်းရှိ ပြောင်းလဲမှု အဖြစ်အပျက်တို့ကို လေ့လာရင်း သူ တွေးမိခဲ့သည့် တစ်ခုတည်းသော စကားလုံးပင် ဖြစ်လေသည်။
...
ဝေ့ဝူယင်က မျက်လုံးများကို ဖြည်းညင်းစွာ ပြန်ဖွင့်လိုက်၏။ ထိုအဖြစ်အပျက်ကြီး ပြီးဆုံးသွားခဲ့သည်မှာ သုံးနှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ကံကောင်းထောက်မစွာပင်... သူ အသက်ရှင်သန်နေဆဲ ဖြစ်သည်။
ခရာတိုနှင့် အခြားသူများက ၎င်းကို မြေဆွဲအား စွမ်းအင်များ လွန်ကဲခြင်းသို့ ရောက်ရှိခဲ့ချိန်၌ ဖြစ်ပေါ်လာခဲ့သဖြင့် အနက်ရောင် တွင်းပေါက် အဖြစ် ရည်ညွှန်းကြသည်။ တကယ်တော့ မြေဆွဲအား ဗဟိုထုကို အနက်ရောင် တွင်းပေါက် အဖြစ် အသွင်ပြောင်းဖို့ ကြယ်တာရာ ကပ်ဘေးအား မြှင့်တင်ခဲ့ကြသည်က သူတို့ပင် ဖြစ်သည်။
ထိုအခိုက်အတန့်၌ ဝေ့ဝူယင်၏ ခန္ဓာကိုယ် ဗဟိုတွင် တည်ရှိနေသည့် အနက်ရောင် တွင်းပေါက် တစ်ခု ရှိ၏။ ၎င်းက မသိမသာပင် လှည့်ပတ်နေကာ ကြယ်တာရာ အင်အားနှင့် အမတေ စွမ်းအင်များကို သယ်ဆောင်၍ ၎င်းကို ပိုမို ထူထပ် သန့်စင်အောင် စစ်ထုတ်ပေးနေခဲ့သည်။
၎င်းက ကြယ်တာရာ ဝိညာဥ်များ၏ ပူးပေါင်း ဖန်တီးမှု တစ်ခု ဖြစ်သည့်တိုင် သူက ထိုအရာ၏ ဗဟိုတွင် ရှိနေပေသည်။
အခိုက်အတန့်လေး တစ်ခုသာ ဖြစ်သည့်တိုင် နှစ်ပေါင်း ဒါဇင်နှင့်ချီသလို သူ ခံစားခဲ့ရသည့် အဖြစ်အပျက်... ဝေ့ဝူယင် ထိုကဲ့သို့ အတွေ့အကြုံမျိုးကို နောက်တစ်ကြိမ် ထပ်မလိုချင်တော့ချေ။
နောက်နောင်.. ဘယ်တော့မှ... ဘယ်တော့မှ...။
“ဂီး...”
ထိုအခိုက်တွင်ပင် အသံတစ်ခု ထွက်ပေါ်လာ၏။ ဝေ့ဝူယင်၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ထွက်ပေါ်လာကာ ထန်ဂူ ရှိရာဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုအခါ လှပစွာ တောက်လောင်နေသည့် ရွှေသွေးနီရောင် မီးတောက်မီးလျှံများကို သူ မြင်လိုက်ရတော့၏။
“မင်းက ထန်ဂူနဲ့ သွားပြီး ရှုပ်နေတာပဲ... ဟဟ...”
ဝေ့ဝူယင်က ရယ်မောလိုက်ရင်း ကုန်းမြေထုထက်မှ မတ်တပ်ထရပ်လိုက်၏။
“သွားဖို့ အချိန်ကျပြီ...”
လွန်ခဲ့သည့် သုံးနှစ်၊ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ကို ချိုးဖျက်ပြီး ရက်အနည်းငယ် အတွင်းမှာပင် ပိုင်လင်မှာ ကိုးနှစ်တာ နိဗာန အသွင်ကူးပြောင်းခြင်း ဖြစ်စဥ်ကို ပြီးမြောက် အောင်မြင်ကာ ပြန်လည် ရောက်ရှိလာခဲ့သည်။
နေ့ရက်များက လျှင်မြန်သလို ဝေ့ဝူယင် ခံစားရသည်။ လက်ရှိ၌ သူသည် အသက် ငါးဆယ့်လေးနှစ် တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုခွဲခန့် အချိန်ကို တွေးတောကြည့်လိုက်တော့ ထိုအရာက ဆန်းကြယ်ဟု သူ မကြာခဏ ဆိုသလို ခံစားရသည်။ အသက်နှစ်ဆယ်ကျော်ခန့်က သူက နေသွေးနီနီဂိုဏ်း၏ အဓိက တပည့် တစ်ယောက်မျှသာ ဖြစ်သည်။ ရှုပ်ထွေး ပွေလီသည့် ပဋိပက္ခများနှင့် သတ်ဖြတ်လုပ်ကြံမှုများ အတွင်းတွင် သူ ရှင်သန်ခဲ့ရကာ ရင်းမြစ်တစ်ခု အတွက်ပင် နေ့တိုင်နေ့တိုင်း ရက်စက် ကြမ်းကြုတ်စွာ တိုက်ပွဲဝင်ခဲ့ရသည်။
ထို့နောက်... သူက အပြစ်သား သွေးမျိုးဆက်ကို လက်ခံရရှိကာ အမွေခံ အပြစ်သား တစ်ယောက် ဖြစ်လာခဲ့သည်။ အဂ္ဂိရတ် ပညာကို နက်ရှိုင်းစွာ သင်ယူခဲ့သည်။ ငရဲ၏ ကပ်ဘေး နှစ်ခုကိုလည်း သေမျိုး တစ်ယောက် ဘဝဖြင့် ချိုးဖျက် နိုင်ခဲ့သည်။
ထိုအတောအတွင်း မရေမတွက်နိုင်သည့် ဖိအားပေါင်း များစွာကို ခံစားခဲ့ရသည့်တိုင် ဤအခိုက်အတန့်က သူ စိတ်ကူးယဥ်ခဲ့ရသော ဘဝလည်း ဖြစ်သည်။
သူ့တွင် လူတိုင်း အားကျရသည့် ပါရမီ ရှိသည်။ ထူးချွန်သည့် ကြယ်တာရာ ဝိညာဥ်များနှင့် လှပသည့် မိန်းမများလည်း ရှိသည်။ ပါရမီမြင့်မားကာ သစ္စာရှိသည့် လက်အောက်ငယ်သားများကိုလည်း ပိုင်ဆိုင်ထားသည်။ ဤကဲ့သို့ နေထိုင်နိုင်ခဲ့ခြင်း အတွက် ဘဝကို သူ ကျေးဇူးတင်မိသည်။
ဟူး... ဟူး...
ဝေ့ဝူယင် ရောက်တတ်ရာရာ တွေးတောနေမိစဥ်မှာပင် လှပသည့် မီးတောက်မီးလျှံများမှာ သူ့အရှေ့သို့ ကျရောက် လာ၏။ ၎င်းတို့က ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့်တိုင် ဝေ့ဝူယင်ကတော့ မထိမခိုက် ကျန်ရှိနေဆဲ ဖြစ်သည်။ ပိုင်လင်မှာ သူမ ဆန္ဒရှိသည့် လူများကိုသာ အန္တရာယ် ဖြစ်စေနိုင်သည့် ပြိုင်စံရှား စွမ်းရည် တစ်မျိုးကို ပိုင်ဆိုင်ထားသည်။ အပူချိန်က ဝေ့ဝူယင် အပေါ်ကို မသက်ရောက်သည့်တိုင် အမှောင် ဟင်းလင်းပြင်၏ အပူချိန်ကတော့ အဆမတန် မြင့်တက်လာသည်။ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ချိန်မှာပင် ဝေ့ဝူယင်မှာ ပိုင်လင်ထံမှ ဝိညာဥ်ဆက်သွယ်မှု တစ်ခုကို လက်ခံ ရရှိလိုက်၏။
“လုံးဝ မမျှဘူး... သူက ဘာလို့ ဒီလောက် ကြီးတာလဲ”
ပိုင်လင်၏ အသံက စိတ်ပျက်လက်ပျက် ဖြစ်နေကာ လောကကြီး အပေါ် အတော်လေး မကြေမချမ်း ဖြစ်နေပုံ ရသည်။ သူမ စကားထဲမှ “သူ” ဆိုသော ဝေါဟာရမှာ အိပ်စက်နေသည့် ထန်ဂူကို ရည်ညွှန်းခြင်းပင်ဖြစ်ကြောင်း ဝေ့ဝူယင် တန်း သိလိုက်သည်။
သူ အသာအယာပင် ပြုံးလိုက်၏။ ပိုင်လင်မှာ နိဗာန အသွင်ပြောင်းခြင်းကို ပြီးမြောက်ကာ ဖီးနစ် သွေးမျိုးဆက်၏ အကန့်အသတ် အသစ်ကို ဝင်ရောက်ပြီး ကတည်းက အမြဲလိုလို ထန်ဂူကို သွားရောက် ပြိုင်ဆိုင် တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။ ထိုသတ္တဝါကြီးက ထာဝရ ကြယ်တာရာ နယ်မြေကို ဖျက်ဆီးခဲ့ကြောင်း ကြားသိခဲ့ရရာ သူမ မည်ကဲ့သို့ ဒေါသမထွက်ပဲ နေနိုင်ပါမည်နည်း။
သို့သော်လည်း... ဂြိုဟ်ကြီး တစ်ခုကိုပင် လောင်ကြွမ်း ပစ်နိုင်စွမ်း ရှိသည့် သူမ၏ မီးတောက်မီးလျှံများက ထန်ဂူ၏ အမွေးတစ်မျှင်ကိုတောင် ထိခိုက်အောင် လုပ်ဆောင်နိုင်စွမ်း မရှိခဲ့ချေ။
သို့သော်လည်း ပိုင်လင်မှာ အရှုံးမပေးချေ။ သုံးနှစ်လုံးလုံး နေ့စဥ်မပျက် ထန်ဂူကို သွားရောက်တိုက်ခိုက်နေဆဲ ဖြစ်သည်။ ဝေ့ဝူယင်က အနည်းငယ် ပြုံးရင်း အဖြေပေးလိုက်လေ၏။
“သူက ကြယ်တာရာ ဝါးမြိုသူပဲ ကြီးတာပေါ့...”
***