← Chapters

အညံ့ခံမလား သေမလား

Vol. 29 Ch. 398

အညံ့ခံမလား သေမလား

Vol. 29 Ch. 398

မြို့အတွင်းရှိ ပြည်သူအားလုံးက ဆုတောင်းနေကြသည်။ ကြယ်ခန်းမသခင်သည် သူတို့အားလုံး၏ တစ်ခုတည်းသော ယုံကြည်ရာဖြစ်သည်။ ယဲ့ချန်ကိုသာ ယုံကြည်ခြင်းမရှိလျှင် လူတိုင်းက လိပ်ပြာလွင့်မတတ် ကြောက်လန့်နေပြီဖြစ်သည်။

နံပတ်ငါးမြွေက အောက်ကိုငုံ့ကြည့်လိုက်သောအခါ လူများက ကြောက်လန့်နေသော်လည်း အများစုမှာ သူ့အားတိုက်ခိုက်ရန် လက်နက်များဆွဲထုတ်နေသည်ကို မြင်လိုက်ရသည်။ ဤအချက်ကြောင့် သူက မကျေမနပ်ဖြစ်သွားခဲ့သည်။ အတိတ်တွင် သူ၏မူလအသွင်ကိုမြင်ဖူးသော လူသားတိုင်းက တိုက်ခိုက်ရန်သတ္တိများ ပျောက်ဆုံးသွားသည်ချည်းသာဖြစ်သည်။ သို့သော်လည်း ဤမြို့အတွင်းမှ သာမန်လူများပင် သူ့ကို လက်နက်များဖြင့်ချိန်ရွယ်နေသောအခါ ကြေးခွံနက်မြွေမျိုးနွယ်၏သိက္ခာကို စော်ကားနေသကဲ့သို့ ခံစားလိုက်ရသည်။

"မင်းတို့ရဲ့ခန်းမသခင် ဘယ်မှာလဲ။ ဒီသခင်ကြီးရဲ့အစာအိမ်က ဖြည့်ဖို့လိုအပ်နေတယ်။ မင်းတို့ပုရွက်ဆိတ်တွေက ငါ့ကို တိုက်ခိုက်ချင်နေတာလား"

မြွေကြီးက မောက်မာစွာရေရွတ်၍ တစ်ဆယ်တိုက်ခိုက်ရေးအစီအရင်ကို ထုတ်ဖော်ရန် လူစုနေကြသော ကြယ်ခန်းမ၏တပည့်များကို အထင်သေးစွာစိုက်ကြည့်နေသည်။ သူက ပါးစပ်ကိုဟ၍ ထိုတပည့်များကိုစားသောက်ခါနီးတွင် အကြီးဆုံးမြွေကတားမြစ်လိုက်ပြီး ကျန်လေးယောက်လုံးက မြို့၏အထက်ကောင်းကင်တွင် ထွက်ပေါ်လာကြသည်။

"ဒီမြို့ငါးမြို့ကို ကြေးခွံနက်မြွေမျိုးနွယ်က သိမ်းပိုက်လိုက်ပြီ။ မင်းတို့ရဲ့ခေါင်းဆောင်ကို ထွက်လာပြီး ငါနဲ့တွေ့ခိုင်းလိုက်။ မင်းတို့က ငါ့အတွက် အလုပ်လုပ်ပေးပြီး နေ့တိုင်း ငါတို့စားဖို့ လူငယ်ဆယ်ယောက်ပေးမယ်ဆိုရင် အသက်ရှင်စေရမယ်"

ခေါင်းဆောင်မြွေက သာမန်ပြည်သူများကို စားစရာသဖွယသဘောထား၍ ရာဇသံပေးပို့လိုက်သည်။

"ဒီခွေးကောင်တွေက လူတွေကို တကယ်ကြီးစားချင်နေတယ်ပေါ့"

ကြယ်ခန်းမ၏အဖွဲ့ဝင်အားလုံး ဒေါသူပုန်ထသွားကြသည်။ ကြယ်ခန်းမတွင် သားရဲများစွာရှိသော်လည်း သူတို့နှင့်အတူတကွနေထိုင်ပြီး ဝိညာဥ်သားရဲအသားများကိုသာ စားသောက်ကြသည်။ ထိုသားရဲများနှင့် လူသားများကြားတွင် ဆက်ဆံရေးကောင်းတစ်ခုရှိသော်လည်း ဤမြွေများက မောက်မာစွာဖြင့် လူသားစားချင်နေသောအခါ လူတိုင်း ဒေါသထွက်နေကြသည်။

"သေစမ်း"

အစီအရင်အတွင်းမှ လှံရှည်တစ်ချောင်းပြေးထွက်လာကာ နံပတ်ငါးမြွေကို ထိမှန်သွားခဲ့သည်။ လှံရှည်များက သူ့ကိုမထိခိုက်စေခဲ့ဘဲ တစ်ချောင်းပြီးတစ်ချောင်း ကျိုးပဲ့သွားကြသည်။ ၎င်းတို့က သူ့အတွက် နာကျင်မှုကိုမဖြစ်စေခဲ့သော်လည်း နံပတ်ငါးက အလွန်ဒေါသထွက်လာသည်။ သူ၏အစ်ကိုများသာ တားမြစ်မထားလျှင် တစ်မြို့လုံးကို ဝါးမျိုစားသောက်ပစ်မည်ဖြစ်သည်။ ကြေးခွံနက်မြွေများက မြို့ငါးမြို့ကိုသိမ်းယူချင်သော်လည်း မြို့နေလူထုက ဤမျှရဲရင့်နေမည်ဟု မျှော်လင့်မထားကြပေ။

"မင်းတို့ ဆက်ပြီးခေါင်းမာနေမယ်ဆိုရင် ရက်စက်တဲ့အတွက် ငါ့ကိုအပြစ်မတင်နဲ့။ မင်းတို့ရဲ့အစီအရင်က ငါတို့ကို တားမြစ်နိုင်မယ်ထင်နေတာလား"

မြွေခေါင်းဆောင်က သူ၏သတ်ဖြတ်လိုစိတ်ဖြင့် တစ်မြို့လုံးကိုလွှမ်းခြုံကာ ခြိမ်းခြောက်လိုက်သည်။ ပတ်ဝန်းကျင်အပူချိန်က ချက်ချင်းလျော့ကျသွားပြီး ဆောင်းရာသီကဲ့သို့ ရုတ်တရက်အေးစက်လာသည်။ မြို့ရိုးပေါ်ရှိ သာမန်စစ်သည်တော်များက စကားပင်မပြောနိုင်လောက်အောင် ကြောက်လန့်သွားကြသော်လည်း ကြယ်ခန်းမတပည့်များနှင့် ကျင့်ကြံသူများက မကြောက်မလန့်အော်ဟစ်နေကြသည်။

"မင်းတို့ကများ ငါတို့ကို လက်နက်ချစေချင်နေတာလား"

"ခန်းမသခင်ပေါ်လာရင် မြွေငါးကောင်လုံး သေရမယ်"

မြွေများ၏မောက်မာမှုက ကျင့်ကြံသူများကို ဒေါသူပုန်ထစေခဲ့ပြီး အထူးသဖြင့် လူသားစားရန် ကြံစည်နေသောအချက်က သူတို့၏ဒေါသများကို မီးလောင်ရာလေပင့်ပေးလိုက်သည်။ ကြယ်ခန်းမတပည့်များသည် နောင်တရနေပြီး သူတို့၏ကျင့်ကြံမှုက လုံလောက်အောင် အစွမ်းမထက်သောအခါ အစွမ်းထက်ရန်သူရှေ့တွင် ကုန်းပေါ်ရောက်နေသောငါးပမာ ယက်ကန်ယက်ကန်ဖြစ်နေခဲ့ရသည်။ ကောင်းကင်ပေါ်ရှိရန်သူများက နတ်ဘုရင်အဆင့်များဖြစ်နေသောကြောင့် သူတို့က လုံးဝမယှဥ်နိုင်ပေ။ သို့သော်လည်း ကြယ်ခန်းမ၏အဖွဲ့ဝင်တိုင်းက ဒူးထောက်အညံ့ခံမည့်အစား အသေခံလိုက်မည်ဖြစ်သည်။

မြို့ကြီးများ၏ ကာကွယ်ရေးလက်နက်တိုင်းက မြွေကြီးများကို ချိန်ရွယ်ထားသည်။ သို့သော် ထိုငါးယောက်က ဤလက်နက်များကိုမမြင်သကဲ့သို့ လျစ်လျူရှုထားကြသည်။ သူတို့၏ဝိညာဥ်အသိစိတ် ထွက်ပေါ်လာသောအခါ မြို့ကာကွယ်ရေးအစီအရင်သည် ဖိအားကြောင့် တွန့်လိမ်ပုံပျက်လာသည်။

"မင်းတို့ကို နောက်ဆုံးတစ်ခေါက် ရွေးချယ်ခွင့်ပေးမယ်။ အညံ့ခံမလား သေမလား"

မြွေခေါင်းဆောင်က အေးစက်စက်သတိပေးလိုက်သည်။ နတ်ဘုရင်ငါးယောက်၏အရှိန်အဝါက မြို့ငါးမြို့ကိုလွှမ်းခြုံသွားကာ သာမန်လူများမှာ အသက်ရှူရခက်ခဲလာသည်။

အမှန်တကယ်တွင် ထိုမြွေများ ရောက်ရှိလာချိန်တွင် ယဲ့ချန်က သိရှိထားပြီးဖြစ်သည်။ သို့သော်လည်း သူက ကြေးခွံနက်မြွေမျိုးနွယ်၏ လာရင်းရည်ရွယ်ချက်ကို သိလိုသောကြောင့် စောင့်ကြည့်နေခဲ့သည်။ ထိုမြွေများက မြို့ငါးမြို့ကိုသိမ်းယူပြီး လူသားစားရန် ကြံစည်နေကြသည်။ ထို့အပြင် သူတို့က ဝိညာဥ်သားရဲအမဲလိုက်နေသော အဖွဲ့တစ်ခုကိုစားသောက်လိုက်ခြင်းက လက်မခံနိုင်စရာဖြစ်သည်။ ယဲ့ချန်၏ဝိညာဥ်က ဓားကြီးတစ်လက်အဖြစ် အသွင်ပြောင်းကာ မြွေငါးကောင်၏ဝိညာဥ်များကို တိုက်ခိုက်ပစ်လိုက်သည်။

"နောက်ဆုံးတော့ ထွက်လာပြီပေါ့"

မြွေခေါင်းဆောင်က နှာခေါင်းရှုံ့လိုက်သည်။ သူတို့က ယဲ့ချန်ရှေ့ထွက်လာရန် သတ္တိရှိမရှိကို သိချင်နေကြသည်။ သို့သော် သူက အမှန်တကယ်ထွက်လာရဲမည်ဟု မထင်ထားကြပေ။ မြွေငါးကောင်၏ဝိညာဥ်များက တစ်ခုတည်းအဖြစ် စုစည်းသွားကြပြီး ယဲ့ချန်၏ဝိညာဥ်ကို ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။ ဝိညာဥ်စွမ်းအားချင်း ထိမှန်သွားသောအခါ ဘုန်းခနဲပေါက်ကွဲသံတစ်ခု ကျယ်လောင်စွာထွက်ပေါ်လာကာ အသံလှိုင်းများ ဖြစ်ပေါ်လာသည်။ မြွေငါးကောင်လုံး နောက်ဆုတ်ပေးလိုက်ရသော်လည်း သူတို့၏စိတ်ထဲတွင် ယဲ့ချန်ကို အထင်သေးနေကြဆဲပင်ဖြစ်သည်။

"ကောင်းကင်သားရဲနတ်ဘုရင်တစ်ယောက်က ငါတို့ငါးယောက်ကို တိုက်ခိုက်ရဲတယ်။ ဒီကောင်က သေချင်နေတာပဲ"

သူတို့၏ဝိညာဥ်များက အနည်းငယ်ထိခိုက်သွားသောကြောင့် ယဲ့ချန်၏ဒဏ်ရာများက ပိုဆိုးမည်ဟု တွက်ဆထားကြသည်။

ယဲ့တောင်ကြားတွင် ဝိညာဥ်သစ်ပင်အောက်၌ထိုင်နေသော ယဲ့ချန်၏မျက်နှာက တည်ငြိမ်နေခဲ့သည်။ သူ၏ဝိညာဥ်က ငါးယောက်တစ်ယောက် တိုက်ခိုက်ခဲ့ရသော်လည်း လုံးဝထိခိုက်ခြင်းမရှိပေ။ ကြေးခွံနက်မြွေနတ်ဘုရင်ငါးယောက်က အစွမ်းထက်သော်လည်း အဆင့်တက်ပြီးနောက် ယဲ့ချန်၏ဝိညာဥ်အသိစိတ်ကလည်း အစွမ်းထက်လာခဲ့သည်။ သူ၏အတွေးတစ်ချက်ဖြင့် အမိန့်ပေးလိုက်သောအခါ နန်ရှင်းတစ်၊ ရှောင်ရိနှင့် နေလင်းယုန်တို့က ရန်သူများထံ ဘက်ပေါင်းစုံမှဝိုင်း၍ ချီတက်သွားကြသည်။

ကြယ်ခန်းမ၏တပည့်များက ကောင်းကင်ကို မျှော်လင့်တကြီးမော့ကြည့်နေကြသည်။ ဤရန်သူငါးယောက်ကို ခန်းမသခင်က မည်သို့ကိုင်တွယ်မည်ကို သိလိုနေကြသည်။

မြွေများသည် ဝိညာဥ်ကိုအသုံးပြု၍ ယဲ့ချန်ကို ထပ်မံတိုက်ခိုက်ရန် ကြံစည်နေချိန်တွင် အစွမ်းထက်ဝိညာဥ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းက လုံးဝထိခိုက်မှုမရှိသောကြောင့် ယဲ့ချန်ဒဏ်ရာမရသွားကြောင်း ထင်ရှားနေသည်။

"ကြေးခွံနက်မြွေမျိုးနွယ် မင်းတို့က ကြယ်ခန်းမရဲ့ပိုင်နက်မှာ မောက်မာရဲတယ်ပေါ့။ မင်းတို့ကို နောက်ဆုံးရွေးချယ်စရာပေးမယ်။ အညံ့ခံမလား သေမလား"

ယဲ့ချန်၏စကားလုံးများက မြွေခေါင်းဆောင်၏ ခြိမ်းခြောက်စကားအတိုင်း အတိအကျဖြစ်သည်။

ယဲ့ချန်၏ဝိညာဥ်သည် ငါးယောက်တစ်ယောက် တိုက်ခိုက်ခဲ့ရသော်လည်း ထိခိုက်ခြင်းမရှိသောအချက်က မြွေငါးကောင်ကို မင်သက်သွားစေသည်။ သို့သော် ယဲ့ချန်၏ခြိမ်းခြောက်စကားကို ကြားသောအခါ မောက်မာလှသော ကြေးခွံနက်မြွေမျိုးနွယ်က အရှက်ကွဲမှုကို သည်းမခံနိုင်ပေ။

"သေချင်နေတာလား။ နိမ့်ကျတဲ့ခန်းမသခင်လေးတစ်ယောက်က ကြေးခွံနက်မြွေမျိုးနွယ်ကို စိန်ခေါ်ရဲတယ်"

မြွေများ၏ဝိညာဥ်များက ဧရာမမြွေကြီးငါးကောင်အဖြစ် ပြောင်းလဲသွားကာ ယဲ့ချန်ရှိနေသော ယဲ့တောင်ကြားကို တိုက်ခိုက်လိုက်ကြသည်။ မြွေတစ်ကောင်ချင်းစီက မီတာခြောက်ရာကျော်ရှည်သောကြောင့် အမှန်တကယ်တိုက်ခိုက်ခံလိုက်ရလျှင် တောင်တန်းတစ်ခုလုံးပြိုကျသွားကာ ယဲ့တောင်ကြား ပျက်စီးသွားနိုင်သည်။

"ခွေးမသားတွေ လာမောက်မာမနေနဲ့"

ရှောင်ရိ၊ နန်ရှင်းတစ်နှင့် နေလင်းယုန်က လေထဲတွင် ပြိုင်တူထွက်ပေါ်လာကြသည်။ နန်ရှင်းတစ်သည် လေနတ်ဆိုးကိုလွှဲခုတ်လိုက်သောအခါ အစွမ်းထက်ဆေဘာအလင်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက နံပတ်သုံးမြွေ၏ဝိညာဥ်ကို အလယ်မှပိုင်းဖြတ်ကာ တစ်ချက်တည်း ပျက်စီးသွားစေသည်။ နံပတ်သုံးမြွေက သွေးများအန်ချလိုက်ရပြီး ချက်ချင်းထိတ်လန့်သွားခဲ့သည်။

"အဆုံးမဲ့အဆင့်ကျင့်ကြံသူ"

နန်ရှင်းတစ်၏ကျင့်ကြံဆင့်ကြောင့် မောက်မာနေသော ရန်သူများက ကြောက်လန့်လာကြသည်။ သူတို့က ဆက်လက်မောက်မာရဲခြင်းမရှိပေ။ ငါးယောက်ပေါင်းလိုက်လျှင်ပင် အဆုံးမဲ့အဆင့်ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်ရန် မလုံလောက်ပေ။

"ကြေးခွံနက်မြွေငါးကောင် မင်းတို့က ကြယ်ခန်းမကို ကျူးကျော်ရဲတယ်ပေါ့"

နန်ရှင်းတစ်က ကြီးစိုးစွာအော်ဟစ်ကြုံးဝါး၍ ရန်သူများထံ ဥက္ကာပျံတစ်လုံးပမာ ပစ်ဝင်သွားခဲ့သည်။ ရှောင်ရိနှင့်နေလင်းယုန်လည်း တိုက်ပွဲအတွင်း ဝင်ရောက်လာကြသည်။ မြို့နေပြည်သူများနှင့် ကြယ်ခန်းမတပည့်များသည် ယဲ့ချန်ကိုယုံကြည်သော်လည်း ရန်သူများက အစွမ်းထက်သောကြောင့် အနည်းငယ်စိုးရိမ်နေကြသည်။ သို့သော် မောက်မာသော ကြေးခွံနက်မြွေငါးကောင်မှာ နန်ရှင်းတစ်၏ဓားတစ်ချက်တည်းဖြင့် အမြှီးကုပ်သွားမည်ဟု မျှော်လင့်မထားကြပေ။ ခန်းမသခင်နှင့် အကြီးအကဲနတ်ဘုရင်များ၏ခွန်အားက သူတို့ထင်ထားသည်ထက် များစွာသာလွန်နေခဲ့သည်။

"ကောင်းကင်သားရဲနတ်ဘုရင်ငါးယောက်ဆိုရင် ဝိညာဥ်ဆေးလုံးဖော်စပ်ဖို့ လုံလောက်တယ်"

ယဲ့ချန်၏စကားသံအဆုံးတွင် အဝေးမှ ဧရာမဆေးအိုးကြီးတစ်လုံး ထွက်ပေါ်လာသည်။ ၎င်းက လေထဲတွင် တဝှီဝှီလည်ပတ်နေကာ အနက်ရောင်မီးလျှံများ တောက်လောင်နေသည်။

"ပျက်စီးနေတဲ့ဆေးအိုးက ငါတို့ကို ဘာလုပ်နိုင်မှာလဲ"

ဆေးအိုးကိုမြင်သောအခါ နံပတ်ငါးမြွေက အထင်သေးစွာကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူက အမြှီးကိုလွှဲကာ အားကုန်ရိုက်ချလိုက်သည်။ အကယ်၍ ဤတိုက်ကွက်က လင်းယွန်တောင်တန်းအပေါ် ကျရောက်ခဲ့လျှင် တောင်တန်းကြီးတစ်ခုလုံး နှစ်ခြမ်းကွဲထွက်သွားနိုင်သည်။

"မင်းတို့က ကြေးခွံနက်မြွေမျိုးနွယ်ကို အထင်သေးရင် သွေးနဲ့ပြန်ပေးဆပ်ရမယ်"

နံပတ်ငါးမြွေက ဒေါသတကြီးရေရွတ်လိုက်ပြီး မောက်မာနေဆဲပင်ဖြစ်သည်။ သူတို့က နှစ်ပေါင်းများစွာ သီးသန့်နေထိုင်ခဲ့သော်လည်း မည်သည့်အင်အားစုကမှ ရန်မစရဲပေ။

"ဘုန်း"

မြွေအမြှီးကြီးက ကောင်းကင်တုန်ခါဆေးအိုးကို ထိမှန်သွားသောအခါ ထွက်ပေါ်လာသော တန်ပြန်အားလှိုင်းက မြို့ကြီးများကို ပျက်စီးသွားစေနိုင်သည်။ ကံကောင်းစွာဖြင့် ကြယ်ခန်းမ၏မြို့ငါးမြို့ကို သံမဏိနက်ဖြင့် တည်ဆောက်ထားသောကြောင့် အကောင်းပကတိအတိုင်း ခုခံနိုင်ခဲ့သည်။

နံပတ်ငါးမြွေ၏ဝိညာဥ်က ကောင်းကင်တုန်ခါဆေးအိုးနှင့်အတွေ့တွင် ဘန်းခနဲပျက်စီးသွားခဲ့သည်။ မူလခန္ဓာကိုယ်က တန်ပြန်ဒဏ်သက်ရောက်ခံလိုက်ရသဖြင့် သွေးများအန်ချလိုက်ရကာ ဆေးအိုး၏စွမ်းအားကို လျှော့တွက်မိသောကြောင့် နောင်တရသွားခဲ့သည်။

ကြေးခွံနက်မြွေညီအစ်ကိုငါးယောက်သည် နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံခဲ့ပြီး အလွန်မောက်မာကြသည်။ ဝံပုလွေဘုရင်များရော ခြင်္သေ့ဘုရင်ကိုပါ သူတို့က တိုက်ရိုက်ဆန့်ကျင်ရဲကြသည်။ သို့သော် သူတို့က ကြယ်ခန်းမကိုကျူးကျော်ရန် ထွက်လာခဲ့ကြပြီး အသစ်တည်ထောင်ကာစ အင်အားစုတစ်ခုကို ကိုင်တွယ်ရန် လွယ်ကူမည်ဟု ထင်ထားခဲ့ကြသည်။ သို့သော် ကြယ်ခန်းမတွင် အဆုံးမဲ့အဆင့်ကျင့်ကြံသူတစ်ယောက်ရှိနေပြီး ကောင်းကင်တုန်ခါဆေးအိုးကဲ့သို့ ရတနာမျိုးရှိနေမည်ဟု လုံးဝမထင်ထားခဲ့ပေ။ သူတို့အားလုံးက ရန်သူကို အထင်သေးမိခြင်းအပေါ် အလွန်နောင်တရနေကြသည်။

"စုပ်ယူစမ်း"

ယဲ့ချန်၏အတွေးတစ်ချက်တွင် ဆေးအိုးက ထပ်မံကြီးမားလာကာ နံပတ်ငါးမြွေကိုစုပ်ယူရန် ဧရာမဝဲဂယက်ကြီးတစ်ခု ဖန်တီးလိုက်သည်။ ကောင်းကင်တုန်ဆေးအိုး နီးကပ်လာသောအခါ မြွေကြီးက မျက်နှာပျက်သွားခဲ့သည်။ သူ၏အစ်ကိုသုံးက အပြင်းအထန်ဒဏ်ရာရထားပြီး အစ်ကိုကြီး၊ အစ်ကိုနှစ်နှင့် အစ်ကိုလေးက အဆုံးမဲ့ကျင့်ကြံသူကို ပူးပေါင်းခုခံနေကြရသည်။ ထို့ကြောင့် သူက ဆေးအိုးကို တစ်ကိုယ်တော်ရင်ဆိုင်ရမည်ဖြစ်သည်။ နံပတ်ငါးမြွေသည် သူ့ထံဝင်ရောက်လာသော ဆေးအိုးကြီးကြောင့် အကြောက်လွန်သွားကာ ထွက်ပြေးချင်ခဲ့လေသည်။

All Chapters