← Chapters

မင်းတို့တွေ ကြားဖူးတယ်မလား

Vol. 71 Ch. 975

မင်းတို့တွေ ကြားဖူးတယ်မလား

Vol. 71 Ch. 975

ထို စကားသံကြီးမှာ မိုးခြိမ်းသံ တစ်သံကဲ့သို့ပင်။ ၎င်းမှာ စကြဝဠာကြီး၏ စည်းမျဉ်းဥပဒေသများကိုပင် ပြောင်းလဲပစ်နိုင်စွမ်း ရှိနေသည့်ပုံ ပေါက်နေ၏။ ထို့အပြင် ၎င်းမှာ အားကောင်းလွန်းလှသဖြင့် အရပ်မျက်နှာအနှံ့တွင် လျှပ်စီးတန်းများ ပေါ်ပေါက်လာရသည့် အထိပင်။

အဝေးကြီးတွင် ရှိနေသည့် နတ်မျက်လုံးလူမှုအဖွဲ့အစည်း ထာဝရကြယ်ကြီးပင်လျှင် မှိတ်တုတ်မှိတ်တုတ် ဖြစ်လာရ၏။ သို့သော်လည်း ထို ထာဝရကြယ်ကြီး မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်နှင့် ၎င်း၏ မျက်နှာပြင်ပေါ်တွင် ကမ္ဗည်းစာလုံး အမြောက်အမြား ပေါ်ပေါက်လာသည်။ သို့ဖြစ်ရာ ၎င်းမှာလည်း ချုပ်နှောင်ခံထားရခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။

၎င်းမှာ ဝမ်ပေါင်လဲ့နှင့် ချိတ်ဆက်နိုင်စွမ်းမရှိသောကြောင့် ဝမ်ပေါင်လဲ့မှာလည်း ထာဝရကြယ်မျက်လုံးအား အသုံးပြုကာ တည်နေရာပြောင်းရွှေ့နိုင်စွမ်း မရှိတော့ပေ။ တစ်ချိန်ထဲမှာပင် မရေမတွက်နိုင်လောက်အောင် များပြားသည့် သလင်းကျောက်ပြား အမြောက်အမြားမှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်းအား ဝန်းရံထားသေးသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ ဤ နေရာကြီးတစ်ခုလုံးအား ဖောက်ထွင်းရန်မဖြစ်နိုင်သည့် ခံတပ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲထားသည်ဟုပင် ဆိုနိုင်ပေသည်။ သာမန်လူများမှာ ဝင်ခွင့်ရှိမည်မဟုတ်သလို အပြင်ထွက်ခွင့်လည်း ရှိမည် မဟုတ်ပေ။

ကြယ်နယ်မြေအဆင့်တွင် ရှိနေသည့် အစွမ်းထက် ပုဂ္ဂိုလ်ကြီးများသာလျှင် ဤ မန္တန်အစီအရင်ကြီးအား လျစ်လျူရှုနိုင်စွမ်း ရှိနေမည်ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့၏ တာအိုဂြိုဟ်အား လောဘတက်နေကြမည့် အင်အားကြီးအဖွဲ့အစည်းများမှာ သူတို့လောက် အခွင့်မသာကြောင်း ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းက သိထား၏။ သူတို့မှာ ဝမ်ပေါင်လဲ့အား ဤနေရာသို့ အမြန်ဆုံး မျှားခေါ်လာနိုင်ခဲ့သည်ဖြစ်ရာ ဤကိစ္စနှင့်ပတ်သက်၍ အသာစီးရနေပြီဟု မှတ်ယူနိုင်ပေသည်။

အကယ်၍ တာအိုဂြိုဟ်အား လောဘတက်နေကြသည့် အခြားအဖွဲ့အစည်းများမှာ လှုပ်ရှားလိုပါက ဝမ်ပေါင်လဲ့အား အရင်ဆုံး တွေ့အောင်ရှာရန် လိုအပ်ပေသည်။ နတ်မျက်လုံး လူမှုအဖွဲ့အစည်း အပြင်ဘက်တွင်ရှိနေသည့် သလင်းကျောက်ဖန်လုံးကြီး၏ အဓိကတာဝန်မှာမှာ ဝမ်ပေါင်လဲ့အား ထွက်မပြေးသွားနိုင်အောင် တားဆီးရန်မဟုတ်ဘဲ... နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ အငွေ့အသက်များအား ဖုံးကွယ်ပေးထားရန် ဖြစ်သည်။

သူတို့မှာ ထို အငွေ့အသက်များအား အချိန်အကြာကြီး ဖုံးကွယ်ထားနိုင်စွမ်း မရှိလျှင်တောင် တာအိုဂြိုဟ်အား ရယူပြီးသည့် အချိန်အထိ အချိန်ဆွဲထားနိုင်လောက်ပေသည်။ အခြား အင်အားကြီးအဖွဲ့အစည်းများမှာလည်း ထို တာအိုဂြိုဟ်အား လိုချင်တပ်မက်နေကြမည် ဖြစ်ပါသော်လည်း ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ ထိုပြဿနာအား ဖြေရှင်းနိုင်မည့် နည်းလမ်းများ ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ သူတို့ဘက်မှ ထို တာအိုဂြိုဟ်အား ဈေးနှုန်းတစ်ခုဖြင့် သတ်မှတ်ရောင်းချလိုက်မည်ဆိုပါက အများကြီး အကျိုးအမြတ် ရသွားမည်မဟုတ်ပါလော။

ထို့ကြောင့်လည်း ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီး၏ မျက်ဝန်းများထဲ၌ လောဘစိတ်များ ဖုံးကွယ်၍ မရနိုင်လောက်အောင် ပြည့်နှက်နေတော့သည်။ ယခုအကြိမ်တွင် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ ထာဝရကြယ်အဆင့် ကျင့်ကြံသူနှစ်ယောက်နှင့် ဂြိုဟ်အဆင့် ကျင့်ကြံသူကိုးယောက်အား စေလွှတ်ခဲ့ရုံသာမက ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်သည့် ထောင်ချောက်တစ်ခုကိုပင် တပ်ဆင်ထားခဲ့သေးသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့မှာ ထို တာအိုဂြိုဟ်အား အရယူရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကြောင်း သိနိုင်ပေသည်။

သူတို့မှာ စာရင်းထဲ၌ ဝမ်ပေါင်လဲ့ဆိုသည့် နာမည်နှင့် ထိုနာမည်၏ ဘေးတွင် နတ်မျက်လုံးလူမှုအဖွဲ့အစည်း အမှတ်အသားကို မြင်ခဲ့ရသည်နှင့် ထို ကျင့်ကြံသူမှာ လုံနန်ကျစ်ဖြစ်ကြောင်း ချက်ချင်းရိပ်မိသွားခဲ့ကြ၏။

ထို့ကြောင့်လည်းလည်း သူတို့မှာ ထိုစဉ်ကတည်းက အစီအစဉ်များ စတင်ရေးဆွဲကာ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ သူတို့မှာ ကျောက်ယမုန့်နှင့် အခြားသူများအား သွားရောက်ရှာဖွေကာ ဖမ်းဆီးခဲ့ရုံသာမက ဝမ်ပေါင်လဲ့ သူ ကတိပေးထားသည့်အတိုင်း ရောက်လာခဲ့ခြင်းမရှိပါက ဆက်လက်ဆောင်ရွက်ရမည့် အရာများကိုလည်း စီစဉ်ထားပြီးသား ဖြစ်သည်။ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ ခေါင်းဆောင်ကြီးမှာဆိုလျှင် အရင်းအနှီး အမြောက်အမြား အကုန်ကျခံကာ ကမ္ဘာဂြိုဟ်ပေါ်ရှိ ပြည်ထောင်စုကြီး၏ အကြောင်းကိုပင် စုံစမ်းထားသေးသည်။

သို့ဖြစ်ရာ သူတို့မှာ လုံလုံလောက်လောက် ပြင်ဆင်ထားပြီးသားဖြစ်ပြီး အစီအစဉ်အများကြီး ပိုင်ဆိုင်ထားကြောင်း သိနိုင်ပေသည်။ ဝမ်ပေါင်လဲ့မှာ အသေးစိတ် အချက်အလက်များကို အတိအကျမသိပါသော်လည်း ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ ကျင့်ကြံသူစစ်တပ်ကြီးအား ကြည့်ရင်း လက်ရှိအခြေအနေအား အနည်းနှင့်အများ နားလည်စပြုလာ၏။ သို့သော် သူသည် မျက်နှာအမူအရာ ပျက်သွားခြင်းမရှိဘဲ တည်ကြည်မှုအပြည့်ဖြင့် ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့သည်။

ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီး၏ စကားသံ ထွက်ပေါ်လာသည်နှင့် ဝမ်ပေါင်လဲ့မှာ ခေါင်းမော့လာပြီး ယခင်တုန်းကထက်ပင် ပို၍ တည်ကြည်သည့် မျက်နှာအမူအရာဖြင့် သူ့အား စိုက်ကြည့်ကာ ဆိုလိုက်၏။

" ငါ မင်းတို့တွေ အကုန်လုံးကို နောက်ဆုံးအခွင့်အရေးတစ်ခု ထပ်ပေးမယ်။ ငါ့ရဲ့ လူတွေကိုလွှတ်၊ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲကနေ ထွက်သွား၊ ပြီးရင် ငါ့ကို အမှားလုပ်မိကြောင်း ဝန်ချတောင်းပန်ခဲ့။ အဲတာဆိုရင် ငါ... ဒီကိစ္စအကြောင်းကို မေ့ပေးလိုက်မယ် " ဝမ်ပေါင်လဲ့မှာ ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီးအား စိုက်ကြည့်ကာ တည်ကြည်စွာဆိုလိုက်၏။

သူ ထိုသို့ဆိုလိုက်သည်နှင့် ဂြိုဟ်အဆင့် ကျင့်ကြံသူများမှာ မှင်တက်သွားကြ၏။ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ ဂြိုဟ်အဆင့်ကျင့်ကြံသူ အချို့မှာဆိုလျှင် လှောင်ပြောင်လိုသည့် လေသံဖြင့် ရယ်မောနေကြပြီဖြစ်သည်။

ထာဝရကြယ်အဆင့် ကျင့်ကြံသူ နှစ်ယောက်မှာလည်း ထိုနည်းတူပင်။ ဝမ်ပေါင်လဲ့၏ နောက်တွင် ရှိနေသည့် ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီး၏ မျက်ဝန်းများထဲတွင် အထင်မြင်သေးသည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ သူ့အား စိုက်ကြည့်နေသည့် ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီးမှာမူ အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ပြီး မျက်ဝန်းများထဲရှိ သတ်ဖြတ်လိုစိတ်များ ပို၍ အားကောင်းလာတော့သည်။

" မင်း တာအိုဂြိုဟ်နဲ့ ပေါင်းမိလိုက်လို့ ရူးသွားတာလားကွ။ လုံနန်ကျစ်။ မင်း ဝမ်ပေါင်လဲ့ မကလို့ တခြားဘာကောင်ကြီးပဲ ဖြစ်နေဖြစ်နေ ငါ ဂရုမစိုက်ဘူး။ မင်း မြေကမ္ဘာပြည်ထောင်စုရဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်ဖြစ် နတ်မျက်လုံးလူမှုအဖွဲ့အစည်းရဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်ဖြစ် ငါ့အတွက်တော့ ဘာမှအရေးမပါဘူးကွ "

" ငါ မင်းကို နောက်ဆုံး အခွင့်အရေးတစ်ခုပေးမယ်။ တာအိုဂြိုဟ်ကို ငါတို့ဆီ လွှဲပေးပြီးတော့ အညံ့ခံလိုက်။ အဲလိုမှမဟုတ်ရင် ဒီနေရာမှာ ရှိနေတဲ့ မင်းရဲ့ မိတ်ဆွေတွေ အသက်ပျောက်သွားရုံတင်မကဘူး နတ်မျက်လုံးလူမှုအဖွဲ့အစည်းတစ်ခုလုံးပါ ပျက်စီးသွားစေရမယ်။ မြေကမ္ဘာပြည်ထောင်စုကြီးလည်း မင်းရဲ့ရှေ့မှာ ချက်ချင်း ပြာကျသွားစေရမယ် " ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီးမှာ ထိုသို့ ဆိုလိုက်ပြီးနောက် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏ ဘေးရှိ ဟင်းလင်းပြင်ကြီးမှာ တွန့်လိမ်ပုံပျက်သွားပြီး ပုံရိပ်တစ်ခုပေါ်ပေါက်လာ၏။ ထိုပုံရိပ်ထဲတွင် ဝမ်ပေါင်လဲ့ မြင်ဖူးနေသည့် နေအဖွဲ့အစည်း ရှိနေသည်။

ထို့အပြင် နေအဖွဲ့အစည်း၏ အပြင်ဘက်ရှိ စကြဝဠာကြီးထဲတွင် ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီးတစ်ယောက် တင်ပျဉ်ခွေထိုင်နေသေးသည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအားမှာ အလွန်အင်မတန်မှ ကြီးမားကျယ်ပြောပြီး သူ၏ လှုပ်ရှားမှုတိုင်းမှာ စကြဝဠာကြီး၏ စည်းမျဉ်းဥပဒေသများအပေါ် အကျိုးသက်ရောက်မှု ရှိနေမည့်ပုံပင်။ ထို့အပြင် သူ၏ လက်ထဲတွင် ကြောက်မက်ဖွယ်ရာကောင်းသည့် တုန်ခါမှုလှိုင်းများကို ထုတ်လွှတ်နေသည့် အလင်းစက်လုံး တစ်လုံးကိုလည်း ကိုင်ထားသေးသည်။ ၎င်းမှာ ဝင်းလက်တောက်ပနေ၏။

ထို အလင်းစက်လုံးထဲတွင် စွမ်းအားများကိန်းအောင်းနေသည်။ ဝမ်ပေါင်လဲ့မှာ ဟင်းလင်းပြင်ကြီးထဲရှိ မှုန်ဝါးဝါး ပုံရိပ်ယောင်ထဲမှနေ၍သာ ၎င်းအား လှမ်းကြည့်နေခြင်း ဖြစ်ပါသော်လည်း လူမှုအဖွဲ့အစည်းတစ်ခုလုံးအား ဖျက်ဆီးပစ်နိုင်လောက်အောင် အားကောင်းသည့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်များကို အာရုံခံမိလိုက်ဆဲပင်။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းနှင့်အများ မျက်နှာအမူအရာ ပြောင်းလဲသွားလိမ့်မည်ဟု ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီးက တွေးထား၏။ သို့သော် ဝမ်ပေါင်လဲ့မှာ ၎င်းအား တစ်ချက်သာ လှမ်းကြည့်လိုက်ပြီးနောက် မျက်ဝန်းများထဲ၌ အတိတ်ကို ပြန်ပြောင်းသတိရနေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည့်တိုင်အောင် အမူအရာ ပြောင်းလဲသွားခြင်းမရှိသဖြင့် ထို ကျင့်ကြံသူကြီးမှာ စိတ်ပျက်သွားရသည်။ သူသည် ဒေါသထွက်နေသည့်ပုံပင် မပေါ်ပေ။

ထို့ကြောင့် ထို ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီးမှာ ရင်ခုန်နှုန်းများ တစ်ခဏမျှရပ်တန့်သွားရပြီး ထပ်ပြောလိုက်ပြန်သည်။

" ပြီးတော့ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းက မင်းရဲ့ စွမ်းအားတွေရဲ့ မူလဇစ်မြစ်ကို ခြေရာခံနိုင်တဲ့ မဟာမန္တန်အစီအရင်တစ်ခုကိုလည်း တပ်ဆင်ထားသေးတယ်။ အဲတာမလို့ မင်းနဲ့ သွေးသားချင်းတော်စပ်တဲ့ မိသားစုဝင်တွေအားလုံးကို သေသွားအောင် ကျိန်စာတိုက်ပစ်လို့ ရတယ်နော် "

" ကဲ။ မင်း အခုလေးတင်မှ ရခဲ့တဲ့ တာအိုဂြိုဟ်နဲ့ မင်းရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ မင်းရဲ့ အသက်အပါအဝင် မင်းရဲ့ ဘေးပတ်ပတ်လည်မှာရှိသမျှ အရာတွေအားလုံးကို ယှဉ်လိုက်ရင် ဘာက ပိုပြီးတော့အရေးကြီးလဲ "

လှေကြီးပေါ်တွင် ရပ်နေသည့် ဝမ်ပေါင်လဲ့မှာမူ ကျောက်ယမုန့်နှင့် အခြားသူများ ချုပ်နှောင်ခံထားရသည့်နေရာအား စိုက်ကြည့်ကာ ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီး၏ စကားများကိုနားထောင်ရင်း နှုတ်ဆိတ်သွား၏။

သူ နှုတ်ဆိတ်သွားသောအခါမှ သူ၏ ဘေးနားတစ်ဝိုက်တွင်ရှိနေသည့် ထာဝရကြယ်အဆင့် ကျင့်ကြံသူ နှစ်ယောက်မှာ စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွား၏။ သူတို့မှာ အစွမ်းထက်သည့်ပုံ ပေါ်ပါသော်လည်း ရင်တမမ ဖြစ်နေကြဆဲပင်။ အဘယ်ကြောင့်ဆိုသော် တာအိုဂြိုဟ်မှာ အခြားသော အထူးဂြိုဟ်များနှင့် လုံးဝမတူသောကြောင့်ပင်။ အခြား အထူးဂြိုဟ်များမှာ ကျင့်ကြံသူများနှင့် ပေါင်းစည်းပြီးသွားလျှင်တောင် ၎င်းတို့အား ပိုင်ရှင်များ၏ ခန္ဓာကိုယ်များထဲမှ ပြန်လည်ထုတ်ယူနိုင်သည့် နည်းလမ်းပေါင်းမြောက်မြားစွာ ရှိပေသည်။

သို့သော် တာအိုဂြိုဟ်မှာ တမူထူးခြားသည့် စည်းမျဉ်းဥပဒေသတစ်ခုအား ပိုင်ဆိုင်ထားသောကြောင့် မတူပေ။ အထူးဂြိုဟ်များမှာ စကြဝဠာကြီး၏ စည်းမျဉ်းဥပဒေသများထဲ၌ မှတ်တမ်းတင်ခံထားရခြင်း မရှိပေ။ သို့သော် ဤ တာအိုဂြိုဟ်မှာမူ ဝမ်ပေါင်လဲ့နှင့် ပေါင်းစီးသွားခဲ့သည့် အခိုက်အတန့်တုန်းက စကြဝဠာကြီး၏ စည်းမျဉ်းဥပဒေသများထဲ၌ မှတ်တမ်းတင်ခံလိုက်ရသကဲ့သို့ပင်။

သို့ဖြစ်ရာ ၎င်းအား သူ၏ခန္ဓာကိုယ်ထဲမှ အတင်းအဓမ္မ ထုတ်ယူနိုင်လျှင်တောင် အသုံးဝင်မည်မဟုတ်ပေ။ ဝမ်ပေါင်လဲ့ဘက်မှ တစ်ချက်တွေးလိုက်ရုံနှင့် သူသည် ၎င်းအား ပြန်လည်ပိုင်ဆိုင်သွားမည် ဖြစ်သည်။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့ သေဆုံးသွားပါကလည်း ထို တာအိုဂြိုဟ်မှာ အလိုလို လွင့်ပါးပျောက်ကွယ်သွားကာ ကြယ်သုသာန်ဆီသို့ ပြန်ရောက်သွားမည် ဖြစ်သည်။

ထို့ကြောင့် တာအိုဂြိုဟ်အား ရယူနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ပိုင်ရှင်ဘက်မှ ကြည်ကြည်ဖြူဖြူနှင့် လွှဲပြောင်းပေးရန် ဖြစ်သည်။ ထိုကဲ့သို့ ပိုင်ဆိုင်မှုအား လွှဲပြောင်းပေးပြီးမှသာလျှင် အခြားသူတစ်ယောက်မှာ ၎င်းအား အမှန်တကယ် ပိုင်ဆိုင်နိုင်သွားမည် ဖြစ်သည်။

ထို့ကြောင့်လည်း ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ ဝမ်ပေါင်လဲ့အား အရှင်ဖမ်းရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သို့မှသာ သူတို့မှာ သူ၏ အားနည်းချက်များကို အမိအရဆုပ်ကိုင်ကာ သူ့အား တာအိုဂြိုဟ်၏ ပိုင်ဆိုင်မှုကို လွှဲပြောင်းပေးရန် ဖိအားပေးနိုင်မည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ အသေးစိတ်အချက်အလက်များကို သိရှိထားခြင်းမရှိပါသော်လည်း သူ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲသို့ ပြန်ရောက်လာခဲ့ပြီးနောက် မြင်တွေ့ခဲ့ရသည့် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ လုပ်ရပ်များကြောင့် အနည်းနှင့်အများ ရိပ်မိနေပြီဖြစ်သည်။ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ သူ့အတွက် အရေးပါသည့် အရာများကို ဓားစာခံ လုပ်ထားသည် မဟုတ်ပါလော။ သို့ဖြစ်ရာ အကယ်၍ သူ့ဆီတွင် ဤပြဿနာကြီးအား ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုခု ရှိမနေပါက လက်ရှိတွင် သူသည် ပျာယာခတ်ကာ စိုးရိမ်တုန်လှုပ်နေရလောက်ပြီ ဖြစ်သည်။

သို့သော် ယခုတွင်မူ သူသည် လေသံတိုးတိုးဖြင့်သာ သက်ပြင်းချလိုက်၏။

" အစတုန်းက ငါက သာမန်လူတစ်ယောက်အနေနဲ့ပဲ မင်းတို့တွေကို ရင်ဆိုင်ဖို့ တွေးထားခဲ့တာ... "

ဝမ်ပေါင်လဲ့မှာ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။ သူ၏ အမူအရာမှာ တည်ကြည်နေဆဲဖြစ်သလို သူ၏ မျက်ဝန်းများမှာလည်း ထိုနည်းတူပင်။ သို့သော် သူသည် သူ၏ရှေ့ရှိ ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီးအား စိုက်ကြည့်နေရင်း မျက်ဝန်းများထဲ၌ မောက်မာဝင့်ကြွားမှု အရိပ်အယောင်များ စတင်ပေါ်ပေါက်လာ၏။

" အစတုန်းက ငါက ဒီကိစ္စကြီးကို သာမန်နည်းလမ်းနဲ့ပဲ ဖြေရှင်းဖို့ တွေးထားခဲ့တာ "

" ထားလိုက်ပါတော့.... ငါ သာမန်လူတစ်ယောက်လိုပဲ ဆက်ပြီးတော့ ပြုမူနေမယ်ဆိုရင် အခုလို အနိုင်ကျင့်ခံရတာပဲရှိတယ်။ ကဲ အခု ငါ ဟန်ဆောင်မနေတော့ဘဲ ငါ ဘာကောင်ကြီးလဲဆိုတာ မင်းတို့ အကုန်လုံးသိအောင် ပြောပြရတာပေါ့။ ငါက မီးတောက်ခေါင်းဆောင်ကြီးရဲ့ တပည့်ရင်းတစ်ယောက်ပဲ "

" မင်းတို့တွေ ငါ့ရဲ့ဆရာ နာမည်ကို ကြားဖူးတယ်မလား " ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင် မောက်မာဝင့်ကြွားမှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ သူ၏ စကားသံကြီးမှာလည်း မိုးခြိမ်းသံများကဲ့သို့ အရပ်မျက်နှာအနှံ့တွင် ပဲ့တင်ထပ်နေ၏။

All Chapters