← Chapters

အခန်း (၁၈၅)

Vol. 14 Ch. 185

အခန်း (၁၈၅)

Vol. 14 Ch. 185

ရွယ်အင်ပါယာတိုင်းပြည်သည် လပေါင်းအနည်းငယ်ကြာတဲ့အခါ အလွန်ပင် အင်အားကြီးမားသော ဂိုဏ်းတစ်ခုပင် ဖြစ်လာခဲ့၏။ ချောင်ဖုန်းသည် အနိူင်းမဲ့အဆင့်ကို ထိုးဖောက်ဖို့ ကြိုးစားနေသော်လည်း ယခုအချိန်ထိ မအောင်မြင်သေးပေ။

ဒါပေမယ့် ချောင်ဖုန်းသည် ရေခဲမီးတောက်စွမ်းအင်ကို လွယ်လွယ်ကူကူ အသုံးပြုနိုင်နေပြီ ဖြစ်၏။ ထိုချိန်မှာ ရွယ်အင်ပါယာသို့ ဖိတ်စာတစ်ခုသည် ရောက်ရှိလာခဲ့သည်။ ထိုဖိတ်စာက အလွှာကိုးလွှာဝင်္ကပါလေလံ စံအိမ်မှ ဖိတ်ကြားလာသော ဖိတ်စာတစ်ခုပင် ဖြစ်၏။

အလွှာကိုးလွှာဝင်္ကပါစံအိမ်သည် အလွန်ပင်ရှားပါးသော ရတနာများ ၊ ရတနာမြေပုံများ နဲ့ တန်ဖိုးမဖြတ်နိုင်သော သတင်းအချက်အလက်များကို ရောင်းချသော လေလံစံအိမ်တစ်ခုပင် ဖြစ်သည်။

ချောင်ဖုန်းသည် ဖိတ်စာပေါ်တွင် ချိတ်ပိတ်ထားသော လေလံစံအိမ်၏ အစီအရင်ဖျက်ဆီးလိုက်တဲ့အခါ ဖိတ်စာအတွင်းမှ ရွှေရောင်စကားလုံးလေးများသည် လေဟာနယ်တွင် ထွက်ပေါ်လာခဲ့၏။ ချောင်ဖုန်းသည် ထိုစာသားများကို မြင်တဲ့အခါ အံ့အားသင့်သွားလေသည်။

အလွှာကိုးလွှာဝင်္ကပါစံအိမ်သည် နတ်ဘုရားသွေးစက်ရဲ့ တည်နေရာကို သိရှိထားသည်ဟု ဖိတ်စာထဲတွင် ရေးသားထားခြင်းပင် ဖြစ်၏။

နတ်ဘုရားသွေးစက်သည် ထူးခြားသောပါရမီရှင်တစ်ယောက်တွင် ပါရှိမယ်ဆိုရင်တောင် ထိုစွမ်းအားကို ရှာဖွေရန် အလွန်ပင်ခက်ခဲသည်။ သို့သော် နတ်ဘုရားသွေးစက်ကို ပိုင်ဆိုင်သောသူသည် အသက်မဲ့သွားလျှင် အလိုအလျောက် ထွက်ပေါ်လာမည်ဖြစ်၏။

ထိုနတ်ဘုရားသွေးစက်ကို ထိုက်တန်မတန် ဆက်ခံဖို့အတွက် စမ်းသပ်ရန် ဝိညဥ်နယ်ပယ်အဆင့်ကို ရောက်ရှိရန် လိုအပ်၏။ ချောင်ဖုန်းသည် နတ်ဘုရားသွေးစက်၏ တည်နေရာကို ရရှိရန်အတွက် အလွှာကိုးလွှာဝင်္ကပါလေလံစံအိမ်ကို ထွက်ခွာလာခဲ့သည်။

အလွှာကိုးလွှာဝင်္ကပါ စံအိမ်သည် ကောင်းကင်နတ်သမီးအင်ပါယာတွင် သိရှိပြီး ရွယ်အင်ပါယာနဲ့ မနီးမဝေး သိရှိ၏။ ကောင်းကင်နတ်သမီးအင်ပါယာ၏ လုံဟူလို့ခေါ်သည့် မြို့တစ်မြို့သို့ ကျင့်ကြံသူအများအပြားသည် စုပြုံ၍ ရောက်ရှိလာကြသည်။

ချောင်ဖုန်းသည် အပေါ်ထပ်ဝတ်ရုံနက်ကို ခြုံ၍ လုံဟူ မြို့ထဲသို့ အေးဆေး လမ်းလျှောက်ဝင်လာခဲ့၏။ ထိုချိန်မှာ အနက်ရောင်ဝတ်စုံထားပြီး မျက်နှာကို ဇာပုဝါများဖြင့် အုပ်ထားသော မိန်းကလေး၆ယောက်သည် စံအိမ်များအပေါ်မှခုန်ကာ ပြေးနေခဲ့ကြသည်။

ထိုထဲမှ မိန်းကလေးတစ်ယောက်သည် စံအိမ်များပေါ်မှ ပြေးလွှားနေရင်း လမ်းလျှောက်နေသော ချောင်ဖုန်းရှေ့သို့ ခုန်ချလာခဲ့၏။

လွီအန်းဟု ခေါ်သောမိန်ကလေးသည် လက်နှစ်ဖက်ဆုပ်ကာ ယဥ်ယဥ်ကျေးကျေးဖြင့် "သခင်လေး......ရှင်ဒီနားမှာ ဆံပင်အဖြူရောင်ဆိုးထားတဲ့လူတစ်ယောက်နဲ့ ကျွန်မတို့လို့ ဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့မိသေးလား" ဟု မေးလိုက်သည်။

ချောင်ဖုန်းသည် သူရောက်ရှိစဥ်မှာ စံအိမ်တစ်ခုထဲသို့ ပြေးဝင်သွားတာကို မြင်လိုက်တဲ့အတွက် စံအိမ်ကို လက်ညိုးထိုးပြ လိုက်ပြီး ရှေ့ဆက်လျှောက်လာခဲ့သည်။

စံအိမ်များပေါ်တွင် ရှိနေသော မိန်းကလေး၅ယောက် ချောင်ဖုန်းရှေ့သို့ ခုန်ချလိုက်ပြီး လွီရှန်းဟု ခေါ်သော မိန်းမပျိုသည် လက်တားလိုက်ပြီး "ရပ်စမ်း.......နောက်ပြီး နင်ဝတ်ရုံကို ချွတ်ချလိုက်" လို့ ပြောလိုက်၏။

ထိုအခါ လွီအန်းသည် ချောင်ဖုန်းဘေးသို့ ရောက်ရှိလာပြီး "လွီရှန်း.......ငါတို့ ဒီစံအိမ်ကို အရင်စစ်ဆေးကြည့်ရမယ်လေ ၊ နင်က ဘာလို့ဒီသခင်လေးကို နှောက်ယှက်နေရတာလဲ " ဟု ပြောလိုက်သည်။

ထိုအခါ လွီရှန်းသည် "အမလွီအန်း........သူက ညီမလေးလွီစန်းကို ဖမ်းသွားတဲ့လူ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ" ဟု ပြောလိုက်၏။ ထိုချိန်မှာစံအိမ်အတွင်းမှာ မိန်းကလေးတစ်ယောက်ရဲ့ အော်ညည်းသံသည် ထွက်ပေါ်လာခဲ့သည်။

ထိုအခါ မိန်းကလေး၃ယောက်သည် စံအိမ်ထဲသို့ အမြန်ပြေးဝင်သွားခဲ့ပြီး ၃ယောက်သည် ချောင်ဖုန်းဘေးမှာ ရှိနေခဲ့၏။

စံအိမ်အတွင်းကို ပြေးဝင်သွားသော မိန်းကလေးတစ်ယောက်သည် စံအိမ်ထဲသို့ မရောက်ရှိခင်မှာပဲ ဓားချီအလင်းတန်းစွမ်းအား၏ တိုက်ခိုက်မှုကြောင့် အပြင်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ရုတ်တရက် ဆံပင်အဖြူရာင်ရောင်ရှိပြီး အလွန်ကြီးမားသော ဓားတစ်လက်ကို ကိုင်ထားသောလူနဲ့အတူ မိန်းကလေးတစ်ယောက် သည် စံအိမ်ထဲမှ ပေါ်ထွက်လာခဲ့၏။ ထိုလူသည် သူလက်ထဲက မိန်းကလေးကို လွီရှန်းတို့ရှိ ပစ်ပေးလိုက်သည်။

ထိုလူသည် သူ့ဓားကြီးအားမွေ့ရမ်းလိုက်ပြီး "ကောင်စုတ်လေး.........မင်းက ငါရဲ့အစီအစဥ်ကောင်းကို ဖျက်စီးတဲ့အတွက် မင်းရဲ့ငယ်ပါ ကို ငါဖြတ်ပစ်ရလိမ့်မယ်" ဟု အော်ဟစ်ကြိမ်းမောင်းလိုက်၏။

ချောင်ဖုန်းသည် ထိုလူနဲ့ တစ်ဖွဲ့ထဲမဟုတ်ဘူးဆိုတာ သိသွားတဲ့အခါ "လွီရှန်း.......ဒီကသခင်လေးကို စော်ကားမိသလို ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ် " ဟု ပြောလိုက်သည်။

ထို့နောက်မိန်းမပျို၇ယောက်သည် သူတို့ဓားမျာထုတ်ကာ လျှပ်စီးဝိညဥ်စွမ်းအင် အသက်သွင်းလိုက်ပြီး "နတ်သမီး၇ဖော်ရဲ့ သတ်ဖြတ်ခြင်း" လို့ ရေရွတ်လိုက်ကြ၍ ဆံပင်အနီရောင်နဲ့လူအား ခုတ်ချလိုက်၏။

ထိုအခါ ဒူကွမ်ဟု ခေါ်သော ဆံပင်အနီရောင်ဖြင့် လူသည်

"ဟားဟားဟား...... ကလေးကလားအကွက်နဲ့ ငါ့ကို ထိခိုက်အောင်လုပ်ချင်နေတာလား " ဟု ရယ်မောကာ ပြောလိုက်ပြီး သူ့ရှိရောက်ရှိလာသော ဓားချီအလင်းတန်း၇ချက်ကို ခုခံရှောင်ရှားလိုက်သည်။

ထိုချိန်မှာပဲ မိန်းမပျို၇ယောက်သည် ဒူကွမ်ကို အနီးကပ်ဝင်ရောက် တိုက်ခိုက်ကြ၏။ ဒူကွမ်သည် မိန်းမပျို၇ယောက်၏ တစ်ပြိုင်နက် တိုက်ခိုက်မှုကြောင့် ဘယ်လက်မောင်းမှာ ဒဏ်ရာတစ်ချက်ရသွားပြီး နောက်သို့ လွင့်သွားခဲ့သည်။

ဒူကွမ်သည် တောက်တစ်ချက်ခေါက်လိုက်၏။ ထို့နောက် အစီအရင်စာရွက်တစ်ခုကို ထုတ်ကိုင်လိုက်ပြီး "ဒီတစ်ခါတော့ ကံကောင်းသွားတယ် မှတ်လိုက်ကြ " လို့ ပြောပြီး အစီအရင်စာရွက်ကို အသက်သွင်းကာ ပျောက်ကွယ်သွားခဲ့၏။

မိန်းမပျို၇ယောက်သည် ဒူကွမ် ပျောက်ကွယ်သွားတဲ့အခါ သူတို့ဓားများကို ပြန်သိမ်းလိုက်ပြီး ချောင်ဖုန်းဘက်သို့ ပြန်လှည့်လာခဲ့သည်။ လွီအန်းသည် ပြုံးလိုက်ပြီး "သခင်လေး......ကျွန်မတို့ကို ခွင့်ပြုပါအုံး " လို့ နှုတ်ဆက်ကာ ပျံသန်းကာ ထွက်ခွာသွားခဲ့၏။

သစ်ပင်အောက်တစ်ခုတွင် ဒူကွမ်သည် ဆေးပုလင်းအမှုန့်ဖြင့် သူ့ဒဏ်ရာအား ဆေးများ ဖြူးနေခဲ့သည်။ဒူကွမ်သည် သူဒဏ်ရာကို ကြည့်လိုက်ပြီး မကျေမနပ်ဖြစ်နေခဲ့၏။ ထိုချိန်မှာ ချောင်ဖုန်းသည် သူ့ရှေ့ရှေ့တည့်တည့်သို့ ရောက်ရှိလာတဲ့အခါ ဒူကွမ်သည် ဝမ်းသာသွားသည်။

ဒူကွမ်သည် သူ့ဓားကို ထုတ်လိုက်ပြီး "ကြည့်ရတာ ကံကြမ္မာက မင်းကို အသက်မရှင်စေချင်တော့လို့ ငါ့ရှေ့ကို့ ပို့လိုက်တာထင်တယ် " ဟု ပြောလိုက်ပြီး အနီရောင်ဓားဖြင့် ချောင်ဖုန်းအား ရွယ်လိုက်သည်။

ချောင်ဖုန်းသည် တည်ငြိမ်အေးစက်သော အသံဖြင့် "ငါ့ရဲ့ကျွန်လုပ်မလား ဒါမှမဟုတ် သေမလား....." ဒူကွမ်အား မေးလိုက်၏။

ဒူကွမ်သည် "ဘာ......ငါကမင်းကျွန်မလုပ်ရင် သေမယ်ဟုတ်လား ၊ ငရဲပြည်မှာပဲ နောင်တ သွားရလိမ့်တော့ " လို့ ပြောကာ ချောင်ဖုန်းအား ပြေးခုတ်လိုက်သည်။

ဒူကွမ်သည် ချောင်ဖုန်း အနားသို့ မရောက်ခင်မှာပဲ ပေါက်ကွဲထွက်ကာ အသက်မဲ့သွားပြီ ဖြစ်၏။ ထို့နောက် ချောင်ဖုန်းသည် အလွှာကိုးလွှာဝင်္ကပါလေလံစံအိမ်သို့ လျင်မြန်စွာ သွားလိုက်သည်။

လေလံစံအိမ်ရှေ့တွင် လူနှစ်ယောက်သည် အထဲသို့ ဝင်မည့် လူအားလုံးကို စစ်ဆေးနေခဲ့၏။ ချောင်ဖုန်းကို အထဲသို့ ဝင်မည့်ချိန်တွင်

သူ့လက်ထဲမှ သံပေတံချောင်းဖြင့် တားလိုက်ပြီး "ဒီလေလံစံအိမ်က မင်းတို့လို အဆင့်နိမ့်လူတွေကို ဝင်ခွင့် မပြုထားဘူး"လို့ ပြောလိုက်သည်။

ထိုချိန်မှာ လူတစ်ယောက်သည် ခြင်္သေ့သားရဲကောင်ပေါ်မှ ခုန်ချလာခဲ့ပြီး "အကြီးအကဲပြောတာ မှန်တယ် ၊ အဆင့်နိမ့်တဲ့လူတွေက မတန်မရာမှန်းနေကြတာပဲ ကိုယ့်အဆင့်ကိုယ်မသိဘူး " လို့ ခေါင်းခါ၍ စိတ်ပျက်သဖွယ် ပြောလိုက်၏။

ရုတ်တရက် လွီရှန်းတို့အဖွဲ့သည် ချောင်ဖုန်းရှေ့သို့ ရောက်ရှိလာခဲ့ပြီး "ဘယ်သူက ငါတို့ရဲ့ မိတ်ဆွေကို အဆင့်နိမ့်တဲ့လူလို့ ပြောရဲတာလဲ " ဟု တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ ထိုအခါ ချောင်ဖုန်းအား ပြောဆိုနေသော လူနှစ်ယောက်လုံးသည် ပါးစပ်ပိတ်သွားခဲ့ ၏။

ထိုချိန်မှာပဲ ချောမောလှပသောမိန်းမပျိုတစ်ယောက် ထွက်ရှိလာခဲ့ပြီး လွီရှန်းတို့ ၇ယောက်ကို မြင်တဲ့အခါ ပြုံးလိုက်ပြီး "လွီနတ်သမီး၇ဖော်က ကျွန်မတို့လေလံစံအိမ်ကို စိတ်ဝင်စားမယ်လို့ မထင်ထားမိဘူး " လို့ ပြောလိုက်သည်။

ထိုအခါ လွီအန်းသည် ထိုမိန်းမပျိုအား "ရှင်းယောင်......နင်အပိုတွေ ပြောမနေနဲ့ ဒီတစ်ယောက်က ငါတို့မိတ်ဆွေပဲ သူ့အတွက် အခန်းတစ်ခန်း သေချာစီစဥ်ပေးလိုက် "လို့ ပြောလိုက်ပြီး ၇ယောက်လုံးသည် တံခါးပေါက်ထဲသို့ ဝင်သွားခဲ့၏။

ထိုအခါ လှပသောမိန်းမပျိုလေးသည် ချောင်ဖုန်းအား အထဲသို့ လမ်းပြကာ ခေါ်ဆောင်သွားခဲ့ပြီး ကျန်ခဲ့တဲ့သုံးယောက်ကတော့ ကြောင်တောင်တောင်ဖြင့် ကျန်ခဲ့လေသည်။

အလွှာကိုးလွှာဝင်္ကပါ လေလံစံအိမ်သည် စံအိမ်အမည်အတိုင်း အလွှာကိုးလွှာပင်ရှိပြီး တစ်လွှာတိုင်းတွင် သီးသန့်အခန်းပေါင်းများစွာ ရှိ၏။ အခန်းတစ်ခန်းတိုင်း၏ ရှေ့တွင် အနက်ရောင်ဇာပုဝါကို တပ်ဆင်ထားသောကြောင့် လေလံဆွဲသူရဲ့ ကိုယ်ရေးကိုယ်တာကို ဖုံးကွယ်ပေးနိုင်သည်။

All Chapters