← Chapters

အခန်း (၁၈၆)

Vol. 14 Ch. 186

အခန်း (၁၈၆)

Vol. 14 Ch. 186

ချောင်ဖုန်းသည် အလွှာ၈လွှာ၏ သီးသန့်အခန်းထဲတွင် ရှိနေခဲ့ပြီး သူ့ရဲ့စွမ်းအားဖြင့် စံအိမ်တစ်ခုလုံးအား စစ်ဆေးကြည့်လိုက်တဲ့အခါ အဖိုးအိုတစ်ဦးထဲသာ ဝိညဥ်နယ်ပယ်အထွဋ်အထိပ်ကအဆင့်ကို ရောက်ရှိနေခဲ့၏။

ထိုချိန်မှာ ရှင်းယောင်သည် အရက်ဝိုင်အိုး နှစ်ခုကို ယူလာခဲ့ပြီး "သခင်လေး......ရှင်းယောင် အဖော်နေပေးရမလား....လို့ မေးလိုက်သည်။ ချောင်ဖုန်းသည် စကားတောင်မပြောဘဲ ခေါင်းခါပြလိုက်တဲ့အခါ ရှင်းယောင်သည် ဝိုင်အရက်အိုး နှစ်လုံးအား စားပွဲလေးပေါ်တင်ပေးကာ ပြန်လည်ထွက်ခွာသွားခဲ့၏။

ချောင်ဖုန်းသည် ဝိုင်အိုးကို အားရပါးရ မော့သောက်လိုက်ပြီး

စင်ပေါ်သို့ တက်လာသော လူသုံးယောက်အား ကြည့်လိုက်သည်။

ထိုလူသုံးယောက်ထဲမှ လင်းရီလို့ ခေါ်သော လူသည် ခရမ်းရောင်ရှိသော မှော်အစီအရင်စာလိပ်တစ်ခုကို ထုတ်လိုက်ပြီး "အားလုံးပဲ.......ဒါကတော့ ကျွန်တော်တို့ လေလံစံအိမ်ရဲ့ ပထမဦးဆုံးပွဲထုတ်ရတနာဖြစ်တဲ့ မိုးကြိုးအစီအရင်မှော်စာလိပ်ပဲ ဖြစ်ပါတယ်" ဟု အားလုံးကြားအောင် အသံစွမ်းအင် လှိုင်းဖြင့် ပြောလိုက်၏။

လင်းရီသည် ထိုစာလိပ်ကို ရယူရန် တန်ဖိုးတူညီသော ရတနာလက်နက် ၊ ကျင့်စဥ်နဲ့ အဆင့်မြှင့် ဆေးလုံးများနဲ့ စတင်၍ လေလံစဆွဲလို့ ရပြီဖြစ်ကြောင်း ပြောလိုက်သည်။

မိုးကြိုးအစီအရင်မှော်စာလိပ်ရဲ့ စွမ်းအားသည် ဝိညဥ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားတွေကို တောင် သတ်ဖြတ်နိုင်သော စွမ်းအားပင်ရှိသည်။ ထို့ကြောင့် အားလုံးသည် အော်ဟစ်၍ သူတို့တက်နိုင်သော အရာများဖြင့် စတင်လေလံဆွဲကြ၏။

ချောင်ဖုန်းသည် နတ်ဘုရားသွေးစက် သတင်းကိုသာ စိတ်ဝင်စားတဲ့အတွက် ဝိုင်အိုးကိုသာထိုင်သောက်နေခဲ့သည်။ ဒီလိုနဲ့ လေလံရတနာပစ္စည်းများစွာ ပြီးလာခဲ့ပြီဖြစ်၏။ ချောင်ဖုန်းသည် လေလံရတနာပစ္စည်းတိုင်းတွင် လုံးဝတိတ်ဆိတ်နေခဲ့သည်။

ရှင်းယောင်သည် ချောင်ဖုန်းအခန်းထဲသို့ ဝင်လာခဲ့ပြီး "သခင်လေး ...........ရှင်းယောင်တို့ လေလံစံအိမ်က ရတနာတွေက စိတ်ဝင်စားစရာမကောင်းလို့လား...." ဟု ချောင်ဖုန်းကို မေးလိုက်၏။

ချောင်ဖုန်းသည် ဝေ့ဝိုက်မနေဘဲ နတ်ဘုရားသွေးစက်သတင်းကိုသာ သိရှိလို၍ ရောက်ရှိလာတာဖြစ်ကြောင်း ပြောလိုက်သည်။

ထိုအခါ ရှင်းယောင်သည် "နတ်ဘုရားသွေးစက်သတင်းလား.......အဲ့တာဆိုရင်တော့ သခင်လေး ရှင်းယောင်တို့ ခေါင်းဆောင်နဲ့ စကားပြောကြည့်သင့်တယ်" လို့ ပြောလိုက်၏။

အမှန်ဆို ထိုသတင်းကို သိရဖို့ လေလံဆွဲရမည်ဖြစ်သော်လည်း ချောင်ဖုန်းကိုတော့ အထူးပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ်ထားလိုက်တာကြောင့် ခေါင်းဆောင်နဲ့ တိုက်ရိုက်ဆွေးနွေးခွင့် ရသွားခဲ့သည်။

ချောင်ဖုန်းသည် ရှင်းယောင်ခေါ်ရာနောက်သို့ လိုက်သွားခဲ့၏။ ပန်းရောင်ပန်းပွင့်များစွာ ပွင့်နေသော ခြံကြီး၏ ဇရပ်လေးတစ်ခုတွင် အဖိုးအိုတစ်ယောက်သည် တည်ငြိမ်စွာဖြင့် ထိုင်နေခဲ့သည်။

ရှင်းယောင်သည် ထိုအဖိုးအို အနားသို့ ရောက်တဲ့အခါ "သခင်ကြီး......ဒီတစ်ယောက်က နတ်ဘုရားသွေးစက်သတင်းကို ဆွေးနွေးချင်တဲ့ သခင်လေးတစ်ယောက်ပါ" လို့ ခေါင်းလေးငုံကာ ရိုသေစဖြင့် ပြောလိုက်၏။

ထိုအခါ အဖိုးအိုသည် ချောင်ဖုန်းအား ထိုင်ခိုင်းလိုက်ပြီး ရှင်းယောင်အား ထွက်သွား ခိုင်းလိုက်၏။ ရှင်းယောင်သည် အရိုအသေပြုပြီး ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။ အဖိုးအိုသည် သူရေနွေးခွက်ကို ကောက်ကိုင်၍ မှုတ်လိုက်ပြီး ချောင်ဖုန်းခန္ဓာကိုယ်အား စစ်ဆေးလိုက်၏။

အဖိုးအိုသည် ချောင်ဖုန်းခန္ဓာကိုယ်မှ ကျင့်ကြံခြင်းစွမ်းအားကို တစက်လေးမှ ခံစားလို့မရပင်မယ့် စမ်းသက်၍ မရတဲ့အခါ အံ့အားသင့်သွားသည်။

အဖိုးအိုသည် ရေနွေးခွက်အား တစ်ငုံသောက်ကာ ပြန်ချလိုက်ပြီး "ကောင်လေး........နတ်ဘုရားသွေးစက်သတင်းကို သိချင်တယ်ဆိုတော့ မင်းဘက်က ဘယ်လိုအရာမျိူး တက်နိုင်လို့လဲ" လို့ မေးလိုက်၏။

ချောင်ဖုန်းသည် အဖိုးအိုရေးဆွဲနေသော စာလိပ်ကို တချက်ကြည့်လိုက်ပြီး "အကြီးအကဲ.......ကျွန်တော် သဘာဝကပ်ဘေးအစီအရင်မှော်စာလိပ်နဲ့ နတ်ဘုရားသွေးစက်သတင်းကို အလဲအလှယ်လုပ်လို့ရမလား " ဟု အေးဆေးပင် ပြောလိုက်သည်။

သဘာဝကပ်ဘေးအစီအရင်မှော်စာလိပ်ဟု အသံကြားတဲ့အခါ လွီရိန်ဖိန်းလို့ ခေါ်သော အဖိုးအိုသည် အံ့အားသင့်သွားခဲ့၏။ သို့သော် သူ့စိတ်ကို သူထိန်းလိုက်ပြီး "လူငယ်လေး.......မင်းက တကယ်ပဲ သဘာဝကပ်ဘေးအစီအရင်မှော်စာလိပ်ကို သိနေတဲ့အပြင် မင်းမှာတကယ်ပဲ မှော်စာလိပ်ရှိနေတာလား " လို့ေ အေးဆေးပင် ပြောလိုက်သည်။

ချောင်ဖုန်းသည် ပြုံးလိုက်ပြီး "ဘယ်လိုလုပ်ပြီး.......ကျွန်တော်က အကြီးအကဲကို ညာရဲမှာလဲ " ဟု ပြောလိုက်၏။ ထိုအခါ လွီရိန်ဖိန်းသည် "ကောင်းပြီလေ အပေးအယူတည့်တယ် ၊ မင်းသာ ညာရဲရင်တော့ မင်းဒီနေရာကနေ ရှင်ရက်နဲ့ ထွက်ခွာလို့ရမယ်မထင်နဲ့" လို့ ပြောလိုက်သည်။

နတ်ဘုရားသွေးစက်တည်ရှိနေသော နေရာသည် အသူရာနတ်ဆိုးကုန်းမြေ၏ ထျန်ရှင်းကျောင်းတော်မှာ တည်ရှိနေခြင်းပင် ဖြစ်၏။

သို့သော် အသူရာနတ်ဆိုးကုန်းမြေသို့ သွားရာလမ်းကြောင်းသည် ခက်ခဲကြမ်းတမ်းသည်။

ထို့ကြောင့် အဖွဲ့လိုက်သွားမှသာ အန္တရာယ်များကို ကာကွယ်နိုင်တဲ့အကြောင်း ပြောပြလိုက်၏။ လွီရိန်ဖိန်းရဲ့ ဆိုလိုရင်းကို ချောင်ဖုန်းသည် သိရှိသွားပြီး ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် ချောင်ဖုန်းသည် လွီရိန်ဖိန်းထံမှ မှော်စာလိပ်အလွတ်အား ဌားရမ်းလိုက်၏။

လွီရိန်ဖိန်းသည် ချောင်ဖုန်းဘာလုပ်မလဲ သိချင်တဲ့အတွက် သူ့တွင်ရှိသော စာလိပ်တစ်ခုကို ထုတ်ပေးလိုက်သည်။ ချောင်ဖုန်းသည် မှော်စာလိပ်ရရှိတာနဲ့ သူ့တွင် ရှိသော မှင်စုတ်တံကို ထုတ်လိုက်၏။

ထို့နောက် မှော်စာလိပ်ပေါ်တွင် အရောင်ငါးမျိုးပါသော အစီအရင်ကွက်ကို စက္ကန့်ပိုင်းအတွင်း ရေးဆွဲလိုက်ပြီး မှော်စာလိပ်အား လွီရိန်ဖိန်းကို ပြန်ပေးလိုက်သည်။

လွီရိန်ဖိန်းသည် သူ့လက်ထဲပြန်ရောက်ရှိလာသော စာလိပ်ကို ပြန်ဖွင့် ကြည့်လိုက်၏။ မှော်စာလိပ်တွင် အရောင်ငါးမျိူးပါသော အစီအ င်ကွက်ကို တွေ့လိုက်တဲ့အခါ လွီရိန်ဖိန်းသည် "ဒါဒါ.......တကယ်ပဲ သဘာဝကပ်ဘေးအစီအရင်ပဲ " ဟု မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။

လွီရိန်ဖိန်းသည် အစီအရင်ပါမောက္ခဆရာတစ်ယောက်ပင် ဖြစ်၏။

သူ့ဆရာ မသေဆုံးခင် နောက်ဆုံးသင်ခဲ့ဖူးသော သဘာဝကပ်ဘေးအစီအရင်ကို အောင်အောင်မြင်မြင် ဖန်တီးနိုင်ဖို့ သူ့ဘဝတစ်လျှောက်လုံးတွင် အမြဲလိုလို လေ့ကျင့်နေခဲ့သည်။

သို့သော် သူ့အသက်ရာကျော်ထိတိုင်အောင် မဖန်တီးနိုင်သေးပေ။

လွီရိန်ဖိန်းသည် ဝမ်းသာအားရဖြင့် အစီအရင်မှော်စာလိပ်အား သေချာကြည့်နေခဲ့၏။

ချောင်ဖုန်းရေးဆွဲလိုက်သော အစီအရင်ကွက်မှာ သူဆရာထက်ပင် သာလွန်နေသောကြောင့် ချောင်ဖုန်းသည် အစီအရင်ပညာမှာ ဆရာတစ်ဆူဖြစ်နေလိမ့်မည်ဟု ယူဆကာ အပြစ်မပြုမိဖို့ ဆုံးဖြတ်လိုက်သည်။

ထိုချိန်မှာ ချောင်ဖုန်းသည် သူ့အား ခေါ်လိုက်တဲ့အခါ လွီရိန်ဖိန်းသည် ပြန်သတိဝင်သွားပြီး အသူရာနတ်ဆိုးကုန်းမြေသို့ မထွက်ခွာခင်မှာ သူ့စံအိမ်မှာ တည်းနေဖို့ ပြောလိုက်၏။

ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်တဲ့အခါ လွီရိန်ဖိန်းသည် အိမ်တော်ထိန်းဖြစ်သော ရှင်းယောင်ကို ခေါ်ပြီး ချောင်ဖုန်းနေဖို့ အခန်းအား စီစဥ်ခိုင်းလိုက်သည်။

ရှင်းယောင်သည် ကြောင်အသွား၏။ ချောင်ဖုန်းလို သာမာန်လူတစ်ယောက်က စံအိမ်သခင်ကို သဘောတူအောင် လုပ်နိုင်မည်ဟု လုံး မထင်ထားခဲ့ပေ။ ရှင်းယောင်သည် ချောင်ဖုန်းကို ခေါ်ဆောင်သွားသော လမ်းတစ်လျှောက်တွင် ထိုအကြောင်းကို တွေးနေခဲ့သည်။

အလွှာကိုးလွှာဝင်္ကပါလေလံစံအိမ်၏ အနောက်ဖက်တွင် တစ်အိမ်ချင်းစီ သီးသန့်ဆောက်ထားသော အိမ်များပင်ရှိ၏။ ရှင်းယောင်နဲ့အတူ လာနေသော ချောင်ဖုန်းကို တွေ့တဲ့အခါ လွီရှန်းသည် "အမလွီအန်း......ကြည့်ရတာ အဲ့သခင်လေးက သူ့စွမ်းအားကို ဖုံးကွယ်ထားတာနဲ့ တူတယ် " ဟု ပြောလိုက်သည်။

လွီအန်းသည် ချောင်ဖုန်းကို ကြည့်လိုက်ပြီး " ဖိုးဖိုးရဲ့ စစ်ဆေးချက်အောင်မြင်သွားပြီဆိုမှာတော့ သူ့မှာ ဖုံးကွယ်ထားတာ တစ်ခုခုတော့ ထူးခြားတာ ရှိမှာပဲ " ဟု ပြန်ပြောလိုက်သည်။

လွီရှန်းနဲ့ လွီအန်းသည် နှစ်ထပ်ရှိသော စံအိမ်အသေးလေး၏ ပြတင်းပေါက်မှ တဆင့် ချောင်ဖုန်းကို ကြည့်နေကြခြင်းဖြစ်၏။

ချောင်ဖုန်းကတော့ ရှင်းယောင်ခေါ်ဆောင်လာသော အိမ်ငယ်လေး တစ်ခုထဲသို့ ဝင်သွားခဲ့သည်။

အသူရာနတ်ဆိုးကုန်းမြေသည် နတ်ဆိုးများစွာနေသော ကုန်းမြေတစ်ခုပင် ဖြစ်၏။ ရီချုံသည် အသူရာနတ်ဆိုးကုန်းမြေတွင်လည်း အရှင်သခင်ဖြစ်ခဲ့ဖူးတဲ့အတွက် ထိုနယ်မြေအကြောင်း ကောင်းကောင်းပင် သိသည်။

ယခင်နှစ်ပေါင်းများစွာကတော့ ရီချူံနဲ့ရန်ယိုသည် နတ်ဆိုးသားရဲပေါင်းများစွာကို ကာကွယ်စောင့်ရှောက်ခဲ့ရ၏ ။ ထိုထဲတွင် အသူရာနတ်ဆိုးကုန်းမြေမှ နတ်ဆိုးသားရဲများစွာလည်း ပါဝင်ခဲ့သည်။

သို့သော် ယခုအခါမှတော့ အသူရာနတ်ဆိုးကုန်းမြေအား လူသားမျိုးနွယ်၏ နယ်မြေဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရွယ်ချင်းရဲ့ ကျင့်ကြံမှုသည် အချိန်အနည်းငယ်ကြာနိုင်သေးတာကြောင့် ချောင်ဖုန်းသည် နတ်ဘုရားသွေးစက်ကို မရရအောင် ရှာဖွေဖို့ဆုံးဖြတ်ထားခဲ့၏။

ဒီလိုနဲ့ အချိန်သည် တစ်ညတာ ကုန်ဆုံးသွားပြီးတဲ့နောက် မှာ အသူရာနတ်ဆိုးကုန်းမြေကို သွားရောက်မယ့်အချိန်သည် ကျရောက်လာပြီ ဖြစ်သည်။

All Chapters