← Chapters

အခန်း (၁၈၇)

Vol. 14 Ch. 187

အခန်း (၁၈၇)

Vol. 14 Ch. 187

ချောင်ဖုန်းသည် အပျင်းကြောဆန့်လိုက်ပြီး အခန်းအပြင်သို့ ထွက်လာခဲ့၏။ ရှင်းယောင်သည် ချောင်ဖုန်းအနားသို့ ရောက်ရှိလာခဲ့ပြီး "သခင်လေး......ရှင်ရော အဆင်သင့် ဖြစ်ပြီလား......" လို့ မေးလိုက်၏။

ချောင်ဖုန်းသည် ရှင်းယောင်အား ခေါင်းငြိမ့်ပြလိုက်သည်။ ထိုချိန်မှာ ဧရာမဝိညဉ်လှေတစ်စီးသည် ချောင်ဖုန်းသို့ အနားမှာ ဆင်းသက်လိုက်ပြီး ထို ဝိညဉ်လှေပေါ်မှ ဝိညဉ်နယ်ပယ်အဆင့်ရှိသော လူ၁၀ယောက်သည် ဆင်းသက်လာခဲ့၏။

ထိုလူ၁၀ယောက်သည် ဗလတောင့်တောင့်နဲ့ လူကောင်အရွယ်အစားများမှာလဲ ကြီးမားလွန်းလှသည်။ ထို ချိန်မှာ လွီရိန်ဖိန်းရောက်ရှိလာပြီး ထိုလူ၁၀ယောက်ထဲမှ ခေါင်းဆောင်နဲ့ အပြန်အလှန်စကားများ ပြောနေခဲ့၏။

ထို့နောက် ဝိညဉ်လှေပေါ်သို့ တက်လို့ ရပြီဖြစ်ကြောင်း အားလုံးကို ပြောလိုက်သည်။ ထိုအခါ လွီအန်းနဲ့ လွီရှန်းသည် စိတ်မကောင်းစွာဖြင့် သူ့ညီမ ၅ယောက်ကိုနှုတ်ဆက်ပြီး ဝိညဉ်လှေပေါ်သို့ တက်လိုက်ကြ၏။

ထို့နောက် လူအယောက်၂၀နီးပါး ဝိညဉ်လှေပေါ်သို့ ရောက်ရှိသွားကြသည်။ လူစုံသွားတဲ့အခါ ဝိညဉ်နယ်ပယ်အဆင့်ရှိသော အစောင့်အရှောက်အဖွဲ့သည် သူတို့ရဲ့ လှေပေါ်သို့ ပြန်တက်လာခဲ့ပြီး ဝိညဉ်လှေကြီးအား စတင်ထွက်ခွာလာခဲ့၏။

အသူရာနတ်ဆိုးကုန်းမြေသည် အလွန်ဝေးကွာသော နေရာတွင် တည်ရှိသောကြောင့် အချိန်သည် တစ်လပင်ကြာနိုင်သည်။ ၃ရက်ကြာတဲ့နောက်မှာတော့ ချောင်ဖုန်းတို့သည် သဲကန္တရလွင်ပြင်တစ်ခုသို့ ရောက်ရှိလာ၏။

ထိုအခါ အစောင့်အရှောက်အဖွဲ့မှ နီကျန်းလို့ ခေါ်သောသူသည် "ခုချိန်ကစပြီး မင်းတို့အားလုံး သတိလက်လွတ်မနေကြနဲ့ ၊ ဒီကန္တာရက မင်းတို့ ထင်သလို မရိုးရှင်းဘူး " လို့ ပြောလိုက်သည်။

ထိုလူပြောလို့ မဆုံးခင်မှာပဲ အလွန်မာကျော၍ ကြီးမားသော ကြာနွယ်ကြိုးကြီးသည် သဲများကြားမှ ထွက်လာပြီး ဝိညဥ်လှေရဲ့ ဖင်မြှီးကို ရစ်နှောင်သွားခဲ့၏။ ထိုအခါ အစောင့်အရှောက်အဖွဲ့သည် သူတို့ရဲ့ စွမ်းအားအရှိန်အဝါများကို ထုတ်လွင့်ကာ ထိုနွယ်ကြိုးကြီးအား တိုက်ခိုက်လိုက်ကြသည်။

ပြင်းထန်သော စွမ်းအားများ ကျရောက်လာတဲ့အခါ နွယ်ကြိုးကြီးသည် သဲများအတွင်းသို့ ပြန်တိုးဝင်သွားကြကာ ပျောက်ကွယ်သွားပြန်၏။ အားလုံးသည် တိုက်ခိုက်ရေး လက်နက်များကို တိုက်ခိုက်ဖို့ အဆင်သင့် ပြင်ဆင်ထားကြလိုက်သည်။

လွီအန်းနဲ့ လွီရှန်းသည် ချောင်ဖုန်းအနားသို့ ကပ်သွားခဲ့ပြီး ချောင်ဖုန်းကို ကာကွယ်ပေးရန် အသင့်ပြင်ထားခဲ့၏။ ချောင်ဖုန်းသည် ကျင့်ကြံသူမဟုတ်ဘဲ အစီအရင်ဆရာကြီးတစ်ပါးဖြစ်တဲ့အတွက် တစ်စုံတစ်ရာ တိုက်ခိုက်မှုရှိလာခဲ့ရင် ချောင်ဖုန်းအတွက် အချိန်ဆွဲထားပေးရန် လွီရိန်ဖိန်းသည် သူ့မြေးမနှစ်ယောက်ကို မှာထားခြင်းဖြစ်သည်။

ထိုချိန်မှာပဲ ဝိညဥ်လှေသည် လုံးဝရပ်တန့်သွား၏။ အားလုံးသည် ရှေ့တည့်တည့်ကို ကြည့်နေချိန်မှာ များစွာသော အစိမ်းရောင်နွယ်ကြိုးများသည် တစ်ပြိုင်နက် ရောက်ရှိလာခဲ့သည်။ ထိုအားလုံးသည် သူတို့ရဲ့ ကျင့်ကြံခြင်းစွမ်းအား အရှိန်အဝါများ ထုတ်ကာ နွယ်ကြိုးများကို ရင်ဆိုင်ပါတော့သည်။

အစောင့်အရှောက်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သော ဇူယောက်ချန်းသည် နွယ်ကြိုးထွက်ပေါ်ရာ နေရာကို ဦးတည် တိုက်ခိုက်လိုက်၏။ ထိုအခါ နွယ်ကြိုးများသည် သဲကန္တာရအတွင်းသို့ ပြန်ဝင်သွားခဲ့ပြီး နာကျင်အော်ဟစ်သံများနဲ့အတူ ငါးပုံစံ သားရဲတစ်ကောင်သည် သဲကန္တာရအထဲမှ အပေါ်သို့ ထွက်ရှိလာလေသည်။

သားရဲကောင်ကြီးရဲ့ မျက်လုံးကြီး နှစ်လုံးသည် နီရဲတွတ်နေခဲ့ပြီး သူ့ရဲ့အမွှေးများဖြစ်သော နွယ်ကြိုးများဖြင့် ထပ်မံ တိုက်ခိုက်လိုက်၏။ ထိုအခါ အစောင့်အရှောက်အဖွဲ့သည် သူတို့ဓားများကို လေပေါ်သို့ ထောင်လိုက်ပြီး "အပြစ်ပေးမိုးကြိုးကျင့်စဥ်" လို့ ရေရွတ်လိုက်သည်။

ထိုအခါ သူတို့ဓားများမှ ထွက်ပေါ်လာသော အပြာရောင်ချီစွမ်းအင်များသည် ချိတ်ဆက်သွားပြီး ကောင်းကင်ယံတွင် မိုးကြိုးအစီအရင်ထွက်ပေါ်လာခဲ့၏။ သားရဲကောင်ကြီးသည် သူ့အန္တရာယ်ကို ခံစားမိတဲ့အတွက် သူ့ခန္ဓာကိုယ်ကို သဲထဲသို့ ပြန်ဝင်သွားခဲ့ပြီး ထွက်ပြေးသွားခဲ့သည်။

သို့သော် ဇူယောက်ချန်းသည် "သေပေတော့......"လို့ အော်ဟစ်လိုက်ပြီး သူ့ဓားဖြင့် သားရဲကောင်ကြီး ရှိရာကို ညွှန်လိုက်၏။ အစီအရင်အကွက်မှ အင်အားအလွန်ကောင်းသော မိုးကြိုးစွမ်းအင်လုံးကြီးသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာပြီး သားရဲကောင်ကြီး ပြေးဝင်သွားသော နေရာသို့ တရှိန်ထိုး ပြေးဝင်သွားသည်။

ထိုအခါအသက်မဲ့သော သားရဲကောင်ကြီးရဲ့ ခန္ဓာကိုယ်သည် သဲများအတွင်းမှ အပေါ်သို့ ပြန်လည် ထွက်ပေါ်လာခဲ့၏။ ဇူးယောက်ချန်းသည် ထိုခန္ဓာကိုယ်ကြီးအား သိမ်းဆည်းလိုက်ပြီး သူ့လူများနဲ့အတူ ဝိညဥ်လှေပေါ်သို့ ပြန်ဆင်းသက်ကာ ခရီးဆက်လာခဲ့သည်။

ဒီလိုနဲ့ ကန္တာရအရှင်သခင်မြို့တော်လို့ ရေးထိုးထားသော ကျောက်တိုင်ကြီးနဲ့ တစ်ခုနဲ့အတူ မြင့်မားသော နံရံတံတိုင်း တစ်ခုကို ချောင်ဖုန်းတို့သည် တွေ့လိုက်ရ၏။ ထိုအခါ အစောင့်အရှောက်အဖွဲ့သည် ထိုနေရာမှစ၍ ဝိညဥ်လှေပေါ်မှ ဆင်းသက်ရမည် ဖြစ်ပြီး သူတို့ရဲ့ တာဝန်ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ပြောလိုက်သည်။

ထိုအခါ အားလုံးသည် သဲကန္တာရပေါ်သို့ ဆင်းသက်လိုက်တာနဲ့ ဝိညဥ်လှေကြီးသည် လာရာလမ်းကြောင်းသို့ ပြန်၍ ထွက်ခွာသွားခဲ့၏။ ချောင်ဖုန်းတို့သည် ရှေ့ကို ဆက်သွားမည့်ချိန်မှာ နံရံတံတိုင်းပေါ်မှ လူများသည် အောက်သို့ ခုန်ချလာခဲ့သည်။

ထိုလူများအားလုံးသည် တူညီသော အနီရောင် ခါးပတ်ကို စည်းထားကြ၏။ ထို့နောက် နံရံတံတိုင်းပေါ်မှ လူတစ်ယောက်သည် စစ်သည်တော်ဝတ်စုံဖြင့် ထွက်ရှိလာပြီး ချောင်ဖုန်းတို့ကို ကြည့်လိုက်ပြီး "မင်းတို့ကို ကြည့်ရတာ အသူရာနတ်ဆိုးကုန်းမြေက မဖြစ်နိုင်ဘူး ၊ ငါပြောတာ ဟုတ်တယ်မလား...." ဟု ပြောလိုက်သည်။

ထိုအခါ ချောင်ဖုန်းတို့အဖွဲ့မှ အစိမ်းနုရောင်ဝတ်ဆင်ထားသော ရန်ဖုန်ဟု ခေါ်သော လူသည် "ဒီကသခင်လေးပြောတာ မှန်ပါတယ်........၊ ကျွန်တော်တို့က တခြားအင်ပါယာတစ်ခုကနေ ပညာစည်းပူးချင်လို့ အသူရာနတ်ဆိုး ကုန်းမြေကို ရောက်ရှိလာတာပါ" ဟု ယဥ်ကျေးစွာ ဖြင့် ပြောလိုက်၏။

ထိုအခါ သံချပ်ကာ ဝတ်စုံဖြင့် စစ်သည်တော်သည် နံရံတံတိုင်းပေါ်မှ ခုန်ချလာပြီး အားလုံးကို လိုက်လံကြည့်ရှုလိုက်သည်။ ထိုလူသည် သူ့လူတွေရှေ့ကို ပြန်သွားလိုက်ပြီး " ငါနာမည်က လိန်ဖီးနစ်

ပါ.......အသူရာနတ်ဆိုးကုန်းမြေကို ဝင်ရောက်ဖို့တော့ အကန့်အသတ်မရှိပေမယ့် မင်းတို့သာ ပြသာနာရှာမယ်ဆိုရင်တော့ နေရာတိုင်းမှာ ငါတို့စောင့်ကြည်နေတယ်မမေ့နဲ့ " ဟု သတိပေးပြောဆိုလိုက်၏။

ထို့နောက် သူ့နောက်လိုက်များကို တံခါးဖွင့်ခိုင်းလိုက်ပြီး ချောင်ဖုန်းတို့ အဖွဲ့အား မြို့တော်ထဲသို့ ဝင်ခွင့်ပေးလိုက်သည်။ ချောင်ဖုန်းတို့သည် မြို့တံခါးကို စတင်ဝင်ရောက်လာတာနဲ့ သဲကန္တာရထဲတွင် ဆောက်လုပ်ထားသော အိမ်များကို တွေ့လိုက်ရ၏။

ချောင်ဖုန်းတို့သည် အေးဆေးပင် လမ်းလျှောက်လာချိန်မှာ သဲလေပွေ နှစ်ခုသည် ချောင်ဖုန်းတို့ အဖွဲ့ရှိကျရောက်လာခဲ့သည်။ ချောင်ဖုန်းတို့အဖွဲ့ရှိ တိုက်ခိုက်ရေးသမားများသည် သူတို့စွမ်းအင်များ ထုတ်သုံးကာ ထိုသဲလေပွေနှစ်ခုအား အလွယ်တကူ ဖျက်စီးလိုက်၏။

ထို့နောက် ယောကျာ်းသား၄ယောက်ပေါ်လာခဲ့ပြီး ချောင်ဖုန်းတို့အရှေ့တွင် ကာဆီးလိုက်သည်။ချောင်ဖုန်းတို့ ရောက်ရှိလာသော အဖွဲ့ထဲတွင် မိန်းကလေးဟူ၍ လွီအန်းနဲ့ လွီရှန်းသာ ပါလာခဲ့၏။

ခန်ရန်ဖုန်သည် ဒေါသထွက်နေသော်လည်း ဟန်ဆောင်သောအပြုံးဖြင့် ထိုလူ၄ယောက်အား အရိုအသေပြုကာ "သခင်လေးတို့ ကျေးဇူးပြုပြီး ကျွန်တော်တို့ သွားရမယ့်လမ်းကို ဖယ်ပေးလို့ ရမလား....." ဟု ပြောလိုက်သည်။

ထိုအခါ ယဲ့ချန်းလို့ ခေါ်သောတစ်ယောက်သည် သူတို့၄ယောက်အား အဆင့်၄ဆေးလုံး ၁လုံးစီ ပေးမှသာ သွားခွင့်ပြုမည် ဖြစ်ကြောင်း ပြောလိုက်၏။ ထိုအခါ အားလုံးသည် ဒေါသထွက်သွားသည်။ ထို့အပြင် ယဲ့ချန်းတို့လေးယောက်သည် လွီအန်းနဲ့လွီရှန်းနောက်ကို လိုက်ဖို့ တိုင်ပင်နေခဲ့ခြင်းဖြစ်သည်။

အသူရာနတ်ဆိုးကုန်းမြေတွင် နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရမည်ဟု ထင်မထားခဲ့ချေ။ ချောင်ဖုန်းသည် ပထမဦးစွာ အားလုံးရှေ့သို့ တက်လာပြီး ဆေးပုလင်း ၁ပုလင်းအား ပေးလိုက်၏။ ယဲ့ချန်းသည် ချောင်ဖုန်းပေးသော ဆေးပုလင်းအား တစ်ချက်ထုတ်ကြည့်လိုက်သည်။

ထို့နောက် "ရပြီ......မင်းသွားတော့" လို့ ပြောလိုက်၏။ ချောင်ဖုန်းသည် တစ်ချက်ပြုံးလိုက်ပြီး ရှေ့သို့ ဆက်လာခဲ့လေသည်။ကျန်သောသူအားလုံးသည်လည်း ပြသာနာမဖြစ်ချင်၍ ဆေးပုလင်းများပေးကာ ချောင်ဖုန်းနောက်သို့ လိုက်လာခဲ့ကြ၏။

ယဲ့ချန်းသည် သူ့လူတွေနဲ့အတူ ဆေးပုလင်းများစွာကို ဝမ်းသာစွာဖြင့် ကြည့်နေချိန်မှာ ရုတ်တရက် မြေပြင်ပေါ်သို့ ပစ်လဲကျသွားသည် ။သူ့လူတွေလည်း ဆွံ့အသွားပြီး "ဆရာတူအကိုချန်း......." လို့ခေါ်ကာ ထူလိုက်ကြသည်။

သို့သော်ယဲ့ချန်းသည် ပြန်လည်သတိရလာခြင်းမရှိတဲ့အခါ အမြန်သယ်ကာ ထိုနေရာမှ အမြန်ထွက်ခွာသွားကြ၏။ ချောင်ဖုန်းတို့သည် မြို့တွင်းသို့ ဝင်လာတဲ့အခါ ကျောက်နံရံလေးပေါ်တွင် ဝိညဥ်စွမ်းအားများဖြင့် ရေးသားထားသော စကားလုံးများကို ဖတ်ကြည့်လိုက်သည်။

ထိုစကားလုံးများကတော့ ထျန်ရှင်းကျောင်းတော်တွင် တပည့်အသစ်များ စုဆောင်းနေပြီဖြစ်ကြောင်း ရေးသားထားခြင်းပင် ဖြစ်၏။

ထိုချိန် ဆံပင်များ ရှုပ်ပွနေပြီး ဝက်မျက်နှာနဲ့ပင်တူသော ရုပ်ဆိုးဆိုးလူတစ်ယောက်သည် "ဘေးဖယ်စမ်း.........မင်းအဆင့်နဲ့ ထျန်ရှင်းကျောင်းတော်ကို ဝင်ရောက်ဖို့နေနေသာသာ သန့်ရှင်းရေးသမားဖြစ်ရရင်ကံကောင်း.....ဟားဟား" ဟု ရယ်မောစွာဖြင့် ချောင်ဖုန်းအား လှောင်ပြောင်စွာ ပြောလိုက်သည်။

All Chapters