အခန်း (၁၈၈)
Vol. 14 Ch. 188
အသူရာနတ်ဆိုးကုန်းမြေတွင် ပြသာနာရှာတဲ့လူ များပြားလိမ့်မည်ဟု ချောင်ဖုန်းသည် မထင်ထားပေ။ ချောင်ဖုန်းနောက်မှ ရှိနေသော လွီအန်းသည် "သခင်လေး.......ကျွန်မတို့ ထျန်ရှင်းကျောင်းတော်ကိုပဲ ဦးတည်ပြီး သွားလိုက်ရင်ကောင်းမယ် ထင်တယ်" ဟု ပြောလိုက်၏။
ချောင်ဖုန်းသည် နောက်လှည့်ကြည့်တဲ့အခါ လွီအန်းနဲ့လွီရှန်းသည် ခုချိန်ထိ သူ့နောက်လိုက်လာမယ်ဟု မထင်ထားခဲ့ပေ။ ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး ထွက်ခွာမည့်ချိန်မှာ ရုပ်ဆိုးဆိုးဖြင့် လူသည် "နေဦး.......မင်းတို့က ဘယ်သူက သွားခွင့်ပြုလို့လဲ " ဟု ပြောကာ ချောင်ဖုန်းတို့ ရှေ့မှောက်ကို ခုန်ချလိုက်၏။
ထိုအခါ ဘေးမှ လူများထဲမှ မိန်းမတစ်ယောက်သည် ချောင်ဖုန်းတို့အား ကြည့်ကာ "အဲ့တာ ဖန်ရှင်းကျောင်းတော်က အကြီးအကဲမလား ၊ သူကဘယ်လိုလုပ်ပြီး လူငယ်လေးကို ပြသာနာရှာနေရတာလဲ" ဟု ပြောလိုက်သည်။
ထိုမိန်းမရဲ့ ဘေးမှ တစ်ယောက်သည် " အဲ့တာ ဝိညဥ်နယ်ပယ်အဆင့်ကို ရောက်ရှိနေတဲ့ အကြီးအကန်ဂိုထန်လေ သူက ထျန်ရှင်းကျောင်းတော် အင်အားကြီးလာမှာကို မလိုလားတဲ့အတွက် တမင်လိုက်နှောက်ယှက်နေတာပဲ " ဟု ပြောပြလိုက်၏။
ထိုချိန်မှာ စနစ်မှ ချစ်စရာအသံငယ်လေး ထွက်ပေါ်လာခဲ့သည်။
{စနစ်ရှင်သည် ရန်သူအား သတ်ဖြတ်ခြင်း မပြုဘဲ ထိုလူအား ဆော့ကစားပြီး တောင်းပန်အောင်ပြုလုပ်ပါ ၊ ထိုအတွက် ရတနာများ၏ တည်နေရာကို ရှာဖွေပေးသော စွမ်းအင်ကို ဆုလာဒ်ဆောင် ရရှိပါမည် }
ချောင်ဖုန်းသည် စနစ်မှ ပေးသော ဆုလာဒ်ဆောင်ကို ကြားတဲ့အခါ အလွန်ပင် ပျော်ရွင်သွား၏။ ရုတ်တရက်နှုတ်ပိတ်နေသော ချောင်ဖုန်းသည် "ရုပ်ဆိုးကြီး......ကျွန်တော် ခင်ဗျားနဲ့ ဆော့ကစားဖို့ အချိန်မရှိသေးဘူး " လို့ ပြောလိုက်သည်။
လွီအန်းနဲ့လွီရှန်းသည် ချောင်ဖုန်းခုလို ပြောလာလိမ့်မည်ဟု မထင်ထားပေ။ ဂိုထန်သည် လူလယ်ပုံတွင် လူငယ်လေးတစ်ယောက်မှ
သူ့ကို ခုလို စော်ကားလာတဲ့အတွက် ဒေါသပေါက်ကွဲထွက်သွားသည်။
ဂိုထန်သည် လေပေါ်သို့ တက်သွားပြီး သူ့စွမ်းအား အရှိန်အဝါများကို ထုတ်လိုက်၏။ ထိုအခါ အနားမှာ ကြည့်နေသော လူများသည် ကြောက်လန့်ပြီး ထွက်ပြေးကြလေသည်။
လွီရှန်းနဲ့လွီအန်းသည် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး သူတို့ရဲ့ စွမ်းအား အရှိန်အဝါများကို ထုတ်လွင့်လိုက်ပြီး ဂိုထန်ရဲ့ တိုက်ခိုက်မှုကို ကာကွယ်ရန် အသင့်ပြင်ထား၏။
ဂိုထန်သည် သူ့စွမ်းအားများကို လက်မှာ စုစည်းလိုက်ပြီး "ဒီလောက်ချောမောလှပတဲ့ မိန်းမပျိူနှစ်ယောက်က ကာကွယ်နေတဲ့အတွက် မင်းကတော်တော်ကံကောင်းတယ် ပြောရမယ် ၊ ဒါပေမယ့် ငါ့ကိုရန်စမိတဲ့အတွက် မင်းရဲ့ပျော်ရွင်မှုက ဒီနေ့မှာ အဆုံးသတ်ရမယ် ထင်တယ် " ဟု ပြောကာ ပျောက်ကွယ်သွားပြီး
ချောင်ဖုန်းနောက်တွင် လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။
ဂိုထန်သည် ချောင်ဖုန်းနောက်သို့ ရောက်ရှိလာတဲ့အခါ လွီရှန်းနဲ့လွီအန်းသည် အံ့အားသင့်သွားပြီး စိုးရိမ်သွားခဲ့၏။ ဂိုထန်သည် ချောင်ဖုန်းနောက်သို့ လျှပ်တစ်ပြက်အတွင်း ရောက်ရှိသွားသွားလိမ့်မယ်လို့ မထင်ထားခဲ့ချေ။
ဂိုထန်သည် ချောင်ဖုန်းနောက်သို့ ရောက်ရှိတာနဲ့ အချိန်မဆွဲပဲ သူ့ရဲ့အနီရောင်ချီစွမ်းအင်လက်သီးနဲ့ ထိုးချလိုက်၏။သို့သော် ဂိုထန်သည် တစ်စုံတစ်ရာကို ထိုးမိသွားပြီး နောက်သို့ လွင့်ထွက်သွားကာ သွားများသည် ပါးစပ်ထဲမှ စီးကျလာခဲ့သည်။
လွီအန်းနဲ့လွီရှန်းသည် အပြာရောင်စက်ဝိုင်းလုံးကို မြင်တဲ့အခါ "အကာအကွယ် အစီအရင်တစ်ခုလား......." ဟု ပြိုင်တူ ရေရွတ်လိုက်၏။ လူအချိူ့သည် ထိုအနားတွင် ပုန်လျှိုးကွယ်လျှိူးဖြင့် ရန်ပွဲကို ကြည့်နေကြလေသည်။
ဂိုထန်လို့ အဆင့်မြှင့်တိုက်ခိုက်ရေးသမားတောင် လွင့်ပြန်ထွက်သွားတဲ့အတွက် ချောင်ဖုန်းရဲ့အကာအကွယ်အစီအရင်သည် သာမာန်အစီအရင်မဟုတ်နိုင်ဘူးလို့ မှန်းခန့်မှန်းလိုက်ကြ၏။
ဂိုထန်သည် သူ့ပါးစပ်မှ စီးကျနေသော သွေးများကို သုတ်လိုက်ပြီး
"မင်းက အစီအရင်ဆရာတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး ၊ ဒါကြောင့်မို့ မင်းက ငါ့ကို ရန်စဖို့ ယုံကြည်ချက်အပြည့် ရှိနေတာပဲ ၊ အစကတော့ မင်းကို ပညာပေးဖို့ပဲ ဆုံးဖြတ်ထားတာ အခုကတော့ မင်းရဲ့အသက်ကို ငါကိုယ်တိုင်နှုတ်ယူပစ်မယ် " လို့ အော် ဟစ်ကာ ပြောလိုက်သည်။
ဂိုထန်သည် လျင်မြန်သော အရှိန်ဖြင့် ရွေ့လျားကာ အဘက်ပေါင်းစုံမှ အကာအကွယ်အစီအရင်အား စတင်တိုက်ခိုက်၏။ သို့သော် ဂိုထန်သည် အချိန်အတော်အတန်ကြာတဲ့အထိ အကာအကွယ်အစီအရင်အား မဖျက်ဆီးနိုင်ပေ။
ဂိုထန်သည် တဖြည်းဖြည်း ဒေါသပိုထွက်လာပြီး "မင်းရဲ့အစီအရင် မပျက်စီးနိုင်ဘူးဆိုတာ ငါမယုံနိုင်ဘူး " လို့ ပြောကာ ထပ်မံ တိုက်ခိုက်လေသည်။ ခဏအကြာမှာတော့ အကာအကွယ်အစီအရင်သည် လုံးဝကျိုးပဲ့သွားပြီး ပျက်စီးသွားခဲ့၏။
လွီအန်းနဲ့ လွီရှန်းသည် အကာအကွယ်အစီအရင် ပျက်စီးသွားတာနဲ့ ဂိုထန်အား ဓားချီစွမ်းအင်များဖြင့် စတင်တိုက်ခိုက်လိုက်သည်။ဂိုထန်သည် ဓားချီအလင်းတန်းများကို ဖယ်ရှားလိုက်ပြီး ချောင်ဖုန်းအား ကာကွယ်ပေးနေသော လွီအန်းနဲ့ လွီရှန်းကို အရင်တိုက်ခိုက်လိုက်၏။
ထိုအခါ နတ်နယ်ပယ်အဆင့်သာ ရှိသေးသောလွီအန်းတို့ ညီမနှစ်ယောက်သည် ဘေးသို့ လွင့်သွားခဲ့သည်။ ပြန်ထဖို့ ကြိစားချိန်မှာတော့ နှစ်ယောက်လုံးသည် ဂိုထန်ရဲ့ ချုပ်နှောင်မှုကို ခံလိုက်ရ၏။
ဂိုထန်သည် သူ့အား နှောက်ယှက်မယ့်သူ မရှိတော့တဲ့အခါ "ဟားဟားဟား.......မင်းမရှိတော့ရင် ဒီနှစ်ယောက်က ငါ့အပိုင် ဖြစ်လာမှာပဲ " လို့ ပြောလိုက်၏။
ထိုချိန်မှာ ဂိုထန်သည် ပြင်းထန်သော စွမ်းအားရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရပြီး ချောင်ဖုန်းရှေ့သို့ တရွတ်တိုက် ပစ်လဲကျသွားလေသည်။
လွီအန်းနဲ့ လွီရှန်းသည် သူတို့တွင် ချုပ်နှောင်ထားသော စွမ်းအင်များ မရှိတော့တဲ့အခါ ချောင်ဖုန်းအနောက်ကို အမြန်ပြေးလွားလိုက်၏။
အားလုံးသည် ခန္ဓာကိုယ်ပေါ်တွင် စွမ်းအား အရှိန်အဝါများစွာ ထွက်ရှိနေသော အပေါ်ထပ်အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော လူတစ်ယောက်ကို တွေ့လို့က်ရ၏။
ချောင်ဖုန်းသည် ခေါင်းငုံ၍ အရိုအသေပြုလိုက်ပြီး "ကျေးဇူးတင်ပါတယ်.......ဆရာတူအကို " ဟု အားလုံးရှေ့တွင် နှုတ်ဆက်လိုက်သည်။ချောင်ဖုန်းသည် ထိုလူအား ဆရာတူအကိုလို ခေါ်လိုက်တဲ့အခါ အားလုံးသည် ဆွံ့အသွားခဲ့သည်။ ဂိုထန်သည် သူ့အားတိုက်ခိုက်လိုက်သော လူမှာ ဝိညဥ်နယ်ပယ်အထွဋ်အထိပ်စွမ်းအားမှန်းသိရှိသွားပြီး ချက်ချင်းဒူးထောက်ကာ တောင်းပန်လိုက်၏။
သို့သော် အနက်ရောက်ဝတ်ရုံ ဝတ်ဆင်ထားသော လူသည် သူ့စွမ်းအားထုတ်ကာ ထပ်မံ တိုက်ခိုက်တော့မယ့်ချိန်တွင် ချောင်ဖုန်းသည် ပြုံးလိုက်ပြီး" ဆရာတူအကို......ဒီလူကို ကျွန်တော်တာဝန်ထားလိုက်ပါ " လို့ ပြောလိုက်သည်။ ထိုအခါ အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော ရုပ်သေးရုပ်သည် ချောင်ဖုန်းအား ခေါင်းငြိမ့်ပြလိုက်ပြီး အားလုံးရှေ့မှ ချက်ချင်းပျောက်ကွယ်သွား၏။
ချောင်ဖုန်းသည် သူ့အသက်အား ကယ်တင်လိမ့်မည်ဟု ဂိုထန်သည် လုံးဝ မထင်ထားပေ။ချောင်ဖုန်းရဲ့ နောက်ခံတွင် အင်အားအလွန်ကောင်းမွန်သော လူတစ်ယောက်ရှိနေလိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ပေ။
ဂိုထန်သည် ချောင်ဖုန်းအားအရိုအသေပြု၍ သူ့ပါးသူ ရိုက်ကာ "သခင်လေး......မင်းလို စိတ်ကောင်းရှိတဲ့လူကို ရန်စမိတဲ့အတွက် ငါနောင်တရနေပါပြီ၊ အဲ့ဒီအတွက် မင်းငါ့ကို ပေးတဲ့အပြစ်ဒဏ် ငါခံယူပါ့မယ်" ဟု စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။
ထိုအခါ စနစ်မှ ချောင်ဖုန်းအား {ဂုဏ်ယူပါတယ်......စနစ်ရှင်အား ရတနာထောက်လှမ်းရေး စွမ်းအင်သစ်အား ထည့်သွင်းပေးလိုက်ပါပြီ } ဟု အသံလေး ထွက်ပေါ်လာခဲ့၏။ ချောင်ဖုန်းသည် ဝမ်းသာအားရဖြစ်သွားလေသည်။
ချောင်ဖုန်းသည် စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်ပြီး "ရုပ်ဆိုးကြီး......နောက်တစ်ခေါက်ဆိုရင်တော့ ကျွန်တော်ခင်ဗျားကယ်နိုင်မှာ မဟုတ်ဘူးနော် " လို့ ပြောလိုက်ပြီး ထွက်သွားခိုင်းလိုက်၏။
ထိုအခါ ဂိုထန်သည် ဝမ်းသာ၍ သွားပြီး ချောင်ဖုန်းအား အရိုအသေပြုကာ ထွက်ခွာသွားပါတော့သည်။
ထိုအခါ လွီရှန်းနဲ့ လွီအန်းသည် "သခင်လေး............ရှင်ဘာလို့ သူ့ကို လွှတ်ပေးလိုက်တာလဲ " ဟု မေးလိုက်၏။ ချောင်ဖုန်းသည် ဘာမှ မပြောဘဲ ဝိညဥ်လှေကို ထုတ်လိုက်၍ ခုန်တက်လိုက်ပြီး "မင်းတို့ နှစ်ယောက်ငါနဲ့တစ်ခါထဲ လိုက်မှာလား......" ဟု ပြောလိုက်လေသည်။
လွီအန်းနဲ့ လွီရှန်းလည်း ပြုံးလိုက်ပြီး ဝိညဥ်လှေလေးပေါ်သို့ ခုန်တက်လိုက်၏။ ထို့နောက် သုံးယောက်သားသည် ဝိညဥ်လှေလေးဖြင့် လျင်မြန်စွာ ထွက်ခွာ၍ လာပါတော့သည်။ ချောင်ဖုန်းတို့ထွက်ခွာသွားတဲ့အခါ လူတစ်ယောက်သည် ပုန်းကွယ်သော နေရာတစ်ခုမှ ထွက်ပေါ်လာခဲ့ပြီး ပျောက်ကွယ်သွား၏။
ချောင်ဖုန်းတို့သည် အချိန်အတော်ကြာ ပျံသန်းလာပြီးနောက် ဆူညံမှုများစွာ ရှိနေသော ထျန်းရှင်းကျောင်းတော်ကြီးကို ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။ ချောင်ဖုန်းတို့ သုံးယောက်သည် ဝိညဥ်လှေပေါ်မှ ခုန်ဆင်းလာခဲ့ကြ၏။
ဆံပင်နက်ပြာရောင်ရှိသော မိန်းမပျိုတစ်ဦးသည် ချောင်ဖုန်းတို့ ရှေ့ကို ရောက်လာပြီး "နင်တို့သုံးယောက်က ထျန်ရှင်းကျောင်းတော်ကို ဝင်ရောက်ဖို့ ရောက်လာတာလား " ဟု အေးအေးဆေးဆေး ပင် မေးလိုက်သည်။
ချောင်ဖုန်းတို့သည် ခေါင်းငြိမ့်ပြမည့်ချိန်မှာ ဆံပင်အဝါရောင် ရှိသော ကြက်ဖကေဖြင့် လူတစ်ယောက် ရောက်ရှိလာခဲ့ပြီး"အားပါးပါး.......ဆရာတူ ညီမချွမ်က ငါ့ထက်တောင် ဝိရိယပိုကောင်းနေပါလား " ဟု ပြောလိုက်၏။
ထိုအခါ ချွမ်မန်လို့ ခေါ်သော မိန်းကလေးသည် "ဆရာတူအကိုအောနုန်........ကျောင်းတော်ရဲ့ စည်းမျဥ်းကို မေ့နေတာလား ၊ ဒါမှမဟုတ် ဂရုမစိုက်တာလား " ဟု ပြတ်သားသော အသံဖြင့် မေးလိုက်၏။