အခန်း (၁၈၉)
Vol. 14 Ch. 189
အောနုန်သည် "ဟားဟား......ဆရာတူညီမချွမ်က ရယ်စရာတွေ သိပ်ပြောတက်တာပဲ အကိုအောနုန်က ဘယ်လိုလုပ်ပြီး ကျောင်းတော်ရဲ့ စည်းကမ်းတွေကို ချိုးဖောက်ရဲမှာလဲ " ပြုံးရယ်စွာဖြင့် ပြောလိုက်သည်။
အောနုန်သည် သူ့စိတ်ထဲတွင် ဒေါသများထွက်နေသော်လည်း ဟန်ဆောင်သည်းခံ၍ ထွက်ခွာသွားပါတော့၏။ချွမ်မန်ဟု ခေါ်သော မိန်းကလေးသည် ချောင်ဖုန်းတို့အား ထျန်ရှင်းကျောင်းတော်သို့ စတင်ခေါ်ဆောင်လာခဲ့သည်။
ချောင်ဖုန်းတို့သည် အထဲရောက်တဲ့အခါ ပြိုင်ပွဲကြီးတစ်ခုနဲ့ တိုးရလိမ့်မည်ဟု မထင်ထားပေ။ ရီချုံသည် ရုတ်တရက် ပြင်းထန်သောစွမ်းအားတစ်ခုကို ခံစားနေရကြောင်း ပြောပြလိုက်၏။ ချောင်ဖုန်းသည် သူ့ရရှိထားသော ရတနာထောက်လှမ်းနိုင်သည့် စွမ်းအင်သစ်ကို အသုံးပြုလိုက်သည်။
ချောင်ဖုန်းခန္ဓာကိုယ်ထဲမှ ထွက်ရှိလာသော အနက်ရောင်စွမ်းအင်လှိုင်းတစ်ခုသည် ခန့်မှန်း၍ မရနိုင်သော အလျင်နှုန်းဖြင့် မိုင်၁၀၀၀ကျော်ပင် ခဏလေးအတွင်းပင်ရောက်ရှိသွား၏။ ထိုစွမ်းအင်လှိုင်းကိုတော့ ချောင်ဖုန်းမှ လွဲ၍ ဘယ်သူမှ ခံစားမရပေ။
ချောင်ဖုန်းသည် မိုင်၁၀၀၀အတွင်းမှာ ရှိနေသော ရတနာများအားလုံးသည် ချောင်ဖုန်းရှေ့တွင် ပေါ်လာခဲ့၏။ စွမ်းအားအရှိန်အဝါများမှာ တည်ငြိမ်နေသည့် စွမ်းအင်လုံးလေး တစ်ခုသည် ထျန်ရှင်းကျောင်းတော်၏ အလွန်ပင် အတွင်းကျသော အခန်းငယ်အတွင်းတွင် တည်ရှိနေလေသည်။
ချောင်ဖုန်းသည် ထိုစွမ်းအင်လုံးမှာ နတ်ဘုရားသွေးစက်မှန်း သိရှိသွားခဲ့၏။ ထိုချိန်မှာ ချွမ်မန်သည် ချောင်ဖုန်းတို့ရဲ့ နာမည်များကို မေးမြန်းပြီးနောက် "ခဏနေရင် နင်တို့ အလှည့်ရောက်လာလိမ့်မယ် ၊ ပြိုင်ပွဲကတော့ နင်တို့ထင်သလို လွယ်မှာ မဟုတ်ဘူးနော် " ဟု ပြောလိုက်သည်။
ချွမ်မန်သည် ချောင်ဖုန်းတို့ကို ပြောပြီးနောက် စာအုပ်ကိုင်ထားသော အမျိုးသမီးအား စားရင်းသွားပေးနေခဲ့၏။ ချောင်ဖုန်းတို့သည် ထျန်ရှင်းကျောင်းတော်၏ ပြိုင်ပွဲကို အပေါ်စင်မှ ကြည့်နေခဲ့ကြသည်။
ပြိုင်ပွဲဝင်နေသော လူများသည် တစ်ဖက် ၃ယောက်စီ ဖြစ်ပြီး ပြိုင်ပွဲစင်ပေါ်မှ မကျသ၍ ပြန်လည် တိုက်ခိုက်ခွင့်ရှိ၏။ ပြိုင်ပွဲဝင်နေသော လူများအားလုံးသည် ကျောင်းသားသစ်နဲ့ကျောင်းသားဟောင်းများပင် ဖြစ်ပေသည်။
ထိုကျောင်းသားများသည် အချင်းချင်းယှဥ်ပြိုင်ရာမှ ၃ပွဲဆက်တိုက်နိုင်မည်ဆိုရင် အဓိကကျောင်းသားအဖြစ် ခံယူနိုင်ပြီး ဂိုဏ်းမှ အထောက်အပံကို ရရှိနိုင်မည် ဖြစ်၏။ ယှဥ်ပြိုင်သူများတွင် တိုက်ခိုက်ရေးသမား ၊ အဂ္ဂိရတ်ပညာရှင်သမား နဲ့ အစီအရင်ဆရာများလဲ ယှဥ်ပြိုင်ခွင့် ရှိသည်။
ချောင်ဖုန်းတို့ ကြည့်နေစဥ်အတွင်းမှာပဲ "ဒုတိယမြောက်ပွဲစင်မှာလဲ တိုက်ကျူးဟုန် တို့အသင်းက ဆက်လက်အနိုင်ရယူထားပါတယ်ရှင် " ဟု ကြေညာသူ မိန်းကလေးရဲ့ အသံသည် ထွက်ပေါ်လာခဲ့၏။ ထိုအခါ အကာအကွယ်အစီအရင်ကြီးသည် ပြန်လည်ပျောက်ကွယ်သွားလေသည်။
ထိုအခါ ရှုံးသော အဖွဲ့သည် ပြိုင်ပွဲစင်ထဲမှ ခုန်ထွက်လာခဲ့၏။ ထိုလူများ ထွက်ခွာသွားတာနဲ့ ကြေညာသူမိန်းကလေးသည် "ကဲကဲ နောက်ထပ်ယှဥ်ပြိုင်ရမယ့် ပြိုင်ပွဲဝင်တွေက ရီချောင်ဖုန်း ၊ လွီအန်း နဲ့ လွီရှန်းတို့ပဲ ဖြစ်ပါတယ် ၊ သူတို့လေးတွေကရော တိုက်ကျူးဟုန်တို့ အဖွဲ့ကို ယှဥ်ပြိုင်နိုင်ပါ့မလားဆိုတာ ကျွန်မနဲ့အတူတူ စောင့်ကြည့် လိုက်ရအောင် " ဟု အော်ဟစ်လိုက်၏။
ချောင်ဖုန်းတို့သည် ပွဲကြည့်စင်နေရာမှ ပြိုင်ပွဲစင်ပေါ်သို့ ခုန်ချလာလိုက်ကြသည်။ ချောင်ဖုန်းတို့ကို တွေ့တဲ့အခါ အားလုံးသည် အော်ဟစ်နေကြ၏။ ချောင်ဖုန်းတို့ အထဲရောက်ရှိသွားတဲ့အခါ အကာအကွယ်အစီအရင်ကြီးသည် အလိုအလျောက် ပြန်လည်ထွက်ပေါ်လာခဲ့သည်။
တိုက်ကျူးဟုန်တို့ သုံးယောက်အသင်းသည် ယောကျာ်းလေးများပင် ဖြစ်နေသောကြောင့် သူတို့ရဲ့ မျက်လုံးများသည် လွီအန်းနဲ့လွီရှန်းရှန်ကို ကြည့်ရှုနေကြ၏။ တိုက်ကျူးဟုန်သည် အပြုံးလေးဖြင့် "မိန်းမလှလေးတို့ ခဏနေတိုက်ခိုက်လို့ ထိမိသွားရင် ဒီက အကိုကြီးကို စိတ်မဆိုးနဲ့နော် " ဟု ပြောလိုက်သည်။
ထိုအခါ လွီရှန်းသည် "ရှင့်မှာ အရည်အချင်းရှိမရှိ ကြည့်ရသေးတာပေါ့....." လို့ ပြောကာ လွီရှန်းသည် သူ့ရဲ့ ဓားကို ထုတ်ကာ လက်ချောင်းများဖြင့် ပွတ်ဆွဲလိုက်ပြီး ဝိညဥ်စွမ်းအင်ကို အသက်သွင်းလိုက်၏။
ချောင်ဖုန်းသည် ပြိုင်ပွဲစင်ပေါ်သို့ ရောက်ရှိကတည်းကပင် ထူးဆန်းသလိုပင် ခံစားနေရသည်။ ထို့ကြောင့် သူ့စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်တဲ့အခါ တိုက်ကျူးဟုန်နောက်မှ တစ်ယောက်သည် စွမ်းအားစုပ်ယူခြင်း အစီအရင်ကို အသက်သွင်းနေမှန်း သိရှိသွားခဲ့၏။
ချောင်ဖုန်းသည် ပြုံးလိုက်ပြီး လျင်မြန်သော နည်းဖြင့် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး အစီအရင်အသစ်တစ်ခုအား ပြိုင်ပွဲစင်နေရာပေါ်တွင် ထပ်မံ ထည့်သွင်းလိုက်သည်။
တိုက်ကျူးဟုန်သည် စကားပြော၍ အချိန်ဆွဲပြီးနောက် သူ့နောက်က လူအား "ညီကိုရှောင်ဇု.....ဘယ်လိုလဲ " စိတ်စွမ်းအင်အသံလှိုင်းလေးဖြင့် မေးလိုက်၏။ ထိုအခါ ရှောင်ဇုသည် စတင်တိုက်ခိုက်လို့ ရပြီဖြစ်ကြောင်း ပြောလိုက်သည်။
တိုက်ကျူးဟုန်သည် ပြုံးလိုက်ပြီး သူ့လက်ဖဝါးမှ သားရဲမီးတောက်တစ်မျိုးအား ထုတ်လိုက်ပြီး "ကမ္ဘာမြေမီးတောက်လောင်ကျွမ်းခြင်း" လို့ ရေရွတ်ကာ စတင်တိုက်ခိုက်လိုက်၏။ လွီရှန်းနဲ့ လွီအန်းသည်လည်း လေပေါ်သို့ ပျံတက်ကာ တစ်ဖက်အသင်း၏ တိုက်ခိုက်ရေးသမား နှစ်ယောက်အား စတင်တိုက်ခိုက်လိုက်သည်။
ထိုအခါ နှစ်ဖက်အသင်း၏ အနောက်တွင် ရှိနေသော ချောင်ဖုန်းနဲ့ ရှောင်ဇုသာ ကျန်ရှိခဲ့၏။ ရှောင်ဇုသည် "မင်းကရော အစီအရင်ဆရာတစ်ယောက်လား......." ဟု မေးလိုက်သည်။ ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်တဲ့ ရှောင်ဇုသည် သူ့ကိုယ်သူအထင်ကြီးကာ "ဒါဆိုရင်တော့ ငါတို့အသင်းက အဓိကကျောင်းသားဖြစ်မှာ သေချာသွားပြီ" ဟု ပြောလိုက်၏။
ရှောင်ဇုသည် ပြောဆိုပြီးတာနဲ့ သူ့လက်ချောင်းများကို လှုပ်ရှားလိုက်သည်။ ထိုအခါ ပြိုင်ပွဲစင်တစ်ခုလုံးရဲ့ အောက်ခြေမှ ကြီးမားသော အညိုရောင်အစီအရင် တစ်ခုသည် ညာဘက်သို့ လည်ပတ်၍ ပေါ်ထွက်လာခဲ့၏။ အားလုံးသည် ရှောင်ဇုရဲ့ အစီအရင်ကိုကြည့်ပြီး ချီးကျူးနေကြသည်။
ထိုအစီအရင်ထွက်ပေါ်လာတဲ့အခါ လွီရှန်းနဲ့လွီအန်းသည် တိုက်ခိုက်နေရင်း သူတို့ရဲ့ စွမ်းအင်မျာl လျော့နည်းလာတဲ့အခါ တစ်ဖက်၏ တိုက်ခိုက်မှုများကို ခုခံမနိုင်တော့ပေ။ ရှောင်ဇုသည် လှောင်ပြောင်သော အကြည့်ဖြင့် ချောင်ဖုန်းအား အရှုံးပေးဖို့ ပြောလိုက်၏။
ချောင်ဖုန်းသည် ပြုံးလိုက်ပြီး လက်ဖျောက်လေးပင် တီးလိုက်သည်။ ထိုအခါ ညာဘက်သို့ အဆက်မပြတ်လည်ပတ်နေဿာ အညိုရောင်အစီအရင်စက်ဝိုင်းကြီးသည် ရုတ်တရက် ရပ်တန့်သွားပြီး မူလထက်၁၀ဆပင်မြန်သော နှုန်းဖြင့် ဘယ်ဘက်သို့ လည်ပတ်သွားခဲ့၏။
ရှောင်ဇုသည် သူ့ဖွဲ့စည်းထားသော အစီအရင်ကို ထိန်းချုပ်လို့ မရတော့တဲ့အခါ ရူးခါသွားလေသည်။ ကောင်းကင်ယံတွင် တိုက်ခိုက်နေသော တိုက်ကျူးဟုန်နဲ့ယန်ခင်းတို့ နှစ်ယောက်သည် သူ့တို့ရဲ့စွမ်းအင်များမှာ လုံးဝချိတ်ပိတ်ခံလိုက်ရတဲ့အတွက် ကြောက်လန့်၍ သွား၏။
ထိုချိန်မှာပဲ လွီအန်းနဲ့လွီရှန်းသည် သူတို့စွမ်းအားအရှိန်အဝါကို တိုးမြှင့်လိုက်ပြီး ထိုလူနှစ်ယောက်လုံးအား ပြိုင်ပွဲစင်အပြင်ဘက်သို့ တိုက်ခိုက်လိုက်လေသည်။ တိုက်ကျူးဟုန်တို့သည် ဒဏ်ရာအနည်းငယ်ရရှိသွားပြီ သွေးများပင် အန်ထွက်သွားကြ၏။
ရှောင်ဇုသည် သူတို့အသင်း ရှုံးသွားမှန်းသိတဲ့အခါ "မင်းက ငါတို့ရဲ့အစီအစဥ်ကို ကြိုသိနေလိမ့်မယ်လို့ မထင်ထားမိဘူး " ဟု ပြောကာ ပြိုင်ပွဲစင်ပေါ်မှ ခုန်ချသွားလေသည် ။ ထိုအခါ ကြေညာသူမိန်းကလေးသည် "ဒီတစ်ခါမှတော့ ကျွန်မတို့ ထင်ထားသလိုမဟုတ်ဘဲ ရီချောင်ဖုန်းတို့ အသင်းက အနိုင်ရရှိသွားပါပြီ " ဟု အော်ဟစ်လိုက်၏။
အကာအကွယ်အစီအရင်ပျောက်သွားတဲ့အခါ တိုက်ကျူးဟုန်တို့ အဖွဲ့သည် အပြင်သို့ ပြန်လည်ထွက်ခွာသွားလေသည်။ထို့နောက် နောက်ထပ် တစ်ဖွဲ့သည် ချောင်ဖုန်းတို့ ရှေ့သို့ ရောက်ရှိလာခဲ့ကြ၏။
ထိုအဖွဲ့ကတော့ မိန်းကလေးများပင်ဖြစ်ပြီး သုံးယောက်လုံးသည် ဓားတိုလေးများကို လက်နှစ်ဖက်စီမှာ ကိုင်ဆောင်ထားကြ၏။
ထိုအဖွဲ့ထဲမှ ဟီလွမ်လို့ ခေါ်သော မိန်းကလေးသည် သူ့လက်ထဲမှ ဓားချောင်းများကို လှုပ်ရှားလိုက်ပြီး "ရှင်တို့ အဆင့်သင့် ဖြစ်ပြီလား....." လို့ မေးလိုက်သည်။
ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်တာနဲ့ ဟီလွမ်တို့ သုံးယောက် အလွန်မြန်ဆန်လွန်းသော အရှိန်နှုန်းဖြင့် ချောင်ဖုန်းတို့ သုံးယောက်ကို ဝိုင်းလိုက်၏။ ဟီလွမ်သည် ချောင်ဖုန်းကို သူတာဝန်ယူမည် ပြောကာ ကျန်သော နှစ်ယောက်ကို အမြန် အပြတ်ရှင်းဖို့ ပြောလိုက်သည်။
ဟီလွမ်သည် ချောင်ဖုန်းရဲ့ နောက်ကွယ်မှ တိုက်ခိုက်လိုက်၏။
ချောင်ဖုန်းသည် သူတို့ထက်သာလွန်မှန်း သိရှိတဲ့အတွက် လွီအန်းတို့ နှစ်ယောက်သည် သူတို့ရဲ့ ပြိုက်ဖက်များကို ဂရုတစိုက် တိုက်ခိုက်လိုက်ကြသည်။
ဟီလွမ်သည် သူ့ဓားတိုလေးအား လေပေါ်တွင် ဝဲစေလိုက်ပြီး "ရှင်အစီအရင်သုံးဖို့ ကျွန်မခွင့်ပြုမှာ မဟုတ်ဘူး " လို့ ပြောကာ ဓားတိုလေးအား ထိန်းချုပ်အား ချောင်ဖုန်းအား တိုက်ခိုက်လိုက်သည်။
ဟီလွမ်သည် ထိုတစ်ချက်တိုက်ခိုက်ပြီးတာနဲ့ ရပ်တန့်သွားတဲ့အတွက် အားလုံးသည် အံ့အားသင့်သွား၏
ဟီလွမ်ရဲ့အသင်းသားနှစ်ယောက်သည် သူတို့ရဲ့ ခေါင်းဆောင်ရုတ်တရက် ရပ်တန့်သွားတဲ့အတွက် စိတ်ပျက်၍ သွားကြသည်။
ချောင်ဖုန်းသည် ဟီလွမ်သည် သူ့အား ဦးတည် တိုက်ခိုက်မှာ သိရှိထားသောကြောင့် သေးမျှင်သော အပ်ချောင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းပင် ဖြစ်၏။