← Chapters

အခန်း (၁၉၀)

Vol. 14 Ch. 190

အခန်း (၁၉၀)

Vol. 14 Ch. 190

ချောင်ဖုန်းသည် ဟီလွမ်ရဲ့ အနားသို့ အေးဆေးပင် လမ်းလျှောက်သွားလိုက်၏။ ထို့နောက် အားအနည်းဖြင့်သာ တိုက်ခိုက်လိုက်တဲ့အခါ ဟီလွမ်သည် ပြိုင်ပွဲစင်ပေါ်မှ ပြုတ်ကျသွားလေသည်။ ဟီလွမ်သည် စင်အောက်သို့ရောက်ရှိသွားမှသာ သတိပြန်လည်ရရှိလာခဲ့၏။

သူသည် အောက်သို့ရောက်ရှိနေတာကို သိသွားတဲ့အခါ ဟီလွမ်သည် မယုံနိုင်ဖြစ်သွားလေသည်။ တစ်မိနစ်တောင် မကြာခင်မှာ

ဟီလွမ်သည် ပြိုင်ပွဲက ထွက်ခွာသွားရသဖြင့် ကျန်သော နှစ်ယောက်သည်လည်း အချိန်မကြာခင်မှာပဲ ရှုံးနိမ့်သွားခဲ့၏။

ချောင်ဖုန်းတို့သည် ဒုတိယပြိုင်ပွဲကိုပါ ထပ်မံ အနိုင်ရရှိသွားတဲ့အတွက် အားလုံးသည် ချောင်ဖုန်းတို့အဖွဲ့အား အားပေးလာကြလေသည်။ ကြေညာသူမိန်းကလေးသည်လည်း အားရပါရဖြင့် "ကျောင်းသားသစ် ရီချောင်ဖုန်းတို့အသင်းကို ဆက်လက်ယှဥ်ပြိုင်မယ့် အဖွဲ့ကတော့ ဘိုင်ပင်းတို့အသင်းပဲ ဖြစ်ပါတယ်ရှင် " ဟု အော်ပြောလိုက်လေသည်။

တတိယပွဲစဥ်ကို ရောက်ရှိလာသဖြင့် ပြိုင်ပွဲအတွင်းမှာလဲ ပို၍ ဆူညံလာခဲ့၏။ ဘိုင်ပင်းသည် ဆူးချွန်များပါသော သံချပ်ကာ ဝတ်စုံ ကို ဝတ်ဆင်ထားပြီး သံကွင်းများစွာ ဖောက်ထွင်းထားသည့် ဓားသွားတစ်ဖက်ထဲသာ ပါသော ဓားမကြီးအား ကိုင်ဆောင်ထားသည်။

ဘိုင်ပင်းသည် ပြိုင်ပွဲစတာနဲ့ သူ့ဓားမကြီးကို မြေပြင်ပေါ်သို့ တရွတ်တိုက်ဆွဲကာ လွီအန်းလွီရှန်းကို တိုက်ခိုက်လိုက်၏။ လွီအန်းနဲ့ လွီရှန်းသည် ဘိုင်ပင်းရဲ့ တစ်ချက်ထဲမှာပဲ ပြိုင်ပွဲစင်ပေါ်မှ လွင့် ပြန်ထွက်သွားလေသည်။

ဘိုင်ပင်းသည် သူ့ဓားကို မြေကြီးထဲသို့ စိုက်ထိုးချလိုက်ပြီး ဝိညဥ်နယ်ပယ်အဆင့် စွမ်းအားအရှိန်အဝါကို ထုတ်လွင့်လိုက်၏။ ထိုအခါ ပွဲကြည့်နေသော လူများအားလုံးသည် မနာလိုမှုများ ဖြစ်ပေါ်သွားကြလေသည်။

ဘိုင်ပင်းသည် ဝိညဥ်နယ်ပယ်အဆင့်ကို ရောက်ရှိနေလိမ့်မည်ဟု ဘယ်သူမထင်ထားပေ။ဘိုင်းပင်သည် သူ့လက်ချောင်းများကို ချိူးလိုက်ပြီး "မင်းက ခုချိန်ထိ အရှုံးမပေးသေးဘူးလား......" ဟု ခြိမ်းခြောက်သောအသံဖြင့် ကြိမ်းဝါးလိုက်၏။

ချောင်ဖုန်းသည် သူ့အား ပြန်လည်တုံပြန်ခြင်းမရှိတဲ့အခါ ဘိုင်ပင်းသည် သူ့နောက်မှ နှစ်ယောက ချောင်ဖုန်းကို တိုက်ခိုက်ရန် အရိပ်အကဲ ပြလိုက်သည်။ ထိုအခါ ဘိုင်ပင်းနောက်မှ လူနှစ်ယောက်သည် "ဟီးဟီးဟီးဟီး......" ဟု အော်ရယ်လိုက်ပြီး ချောင်ဖုန်းကို ပြေးဝင်တိုက်ခိုက်လိုက်၏။

ထိုလူနှစ်ယောက်သည် ချောင်ဖုန်းအား မရောက်ခင်မှာပဲ လွင့်ပြန်ထွက်သွားသည်။ ဘိုင်ပင်းသည် ပြိုင်ပွဲစင် အပြင်ဘက်သို့ ရောက်သွားသော လူနှစ်ယောက်ကို ကြည့်လိုက်ပြီး "ဆောက်သုံးမကျတဲ့ကောင်တွေ......" လို့ ပြောလိုက်ပြီး သူ့ဓားကို ပြန်ဆွဲနှုတ်ယူလိုက်ပြီး လျင်မြန်သော အရှိန်နှုန်းဖြင့် ချောင်ဖုန်းနားကို လျှပ်တစ်ပြက်အတွင်း ရောက်ရှိလာခဲ့၏။

ဘိုင်ပင်းသည် "သေပေတော့.........." လို့ ပြောကာ ချောင်ဖုန်းအား တိုက်ခိုက်တော့မယ့်ချိန်တွင် ကြောက်စရာကောင်းသော စွမ်းအားအငွေ့အသက်ကို ခံစားလိုက်ရတဲ့အပြင် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ လုံးဝလှုပ်ရှားလို့ မရတော့ပေ။

အားလုံးသည် ထိုမြင်ကွင်းကို မြင်တဲ့အခါ အံ့အားသင့်သွားကြလေသည်။ချောင်ဖုန်းသည် ဝိညဥ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားတစ်ယောက်ကိုတောင် ထိန်းချုပ်နိုင်တဲ့အခါ အားလုံးသည် ကြောက်လန့်သွားကြ၏။

ဘိုင်ပင်းသည် တစ်ကိုယ်လုံးမှာ ချွေးသီးချွေးပေါက်များ ကျဆင်းနေခဲ့ပြီး ကြောက်ရွံနေလေသည်။ ချောင်ဖုန်းသည် အချိန်ဆွဲမနေဘဲ ဘိုင်ပင်းအား တစ်ခါထဲ တိုက်ထုတ်လိုက်၏။

ချွမ်မန်သည် သူ့ခေါ်လာသောအသင်းမှာ အဓိကကျောင်းသားသစ်ပြိုင်ပွဲနေရာကို အနိုင်ရရှိတဲ့အပြင် ဝိညဥ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားတစ်ယောက် ပါရှိနေလိမ့်မည် ဟု လုံးဝမထင်ထားပေ။

ချောင်ဖုန်းသည် အစီအရင်ဆရာတစ်ယောက်ဟု သိထားသော်လည်း အဆင့်မြင့်တိုက်ခိုက်ရေးသမားတစ်ယောက်ပါ ဖြစ်နေတဲ့အတွက် လွီအန်းနဲ့ လွီရှန်းသည် ကြောင်တောင်တောင် ဖြစ်သွားကြပေသည်။

ချောင်ဖုန်းတို့အနိုင်ရရှိတဲ့အခါ အားလုံးသည် ဝမ်းသာအားရဖြင့် အားပေး ဂုဏ်ပြုနေကြ၏။ ချွမ်မန်သည် စင်ပေါ်သို့ ခုန်ချလာခဲ့ပြီး

ချောင်ဖုန်းတို့အား ဂုဏ်ပြုလိုက်ပြီး သူ့နောက်ကို လိုက်ခိုင်းလိုက်သည်။

ထျန်ရှင်းကျောင်းတော်ရဲ့ အခန်းထဲတွင် အဖြူရောင်မုဆိတ်မွှေးရှည်လျားစွာ ရှိနေသော အဖိုးအိုသည် သူ့လက်ချောင်းများကို လှုပ်ရှားကာ သိုင်းကျင့်စဥ် တစ်ခုအား ကျင့်ကြံနေခဲ့၏။ ထိုချိန်မှာ ချွမ်မန်သည် တံခါးခေါက်၍ အထဲသို့ ဝင်လာခဲ့သည်။

ချွမ်မန်သည် လက်နှစ်ဖက်ဆုပ်လိုက်ပြီး "ဆရာဖိုးဖိုး....." ဟု ခေါ်ကာ အရိုအသေပြုလိုက်၏။ ချွမ်ရှင်းဟု ခေါ်သော အဖိုးအိုသည် ချွမ်မန်နောက်မှ ချောင်ဖုန်းတို့ကို ကြည့်လိုက်ပြီး သူတို့က ဘယ်သူတွေလဲ မေးလိုက်သည်။

ထိုအခါ ချွမ်မန်သည် ဝမ်းသာအားရဖြင့် "ဆရာဖိုးဖိုး.......သူတို့က ချွမ်မန် ခေါ်လာတဲ့ ကျောင်းသားသစ်တွေပါ....." ဟု ပြောလိုက်၏။ ချွမ်ရှင်းသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ချောင်ဖုန်းတို့အား လေ့ကျင့်သော နေရာသို့ ခေါ်ဆောင်သွားပေးဖို့ ပြောလိုက်သည်။

ထိုအခါ ချွမ်မန်သည် "ဆရာဖိုးဖိုး.......သူတို့က ရိုးရိုး ကျောင်းသားသစ်တွေမဟုတ်ဘူးနော် ၊ သူတို့က အဓိကကျောင်းသားသစ် သုံးယောက်ပဲ " လို့ ပြန်ပြောလိုက်၏။ အဓိက ကျောင်းသားသစ်ဟု ဆိုသံ ကြားလိုက်တဲ့အခါ ချွမ်ရှင်းသည် ဝမ်းသာအားရ ဖြစ်သွားသည်။

ထျန်ရှင်းကျောင်းတော်တွင် အဓိကကျောင်းသားများမှသာ နတ်ဘုရားသွေးစက်ကို စမ်းသပ်ခွင့် ရနိုင်ခြင်းပင် ဖြစ်၏။ သို့သော် အဓိကကျောင်းသားများသည် ဝိညဥ်နယ်ပယ်အဆင့်ကို ရောက်ရှိရန် လိုအပ်သေးသည်။

ချွမ်ရှင်းသည် ချောင်ဖုန်းတို့ သုံးယောက်အတွက် လိုအပ်သည်များကို ထောက်ပံဖို့ ချွမ်မန်အား စေခိုင်းလိုက်၏။ချောင်ဖုန်းတို့သုံးယောက်သည် နတ်နယ်ပယ်အဆင့်ကိုသာ ရောက်ရှိသေးသည်ဟု ချွမ်ရှင်းသည် ထင်နေခြင်းဖြစ်သည်။

ချွမ်မန်သည် "ဆရာဖိုးဖိုး.......ချွမ်မန် ပြောစရာကျန်သေးတယ်လေ " ဟု ပြောလိုက်၏။ ထိုအခါ ချွမ်ရှင်းသည် "ငါ့မှာအချိန်မရှိဘူး........နင်အရေးမကြီးရင် နောက်မှ လာပြောတော့ " ဟု လေသံမာမာဖြင့် ပြောလိုက်သည်။

ထိုအခါ ချွမ်မန်သည် "ဆရာဖိုးဖိုး........သူတို့သုံးယောက်ထဲမှာ တစ်ယောက်က ထူးဆန်းနေတယ်လို့ မခံစားရဘူးလား...." ဟု မေးလိုက်၏။ ချွမ်ရှင်းသည် ချောင်ဖုန်းတို့ သုံးယောက်ကို ကြည့်လိုက်တဲ့အခါ ဘာမှ မထူးဆန်းပေ။

ချွမ်ရှင်းသည် စိတ်မရှည်စွာဖြင့် "ချွမ်မန်.......နင်ပြောစရာရှိရင် မြန်မြန်ပြောလိုက်တော့ " ဟု ပြောလိုက်သည်။ ချောင်ဖုန်းသည် ဝိညဥ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမား ဖြစ်ကြောင်း ချွမ်မန်သည် ပြောပြလိုက်၏။

ထိုအခါ ချွမ်ရှင်းသည် အံ့အားသင့်သွားပြီး ချွမ်မန်စကားဟုတ်မဟုတ် ချောင်ဖုန်းအား မေးကြည့်လိုက်လေသည်။ ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်တဲ့အခါ ချွမ်ရှင်းသည် ဝမ်းသာအားရ "ကောင်းတယ်.......သိပ်ကောင်းတယ်" ဟု ပြောလိုက်၏။

ချွမ်ရှင်းသည် လက်ရှိတပည့်များမှာ ဝိညဥ်နယ်ပယ်အဆင့်ကို ရောက်ရှိရန် နှစ်များစွာပင် လိုသေး၏။ နတ်ဘုရားသွေးစက် စမ်းသပ်ပွဲသည် ရက်အနည်းငယ်အတွင်းသာ ကျရောက်လာတော့မည်ဖြစ်တဲ့အတွက် ကွက်တိပင် ဖြစ်သွားသည်။

ချွမ်ရှင်းသည် ချောင်ဖုန်းမှ လွဲ၍ ကျန်သော သုံးယောက်အား အပြင်သို့ ထွက်သွားခိုင်းလိုက်၏။ ချွမ်ရှင်းသည် ချောင်ဖုန်းတစ်ယောက်ထဲ ကျန်ရှိတော့တဲ့အခါ နတ်ဘုရားသွေးစက်နဲ့ ပက်သက်သော အကြောင်းအရာများကို စတင်ပြောပြလိုက်သည်။

နတ်ဘုရားသွေးစက်စွမ်းအင်သည် ထျန်ရှင်းကျောင်းတော်၏ ပါရမီရှင်တစ်ယောက်တွင် မွေးရာပါစွမ်းအင်အဖြစ် ပါရှိလာခဲ့၏။ သို့သော် ထိုလူသည် သိုင်းအဆင့်တက် မြှင့်တင်ရာတွင် ချို့ယွင်းချက် ဖြစ်သွားခဲ့ပြီး အသက်ပင် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။

သေဆုံးသွားသော လူ၏ ခန္ဓာကိုယ်အတွင်းမှ နတ်ဘုရားသွေးစက်စွမ်းအင်ဖြစ်သည့် အနီရောင်စွမ်းအင်လုံးလေး ထွက်ပေါ်လာသော အချိန်မှသာ ထျန်ရှင်းကျောင်းအုပ်ဟောင်းသည် သေဆုံးသွားသောလူမှာ နတ်ဘုရားသွေးစက်ပိုင်ရှင်မှန်း သိရှိသွားခဲ့၏။

ထိုအခါမှသာ ကျောင်းအုပ်နဲ့အတူ ကျောင်း၏ ဆရာအကြီးအကဲများသည် ပါရမီရှင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် နောင်တပင် ရသွားခဲ့သည်။

ထိုအချိန်မှစပြီး ထျန်ရှင်းကျောင်းတော်သည် နတ်ဘုရားသွေးစက်စွမ်းအင်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး နတ်ဘုရားသွေးစက်နဲ့ ပက်သက်သော အကြောင်းအရာများကို နှစ်ပေါင်းများစွာပင် လေ့လာခဲ့ကြ၏။

နှစ်ပေါင်းများစွာ ကြာတဲ့အခါမှတော့ ထိုစွမ်းအင်ကို ဆက်ခံယူလို့ ရမည့် နည်းလမ်းအား ရှာဖွေတွေ့ရှိခဲ့သော်လည်း ယနေ့တိုင်ထိ ဆက်ခံမှု မအောင်မြင်ကြသေးပေ။ ထို့နောက် ချွမ်ရှင်းသည် နတ်ဘုရားသွေးစက်ကို ဆက်ခံနိုင်မည့် ကျင့်စဥ် စာလိပ်ကို ပေးလိုက်ပြီး ကျင့်ကြံစေခိုင်းလိုက်၏။

ချောင်ဖုန်းသည် ထိုကျင့်စဥ်ကို ဖတ်ရှု့တဲ့အခါ ဟာသတစ်ခုလိုပင် ဖြစ်နေခဲ့၏။ရက်အနည်းငယ်ကြာတဲ့အခါ မှတော့ ချွမ်ရှင်းသည် ချောင်ဖုန်းအား တခြားနေရာတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။ ချောင်ဖုန်းသည် နတ်ဘုရားသွေးစက် စွမ်းအင်နဲ့ နီးကပ်လာမှန်း သိရှိလိုက်ရ၏။ကျောက်ခုံပလ္လင်ပေါ်တွင် လူတစ်ယောက်သည် အေးဆေးပင် ထိုင်နေခဲ့သည်။

All Chapters