← Chapters

အခန်း (၁၉၁)

Vol. 14 Ch. 191

အခန်း (၁၉၁)

Vol. 14 Ch. 191

ထိုနောက်တွင် ဧရာမလူရုပ်ထုကြီး တစ်ခုလဲ ရှိ၏။ ချွမ်ရှင်းနဲ့ ချောင်ဖုန်း ဝင်လာတဲ့အခါ ဆရာအကြီးအကဲ တစ်ယောက်သည် "အကြီးအကဲတစ်........ဝိညဥ်နယ်ပယ်အဆင့်မရောက်ရှိသေးဘဲ ၊ နတ်ဘုရားသွေးစက် စမ်းသပ်ပွဲကို ဝင်ခွင့်မရှိဘူးဆိုတာ မေ့နေတာလား....." ဟု ပြောလိုက်၏။

ထိုအခါ ချွမ်ရှင်းသည် ဒေါသထွက်သော မျက်လုံးဖြင့် ကြည့်လိုက်တဲ့အခါ ချန်ရဲ့ဟုသော ဆရာအကြီးအကဲသည် ဘာမှမပြောရဲတော့ပေ။ပလ္လင်ပေါ်မှာ ထိုင်နေသောကျောင်းအုပ် ယန်ကျိုးလင်သည် ထလာခဲ့ပြီး "အကြီးအကဲတစ်......... မင်းလဲ ရောက်လာပြီဆိုတော့ သွားဖို့ အချိန်ရောက်လာပြီ ထင်တယ် " လို့ ပြောလိုက်၏။

ထို့နောက် ယန်ကျိုးလင်သည် ဧရာမလူရုပ်ထုကြီး ရှေ့သို့ ရောက်တဲ့အခါ သူ့လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ ရုပ်ထုကြီး ခြေထောက်နှစ်ဖက်မှ တံခါးအပေါက်အဖြစ်သို့ ပြောင်းလာသွားလေသည်။

ချောင်ဖုန်းသည် ချွမ်ရှင်းနောက်မှ တိတ်ဆိတ်စွာ လိုက်လာခဲ့၏။ ချောင်ဖုန်းသည် ဝင်ပေါက်နံရံပေါ်ရှိ အနီရောင်စွမ်းအင်လုံးကို တွေ့တဲ့အခါ အရယူနိုင်မည်ဟု ယုံကြည်ချက်အပြည့်ရှိနေလေသည်။

သို့သော် အားလုံးသည် ထိုဝင်ပေါက်ကို ဖြတ်၍ အထဲသို့ ဝင်သွားတဲ့အခါ ချောင်ဖုန်းသည် ဆွံ့အသွားခဲ့၏။ ချောင်ဖုန်းသည် တံခါးပေါက်နံရံပေါ်ရှိ နတ်ဘုရားသွေးစက်ကို မော့ကြည့်ပြီး ရှေ့က လူတွေအတိုင်း အခန်းထဲသို့ လိုက်ဝင်သွားခဲ့သည်။

ထိုအခန်းထဲရှိ ကုတင်တစ်ခုပေါ်တွင် မပုပ်မသိုးသော အလောင်းတစ်ခုပင် ရှိ၏။ ထိုအလောင်းအား လူသားဧကရာဇ်ဟု အမည်ပေးထားကြသည်။ လူသားဧကရာဇ်အလောင်း၏ ခန္ဓာကိုယ်ပေါ်တွင်လဲ အနီရောင်စွမ်းအင်လုံးလေး တစ်လုံးပင် ရှိနေခဲ့သည်။

အားလုံးသည် ထိုစွမ်းအင်လုံးကို ကြည့်ကာ လိုချင်တပ်မက်မှုများ ဖြစ်ပေါ်နေကြ၏။ ထျန်ရှင်းကျောင်းတော်ရှိ လူများမှာ ရူးနေသလားဟု ချောင်ဖုန်းသည် ထင်သွားခဲ့သည်။

လူသားဧကရာဇ်အလောင်းပေါ်ရှိ စွမ်းအင်လုံးသည် ရှားပါးသားရဲတစ်ကောင်၏ မှော်အမြူတေ တစ်ခုဖြစ်နေလိမ့်မည်ဟု ချောင်ဖုန်းသည် မထင်ထားခဲ့ပေ။ အားလုံးသည် ထိုစွမ်းအင်လုံးအား အာရုံစိူက်နေချိန်တွင် ချောင်ဖုန်းသည် ကိုယ်ပွားအတုကို ချန်ကာ တံခါးပေါက်ရှိသို့ လျင်မြန်စွာ ပြန်သွားလိုက်၏။

ထို့နောက် ချောင်ဖုန်းသည် ရုပ်သေးရုပ်များကို ထုတ်ကာ သူ့အား နှောက်ယှက်တဲ့သူရှိလာရင် တိုက်ခိုက်ဖို့ စေခိုင်းလိုက်သည်။ ထို့နောက်ချောင်ဖုန်းသည် နတ်ဘုရားသွေးစက်ကို စတင်စုပ်ယူခဲ့၏။

အခန်းငယ်အတွင်းမှာလဲ လူသားဧကရာဇ်အလောင်းပေါ်ရှိ သားရဲအမြူတေကို စုပ်ယူဖို့ တစ်ယောက်ပြီး တစ်ယောက် ကြိုးစားနေကြလေသည်။

ချောင်ဖုန်းရဲ့ စွမ်းအားသည် အလွန်ပင် မြင့်မားနေသောကြောင့် နတ်ဘုရားသွေးစက်သည် အချိန်အတော်ကြာတဲ့နောက်မှာ ချောင်ဖုန်းရဲ့ စုပ်ယူသန့်စင်ခြင်းကို ခံလိုက်ရပြီး လက်မောင်းအတွင်းရှိ သွေးကြောတစ်ခုနားသို့ ရောက်ရှိသွားခဲ့၏။

ချောင်ဖုန်းသည် နတ်ဘုရားသွေးစက်ကို ပိုင်ဆိုင်သွားတဲ့အတွက် အနိူင်းမဲ့အဆင့်ကို ရောက်ရှိဖို့ သေချာသွားပြီဖြစ်၍ ပျော်ရွင်သွားလေသည်။ထိုချိန်မှာပဲ နံရံကျောက်တိုင်များသည် ပြိုကွဲထွက်လာပြီး

ရုပ်ထုအတွင်း ရောက်ရှိနေသော လူများအားလုံးသည် မတ်တပ်ရပ်ဖို့ပင် ခက်ခဲသွားကြ၏။

ထျန်ရှင်းကျောင်းအုပ် ယန်ကျိုလင်းသည် "ဒီထဲက အမြန်ထွက်ပြေးကြ " ဟု ပြောကာ ဒိုင်းကာ တစ်ခု ဖန်တီးလိုက်ပြီး အခန်းငယ်အတွင်းမှ လျင်မြန်စွာ ထွက်ပြေးကြလေသည်။ ချောင်ဖုန်းသည်လည်း နတ်ဘုရားသွေးစက်ကြောင့် ထိုရုပ်ထုကြီး ပျက်စီးသွားမှန်း သိရှိလိုက်ပြီး ရုပ်သေးရုပ်များကို သိမ်းကာ ရုပ်ထုအတွင်းမှ လျင်မြန်စွာ ထွက်ခွာလာခဲ့၏။

အားလုံးအပြင်ရောက်လို့ ၁၀စက္ကန့် အကြာမှာပဲ ဧရာမလူရုပ်ထုကြီးသည် အစိပ်စိပ်အမွှာမွှာပြိုကျကာ ပျက်စီးသွားလေသည်။

နတ်ဘုရားသွေးစက်ကို မစမ်းသပ်လိုက်ရသော လူများသည် မကျေမနပ် ဖြစ်နေကြ၏။

ချောင်ဖုန်းသည် ကြိတ်ပျော်နေသော်လည်း ဒေါသထွက်သလို ဟန်ဆောင်နေခဲ့သည်။ ရုပ်ထုကြီး ပြိုလဲမှု ရပ်တန့်သွားတဲ့အခါ ယန်ကျူးရှင်းနဲ့ ဆရာအကြီးအကဲများသည် ဧကရာဇ်အလောင်းကို လိုက်လံ ရှာဖွေလေ၏။

လူသားဧကရာဇ်အလောင်းသည်လည်း နတ်ဘုရားသွေးစက်နဲ့ ချိတ်ဆက်နေသေး၍ တည်တံနေခြင်းပင် ဖြစ်လေသည်။ ယခုအခါမှတော့ နတ်ဘုရားသွေးစက်နဲ့ ချိတ်ဆက်မှုမရှိတော့တဲ့အခါ ပြာမှုန်အဖြစ်သို့ပင် ပြောင်းလဲသွားခြင်းပင်ဖြစ်၏။

ယန်ကျူရှင်းတို့သည် စိတ်ပျက်လက်ပျက် ဖြစ်သွားကြလေသည်။

နှစ်ပေါင်းများစွာ တည်ရှိသော နတ်ဘုရားသွေးစက်သည် ရုတ်တရက် ပျောက်ကွယ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ယန်ကျူရှင်းသည် ထိုကိစ္စ အပြင်ပေါက်ကြားသွားရင် စုံစမ်းပြီး သတ်ဖြတ်မိဟု ခြိမ်းခြောက်ကာ ပြောဆိုလိုက်၏။

ထိုအခါ အားလုံးသည် သာမန်အတိုင်းပင် အခန်းထဲမှ ထွက်ခွာ လာခဲ့ကြသည်။ချောင်ဖုန်းသည် နတ်ဘုရားသွေးစက် ပိုင်ဆိုင်သွားပြီ ဖြစ်၍ လွီအန်းနဲ့ လွီရှန်းကို နှုတ်ဆက်ရန် ပြောလိုက်၏။ လွီအန်းသည် ဓားတစ်ချောင်းကိုင်ကာ သိုင်းကျင့်ကြံနေခဲ့သည်။

ချောင်ဖုန်းရောက်လာတာကို မြင်တဲ့အခါ ကျင့်ကြံတာကို ရပ်လိုက်ပြီး "သခင်လေး..........လွီအန်းတို့ ရှိလာတာ အကြောင်းရှိလို့လား......" ဟု ပြုံးကာ မေးလိုက်၏။ သူသည် ထျန်ရှင်းကျောင်းတော်ကနေ ထွက်ခွာသွားတော့မည် ဖြစ်ကြောင်း ပြောလိုက်သည်။

ထိုချိန်မှာ လွီရှန်းလည်း ရောက်ရှိလာပြီး ချောင်ဖုန်းကို နှုတ်ဆက်လိုက်၏။ ချောင်ဖုန်းသည် ထျန်ရှင်းကျောင်းတော်မှာ အချိန်ဖြုန်းမည့်အစား စွမ်းအားအရင်းအမြစ် ပေါများသော နေရာများတွင် ကျင့်ကြံသင့်သည်ဟု ပြောကာ ထွက်ခွာသွားပါတော့သည်။

လွီအန်းနဲ့လွီရှန်းသည် ချောင်ဖုန်း၏ စကားကို သေချာနားမလည်ပေ။ နတ်ဘုရားသွေးစက် စမ်းသပ်ခြင်းတွင် ချောင်ဖုန်းသည် ကျရှုံးသွား၍ ထျန်ရှင်းကျောင်းတော်မှ ထွက်ခွာသွားတာ ဖြစ်မည်ဟု ခန့်မှန်းလိုက်ကြ၏။

ချောင်ဖုန်းသည် ရွယ်အင်ပါယာသို့ စက္ကန့်အပိုင်း ပြန်လည်ရောက်ရှိလာခဲ့သည်။ ရွယ်ချင်းသည် အခုချိန်ထိ ကျင့်ကြံနေတုန်းပင် ဖြစ်၏။ ချောင်ဖုန်းသည်လည်း အနိူင်းမဲ့နယ်ပယ်အဆင့်ကို ရောက်ရှိဖို့ အခွင့်အရေး ရရှိလာပြီဖြစ်၍ အခန်းပိတ် ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်ပါတော့သည်။

ချောင်ဖုန်းသည် စကြာဝဋ္ဌာ အစီအရင်ထုတ်ကာ သူ့အခန်းအတွင်းအား အလွန်အားကောင်းသည့် အစီအရင်ကို ချထားလိုက်၏။

ထို့နောက် အပ်ချောင်းများထုတ်ကာ သူ့ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားသွေးစက်ကို အသက်သွင်းဖို့ လုပ်ဆောင်ပါတော့သည်။

တစ်ရက်ကြာတဲ့အခါ မှတော့ နတ်ဘုရားသွေးစက်သည် စတင်လှုပ်ရှားလာခဲ့၏။ သို့သော် ချောင်ဖုန်းသည် အနိူင်းမဲ့နယ်ပယ်အဆင့်ကို မရောက်ရှိသေးပေ။ဒါပေမယ့် ချောင်ဖုန်းသည် အနိူင်းမဲ့နယ်ပယ်အဆင့်ကို ရောက်ရှိဖို့ နီးကပ်သလို ခံစားနေရသည်။

ထို့ကြောင့် ချောင်ဖုန်းသည် မှော်ဆေးမီးဖိုအိုးကို ထုတ်လိုက်ပြီး သဘာဝမီးတောက်ဖြင့် အပူပေးလိုက်၏။ ထို့နောက် ချောင်ဖုန်းသည် သက်တမ်းသောင်းချီရှိနေသော ဆေးအမယ်များကို ထည့်၍ စတင်ကာ သန့်စင်ပါတော့သည်။

အချိန်အနည်းငယ်အတွင်းမှာပဲ အလွန်ပင် မွှေးကြိုင်သော ဆေးရနံ့လေးများသင်းလာခဲ့ပြီး ချောင်ဖုန်းတစ်ခန်းလုံး မွှေးကြိုင်၍ နေပါတော့သည်။

ချောင်ဖုန်းသည် လက်ချောင်းများလှုပ်ရှားလိုက်ပြီး "စုစည်းလိုက်တော့ " လို့ ရေရွတ်လိုက်တဲ့အခါ နေသာနေသောကောင်းကင်ယံကြီးမှ ချက်ချင်း မိုးမှောင်ကျသွားကာ ကြောက်စရာကောင်းသော မိုးခြိမ်းသံကြီးများ ထွက်ပေါ်လာခဲ့၏။သို့သော် ထိုအရာသည် တစ်မိနစ်အတွင်းမှာ ဖြစ်ပေါ်လာပြီး ပြန်ပျောက်ကွယ်သွားတဲ့အတွက် အားလုံးသည် ထူးဆန်းသဖွယ်ပြောဆိုနေကြလေသည်။

ချောင်ဖုန်းရဲ့ ရှေ့တွင် တူညီသော ချိုင့်ခွက်များစွာပါသော ဆေးလုံးလေးတစ်လုံးသည် အတောင်ပံလေးထုတ်ကာ အခန်းထဲမှ ထွက်ပြေးဖို့ ကြိုးစားနေလေသည်။ ချောင်ဖုန်းသည် သူ့လက်ဖဝါးဖြင့် အသာအယာစုပ်ယူလိုက်တဲ့အခါ ဆေးလုံးလေးသည် ချောင်ဖုန်းလက်ဖဝါးပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့၏။

ထိုဆေးလုံးလေးသည် အဆင့်၈ ဆေးလုံးဖြစ်ပြီး ဝိညဥ်နယ်ပယ်အဆင့်ကျင့်ကြံသူတို့၏ ရှေ့မှောက်သို့ ပေါ်ထွက်လာခဲ့မယ်ဆိုရင် အချင်းချင်း သတ်ဖြတ်လုယူမှုများ ဖြစ်ပေါ်လာမှာ ကျိန်းသေပေသည်။

ချောင်ဖုန်းသည် ထိုဆေးလုံးကို မျိုချလိုက်ပြီး ဆေးလုံး၏ အာနိသင်စွမ်းအားပို စတင်စုပ်ယူ၍ ကျင့်ကြံခဲ့၏။ ရီချုံနဲ့ ရန်ယိုသည်လည်း ငြိမ်သက်စွာဖြင့် လေ့ကျင့်နေခဲ့သည်။ ချောင်ဖုန်းသည် အနိူင်းမဲ့နယ်ပယ်အဆင့် မရောက်မချင်း ကျင့်ကြံဖို့ ဆုံးဖြတ်ထားခဲ့၏။

ဒီလိုနဲ့ ရာသီအလီလီကုန်ဆုံးသွားပြီးနောက် အချိန်သည် တဖြည်းဖြည်းနဲ့ ၅နှစ်ခန့်ပင် ကုန်ဆုံးသွားခဲ့သည်။ချောင်ဖုန်းတစ်ယောက်ကတော့ တစ်ကိုယ်လုံးလှုပ်ရှားခြင်း မရှိသောကြောင့် ကျောက်ရုပ်နဲ့ပင် တူနေခဲ့၏။

ရွယ်အင်ပါယာ၏ အင်အားမှာလည်း ကြောက်စရာကောင်းလာသောကြောင့် ဝေးလံသော နယ်မြေများမှ သတိထားလာကြပေသည်။

ပါးရှန်းဂိုဏ်း၏ ခြံဝင်းအတွင်းလေး တစ်ခုတွင် ကလေးလေးတစ်ယောက်သည် ချိုချဥ်လုံးလေးကို စားနေရင်း "မေမေ.......ဖေဖေက ဘယ်တော့မှ သားတို့ရှိပြန်လာမှာလဲ " ဟု မေးလိုက်၏။ ချောမောလှပသော မိန်းမလှလေးသည် သူ့သားလေးရဲ့ ခေါင်းလေးကို ပွတ်သက်လိုက်ပြီး "သိပ်မကြာတော့ပါဘူး.....သားရယ် " ဟု ပြောရင်း လူတစ်ယောက်အကြောင်းတွေးနေပါတော့သည်။

ထိုမိန်းမလှလေးကတော့ ပါးရှန်းဂိုဏ်းချုပ် ရှယုပင် ဖြစ်ပြီး ရှယုသည် "ရှင်တကယ်ပဲ.......ကျွန်မအပေါ်နည်းနည်းလေးမှ ခံစားချက်မရှိတာလား...." ဟု ဝမ်းနည်းစွာ တွေးနေခဲ့၏။

All Chapters