← Chapters

အခန်း (၁၉၂)

Vol. 14 Ch. 192

အခန်း (၁၉၂)

Vol. 14 Ch. 192

ရွယ်အင်ပါယာနန်းတော်၏ ကောင်းကင်ယံအထက်သည် ရုတ်တရက် မှောင်မဲလာခဲ့ပြီး မိုးကြိုးလျှပ်စီးများသည် တလျှပ်လျှပ် ဖြစ်ပေါ်လာခဲ့၏။ လူအများစုသည် ကျောချမ်းဖွယ်စရာ ကောင်းသော လျှပ်စီးမိုးကြိုးကြီးကို ကြည့်ကာ အံ့အားသင့်နေကြသည်။

သို့သော် နယ်မြေအနှံမှ အဆင့်မြင့်တိုက်ခိုက်ရေးသမားများကတော့ ထိုမိုးကြိုးကြီးများကို ကြည့်ကာ "အဲ့တာ ဒဏ္ဍာရီထဲမှာ ရှိတဲ့ ကပ်ဘေးအဆင့်မိုးကြိုးမလား ၊ ဘယ်ပုဂ္ဂိုလ်ကများ အနိူင်းမဲ့နယ်ပယ်အဆင့်ကို ထိုးဖောက်ဖို့ ကြိုးစားနေတာလဲ " ဟု အံ့အားသင့်စွာဖြင့် မိုးကြိုးကြီးအား ကြည့်နေကြလေသည်။

လွင်ကုံသွေသည်လည်း အံ့အားသင့်စွာဖြင့် မိုးကြိုးလျှပ်စီးကြီးကို

ကြည့်နေရင်း "ဟားဟားဟား.........ငါထင်ထားတာထက် မင်းကအများကြီး ကျော်လွန်နေတာပဲ ကြည့်ရတာ နတ်ဘုရားတစ်ပါးက ပြန်ဝင်စားတာပဲ ဖြစ်ရမယ် " ဟု ပျော်ရွင်စွာဖြင့် ပြောနေခဲ့၏။

ချောင်ဖုန်းသည် အနိူင်းမဲ့နယ်ပယ်အဆင့် ရောက်ရန် နီးကပ်လာတဲ့အခါမှတော့ အင်အားကောင်းသော မိုးကြိုးလျှပ်စီးများသည်

ကောင်းကင်ယံအထက်မှ ချောင်ဖုန်းနေသော အခန်းဆီသို့ ဦးတည်စွာ ကျရောက်လာလေသည်။

ရွယ်ချင်းသည် စိုးရိမ်စွာဖြင့် " ကိုကိုချောင်ဖုန်း.........ရှင်ဘာမှ ဖြစ်လို့မရဘူးနော်" ဟု တစ်ယောက်ထဲ တိုးတိတ်စွာ ရေရွတ်နေခဲ့၏။ အနှိုင်းမဲ့နယ်ပယ်အဆင့်ကို ထိုးဖောက်ခြင်းသည် သဘာဝကို လွန်ဆန်နေခြင်းကြောင့် ဇီဝိန်ချုပ်မိုးကြိုးစွမ်းအားဖြင့် သုံးကြိမ်တိုင်အောင် ပစ်ခွင်းခံရမည် ဖြစ်သည်။

ဇီဝိန်ချုပ်မိုးကြိုးလျှပ်စီးကြီးသည် မြွေသဏ္ဍာန်အသွင်ဖြင့် ချောင်ဖုန်းအခန်းရှိသို့ ရောက်ရှိလာခဲ့၏။ ချောင်ဖုန်းသည် ကျင့်ကြံနေချိန်အတွင်း စွမ်းအားအသုံးပြုမည်ဆိုရင် အန္တရာယ်ရှိနိုင်တဲ့အတွက် အနည်းငယ်ပင် စိုးရိမ်နေခဲ့သည်။

အင်အားအလွန်သန်မာသော ပထမဆုံး ကျရောက်လာသည့် လျှပ်စီးမိုးကြိုးကြီးသည် ချောင်ဖုန်း၏ အကာအကွယ်အစီအရင်အား ထိခိုက်မိပြီး ပေါက်ကွဲသံကြီးနဲ့အတူ ပျောက်ကွယ်သွားခဲ့၏။

ရွယ်အင်ပါယာ လူများအားလုံးသည် ပေါက်ကွဲရာမှ ထွက်ပေါ်လာသော စွမ်းအားတန်ပြန်ရိုက်ခတ်မှုနဲ့ပင် ဒဏ်ရာများ ရရှိသွားသောကြောင့် မိုးကြိုးလျှပ်စီးကြီး၏ စွမ်းအားမှာ သူတို့အသက်အား အလွယ်တကူ နှုတ်ယူနိုင်သွားမှာကို သိရှိသွားကြသည်။

ဇီဝိန်ချုပ်လျှပ်စီးစွမ်းအင်သည် သူ့ဖန်တီးထားသော အကာအကွယ်ကို တစ်ချက်ထဲနဲ့ပင် ဖျက်ဆီးနိုင်လိမ့်မည်ဟု ချောင်ဖုန်းသည် မထင်ထားပေ။ချောင်ဖုန်းသည် ရှေ့တိုးရခက် နောက်ဆုတ်ရခက် ဖြစ်သွား၏။

ချောင်ဖုန်းသည် မတက်နိုင်တဲ့အဆုံး သူ့စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး ကပ်ဘေးကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားလိုက်သည်။

ထိုချိန်မှာပဲ ပို၍ အင်အားကောင်းသော မိုးကြိုးလျှပ်စီးကြီးသည် တရှိန်ထိုး ထိုးဆင်းလာပြန်၏။

ထိုချိန်မှာပဲ ရီချုံနဲ့ရန်ယိုသည် ချောင်ဖုန်းခန္ဓာကိုယ်ထဲမှ ထွက်ခွာ၍ ကောင်းကင်ယံအထက်တွင် လျှပ်တစ်ပြက်ပေါ်လာခဲ့ပြီး "အကိုကြီး....... မင်းအောင်မြင်နိုင်မယ်လို့ ငါတို့ ယုံကြည်တယ်" ဟု ပြောလိုက်ပြီး ကျရောက်လာသော လျှပ်စီးမိုးကြိုးကြီးအား ရင်ဆိုင်လိုက်သည်။

ရီချုံနဲ့ရန်ယိုသည် ရေခဲစွမ်းအင်နဲ့မီးစွမ်းအင်ဖြင့် လျှပ်စီးမိုးကြိုးအား တိုက်ခိုက်လိုက်သော်လည်း မိုးကြိုးလျှပ်စီးကြီးသည် သူတို့၏ စွမ်းအင်များကို ဖျက်ဆီးပစ်လိုက်ပြီး သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့၏။

ထိုအခါ ဧရာမခေါင်းနှစ်လုံးနဂါးကြီးသည် အလွန်ပင်ကြောက်စရာကောင်းသော နာကျင် အော်ဟစ်သံကြီးနဲ့အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ပျောက်ကွယ်သွားလေသည်။ရီချုံနဲ့ရန်ယိုသည် သူ့ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရောက်ရှိလာပြီး သတိလစ်သွားခြင်းမျှသာ ဖြစ်သွားခဲ့၏။

ချောင်ဖုန်းသည် နောက်တစ်ခေါက်မှာ သူကိုယ်တိုင်ရင်ဆိုင်ရတော့မှာ ဖြစ်တဲ့အတွက် အသင့်ပြင်ထားလိုက်သည်။ ရွယ်ချင်းတို့သည်

ချောင်ဖုန်းနေသော အခန်းကိုသာ အဝေးကကြည့်၍ စိတ်ပူနေကြရ၏။

ကပ်ဘေးအဆင့် ကျော်ဖြတ်ချိန်တွင် ဘယ်သူတစ်ဦးတစ်ယောက်မှ ဝင်ပါခွင့် မရှိခြင်းကြောင့် ရွယ်ချင်းသည် ငြိမ်နေရခြင်း ဖြစ်ပေသည်။အားလုံးသည် တွေဝေနေချိန်မှာပဲ မိုးခြိမ်းသံကြီးနဲ့အတူ အင်အင်းကောင်းသော အပြာရောင်လျှပ်စီးတန်းကြီးသည် လျှပ်တစ်ပြက်ပင် ချောင်ဖုန်းခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့၏။

ထိုအခါ အခန်းငယ်အတွင်း နာကျင်အော်ဟစ်သံကြီး ထွက်ပေါ်၍ လာပါတော့သည်။ ရွယ်ချင်းနဲ့အတူ လူအနည်းငယ်သည် ချောင်ဖုန်းရှိသော အခန်းအတွင်းသို့ ပြေးဝင်သွားကြခဲ့၏။ အခန်းထဲတွင် ပေါက်ကွဲမှု ဖြစ်ပေါ်ထားသဖြင့် စွမ်းအားအရှိန်အဝါများ ပြင်းထန်စွာ ထွက်ပေါ်နေလေသည်။

အခန်းငယ်၏ အလယ်တွင် ရေခဲမီးတောက်ခန္ဓာကိုယ်ကြီးကို တွေ့လိုက်ရတဲ့အခါ အားလုံးသည် ကြောက်လန့်သွားကြ၏။ ရွယ်ချင်းသည် ခြေလှမ်းတဖြည်းဖြည်းချင်းသွားလိုက်ပြီး ပါးလေးကို ကိုင်ကာ "ကိုကိုချောင်ဖုန်းလား......." ဟု မေးလိုက်သည်။

ချောင်ဖုန်းသည် နောက်ဆုံးအခြေအနေမှာ ရေခဲမီးတောက် ခန္ဓာကိုယ်သည် သူ့အား အလိုအလျောက်ကာကွယ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ချောင်ဖုန်းသည် ကပ်ဘေး၏ မိုးကြိုးရိုက်ခတ်မှုနဲ့အတူ အနိူင်းမဲ့နယ်ပယ်အဆင့် ထိုးဖောက်နိုင်သွားခဲ့ပြီ ဖြစ်၏။

ချောင်ဖုန်းသည် သူ့ပါးအား ကိုင်နေသော ရွယ်ချင်းရဲ့ လက်ကလေးကို ဆုပ်ကိုင်နေပြီး "ကို့ရဲ့ မိန်းမကို စိတ်ပူအောင်လုပ်ဖို့ မရယ်ရွယ်ပါဘူး " လို့ ပြောကာ သူ့စွမ်းအားများကို ပြန်လည် ရုတ်သိမ်းလိုက်လေသည်။

ချောင်ဖုန်းရဲ့ ခန္ဓာကိုယ်သည် မူလအတိုင်း ပြန်ဖြစ်သွားမှသာ အားလုံးသည် စိတ်ချမ်းသာသွားကြ၏။ ချောင်ဖုန်းသည် ရွယ်ချင်းလက်ကို ဆုပ်ကိုင်ကာ ရွယ်အင်ပါယာနန်းတော်၏ ကောင်းကင်ယံအထက်တွင် ထွက်ပေါ်လာခဲ့ပြီး သူ့ကို စိတ်ပူပေးနေတဲ့အတွက် အားလုံးကို ကျေးဇူးတင်လိုက်လေသည်။

ရွယ်ချင်းရဲ့စွမ်းအားသည်လည်း ဝိညဥ်နယ်ပယ်အထွဋ်အထိပ်အဆင့် ရောက်ရှိသွားလိမ့်ဟု ချောင်းဖုန်းသည် မထင်ထားခဲ့ပေ။ ကလေးလေးတစ်ယောက်သည် ကောင်းကင်ယံအထက်ကို ကြည့်ကာ "မေမေ........မေမေ "ဟု မပီကလာ ပီကလာဖြင့် ခေါ်လိုက်တဲ့အခါ ထိုကလေးလေးနောက်မှ လူလေးယောက်သည် ဝမ်းရအရဖြစ်သွားကြပေသည်။

ထိုကလေးလေးကတော့ ရွယ်ချင်းနဲ့ရသော ချောင်ဖုန်း၏ သားလေးပင် ဖြစ်၏။ ချောင်ဖုန်းသည် လျှပ်တစ်ပြက်အတွင်း စုမိုတို့ ရှေ့ကို ပေါ်လာခဲ့သည်။

သူနဲ့ရုပ်အလွန်ဆင်သော ကလေးလေးတစ်ယောက်သည် လုပင်းတို့ ရှေ့တွင် ဆော့ကစားနေသဖြင့် ရွယ်ချင်းအား ကြည့်လိုက်တဲ့အခါ ရွယ်ချင်းသည် ပြုံးပျော်ရွင်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်လေသည်။

ချောင်ဖုန်းသည် သူ့သားဖြစ်မှန်းသိတဲ့အခါ ဝမ်းသာအားရဖြင့် ကလေးလေးအား ပြေးချီလိုက်၏။ ကလေးလေးသည် ချောင်ဖုန်းအား ကြောင်တောင်တောင် ကြည့်နေလေသည်။ စုမိုသည် ပြုံးစွာဖြင့် "ရီလုဖုန်း.....ဖေဖေ လို့ ခေါ်လိုက်လေ" ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် "ရီလုဖုန်း......ရီလုဖုန်း" ဟု နှစ်ခါ ရွတ်လိုက်ပြီး သဘောကျသွားခဲ့၏။ ထိုချိန်မှာပဲ ရှယုသည် လေဟာနယ်အက်ကွဲကြောင်းမှ တဆင့် ချောင်ဖုန်းတို့ရဲ့ ရှေ့ကို မိန်းမငယ်လေး တစ်ယောက်နဲ့ ထွက်ပေါ်၍ လာလေသည်။

ရှယုသည် ခေါင်းငုံ၍ လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပြုလိုက်ပြီး

"အင်ပါယာခေါင်းဆောင်ကို အရိုအသေပြုပါတယ် " ဟု ပြောလိုက်၏။ ရှယုနဲ့ အတူပါလာသော သုံးနှစ်အရွယ်မိန်းကလေးသည်လည်း ချောင်ဖုန်းနဲ့အလွန်ပင် ရုပ်ချင်းဆင်နေလေသည်။

ထိုရီရှလင်းဟုခေါ်သော ကလေးလေးသည် ရှယုရဲ့ ဂါဝန်စကို ဆွဲလှုပ်လိုက်ပြီး "မေမေ.... ဒီဦးလေးကြီးက ရှလင်းရဲ့ ဖေဖေလားဟင်" ဟု မေးလိုက်၏။ ရှယုသည် ကလေးငယ်လေးအား ခေါင်းခါပြလိုက်သည်။ချောင်ဖုန်းသည် ရီလုဖုန်းလေးအား ရွယ်ချင်းကို ပေးလိုက်သည်။

ထို့နောက် ချောင်ဖုန်းသည် ရှီရှလင်းအား "သမီးလေး......ခဏလောက် လာပါအုံး" ဟု ခေါ်လိုက်သည်။ ရှီရှလင်းလေးသည် ဝမ်းသာစွာဖြင့် ချောင်ဖုန်းရှိသို့ ပြေးလိုက်ပြီး "ဦးလေးကရော ဖေဖေနဲ့သိလားဟင် ၊ သမီးရဲ့ဖေဖေကလေ သမီးငယ်ငယ်ထဲက ဟိုးအဝေးကြီးကို ထွက်သွားတာတဲ့" ဟု ပြောလိုက်၏။

ချောင်ဖုန်းသည် ရှီရှလင်းလေးကို ချီလိုက်ပြီး "သမီးလေးရဲ့ ဖေဖေက ဘယ်လိုခေါ်လဲ ဦးလေးကို ပြောပြလေ" ဟု မေးလိုက်သည်။

ရီရှလင်းသည် "သမီးနာမည်က ရီရှလင်းပါ ၊ သမီးဖေဖေနာမည်ကတော့ ရီချောင်ဖုန်းပါ ဦလေး " ဟု ပြောလိုက်၏။

ရှယုသည် ချောင်ဖုန်းအား မျက်နှာလွဲနေခဲ့လေသည်။ ချောင်ဖုန်းကလေးမလေးအား နဖူးလေးကို နမ်းလိုက်ပြီး ခုချိန်ကစပြီး သူ့အားဖေဖေလို့ ခေါ်ရန် ပြောလိုက်သည်။ ရှယုသည် သူ့သမီးအား အသိအမှတ်ပြုမည်ဟု မထင်ထားတာကြောင့် ဝမ်းသာသွားခဲ့ပြီး မျက်ရည်များပင် ကျသွား၏။

ရွယ်ချင်းသည် အားလုံးကို သိရှိပြီးသား ဖြစ်တဲ့အတွက် ချောင်ဖုန်းအား နားလည်ပေးခဲ့သည်။ ချောင်ဖုန်းသည် ရှယုအား မဟာအင်ပါယာသို့ မပြန်တော့ဘဲ သူနဲ့အတူ ရွယ်အင်ပါယာမှာ နေဖို့ ပြောလိုက်၏။

ရှယုသည် ခေါင်းခါလိုက်ပြီး သူ့သမီးလေးကိုသာ စွမ်းအားအရင်းအမြစ်တွေသာ ထောက်ပံပေးဖို့ ပြောလိုက်သည်။ ချောင်ဖုန်းသည် ထိုကိစ္စအတွက် စိတ်မပူဖို့ ပြောလိုက်ပြီး သူသည် မကြာခင်မှာ အထက်နယ်မြေကို တက်တော့မည် ဖြစ်ကြောင်း ပြောလိုက်၏။

ရွယ်ချင်းနဲ့ရှယုသည် ချောင်ဖုန်းနဲ့ လိုက်ချင်ပေမယ့် သူ့တိုရဲ့ သားသမီးကို မခွဲနိုင်တဲ့အခါ အောက်နယ်မြေတွင်သာ ကျန်ခဲ့ဖို့ ဆုံးဖြတ်လိုက်လေသည်။

All Chapters