← Chapters

အခန်း (၁၉၃)

Vol. 14 Ch. 193

အခန်း (၁၉၃)

Vol. 14 Ch. 193

ချောင်ဖုန်းသည် သူ့မိန်းမနှစ်ယောက်နဲ့ ကလေးနှစ်ယောက်ကို ခေါ်ကာ ကောင်းကင်ယံတွင် ပျံသန်းသွားလာနေခဲ့၏။ထိုချိန်မှာ ရီချုံနဲ့ရန်ယိုသည် ပြန်လည်သတိရရှိလာခဲ့ပြီး "အကိုကြီး.......ဇီဝိန်ချုပ်မိုးကြိုးကြောင့် ငါတို့နှစ်ယောက် တော်တော်အကျိုးအမြတ်ရလိုက်တယ် " ဟု ပြောလိုက်သည်။

ရီချုံတို့သည် ပြန်လည်သတိရလာတဲ့အခါ ချောင်ဖုန်းသည် သူ့စိတ်ထဲမှာ ရှိနေသော အဆင်မပြေတစ်ခုသည် ပပျောက်သွားခဲ့၏။ ချောင်ဖုန်းသည် သူကြောင့် တစ်ပါးလူတစ်ခုခုဖြစ်မှာ မလိုလားချေ။

ချောင်ဖုန်းသည် တောင်ထိပ်တစ်ခုသို့ ရောက်တဲ့အခါ ရပ်တန့်လိုက်သည်။ ရီရှရှင်းလေးသည် " ဖေဖေ.......ဒီနေရာက ဘယ်နေရာလဲဟင် "ဟု မေးလိုက်၏။

အာမန်ဟုခေါ်သော တောင်ထိပ်သည် အောက်နယ်မြေတွင် ချီစွမ်းအင် အငွေ့အသက်အပေါများဆုံး နေရာပင် ဖြစ်သည်။ ချောင်ဖုန်းသည် ရတနာထောက်လှမ်းရေးစွမ်းအားဖြင့် အာမန်တောင်ထိပ်၏ စွမ်းအားအရင်းအမြစ် ကို ရှာဖွေတွေ့ခဲ့ဖြင်း ဖြစ်၏။

ချောင်ဖုန်းသည် ရီရှလင်းလေး၏ ခေါင်းကို ပွတ်ပေးနေရင်း ရွယ်ချင်းနဲ့ရှယုအား ယခုရောက်ရှိနေရာ၏ ချီစွမ်းအင် အငွေ့အသက်ကို ခံစားခိုင်းလိုက်သည်။

ထိုအခါ နှစ်ယောက်လုံးသည် ချီစွမ်းအင်အငွေ့အသက်စွမ်းအားကို စုပ်ယူကြည့်လိုက်တဲ့အခါ သန့်ရှင်းစင်ကြယ်ပြီးအလွန်သန်မာသော ချီစွမ်းအင်အငွေ့အသက်များကို ခံစားရလိုက်တဲ့အတွက် သူတို့ရဲ့သားသမီးများနဲ့ ကျင့်ကြံဖို့သင့်တော်ကြောင်း သိရှိလိုက် ၏။

အာမန်တောင်ထိပ်သည် အင်ပါယာတိုင်းပြည်များနဲ့ ဝေးကွာသော နေရာတွင် တည်ရှိနေသာကြောင့် သာယာငြိမ့်ညောင်းသော ကျေးဌက်အသံလေးများကို ကြားနေရသည်။ ချောင်ဖုန်းသည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး ရွယ်အင်ပါယာအလှံအား စိုက်ထူလိုက်၏။

ရီရှလင်းသည် စွမ်းအားအရှိန်အဝါများဖြင့် တောက်ပစွာ သီးနေသော မက်မွန်သီးလေး၅လုံးခန့်ကိုကို တွေ့တဲ့အခါ အတင်းပြေးသွား၍ ကြည့်လိုက်သည်။ ချောင်ဖုန်းသည် ထိုမက်မွန်သီးများတွေ့တဲ့အခါ မယုံနိုင်ပင်ဖြစ်သွား၏။

ထိုမက်မွန်သီးများသည် နှစ်တစ်ရူကြာမှသာ တစ်ကြိမ်သီးသော အသီများဖြစ်သောကြောင့် လူသားမျိုးနွယ်၏ အဖိုးမဖြတ်နိုင်သော ဆေးအမယ်မျိုးပင် ဖြစ်၏။

ချောင်ဖုန်းသည် လူအုပ်စုကြီးသည် သူတို့ရှိနေသော နေရာကို ဦးတည်လာနေသည်ဟု ခံစားရချိန်မှာ {စနစ်ရှင်အား ရန်စသူများ၏ ဒန်တျန်များကိုဖျက်ဆီး၍ အပြစ်ပေးပါ ၊ ထိုအတွက် ဒဏ္ဍာရီနတ်ဘုရားဓားနဲ့ အသွင်မဲ့ကြာပွတ်အား ဆုလာဒ်ဆောင် ရရှိပါမည် } ဟု စနစ်မှ အသံလေး ထွက်ပေါ်လာခဲ၏။

ချောင်ဖုန်းတို့သည် မက်မွန်သီးများကို ကြည့်နေစဥ်မှာပဲ လူအုပ်စုလိုက်ကြီးသည် ဓားပျံများစီးကာ အာမန်တောင်ထိပ်၏ ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့သည်။

အသက်၅၀ကျော်ရှိပြီး ပင်းယန်ဟု ခေါ်သော လူတစ်ယောက်သည် ချောင်ဖုန်းထောင်ထားသော ရွယ်အင်ပါယာ အလှံတိုင်ကို တွေ့တဲ့အခါ "သေစမ်း.........ဘယ်လိုလုပ်ပြီး ရွယ်အင်ပါယာက အာမန်တောင်ထိပ်ကို သိရှိသွားရတာလဲ " ဟု ပြောလိုက်၏။

ထိုလူအနောက်မှ ချွင်စန်းဆိုသောလူသည် "အကြီးအကဲ........ရွယ်အင်ပါယာက လူတွေဆိုတော့ ကျွန်တော်တို့ နောက်ဆုတ်သင့်လား" ဟု မေးလိုက်၏။ ထိုအခါ ပင်ယန်းသည် "နေဦး........ငါတို့ အခြေအနေကို စစ်ဆေးကြည့်မယ် " ဟု ပြောကာ ဓားပျံများ ပေါ်မှ တောင်ထိပ်ပါ်သို့ ဆင်းသက်လိုက်ကြသည်။

ယန်ပင်းသည် ချောင်ဖုန်းတို့ကို တွေ့ရှိတဲ့အခါ "မင်းတို့က ဘယ်သူတွေလဲ ၊ ဒီနေရာက ငါတို့ ကျုံးလင်စွယ်ဂိုဏ်းပိုင်နက်ဆိုတာ မသိတာလား......." ဟု မေးလိုက်၏။ ယန်ပင်းနောက်မှ လူများသည် ရွယ်ချင်းနဲ့ ရှယုကို ကြည့်ပြီး သဘောကျနေကြလေသည်။

အာမန်တောင်ထိပ်သည် အင်ပါယာတိုင်းပြည်များနဲ့ ဝေးကွာနေတာတောင် ထိုလူတွေသည် သူ့အား လာလိမ်နေတဲ့အတွက် ချောင်းဖုန်းသည် ဝင်သက်ထွက်သက် ၃ခါ အတွင်း တောင်ထိပ်ကနေ ထွက်ခွာသွားဖို့ ပြောလိုက်၏။

ကျုံးလင်စွယ်ဂိုဏ်းမှ လူများသည် မူလတွက် ရွယ်အင်ပါယာအလှံကို မြင်ကာ ကြောက်ရွံသွားကြသော်လည်း ချောင်ဖုန်းတို့ကို မြင်တဲ့အခါ သူတို့အား ဟန်ဆောင်လှည့်စားခြင်းဖြစ်မည်ဟု ထင်သွားကြလေသည်။

ချွင်စန်းသည် သူ့လက်ထဲမှကို ပွတ်သတ်လိုက်ပြီး " ကောင်စုတ်လေး........မင်းကရွယ်အင်ပါယာကအဖွဲ့ဝင်လို အယောင်ဆောင်ပြီး ငါတို့ကို ထွက်သွားစေချင်နေတာလား......" ဟု ရယ်မောစွာ ပြောလိုက်၏။

ထိုအခါ ကျန်သောသူတွေသည်လည်း ချောင်ဖုန်းအား ကြည့်ကာ လှောင်ပြောင် အော်ရယ်ကြလေသည်။ယန်ပင်းသည် လက်ဖဝါးထောင်ကာ "မင်းတို့အားလုံးတိတ်ကြစမ်း......." ဟု ပြောလိုက်၏။

အားလုံးတိတ်ဆိတ်သွားတဲ့အခါ ယန်ပင်းသည် "လူငယ်လေး........မင်းဒီနေရာကမထွက်သွားဘူးဆိုရင်တော့ ငါမင်းကို သတ်ပစ်ရလိမ့်မယ် " ဟု ပြောလိုက်ပြီး ဝိညဥ်နယ်ပယ်အဆင့် စွမ်းအရှိန်အဝါအား ထုတ်လိုက်သည်။

ချွင်စန်းသည် သူ့ဓားရှည်ချောင်းကို စွမ်းအားများပို့လွှတ်လိုက်ပြီး "အကြီးအကဲ........ဒီလိုကောင်မျိုးကို ကျွန်တော်ပဲ ရှင်းပါရစေ " လို့ ပြောလိုက်ပြီး လေပေါ်သို့ တစ်ချက်ခုန်တက်လိုက်ပြီး ဓားကို လက်နှစ်ဖက်ဖြင့် ဆုတ်ကိုင်ကာ ချောင်ဖုန်းအား ခုတ်ချလိုက်၏။

ချွင်စန်းသည် ချောင်ဖုန်းအား သတ်ပြလျှင် ကလေးနှစ်ယောက်အား အကျပ်ကိုင်၍ မိန်းမပျိုနှစ်ယောက်ကို ပိုင်ဆိုင်ဖို့ တွေးတောနေလေသည်။

ချွင်စန်းသည် ပျော်ရွင်စွာဖြင့် "နောက်ဆုံးတော့ လှပတဲ့မိန်းမပျိူနှစ်ယောက်ကို ငါပိုင်ဆိုင်ရတော့မှာပဲ....ဟားဟား" လို့ ရေရွတ်လိုက်ရင်း တိုက်ခိုက်လိုက်တဲ့ချိန်မှာ ရုတ်တရက် သူ့ရဲ့ဒန်ထျန်သည် တစ်စစီကြေမွသွားတဲ့အခါ သေမတက်နာကျင်ခံစားလိုက်ရပြီး

မြေကြီးပေါ်သို့ ပြုတ်ကျကာ လူးလိမ့်၍ အော်ဟစ်နေပါတော့သည်။

ချောင်ဖုန်းသည် ရှေ့သို့ နှစ်လှမ်းလျှောက်လိုက်ပြီး " မင်းတို့အားလုံးကို ငါအခွင့်အရေး ပေးပြီးပြီဆိုတော့ မင်းတို့လဲ လွတ်မြောက်ဖို့ မစဥ်းစားနဲ့တော့......... " လို့ ပြောလိုက်ပြီး အားလုံးရဲ့ ဒန်တျန်များကို ဖျက်စီးပစ်လိုက်၏။

ထိုအခါ အားလုံးသည် သေမတက် ကြောက်ရွံသွားကြပြီး ဓားပျံများ ထုတ်ကာ ထွက်ပြေးဖို့ လုပ်လိုက်ကြလေသည်။သို့သော် တစ်စုံတစ်ယောက်မှ မလွတ်မြောက်ခဲ့ပေ။

ချောင်ဖုန်းသည် ဒဏ္ဍာရီနတ်ဘုရားဓားနဲ့အသွင်မဲ့ကြာပွတ်ကို ရရှိလာတဲ့အခါ သူ့မျက်နှာပြင်တွင် ပြုံးပျော်ရွင်လာခဲ့သည်။

ခဏအကြာမှာတော့ ရွယ်အင်ပါယာမှ ဝိညဥ်နယ်ပယ်အဆင့် စစ်သည်တော်များရောက်ရှိလာခဲ့၏။ ချောင်ဖုန်းသည် အာမန်တောင်ထိပ်အနီးတစ်ဝိုက်နေရာများအားလုံးကို ကာကွယ်ရေးနံရံတံတိုင်းများ တည်ဆောင်ခိုင်းလိုက်သည်။

ထို့နောက် ရွယ်အင်ပါယာနဲ့ အသွားအလာပြုလုပ်နိုင်အောင် နေရာကူးပြောင်းရေး အစီအရင်များ ချခိုင်းလိုက်၏။ ရွယ်ချင်းနဲ့ရှယုသည် တစ်ဖက်တွင် သူတို့သားသမီးတွေအတွက် ပျော်ရွင်နေခဲ့ပြီး တစ်ဖက်မှာတော့ ချောင်ဖုန်းထွက်ခွာမှာကို သိ၍ ဝမ်းနည်းနေခဲ့သည်။

ချောင်ဖုန်းသည် နတ်မက်မွန်သီးများကို ခူး၍ ဒဏ္ဍာရီသွေးကြောဟုသော ဆေးလုံးအား ဖော်စပ်နေခဲ့၏။ ဒဏ္ဍာရီသွေးကြောဟု ခေါ်သော ဆေးလုံးသည် လူခန္ဓာကိုယ်အတွင်းရှိ ပိတ်ဆို့နေသော သွေးကြောများကို ငယ်ရွယ်စွာနဲ့ ပွင့်နိုင်ပြီး ကျင့်ကြံမှုကို လျင်မြန်အောင် လှုံဆော်ပေးနိုင်သော ဆေးလုံးမျိုးပင် ဖြစ်သည်။

ဆေးလုံးဖော်စပ်ပြီးတဲ့နောက်တွင် ချောင်ဖုန်းသည် အာမန်တောင်ထိပ်ပေါ်မှာပဲ သူ့မိသားစုနဲ့အတူ ရက်အနည်းငယ် ပျော်ရွင်စွာ နေထိုင်ခဲ့၏။

မနက်နေရောင်မထွက်ခင် နေ့တစ်နေ့မှာတော့ ချောင်ဖုန်းသည် တောင်ထိပ်အမြင့်ဆုံးပေါ်မှာ ထိုင်ကာ ထွက်ပေါ်လာမည့် နေမင်းကြီးအား ကြည့်နေခဲ့သည်။ ထိုချိန်ရွယ်ချင်းသည် ချောင်ဖုန်းဘေးကို ရောက်ရှိလာပြီး "ကိုကိုချောင်ဖုန်း.......အစောကြီးနိုးနေတာလား " ဟု မေးလိုက်သည်။

ချောင်ဖုန်းသည် ဆေးသတ္တာဘူးလေးနှစ်ဘူးနဲ့အတူ ဒဏ္ဍာရီနတ်ဘုရားဓားနဲ့ အသွင်မဲ့ကြာပွတ်ကို သိုလှောင်ကွင်းထဲမှ ထုတ်ပေးလိုက်၏။ ထိုအခါ ရွယ်ချင်းသည် ချက်ချင်းပင်သိရှိသွားပြီး ဝမ်းနည်းသွားခဲ့သည်။

ရှယုသည်လည်း အလွန်ဝေးကွာသော နေရာလေးမှ ချောင်ဖုန်းကို ကြည့်ကာ မျက်ရည်များကျနေခဲ့၏။ ချောင်ဖုန်းသည် ရွယ်ချင်း၏ ပါးလေးအား ဆွဲညှစ်လိုက်ပြီး သူ့အစား ကလေးတွေကို ဂရုတစိုက်ကြည့်ပေးဖို့ ပြောလိုက်ပြီး ထိုနေရာမှ ပျောက်ကွယ်သွားပါတော့သည်။

ထိုအခါ ရွယ်ချင်းသည် ဟန်ဆောင်ထားသော မျက်ရည်များ စီးဆင်း၍ ကျလာခဲ့၏။ ရှယုသည် ရွယ်ချင်းနောက်မှ ရောက်လာပြီး ဖေးမ ပေးလိုက်၍ ချော့လိုက်လေသည်။

ထို့နောက် ရွယ်ချင်းနဲ့ ရှယု ပျော်ပျော်ရွင်ရွင်နဲ့ပဲ အိပ်ပျော်နေသော ကလေးများဆီသို့ ပြန်သွားခဲ့၏။ ချောင်ဖုန်းသည် ရေခဲသူတော်စင်မြတ်နန်းတော်ကို ထပ်မံရောက်ရှိလာတဲ့အခါ အရာရာပြောင်းလဲနေတဲ့အတွက် အံ့အားသင့်နေခဲ့သည်။

ရေခဲသူတော်စင်မြတ်နန်းတော်တစ်ခုလုံးတွင် လူအရိပ်အယောင်ဟု၍ လုံးဝမရှိပေ။ထို့အပြင် နန်းတော်တစ်ခုလုံးသည် ဟောင်းနွမ်းနေပေသည်။ ချောင်ဖုန်းသည် သူနေခဲ့ဖူးသော အဖွဲ့၂၁ကို သွားရောက်ကြည့်ရှု့လိုက်၏။

ချောင်ဖုန်းနေထိုင်ခဲ့သော အဖွဲ့၂၁အဆောင်မှာလဲ လူမနေတာကြာ၍ ဖုန်မှုန့်များစွာနဲ့ ပင့်ကူမျှင်များဖြင့် ရှုပ်ပွ၍ နေပေသည်။

ချောင်ဖုန်းသည် လူတစ်ယောက်ရှိသည်ဟု ခံစားမိသွားတဲ့အခါ ထိုနေရာသို့ လျှပ်စီးအလျင်ဖြင့် ချက်ချင်း ပြေးသွားခဲ့၏။

All Chapters