အခန်း (၁၉၄)
Vol. 14 Ch. 194
လူတစ်ယောက်သည် သစ်ပင်အောက်တွင် ကြွေကျနေသော သစ်ရွက်များအား တံမြတ်စည်းဖြင့် လှဲနေခဲ့၏။ ချောင်ဖုန်းသည် ထိုလူအား ယဥ်ယဥ်ကျေးကျေးပင် နှုတ်ဆက်လိုက်ပြီး ရေခဲသူတော်စင်မြတ်နန်းတော်ရှိ လူများ ပျောက်ဆုံးနေတဲ့အကြောင်း မေးမြန်းလိုက်သည်။
ထိုအခါ တံမြတ်စည်းလှဲနေသောလူသည် ချောင်ဖုန်းကို သေချာကြည့်လိုက်ပြီး "မင်းက ဘယ်သူလဲ........ရေခဲသူတော်စင်မြတ်က လူတွေ ပျောက်ဆုံးသွားတာ မင်းနဲ့ဘာဆိုင်လို့လဲ" ဟု ခပ်မာမာပင် ပြောလိုက်၏။
ချောင်ဖုန်းသည် ရေခဲသူတော်စင်မြတ်နန်းတော်၏ ဂိုဏ်းချုပ်အမိန့်ပြားကို ထုတ်ပြလိုက်သည်။ ထိုအခါ တံမြတ်စည်းလှည်းနေသောသူသည် တံမြတ်စည်းအား လွှတ်ချလိုက်ပြီး ခေါင်းနဲ့မြေကြီးဆောင့်ကာ ချောင်ဖုန်းအား တောင်းပန်နေခဲ့၏။
ချောင်ဖုန်းသည် ထိုလူအား ထခိုင်းလိုက်ပြီး ဖြစ်ပျက်သွားသော အကြောင်းအရာများကို ပြောခိုင်းလိုက်သည်။ ထိုလူသည် တုန်ယင်စွာဖြင့် သူသိသော အကြောင်းအရာများအားလုံးကို ပြောပြလိုက်၏။
ရေခဲသူတော်စင်မြတ်နန်းတော်ရှိ လူများသည် သူတို့ ဂိုဏ်းများတွင် အန္တရာယ်ကျရောက်လာခြင်းကြောင့် ဂိုဏ်းအသီးသီးသို့ ပြန်သွားခဲ့ကြခြင်းပင် ဖြစ်သည်။
ထို့အပြင် သူတို့ဂိုဏ်းများကို တိုက်ခိုက်သော ဂိုဏ်းသည် တစ်ဂိုဏ်းထဲပင်ဖြစ်ပြီး ထိုဂိုဏ်းရဲ့ အင်အားသည် အလွန်အားကောင်းတဲ့အတွက် ရေခဲသူတော်မြတ်နန်းတော်ရှိ ဂိုဏ်းခွဲများအားလုံး စုပေါင်း၍ တိုက်ခိုက်နေကြတဲ့ အကြောင်း ရှင်းပြလိုက်၏။
ရေခဲသူတော်မြတ်နန်းတော်ရှိ အင်အားသည် အင်ပါယာတစ်တိုင်းပြည်လောက် ရှိတာတောင် ထိုဂိုဏ်းကို ရင်ဆိုင်ရခက်နေလိမ့်မည်ဟု ချောင်ဖုန်းသည် မထင်ထားပေ။ ချောင်ဖုန်းသည် တိုက်ပွဲ ဖြစ်ပွားနေသော နယ်မြေ၏ တည်နေရာအား ထိုလူကို မေးမြန်းလိုက်လေသည်။
ချောင်ဖုန်းသည် တည်နေရာကို သိရှိတာနဲ့ ထိုလူရဲ့ ရှေ့မှ ချက်ချင်းပျောက်ကွယ်သွားခဲ့၏။ရေခဲသူတော်စင်မြတ်နန်းတော်ရှိ ဂိုဏ်းခွဲများ၏ ဂိုဏ်းချုပ်များနဲ့အကြီးအကဲများသည် ချွီလီဟုခေါ်သောနန်းတော်တစ်ခု၏ အခန်းထဲတွင် စိတ်ပျက်လက်ပျက်ဖြင့် ထိုင်နေခဲ့ကြသည်။
ချွီလီနန်းတော်ရဲ့ အပြင်ဘက်တွင် ဝိညဥ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမား များစွာတို့သည် ကင်းလှည့်ကာ စောင့်ကြည့်နေကြ၏။
ချွီလီနန်းတော်၏ မိုင်တစ်ရာအကွာတွင် များစွာသော ဝိညဥ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားတို့သည် အမှောင်ယံအတွင်းမှ
လျင်မြန်စွာ ပျံသန်းလာနေခဲ့သည်။
ခဏအတွင်းမှာ တခြားတစ်ဖက်မှ ဝိညဥ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားများနဲ့ နတ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားများသည် လေဟာနယ်အက်ကွဲကြောင်းမှ တဆင့် ချွီလီနန်းတော်၏ ကောင်းကင်ယံအထက်တွင် လူအယောက်ပေါင်းများစွာသည် တစ်ယောက်ပြီး တစ်ယောက် ပေါ်လာခဲ့၏။
ချွီလီ နန်းတော်နဲ့ ပေ၂၀လောက်သော ဝေးသော အမှောင်ထုထဲတွင် လူတစ်ယောက်သည် ငြိမ်သက်စွာဖြင့် စောင့်ကြည့်နေလေသည်။
နန်းတော်အပြင်ဘက်တွင် တိုက်ခိုက်ရေးသမားများထွက်ပေါ်လာတဲ့အခါ ကင်းစောင့်နေသောအဖွဲ့သည် သူတို့၏ ကိုယ်ပိုင်လက်သီးစွမ်းအားဖြင့် ပြင်းထန်သောအသံလှိုင်းစွမ်းအင်ကို ထုတ်လွှတ်ပေးသော ကြေးခေါင်းလောင်းကြီးအား ရိုက်ချလိုက်၏။
ပြင်းထန်သော အချက်ပေး ခေါင်းလောင်းသံကြီး ထွက်ပေါ်လာတဲ့အခါ ချွီလီနန်းတော်အတွင်းရှိ အကြီးအကဲများသည် တိုက်ခိုက်ဖို့ အသင့်ပြင်ထားရန် အားလုံးကို အမိန့်ပေးလိုက်သည်။
ချွီလီနန်းတော်၏ မြေပြင်တွင် တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေသော လူများစွာသည် လက်နက်ကိုယ်စီကိုင်ကာ ထွက်ပေါ်လာခဲ့၏။
ချွီလီနန်းတော်ကို တိုက်ခိုက်ရန်လာသော များစွာသော စစ်သည်တော်တို့သည် ရောက်ရှိတာနဲ့ ချွီလီနန်းတော်၏ အကာအကွယ်အစီအရင်ကို ဖျက်ဆီးနေကြသည်။ အဖြူရောင် အကာအကွယ်အစီအရင်ကြီးသည် တဖြည်းဖြည်း အက်ကွဲကြောင်းရာများ ပေါ်ထွက်လာပြီး နောက်ဆုံးမှာတော့ လုံးဝပျက်ပြယ်သွားခဲ့၏။
ထိုအခါ ချွီလီနန်းတော်ရှိ တိုက်ခိုက်ရေးသမားများသည် သူတို့၏ တိုက်ခိုက်ရေး စွမ်းအားအရှိန်အဝါများကို ထုတ်လွင့်ပြီး လေပေါ်သို့ တရှိန်ထိုး ပျံသန်းတက်လာကြသည်။
ချွီလီနန်းတော်၏ ကောင်းကင်ယံအထက်တွင် ရေခဲပြာရောင် ဝတ်စုံနဲ့ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော တိုက်ခိုက်ရေးသမားများသည် တိုက်ခိုက်ရေးစွမ်းအားအရှိန်အဝါတောက်ပစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ပြေးဝင်တိုက်ခိုက်လိုက်ကြ၏။
သို့သော် ထိုချိန်မှာ အမှောင်ထုထဲမှာ ရှိသော လူတစ်ယောက်သည်လျှပ်တစ်ပြက်အတွင်းပင် နှစ်ဖက်ကြားကို ရောက်ရှိလာတဲ့အခါ အားလုံးသည် အံ့အားသင့်သွားကြသည်။ လူတစ်ယောက်သည် ဝေါယာဥ်ပျံတစ်ခုကနေ အိပ်နေရာမှ ချောင်ဖုန်းကို မြင်သွားတဲ့အခါ ဝမ်းသာသွားခဲ့ပြီး "အဖိုးပြောတာ မှန်တာပဲ ၊ တချို့အရာတွေက ကံကြမ္မာနဲ့ပဲသက်ဆိုင်တယ် "ဟု ပြောလိုက်၏။
ထိုလူကတော့ အထွပ်အမြတ်ရတနာဂိုဏ်းမှ ကျူးခွမ်ပင် ဖြစ်သည်။
ကျူးခွမ်ရဲ့ အဖိုးသည် အနိူင်းမဲ့နယ်ပယ်အဆင့်ကပင် ဖြစ်ပြီး အထက်နယ်မြေမှ အကြီးအကဲတစ်ယောက်ပင်ဖြစ်သည်။ ကျူးခွမ်သည် သူ့အဖိုးကြောင့် ယခုလို အခြေအနေကို ရောက်ရှိလာခြင်းပင် ဖြစ်၏။
တစ်ဖက်တွင်လဲ ရေခဲသူတော်စင်မြတ်နန်းတော်တွင် ချောင်ဖုန်းကို တွေ့ရှိသွားတဲ့ အကြီးအကဲများသည် ချက်ချင်းပင် ဒူးထောက်သွားကြပြီး "ရေခဲသူတော်စင်မြတ်နန်းတော်ခေါင်းဆောင်အား အရိုအသေပေးပါတယ် " ဟု ပြိုင်တူပြောဆိုလိုက်ပြီး ဂါဝါရပြုလိုက်ကြသည်။
ထိုအခါ ချွီလီနန်းတော်မှ ကျန်ရှိသေးသော လူများအားလုံးသည် ကြောင်တောင်တောင် အတတဖြစ်သွားကြပြီး အကြီးအကဲများကဲ့သို့ လိုက်လံပြောဆိုကာ ချောင်ဖုန်းအား ဂါဝါရပြုလိုက်ကြ၏။ ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြကာ အားလုံးကို အသိအမှတ်ပြုလိုက်ပြီး ပြန်ထခိုင်းလိုက်သည်။
ရေခဲသူတော်မြတ်နန်းတော်၏ အမဲလိုက်အဖွဲ့၂၁၏ ကျူနန် ၊ ဝမ်ဖန် ၊ ဝမ်မူ နဲ့ ဟီရှဲတို့သည် သူတို့ရဲ့အဖွဲ့ဝင်တစ်ယောက်သည် ရေခဲသူတော်မြတ်နန်းတော်၏ ခေါင်းဆောင်ဖြစ်နေတဲ့အတွက် ဂုဏ်ယူ၍ မဆုံးဖြစ်နေခဲ့၏။
ကျူးခွမ်သည် ပေါက်ကွဲစွာဖြင့် သူ့လက်ဖဝါးထဲမှ ဖန်ခွက်အား ဖိချေပစ်လိုက်ပြီး "ရီချောင်ဖုန်း......ရီချောင်ဖုန်း ၊ ဒီတစ်ခါတော့ ငါမင်းကို လုံးဝအလွတ်မပေးနိုင်ဘူး " ဟု ဆုံးဖြတ်ချလိုက်၏။
ချောင်ဖုန်းသည် ချွီလီနန်းတော်၏ အရှင်သခင်မှန်း သိသွားတဲ့အခါ ကျူးခွမ်အဖွဲ့ ရှိလူများသည် ထပ်မံတိုက်ခိုက်ဖို့ ဟန်ပြင်လိုက်သည်။
ထိုအချိန်တွင် စနစ်မှ ချောင်ဖုန်းအား တာဝန်ပေးအပ်ပါတော့၏။
{အထက်နယ်မြေမှ ကျူးကျော်လာသော တိုက်ခိုက်ရေးသမားများအားလုံးကို သတ်ဖြတ်ပါ ၊ ထိုအတွက် စနစ်ရှင်သည် ဆန်းကြယ်သော နယ်မြေတစ်ခုကို ထပ်မံအပိုင်ရရှိမည် ဖြစ်ပါသည်}
သူရှေ့တွင် ရှိနေသော လူများမှာ အထက်နယ်မြေမှ လူများဖြစ်နေလိမ့်မည်ဟု ချောင်ဖုန်းသည် မထင်ထားပေ။ ချောင်ဖုန်းသည် အထက်နယ်မြေတွင် နယ်မြေနှစ်ခုကိုတောင် အပိုင်ရရှိမှာဖြစ်တဲ့အတွက် ရင်ထဲမှာ ကြိတ်ပျော်နေသော်လည်း တည်ငြိမ်စွာနဲ့ပဲ သူ့လူတွေ အားလုံးကို နောက်ဆုတ်ဖို့ အမိန့်ပေးလိုက်၏။
အားလုံးသည် ချောင်ဖုန်းစကားကို နားမထောင်ပဲ မနေရဲပေ။ ချွီလီနန်းတော်မှ လူများ နောက်ဆုတ်သွားတဲ့အခါ ကျူးခွမ်သည် ကြိတ်ပျော်သွားလေသည်။ ကျူးခွမ်သည် သူ့ဘေးနားမှ စောင့်ရှောက်ပေးနေသော ဝိညဥ်နယ်ပယ်အထွဋ်အထိပ်ကျင့်စဥ်သမား၄ယောက်အား ချောင်ဖုန်းအား သတ်ဖြတ်ခိုင်းလိုက်၏။
ထိုအခါ အသက်အရွယ် အိုမင်းနေသော အဖွားအိုလေးယောက်သည် ချောင်ဖုန်းရှေ့ရှိ လေဟာနယ်အက်ကွဲကြောင်းမှ ထွက်ပေါ်လာပြီး သူတို့၏ စွမ်းအားများကို လက်ဖဝါးတွင် စုစည်းလိုက်ကာ ချောင်ဖုန်းအား ရိုက်ချလိုက်လေသည်။
သို့သော် ထိုလက်ဖဝါးရိုက်ချက်များသည် ချောင်ဖုန်းအား အနည်းငယ်တောင် ထိခိုက်မှု မရှိပေ။အားလုံးသည် အံ့အားသင့်စွာဖြင့် ထိုမြင်ကွင်းအား မျက်တောင်မခက် ကြည့်နေကြ၏။ ကျူးခွမ်သည် အဖွားအိုလေးယောက်မှ အားလုံးကို စနောက်နေသလားဟု ထင်ထားခဲ့သည်။
ချောင်ဖုန်းသည် သူ့လက်ဖဝါးများကို စုစည်းလိုက်တဲ့အခါ အဖွားအိုလေးယောက်သည် မကောင်းသောအန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရတဲ့အတွက် နောက်သို့ ပြန်ဆုတ်ဖို့ လေဟာနယ်အက်ကွဲကြောင်းကို ဖွင့်ဟလိုက်၏။
အဖွားအိုလေးယောက်လုံးသည် လေဟာနယ်အက်ကွဲကြောင်းကို ဖွင့်မရတဲ့အခါ ထိပ်လန့်စွာဖြင့် "လေဟာနယ်ပိတ်လှောင်ခြင်းလား......" ဟု ချောင်ဖုန်းအား ကြည့်ရင်း ပြောလိုက်သည်။ အဖွားအို လေးယောက်သည် သူတို့ ရှေ့မှ ရှိနေသော လူငယ်လေးတစ်ယောက်သည် အနိူင်းမဲ့နယ်ပယ်အဆင့်ကို ရောက်ရှိနေလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ၏။
လေဟာနယ်ကို ထိန်းချုပ်ဖို့ဆိုရင် အနိူင်းမဲ့နယ်ပယ်အဆင့်မှသာ ပြုလုပ်နိုင်ခြင်းဖြစ်ပေသည်။
အဖိုးအိုလေးယောက်သည် အခြေအနေမကောင်းမှန်းသိတဲ့အခါ ချက်ချင်း ဒူးထောက်လိုက်၍ ခေါင်းအား လုံးဝငုံထားပြီး"အကြီးအကဲမှန်းမသိလို့ ကျွန်မတို့ တိုက်ခိုက်မိတာပါ ၊ ကျွန်မတို့ကို ခွင့်လွှတ်ပေးပါ " ဟု အဆက်မပြတ်တောင်းပန်နေလေသည်။
သို့သော် ချောင်ဖုန်းသည် အဖွားအို၄ယောက်လုံး၏ စွမ်းအားများကို ချိတ်ပိတ်လိုက်ပြီး ယင်ယန်သတ်ဖြတ်ခြင်း ကျင့်စဥ်ဖြင့် စွမ်းအားများအားလုံးကို စက္ကန့်ပိုင်းအတွင်းပဲ စုပ်ယူလိုက်၏။
ဝိညဥ်နယ်ပယ်အထွဋ်အထိပ်ရှိသော တိုက်ခိုက်ရေးသမားလေးယောက်၏ ခန္ဓာကိုယ်များသည် အစအနပင် မကျန်ပျောက်ကွယ်သွားခဲ့၏။ ထိုမြင်ကွင်းကို မြင်သောသူတိုင်းသည် အသက်ရှုဖို့ပင် ခက်ခဲသွားကြလေသည်။