အခန်း (၁၉၅)
Vol. 14 Ch. 195
ကျူးခွမ်သည် အားလုံးကို နောက်ဆုတ်ရန် အော်ဟစ်လိုက်၏။ သို့သော် များစွာသော ဝိညဥ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားများသည် ချောင်ဖုန်း၏ ယင်ယန်သတ်ဖြတ်ခြင်း ကျင့်စဥ်အောက်တွင် တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြလေသည်။
ကျူးခွမ်သည် ကြောက်လန့်တကြား ထွက်ပြေးဖို့ ကြံစည်လိုက်သော်လည်း ချောင်ဖုန်းသည် သူ့ရှေ့ကို လျှပ်တစ်ပြက်ပေါ်လာခဲ့ပြီး "မတွေ့တာကြာပြီနော်.......စီနီယာအကို " ဟု ပြုံးပြ၍ နှုတ်ဆက်လိုက်၏။
ကျူးခွမ်ကတော့ တုန်လှုပ်ခြောက်ခြားစွာဖြင့် လက်ညိုးထိုးကာ "မင်း....မင်းငါ့ကို သတ်လို့မရဘူးနော် ၊ မဟုတ်ရင် ငါရဲ့ဘိုးဘေးက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး " ဟု ချောင်ဖုန်းအား ခြိမ်းခြောက်လိုက်သည်။
ချောင်ဖုန်းသည် တည်ငြိမ်စွာနဲ့ပဲ " စီနီယာအကို........ငါ့က ဘာလို့ မင်းကို သတ်ဖြတ်ရမှာလဲ ၊ ကြည့်ရတာ စီနီယာအကိုရဲ့ ဘိုးဘေးက အထက်နယ်မြေကပဲမလား......" ဟု မေးလိုက်၏။
ထိုအခါ ကျူးခွမ်သည် ကြောက်ရွံစိတ်ပျောက်သွားပြီး "မင်းလဲအထက်နယ်မြေကို သိနေတာလား ၊ ချောင်ဖုန်း......ငါသာအထက်နယ်မြေရောက်ရင် မင်းကို နေရာကောင်းရဖို့ ငါအာမခံတယ် ....."ဟု ပြောလိုက်သည်။
ချောင်ဖုန်းသည် "တကယ်လားစီနီယာအကို........စီနီယာရဲ့ဘိုးဘေးက ဘယ်သူများလဲ " ဟု မေးလိုက်၏။ ထိုအခါ ကျူးခွမ်သည် သူ့ကိုယ်သူ ဂုဏ်ယူစွာဖြင့် သူ့ဘိုးဘေးအကြောင်း ပြောပြလိုက်၏။ ကျူးခွမ်ရဲ့ ဘိုးဘေးသည် အထပ်နယ်မြေကို အုပ်ချုပ်နေသော ကျင့်ကြံသူများထဲတွင် ဒုတိယအကြီးဆုံး ရာထူးကို ရရှိထားသော လုံရှန်းပင် ဖြစ်ပေသည်။
ကျူးခွမ်ရဲ့ ဘိုးဘေးသည် အလွန်မြင့်မားသော အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်နေလိမ့်မည်ဟု ချောင်ဖုန်း မထင်ထားပေ။
ကျူးခွမ်သည် အားရပါရ ပြောပြီးနောက် "ငါတို့ အထက်နယ်မြေကို ပြန်တွေ့ကြတာပေါ့" လို့ပြောကာ ထွက်ခွာသွားဖို့ လုပ်လိုက်၏။
သို့သော် ကျူးခွမ်သည် သူတစ်ကိုယ်လုံးအား ထိန်းချုပ်လို့ မရတော့ပဲ ချောင်ဖုန်းကြည့်နေရင်း "မဟုတ်ဘူး......မဟုတ်ဘူး " လို့ ပြောကာ ပေါက်ကွဲထွက်၍ သေဆုံးသွားလေသည်။
{ဂုဏ်ယူပါတယ် စနစ်ရှင်သည် ပင်လယ်မီးလှိုင်းနယ်မြေကို ထပ်မံပိုင်ဆိုင်သွားပါပြီ }
ချောင်ဖုန်းရဲ့ အသိဉာဏ်ပင်လယ်ထဲသို့ နောက်ထပ် လေဟာနယ်အက်ကွဲကြောင်းတစ်ခု ရောက်ရှိလာခဲ့၏။ ချွီလီနန်းတော်ရှိ လူများအားလုံးသည် ချောင်ဖုန်းအား ကြောင်ကြည့်နေကြလေသည်။
သူတို့သည် ဘာမှတောင်မလုပ်လိုက်ရသေးခင်မှာ ကြောက်စရာကောင်းသော တပ်ဖွဲ့ကြီးသည် ချောင်ဖုန်းလက်အောက်မှာ စက္ကန့်ပိုင်းအတွင်း သေဆုံးသွားတဲ့အတွက် အိပ်မက်မက်နေသလားဟု ထင်သွားခဲ့ကြသည်။ ချောင်ဖုန်းသည် သူ့တာဝန်ပြီးသွားပြီ ဖြစ်၍ ထိုနေရာမှ ပြန်လည်ထွက်ခွာသွားခဲ့၏။
အထက်နယ်မြေ၏ အဖြူအိုးလေးတစ်လုံးရှေ့တွင် အဖိုးအိုတစ်ယောက်သည် "သေစမ်း......တော်တော်အသုံးမကျတဲ့ကောင်တွေပဲ ၊ ကြည့်ရတာ ဒီကိစ္စကို ငါဆရာကြီးကိုတိုင်ပင်သင့်ပြီထင်တယ် "လို့ ရေရွတ်ကာ သူ့ကျင့်ကြံမှုကို ရပ်နားကာ ဂူအပြင်သို့ ထွက်ခွာလာခဲ့၏။
ချောင်ဖုန်း ထွက်ခွာသွားပြီးနောက် သတင်းထောက်လှမ်းသော အဖွဲ့သည် ချောင်ဖုန်းနဲ့ ပက်သက်သော အကြောင်းစုံကို အားလုံးအား ရှင်းပြလိုက်သည်။ထိုအခါ သီးသန့်နေလေ့ရှိသော ရေခဲသူတောင်စင်မြတ်နန်းတော်သည် ထိုနေ့မှ စ၍ ရွယ်အင်ပါယာဘုရင်၏ လက်အောက်ခံနန်းတော်တစ်ခုဖြစ်ကြောင်း ကြေညာလိုက်၏။
သို့ဖြစ်၍ ရွယ်အင်ပါယာရဲ့ အင်အားသည် တဖြည်းဖြည်း ကြောက်စရာကောင်းလာသလို စီးပွားရေးနဲ့ မှော်အဂ္ဂိရတ်ဆေးပညာရပ်မှာလဲ အလွန်ပင် အချက်အချာ ကျလာသော အင်ပါယာတစ်ခု ဖြစ်လာခဲ့ပြီး အင်ပါယာအစုံမှ လာရောက်ကြပေသည်။
ချောင်ဖုန်းသည် ရေခဲသူတော်စင်မြတ်နန်းတော်၏ အခန်းတစ်ခန်းထဲတွင် သူရရှိထားသော ကျင့်ကြံခြင်းစွမ်းအားများကို ဒန်ထျန်အတွင်းသို့ စုပ်ယူနေခဲ့၏။ ချောင်ဖုန်းသည် သူ့စွမ်းအားများ တည်ငြိမ်သွားတဲ့အခါမှသာ သူ့မျက်လုံးတစ်စုံမှာ ပြန်ပွင့်လာခဲ့သည်။
ထို့နောက် ချောင်ဖုန်းသည် အထက်နယ်မြေသို့ တက်ရန် အမိန့်တံဆိပ်ပြားကို ထည့်၍ လေဟာနယ် ပြင်ပေါက်ကို အသက်သွင်းလိုက်၏။
ထိုအခါ အဖြူရောင်စွမ်းအင်အလင်းလုံးများ စုဝေးနေသော လေဟာနယ်ပြင်ပေါက်တစ်ခု ထွက်ရှိလာခဲ့သည်။ချောင်ဖုန်းသည် အထဲသို့ ပျံတန်းဝင်လိုက်၏။ စက္ကန့်ပိုင်းအတွင်းမှာပဲ ချောင်ဖုန်းသည် လေဟာနယ်အက်ကွဲကြောင်း၏ တခြားတစ်ဖက်သို့ ရောက်ရှိလာခဲ့သည်။
ချောင်ဖုန်းသည် လှေကားထစ်ဆယ်ထပ်ကို တွေ့လိုက်ပြီး လှေကားထစ် ၁၀ထပ်၏ အပေါ်တွင် ပိတ်ထားသော တံခါးပေါက် သုံးခုတောင် ရှိနေခဲ့၏။ ထိုတံခါးပေါက်တိုင်းတွင် လူ ၂ယောက်စီ စောင့်နေခဲ့ကြသည်။
ချောင်ဖုန်းသည် ထိုလှေကားထစ်ဆယ်ထပ်အား သာမာန်အတိုင်းပင် တက်လာခဲ့၏။ ထိုအခါ တံခါးစောင့်နေသော လူများသည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ကြောင်အသွားကြပြီး ဒူးတစ်ဖက်စီ ထောက်လိုက်ကြ၏။
အောက်နယ်မြေမှ ရောက်ရှိလာသော ကျင့်ကြံသူထဲတွင် လှေကားထစ်သုံးထပ်ကိုသာပင် တက်နိုင်ဖို့ခက်ခဲသောကြောင့်ပင် ဖြစ်သည်။ချောင်ဖုန်းသည် ၁၀ထပ်ကို တက်နိုင်သဖြင့် အနိူင်းမဲ့နယ်ပယ်အဆင့်ကျင့်ကြံသူဟု သိရှိသွားကြခြင်းဖြစ်၏။
ချောင်ဖုန်းသည် လှေကားထစ်အပေါ်သို့ ရောက်တဲ့အခါ ပထမတံခါးပေါက်သည် အလိုအလျောက် ပွင့်သွားခဲ့သည်။ ချောင်ဖုန်းသည် ပျံသန်းဝင်သွားတဲ့အခါ သူတွေ့ခဲ့ဖူးသော ရေခဲသူတော်စင်မြတ်နန်းတော်၏ ဘိုးဘေးယွီရှန်ဟွာကို တွေ့ရှိသွားခဲ့သည်။
ယွီရှန်ဟွာသည် ချောင်ဖုန်းကို တွေ့လိုက်တဲ့အခါ ဝမ်းသာ၍ သွားပြီး " နောက်ဆုံးတော့ မင်းရောက်ရှိလာပြီ........"ဟု ပြောလိုက်၏။ယွီရှန်ဟွာသည် ချောင်ဖုန်းရဲ့ကျင့်ကြံမှုစွမ်းအားကိူ စစ်ဆေး၍ မရတဲ့အခါ မယုံကြည်နိုင်ဖြစ်သွားသည်။
ယွီရှန်ဟွာသည် ချောင်ဖုန်းအား ထိုင်ခုံတစ်ခုမှာ ထိုင်ခိုင်းလိုက်ပြီး အထက်နယ်မြေနဲ့ ပက်သက်သော အကြောင်းအရာများကို ရှင်းပြခဲ့၏။ အထက်နယ်မြေတွင် နယ်မြေ၇ခုသာ ရှိပြီး ထိုနယ်မြေ၇ခုကို အနိူင်းမဲ့နယ်ပယ်အဆင့် ကျင့်ကြံသူ၅ယောက်ကသာ အုပ်ချုပ်ထားခြင်းဖြစ်သည်။
အချို့သောကျင့်ကြံသူများသည်လည်း အထက်နယ်မြေတွင် လုံးဝပျောက်ဆုံးသွားတဲ့အကြောင်း ပြောပြလိုက်သည်။
ယွီရှန်ဟွာသည် အကြီးအကဲ ၅ယောက်ထဲတွင် အနိူင်းမဲ့နယ်ပယ်အစောပိုင်းအဆင့်၌သာ ရှိပြီး အင်အား အနည်းဆုံး ဖြစ်၏။ အုပ်ချုပ်သူ ၅ယောက်တွင် ၂ယောက်သည် နတ်ဘုရားဖြစ်ရန် ကျင့်ကြံနေသည် မှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်သည်။
ကျန်သောသုံးယောက်သည် နယ်မြေ၇ခုအား ပိုင်ခြား၍ ကာကွယ်အုပ်ချုပ်နေရခြင်းဖြစ်၏။ ချောင်ဖုန်းသည် လက်နှစ်ဖက်ဆုပ်လိုက်ပြီး "အကြီးအကဲ.......အထက်နယ်မြေကနေ အောက်နယ်မြေကိုအလွယ်တကူ ပြန်ဆင်းသက်လို့လွယ်တာလား " ဟု မေးလိုက်သည်။
ထိုအခါ ယွီရှန်ဟွာသည် ချောင်ဖုန်းပြောချင်တာကို ရိပ်မိသွားပြီး "မင်းဒီကို မလာခင်မှာ အထက်နယ်မြေက လူတွေနဲ့ တွေ့ခဲ့တာလား......." လို့ ခန့်မှန်း၍ မေးလိုက်၏။ ချောင်ဖုန်းသည်
ဒီကို မလာခင် ရက်ပိုင်းအတွင်းမှာပဲ အထက်နယ်မြေမှ များစွာသော ဝိညဥ်နယ်ပယ်အဆင့် ကျင့်ကြံသူများသည် အောက်နယ်မြေတွင် ထွက်ပေါ်လာတဲ့အကြောင်း ပြောပြလိုက်လေသည်။
ယွီရှန်ဟွာသည် ဒေါသထွက်သွားပြီး စိတ်စွမ်းအင်လှိုင်းဖြင့် လူတစ်ယောက်အား သတင်းပို့လိုက်၏။ ထိုအခါ အဖြူရောင်ဝတ်စုံဖြင့် ခမ်းနားထည်ဝါသော လူတစ်ယောက်သည် ချောင်ဖုန်းတို့ရှေ့တွင် လျှပ်တစ်ပြက် ပေါ်လာခဲ့ပေသည်။
ထိုလူကတော့ အနိူင်းမဲ့နယ်ပယ်အလယ်အလတ်အဆင့်ကို ရောက်ရှိနေသော လျူဖုန်းပင် ဖြစ်၏။ ယွီရှန်ဟွာသည် အထက်နယ်မြေမှ လူများ အောက်နယ်မြေတွင် ပေါ်ထွက်လာတဲ့အကြောင်း ပြောပြလိုက်သည်။
ချောင်ဖုန်းသည် လျူဖုန်းဆိုတာ သိရှိသွားတဲ့အတွက် ခေါင်းငုံ၍ အရိုအသေပြုလိုက်၏။ လျူဖုန်းသည် နတ်ဆိုးနယ်မြေရှိ တိုက်ခိုက်ရေးသမားများစွာ ပျောက်ဆုံးသွားသည်ကို သတင်းရရှိထားတဲ့အကြောင်းပြောပြလိုက်သည်။
လျူဖုန်းနဲ့ ယွီရှန်ဟွာသည် ထိုကိစ္စကို ဘယ်သူမှ ပြန်မပြောဖို့ ချောင်ဖုန်းကို သတိပေးထား၏။ အထက်နယ်မြေကို ရောက်ရှိသောကျင့်ကြံသူတိုင်းသည် အပြစ်ဒဏ်ပေးခံရမှသာ အောက်နယ်မြေသို့ သွားရောက်၍ တာဝန် ထမ်းဆောင်ရခြင်းဖြစ်ပေသည်။
ထို့နောက် ယွီရှန်ဟွာသည် သူ ကာကွယ်အုပ်ချုပ်ရတဲ့ ရေခဲစွယ်နယ်မြေရဲ့ ပြသာနာများကို လိုက်လံဖြေရှင်းပေးဖို့ စေခိုင်းလိုက်သည်။ အထက်နယ်မြေ၇ခု ကျင့်ကြံသူများသည် အောက်နယ်မြေထက်ပင် ပို၍ ဆိုးသွမ်းနေပေသည်။
ထိုအခါ ချောင်ဖုန်းသည် ယွီရှန်ဟွာ ထည့်ပေးလိုက်သော လူ၂ယောက်နဲ့အတူ ရေခဲစွယ်နယ်မြေသိူ့ လေဟာနယ်အက်ကွဲကြောင်းမှတဆင့် ခဏအတွင်း ရောက်ရှိလာခဲ့၏။ ရှုဟန်သည် ရေခဲအစွယ်နယ်မြေနဲ့ ပက်သက်သောအကြောင်းအရာများ အချို့ကို ရှင်းပြလိုက်သည်။
ရေခဲအစွယ်နယ်မြေတွင် အကြီးအကဲမုဖုံရဲ့ မျိုးနွယ်များရှိတဲ့အတွက် ထိုမျိုးနွယ်စုကို ထိန်းချုပ်ရခက်ခဲ၏။ အကြီးအကဲမုဖုံဆိုသည်မှာ နယ်မြေ၇ခုကို အုပ်ချုပ်နေသော အကြီးအကဲတစ်ယောက်ပင် ဖြစ်ပြီး အကြီးအကဲလျူဖုန်းနဲ့ အရည်အချင်း တူညီသော တစ်ယောက်ဖြစ်သည်။
ချောင်ဖုန်းသည် ရေခဲအစွယ်နယ်မြေသို့ ရောက်ရောက်ချင်းမှာပဲ လူနှစ်ယောက်သည် အပြင်းအထန် တိုက်ခိုက်နေကြောင်း တွေ့လိုက်ရ၏။ ချောင်ဖုန်းတို့၃ယောက်ကို မြင်တဲ့အခါ လူအုပ်ကြီးထဲမှ ယောကျာ်းသားတစ်ယောက်သည် "ဟိုမှာ ကာကွယ်စောင့်ရှောက်သူတို့ အဖွဲ့ရောက်လာပြီ ၊ ဟိုနှစ်ကောင်တော့ နာပြီထင်တယ် " ဟု ပြောလိုက်သည်။
ထိုအခါ သူ့မိန်းမသည် "ရှင်ရူးနေတာလား........ဟိုတစ်ယောက်က ဘိုးဘေးမုဖုံရဲ့ မျိုးနွယ်ဝင်တစ်ယောက်လေ ၊ ကာကွယ်စောင့်ရှောက်သူ တစ်ယောက်က ဘယ်လိုလုပ်ထိရဲမှာလဲ " ဟု ပြောလိုက်၏။
ချောင်ဖုန်းတို့ ရောက်ရှိလာတဲ့အခါလူအုပ်ကြီးသည် နောက်ဆုတ်လိုက်ကြပြီး ချောင်ဖုန်းတို့ ၃ယောက်ကို မော့မကြည့်ရဲဘဲ လမ်းဖယ်ပေးလိုက်ကြသည်။ ချောင်ဖုန်းတို့ကို မြင်တဲ့အခါ တိုက်ခိုက်နေသောသူ ၂ယောက်သည် ရပ်တန့်သွားခဲ့၏။