အခန်း (၁၉၆)
Vol. 14 Ch. 196
{စနစ်ရှင်သည် ရေခဲစွယ်နယ်မြေတွင် သောင်းကျန်းသူများကို လိုက်လံ၍ အပြစ်ပေးပါ ၎င်းအတွက်တော့ ဆုလာဒ်ဆောင်ရရှိသေးမည် မဟုတ်သေးပါ }
စနစ်သည် ဒီတစ်ခေါက်မှာ သူ့အား ဆုလာဒ်ဆောင် မပေးသော်လည်း ချောင်ဖုန်းသည် လုံလောက်တဲ့ခွန်အားမျိုးကို ရရှိထားပြီဖြစ်၍ စနစ်ပေးသော တာဝန်မှန်သမျှကို ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်၏။
တိုက်ခိုက်နေသော နှစ်ယောက်ထဲမှ ရွှေဝါရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ဇူရှင်းသည် "မင်္ဂလာပါ.......ကာကွယ်စောင့်ရှောက်သူ ၊ ကျွန်တော်တို့ နှစ်ယောက်က ပညာချင်း ဖလှယ်နေတဲ့အတွက် ဒီကိစ္စက ကာကွယ်စောင့်ရှောက်သူတို့နဲ့ မဆိုင်တဲ့အတွက် ဒီနေရာကနေ အမြန်ဆုံး ထွက်သွားပေးပါ " လို့ လေသံခပ်မာမာဖြင့် ပြောလိုက်၏။
ရှုဟန်သည် ဇူရှင်း ပြောလိုက်သော စကားကြောင့် ပေါက်ကွဲနေသော်လည်း သူတို့ကို ပြောသောလူသည်
အကြီးအကဲမုဖုံရဲ့ မျိုးဆက်တွေ ဖြစ်ကြောင်း ချောင်ဖုန်းကို ပြောပြလိုက်သည်။ ချောင်ဖုန်းသည် ရှုဟန်ကို ခေါင်းငြိမ့်ပြလိုက်၏။
ချောင်ဖုန်းတို့ ပြန်လှည့်မည် ထင်၍ ထိုလူနှစ်ယောက်သည် ထပ်မံတိုက်ခိုက်တော့မည် ချိန်တွင် ချောင်ဖုန်းသည် "မင်းတို့ နှစ်ယောက်ကို ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာသွားဖို့ ငါအကြံပေးချင်တယ်" လို့ ပြောလိုက်၏။
ဇူရှင်းသည် တိုက်ခိုက်ရန် ထုတ်လွှင့်ထားသော သူ့စွမ်းအားများကို လျော့ချလိုက်ပြီး "ကောင်းပြီ.......ငါ့ကိစ္စဝင်ပါတဲ့အတွက် မင်းကောင်းကောင်းကြီး နောင်တရစေရမယ် " ဟု ချောင်ဖုန်းအား ကြိမ်ဝါးလိုက်ပြီး လေပေါ်သို့ ပျံသန်းတက်လိုက်သည်။
ချောင်ဖုန်းသည် ဇူရှင်းရဲ့ ရှေ့တွင် လျှပ်တစ်ပြက် ပေါ်လာခဲ့ပြီး သူ့အား တောင်းပန်ခိုင်းလိုက်၏။ ချောင်ဖုန်းသည် ဘိုးဘေးမုဖုံရဲ့ မျိူးဆက်ကို ပြသာနာရှာရဲလိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ပေ။
ဇူရှင်းသည် ဒေါသထွက်စွာလေသံဖြင့် "မင်းက ကာကွယ်စောင့်ရှောက်သူအသစ်ထင်တယ် ၊ ငါဘယ်သူလဲ ဆိုတာ မင်းလူတွေကို မေးကြည့်လိုက်အုံး " လို့ ပြောလိုက်၏။ ချောင်ဖုန်းသည် ဇူရှင်းကို ကိုယ်ပိုင်လက်သီးစွမ်းအားဖြင့် လေပေါ်မှ ထိုးချလိုက်သည်။
ဇူရှင်းသည် မြေပြင်ပေါ်သို့ တရွတ်တိုက်ပြုတ်ကျလာတဲ့အခါ အားလုံးသည် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားကြ၏။ ရှုဟန်နဲ့ နောက်တစ်ယောက်သည် သူတို့ကို အမြဲစော်ကားနေသော ဇူရှင်းအဖြစ်ကို မြင်သောအခါ အားရသွားကြသည်။ ချောင်ဖုန်းသည် သူ့ကို နာကျင်ထိခိုက်အောင် လုပ်ရဲမယ်ဟု ဇူရှင်းသည် မထင်ထားပေ။
ထိုချိန်မှာ လေဟာနယ်အက်ကွဲကြောင်းမှ လူအယောက်၂၀ကျော် ထွက်ရှိလာခဲ့သည်။ထိုလူများကို မြင်တဲ့အခါ ကြည့်နေသော လူများသည် နောက်ဆုတ်သွားကြပြီး "အကြီးအကဲဇူဟန်တို့ အဖွဲ့လား ၊ အကြီးအကဲဇူဟန်က သူ့သားကို သိပ်ချစ်တဲ့အတွက် ကာကွယ်စောင့်ရှောက်သူ ၃ယောက်ကတော့ သူ့ဒေါသအောက်ကနေ လွတ်မြောက်နိုင်မယ် မထင်ဘူး" လို့ တီးတိုးပြောဆိုနေကြ၏။
ဇူရှင်းသည် ဝမ်းသာအားရဖြင့် "အဖေ......" ဟု လှမ်းအော်လိုက်၏။ ထိုအခါ လူတစ်ယောက်သည် လက်နောက်ပစ် ဇူရှင်း ရှေ့ကို ရောက်ရှိလာပြီး "ငါ့သားကို ထိခိုက်အောင်လုပ်တာ ဘယ်သူလဲ " လို့ ပြတ်သားစွာ မေးလိုက်သည်။
ဇူရှင်းသည် မကျေနပ်သောအကြည့်ဖြင့် ချောင်ဖုန်းအား ကြည့်ကာ "အဖေ........ကျွန်တော်ကို ထိခိုက်အောင်လုပ်တာ ဒီကောင်ပဲ "လို့ ပြောလိုက်၏။
ဇူရှင်း၏ အဖေ ဖြစ်သော ဇူဟန်သည် "မင်းကဘယ်သူလဲ ၊ ဘာကိစ္စကြောင့် ငါ့သားကို ထိခိုက်အောင်လုပ်ရတာလဲ " လို့ မကျေနပ်စွာဖြင့် မေးလိုက်သည်။ ထိုအခါ ရွှီချန်းဟု ခေါ်သော ကာကွယ်စောင့်ရှောက်သူသည် ချောင်ဖုန်းဘေးသို့ ရောက်ရှိလာပြီး အကျိူးအကြောင်း ရှင်းပြလိုက်၏။
ချောင်ဖုန်းသည် ကာကွယ်စောင့်ရှောက်သူ တစ်ယောက်ဖြစ်နေတဲ့အတွက် ဇူဟန်သည် သတ်ဖြတ်ဖို့ ကြံရွယ်ထားသော်လည်း အပြစ်ပေးဖို့သာ ဆုံးဖြတ်လိုက်သည်။ ဇူဟန်သည် သူ့သားရဲ့ ဒဏ်ရာကို ကြည့်လိုက်ပြီး နောက်တစ်ကြိမ် သူသားကိစ္စထဲဝင်ပါရင်တော့ ကာကွယ်စောင့်ရှောက်သူဖြစ်နေပါစေ ဂရုမစိုက်ဘူးလို့ ပြောလိုက်၏။
အထက်နယ်မြေသည် အောက်နယ်မြေထက်ပင် ပိုစိုးနေလိမ့်မည်ဟု မထင်ထားပေ။ ကာကွယ်စောင့်ရှောက်သူဟု ခေါ်သော ရာထူးနာမည်ကြီးသည် ချောင်ဖုန်းအမြင်တွင် ဟာသတစ်ခုလိုပင် ဖြစ်သွားခဲ့၏။ ချောင်ဖုန်းသည် ခေါင်းကို မော့၍ ကျယ်လောင်စွာ တစ်ချက်ရယ်လိုက်လေသည်။
ချောင်ဖုန်း ရူးသွားတာလားလို့ အားလုံးသည် ထင်သွားကြ၏။ ထိုနောက် ချောင်ဖုန်းသည် "ဒူးထောက်စမ်း......."ဟု ကြောက်စရာကောင်းသော အသံစွမ်းအင်လှိုင်းဖြင့် ပြောလိုက်သည်။ထိုအခါ ဇူဟန်တို့ တစ်ဖွဲ့လုံးသည် ပြင်းထန်သော စွမ်းအင်လှိုင်းကြီးသည် သူတို့ကိုယ်ပေါ်သို့ ချက်ချင်း ကျရောက်လာခဲ့ပြီး ဒူးနဲ့မြေကြီး ပြေးဆောင့်ပြီး ချောင်ဖုန်းကို အရိုအသေပြုသလိုပင် ဖြစ်သွားလေသည်။
ဇူဟန်သည် ဝိညဥ်နယ်ပယ်အထွဋ်အထိပ်အဆင့်ကို ရောက်ရှိနေသော တိုက်ခိုက်ရေးသမား တစ်ယောက်ပင် ဖြစ်၏။ဇူဟန်သည် ဖိအားများကြားမှ ချောင်ဖုန်းကို ကြည့်ကာ "အနိူင်းမဲ့နယ်ပယ်အဆင့်လား....." ဟု တုန်လှုပ်ခြောက်ခြားစွာဖြင့် ရေရွတ်လိုက်သည်။
ဇူဟန်လို့ အဆင်မြင့်တိုက်ခိုက်ရေးသမားကိုတောင် အသာအယာ ဖိနှိပ်နိုင်တဲ့အတွက် ချောင်ဖုန်းရဲ့စွမ်းအားသည် သူတို့ခန့်မှန်းလို့ မရနိုင်မှန်းသိရှိသွားကြ၏။ ချောင်ဖုန်းသည် သူ့စွမ်းအားများကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ခုချိန်ကစပြီး ကာကွယ်စောင့်ရှောက်သူအဖွဲ့ကို အတိုက်ခံလုပ်ရဲတဲ့လူရှိရင် အလွတ်ပေးမှာ မဟုတ်ဘူးလို့
ကြိမ်းဝါးလိုက်သည်။
ဇူဟန်တို့အဖွဲ့သည်သည် ဒူးထောက်၍ တောင်းပန်လိုက်ပြီး နောက်တစ်ကြိမ် ထပ်မဖြစ်စေရဘူးဟု ကတိပေးလိုက်ကြ၏။ ချောင်ဖုန်းသည် ထိုလူတွေအား ဂရုစိုက်မနေတော့ဘဲ ရှုဟန် ၊ ရွှီးချန်းတို့နဲ့အတူ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။
ချောင်ဖုန်းသည် သူတို့ရန်စလို့မရမှန်း ဇူဟန်သည် သိရှိသွားခဲ့၏။
ချောင်ဖုန်းတို့သည် တောင်တန်းနှစ်ခုကို ဖြတ်ကျော်ပြီးတဲ့နောက် ရေကန်ကြီးပေါ်ကို ဖြတ်ကျော်နေချိန်တွင် ရေချိူးနေသော မိန်းမပျိုလေးသည် ကြောက်လန့်၍ သွားပြီး သူ့ရဲ့အဝတ်အစားများကို အမြန်ပြေးဝတ်လိုက်၏။
ရွှီးချန်းသည် ပျံသန်းနေရင်း ရေကန်ကြီးကို တွေ့တဲ့အခါ "စီနီယာအကို.....ဒီရေကန်ရဲ့ အောက်ခြေအနက်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ ဒဏ္ဍာရီကျောက်တုံးတွေ ရှိတယ်လို့ သူများတွေ ပြောတာကြားဖူးတယ် " ဟု ပြောလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် ပျံသန်းရာမှာ ရပ်တန့်လိုက်ပြီး ရတနာထောက်လှမ်းရေးစွမ်းအင်ဖြင့် ရေကန်၏ အောက်ခြေအနက်ကို စစ်ဆေးကြည့်လိုက်၏။ ရေကန်၏ အောက်ခြေအနက်တွင် အလွန်ပင်ဆန်းကြယ်သော သက်တန့်ရောင်စုံကျောက်တုံးတစ်လုံးသည် ကြမ်းပြင်ပေါ်တွင် တည်ရှိနေကြောင်း ချောင်ဖုန်းသည် သိရှိသွားခဲ့၏။
ချောင်ဖုန်းသည် ရှုဟန်တို့ နှစ်ယောက်အား စောင့်ခိုင်းလိုက်ပြီး ရေထဲသို့ ခုန်ချသွားခဲ့သည်။ ရေထဲတွင် ပေါက်ကွဲစေနိုင်သော အစီအရင်ကြိုးချောင်းများစွာရှိနေလိမ့်မည်ဟု ချောင်ဖုန်းသည် မထင်ထားပေ။
ထိုအစီအရင်ကြိုးချောင်းများသည် ရေသဏ္ဍာန်အသွင် ဖြစ်နေသောကြောင့် မြင်တွေ့ဖို့ ခက်ခဲလှ၏။ သို့သော် ချောင်ဖုန်းသည် အစီအရင်ကြိုးချောင်းများကို အလွယ်တကူ ရှောင်ရှား၍ ရေအောက်အနက်ကို ရောက်ရှိလာခဲ့သည်။
ကျောက်တုံးနောက်တွင် ရှိနေသော မိန်းမပျိုလေး သည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ များစွာသော ကြိုးမျှင်လေးတွေသည် ရှုဟန်နဲ့ ရွှီးချန်းတို့ နှစ်ယောက်ကို ချုပ်နှောင်သွားခဲ့၏။
ရှုဟန်နဲ့ ရွှီးချန်းသည် စွမ်းအင်များ ချိတ်ပိတ်ခံလိုက်ရပြီး သစ်ပင်တစ်ခုတွင် ဇောက်ထိုးဖမ်းချုပ်ခံလိုက်ရသည်။ ခေါင်းအပေါ်တွင်လိပ်ပြာပုံစံ ဇာပုဝါအဖြူလေး ဆောင်းထားသော မိန်းမပျိူလေသည် "ရှင်တို့က ဘယ်သူတွေလဲ ၊ ဖူယဲအိမ်တော်ကို အန္တရာယ်ပေးဖို့ ရောက်ရှိလာကြတာလား......" ဟု မေးလိုက်၏။
ရှုဟန်နဲ့ ရွှီးချန်းသည် မိန်းမပျိုကို ကြည့်ကာ ရူးနေတာလားဟု တွေးလိုက်မိသည်။ သူတို့နှစ်ယောက်လုံးသည် မျက်လုံးတစ်ခုသာ လှုပ်ရှားလို့ ရနေခဲ့ပြီး ကျန်သော အကြောများအားလုံးသည် ချိတ်ပိတ်ခြင်း ခံထားရခြင်းကြောင့်ပင်ဖြစ်၏။
ချောင်ဖုန်းသည် ရေအောက်အနက်သို့ ရောက်ရှိသွားတဲ့အခါ သက်တန့်ရောင်စုံကျောက်တုံးကို တွေ့ရှိသွားခဲ့သည်။ ချောင်ဖုန်းသည် ထို သက်တံရောင်စုံကျောက်တုံး၏ စွမ်းအားကို စစ်ဆေးကြည့်လိုက်၏။
သက်တန်ရောင်စုံကျောက်တုံးလုံးသည် အဆိပ်နဲ့ပက်သက်သောစွမ်းအားပိုင်ရှင်များအတွက်သာ အသုံးဝင်သော ရတနာတစ်မျိူးပင် ဖြစ်သည်။ ချောင်ဖုန်းသည် သက်တံရောင်စုံကျောက်တုံးကို ယူလိုက်တဲ့အချိန်မှာ ရေကန်ကြမ်းပြင်နဲ့ ကပ်တွယ်ထားခြင်းကို တွေ့လိုက်ရ၏။
ချောင်ဖုန်းသည် သူ့စွမ်းအားများ ပစ်သွင်းလိုက်တဲ့အခါ ရောင်စုံတောက်ပနေသော သက်တန့်ရောင်စုံကျောက်တုံးလေးသည် ချောင်ဖုန်းလက်ပေါ်သို့ ရောက်ရှိလာခဲ့သည်။ ချောင်ဖုန်းသည် သူ့သိုလှောင်ကွင်းထဲသို့ ထည့်လိုက်ပြီး ရေကန်အပေါ်သို့ ပြန်ထွက်လာခဲ့၏။
ချောင်ဖုန်း အပေါ်သို့ ရောက်ရောက်ချင်းမှာပဲ တည်ငြိမ်နေသော ရေကန်လေးသည် ရေလှိုင်းကြမ်းကြီးများ စတင်စီးဆင်းလာပြီး ပင်လယ်သမုဒ္ဒရာကဲ့သို့ ရေလှိုင်းကြီးများစတင်ထပေါ်လာလေသည်။
ချောင်ဖုန်းသည် သက်တန့်ရောင်စုံကျောက်လုံးလေးကို သူ့ယူမိရာက ဖြစ်ပေါ်လာတာလားဟု တွေးထင်လိုက်၏။ ချောင်ဖုန်းသည် ရေလှိုင်းကို အာရုံစိုက်နေစဥ်မှာ မိန်းကလေးတစ်ယောက်သည် ထိပ်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။
ထိုအခါ ရေကန်နဲ့ မနီးမဝေးမှာ ရှိသော အိမ်များအတွင်းမှ လူများသည် မိန်းမပျိုလေးထံသို့ ချက်ချင်းရောက်ရှိလာခဲ့၏။ ချောင်ဖုန်းသည် မိန်းကလေးအနောက်ရှိ သစ်ပင်တွင် ချိတ်ဆွဲထားသော ရှုဟန်နဲ့ ရွှီးချန်းကို တွေ့လိုက်ရ၍ မိန်းမပျိုလေးတို့ အဖွဲ့ရှေ့ကို လျှပ်တစ်ပြက်သွားလိုက်သည်။