← Chapters

အခန်း (၁၉၇)

Vol. 14 Ch. 197

အခန်း (၁၉၇)

Vol. 14 Ch. 197

မိန်းမပျိုလေးနောက်မှ မျက်မမြင်သော အဖွားအိုတစ်ယောက်သည် တောင်ဝှေးကို မြေပေါ်တွင် ထောက်ကာ "ကျောက်ယွီ........နင်ဘာလို့ အလန့်တကြား အော်နေရတာလဲ " ဟု ပြောလိုက်၏။ ထိုအခါ ကျောက်ယွီဆိုသော မိန်းမပျိုလေးသည် "ဖွားဖွား....သမီးတို့ရဲ့ ရေကန်လေးကို လူသုံးယောက်က ဖျက်ဆီးပစ်လိုက်ပြီ " လို့

ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။

ထိုအခါ မျက်မမြင် အဖွားအိုသည် "ကျောက်ရန်.........သူပြောတာအမှန်ပဲလား....." ဟု သူ့နောက်တွင် ရှိနေသော လူအား မေးလိုက်၏။ကျောက်ရန်ဆိုသောသူသည် "သခင်မကြီး........သခင်မလေးကျောက်ယွီ ပြောတာအမှန်တွေပါ " ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် အဖွားအိုအား " မင်္ဂလာပါအကြီးအကဲ.......ကျွန်တော်ရဲ့လူတွေကို အရင်ပြန်လွှတ်ပေးလို့ရမလား....." ဟု ပြောလိုက်၏။

ချောင်ဖုန်းရဲ့အသံသည် သူ့ရဲ့မြေးကျောက်ယွီအရွယ်လောက်သာ ရှိသောကြောင့် အဖွားအိုသည် "လူငယ်လေး.......မင်းတို့က ဘယ်သူတွေလဲ ၊ ဘာလို့အဖွားတို့ရဲ့ ရေကန်ငယ်ကို ဖျက်စီးလိုက်ရတာလဲ " ဟု မေးလိုက်သည်။

ချောင်ဖုန်းသည် သူတို့အဖွဲ့မှာ ကာကွယ်စောင့်ရှောက်သူအဖွဲ့ဖြစ်ကြောင်း ပြောပြလိုက်၏။ ထိုအခါ မျက်မမြင်အဖွားအိုသည် ဖမ်းချုပ်မိထားသော နှစ်ယောက်အား ချက်ချင်းလွှတ်ပေးဖို့ သူ့နောက်လိုက်များကို ပြောလိုက်သည်။

ထို့နောက် အဖွားအိုသည် ဖူယဲ့အိမ်တော်ထဲကို ခဏဝင်အနားယူရင်း စကားပြောဖို့ ကမ်းလှမ်းလိုက်၏။ ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်တဲ့အခါ အဖွားအိုသည် ဝမ်းသာသွားသည်။ စံအိမ်အတွင်းသို့ ရောက်တဲ့အခါ အဖွားအိုသည် ချောင်ဖုန်းတို့အတွက် စားဖွဟ်သောက်ဖွယ်များ ယူလာပေးဖို့ ကျောက်ယွီကို ပြောလိုက်၏။

အဖွားအိုသည် ပြောဖို့ ဝန်လေးနေချိန်မှာ ကျောက်ယွီပြန်လည်ရောက်ရှိလာပြီး စားစရာများကို ချပေးလိုက်ရင်း "ခုနကကိစ္စအတွက် ကျောက်ယွီ.......သခင်လေးတို့ကို တောင်းပန်ပါတယ် " ဟု ပြောလိုက်သည်။

ထို့နောက် ကျောက်ယွီသည် ဖူယဲ့စံအိမ်မှာ အခက်တွေ့နေသော ပြသာနာများကို ပြောပြလိုက်၏။ ဖူယဲ့အိမ်တော်သည် ရေခဲစွယ်နယ်မြေတွင် အင်အားအနည်းဆုံး စံအိမ်တစ်ခုဆိုလဲ မမှားပေ။

သို့သော် ဖူယဲ့စံအိမ်သည် သူတို့မျိုးနွယ်စု အင်အားတောင့်တင်းမည့်

ရတနာလှိုင်ဂူကြီးအား ရှာတွေ့ခဲ့သည်။

သို့သော် မျိုးနွယ်စုထဲမှ လူတစ်ယောက်သည် အင်အားကြီးစံအိမ်များနဲ့ ပူးပေါင်း၍ ဖူယဲ့အိမ်တော်ကို သစ္စာဖောက်သွားခဲ့၏။ ထိုရှေးဟောင်းရတနာဂူထဲတွင် များစွာသော ရတနာများစွာပင် ရှိသည်။

ကျောက်ယွီပြောပြီးနောက် အဖွားအိုသည် ထပ်မံ ထပ်ပြောလိုက်၏။ချောင်ဖုန်းသည် သက်တန့်ရောင်စုံကျောက်လုံးလေးကို ရရှိပြီးသွားပြီ ဖြစ်ကြောင်း အဖွားအိုသည် သိရှိပြီးသွားပြီ ဖြစ်သည်။

သက်တန့်ရောင်စုံကျောက်လုံးလေးသည်လည်း ထိုရှေးဟောင်းရတနာဂူထဲမှ ရရှိလာသည် ဖြစ်ကြောင်း အဖွားအိုသည် ချောင်ဖုန်းအား ရှင်းပြလိုက်၏။ ယခုအခါမှတော့ ဖူယဲ့အိမ်တော်သည် ထိုရတနာဂူအား ထပ်မံသွားမည်ဆိုရင် အင်အားကြီး အိမ်တော်များ၏ သတ်ဖြတ်ခြင်းကို ခံရမည်ဖြစ်ကြောင်း ပြောပြလိုက်သည်။

ထိုအပြင့် အင်အားကြီးအိမ်တော်များဘက်တွင် ကာကွယ်စောင့်ရှောက်သူအဖွဲ့တစ်ဖွဲ့ ရှိသေးသည်ဟု ပြောပြလိုက်၏။ ထိုအခါ ရှုဟန်သည် ချောင်ဖုန်းသာ ကြားနိုင်သော အသံမျိူးဖြင့် ပြောလိုက်သည်။

အင်အားကြီးအိမ်တော်ဘက်တွင် ရှိသော ကာကွယ်စောင့်ရှောက်သူသည် အကြီးအကဲလုံရှန်းအုပ်ချုပ်စဥ်အခါက ရှိခဲ့သော အဖွဲ့ဖြစ်ကြောင်း ပြောပြလိုက်၏။ ထို့အဖွဲ့သည် ကာကွယ်စောင့်ရှောက်သူ ရာထူးနဲ့ မထိုက်တန်ပေ။

အဖွားအိုသည် သူ့တို့အတွက် တရားမျှတစွာ လုပ်ဆောင်ပေးနိုင်မလားဟု ချောင်ဖုန်းအား တောင်းဆိုလိုက်၏။ ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်သည်။ ချောင်ဖုန်းသည် သူတို့ဘက်မှ ထောက်ခံပေးမည်ဟု သိရတဲ့အခါ ကျောက်ယွီတို့သည် ဝမ်းသာသွားကြ၏။

ရေခဲစွယ်နယ်မြေ၏ အစွန်အဖျားတွင် အစွယ်ပုံစံရှိနေသောဂူကြီးရှေ့တွင် အင်အားကြီးမျိုးနွယ်စုဖြစ်သော စံအိမ်အများစုသည် ရောက်ရှိနေကြသည်။ သူတို့သည် အချင်းချင်း ရယ်မောကာ စကားပြောနေခဲ့သည်။

ထိုချိန်မှာ ကျောက်ရန်တို့အဖွဲ့ရောက်လာတဲ့အခါ ရယ်မောနေသော လူများသည် ရပ်တန့်သွားကြပြီး ဒေါသအကြည့်ဖြင့် ကြည့်လိုက်ကြ၏။

ထန်ရွှမ်းချင်လို့ ခေါ်သောလူသည် မကျေနပ်သော အကြည့်ဖြင့် ကျောက်ရန်ကို ကြည့်လိုက်ပြီး "မင်းတို့ဖူယဲ့စံအိမ်ရဲ့ လူတွေက

အသက်ရှင်ရတာ ပင်ပန်းနေကြလို့ ဒီကိုရောက်လာကြလား....."ဟု မေးလိုက်သည်။

ထိုအခါ ကျောက်ရန်သည် "ခွေးကောင် သစ္စာဖောက် မင်းပါးစပ်ကို ပိတ်ထားစမ်း ၊ ငါတို့နဲ့ ပါလာတာဘယ်သူတွေလဲ ဆိုတာ ကြည့်လိုက်အုံး " လို့ ဆိုလိုက်၏။ ထိုအခါ အားလုံးသည် ချောင်ဖုန်းတို့ သုံးယောက်ကို ကြည့်လိုက်သည်။

ရှုယန်နဲ့ ရွှီးချန်းကို တွေ့တဲ့အခါ ရန်ပိုင်ကျန်းလို့ ခေါ်သောသူသည် "ကျောက်ရန်.......မင်းကတော်တော်အတဲ့ကောင်ပဲ အဲ့တာကြောင့်မို့လိုပဲ မင်းတို့ ဖူယဲ့အိမ်တော်က ခုချိန်ထိ ရေခဲစွယ်နယ်မြေထဲမှာ အင်အားအနည်းဆုံးဖြစ်နေတာ " လို့ ပြောလိုက်၏။

ထန်ရွှမ်းချင်သည် "အကိုပိုင်ကျန်းပြောတာမှန်တယ်.......သူတို့က ဘယ်သူတွေလဲ ဆိုတာ မင်းမျက်လုံးနဲ့ သေချာကြည့်လိုက်အုံး " လို့ ပြောကာ လူနှစ်ယောက်ကို လက်ညိုးထိုးပြလိုက်သည်။

ထန်ရွှမ်းချင် လက်ညိုးထိုးပြလိုက်သော လူနှစ်ယောက်သည် ပင်လယ်မီးလှိုင်းနယ်မြေ၏ ကာကွယ်စောင့်ရှောက်သူ နှစ်ယောက်ဖြစ်သော ယင်ဖန် နဲ့ ကွမ်ရီပင် ဖြစ်၏။

ထိုချိန်မှာ ဂူတံခါးဝကြီးပွင့်လာတဲ့အခါ အားလုံးသည် အထဲကို အမြန်ပျံသန်း ဝင်သွားကြလေသည်။ အားလုံးသည် တိတ်ဆိတ်ပြီးကျယ်ဝန်းသော ရှေးဟောင်းရတနာဂူထဲသို့ ရောက်ရှိသွားကြ၏။

အထဲတွင် ငှက်သေများစွာရှိနေတဲ့အတွင် ပုပ်သိုးသိုးအနံများပင် ထွက်ပေါ်နေခဲ့သည်။

ရှေ့ဆက်သွားမည့်လမ်းတွင် လမ်းသွယ်သုံးခုပင် ရှိနေသောကြောင့် အားလုံးသည် ဘယ်လမ်းသွားရမလဲဟု တွေးဝေသွားကြ၏။ ထိုချိန်မှာ ထန်ရွမ်းချင်သည် "အားလုံးပဲ ကျွန်တော်နောက်လိုက်ခဲ့ပါ " ဟု ပြောကာ အလယ်လမ်းသို့ ရွေးချယ်သွားခဲ့သည်။

ထန်ရွမ်းချင်သည် သက်တန့်ရောင်စုံကျောက်တုံး ရရှိစဥ်က လိုက်ပါလာခဲ့တဲ့အခါ လမ်းကြောင်းကို သိရှိနေခြင်းဖြစ်၏။

ချောင်ဖုန်းသည် သူ့ရဲ့စွမ်းအားဖြင့် စစ်ဆေးပြီးတဲ့နောက် တတိယမြောက်လမ်းသွယ်လေးအတွင်းသို့ ရှေ့ဆက်သွားခဲ့သည်။

ထိုချိန်မှာ ရီချုံသည် "အကိုကြီး....... ငါစိတ်ထဲမှာ မကောင်းတဲ့အငွေ့အသက်တွေခံစားနေရတယ် ၊ ဂရုစိုက်သွားပါ " လို့ ပြောလိုက်၏။ ချောင်ဖုန်းတို့ သွားနေစဥ်မှာပဲ အခြားအခန်းမှ အော်ဟစ်သံများကို ကြားလိုက်ရသည်။

ချောင်ဖုန်းသည် များစွာသော အန္တရာယ်စွမ်းအင်များကို ခံစားရတဲ့အခါ စကြဝဠာအစီအရင်ရတနာကို ထုတ်ကာ အကာအကွယ် အမြန် ဖန်တီးလိုက်၏။ အပြာရောင်အကာအကွယ်အစီအရင် ထွက်ပေါ်လာပြီးတဲ့နောက် သဏ္ဍာန်မဲ့အနက်ရောင်စွမ်းအင်လှိုင်းများသည် အကာအကွယ်အစီအရင်ကို ဝင်ရောက်တိုက်ခိုက်ကာ ထိုးဖောက်ပါတော့သည်။

ချောင်ဖုန်းသည် အကာအကွယ်အစီအရင်ထဲမှ ဘယ်သူမှ အပြင်မထွက်ဖို့ ပြောလိုက်၏။ ထိုချိန်မှာ လေဟာနယ်ထဲမှ တည်ငြိမ်အေးစက်သောအသံဖြင့် "မင်းတို့အားလုံးရောက်လာကြတာနဲ့ အတော်ပဲ ၊ မင်းတို့ထဲက ဘယ်သူလွတ်မြောက်နိုင်မလဲ ကြည့်ရသေးတာပေါ့....ဟားဟားဟား" လို့ အော်ရယ်ကာ ပြောလိုက်သည်။

ချောင်ဖုန်းသည် ထိုလူတည်ရှိသော နေရာကို စိတ်ဝိညဥ်စွမ်းအားဖြင့် စစ်ဆေးကြည့်သော်လည်း လုံးဝရှာမတွေ့ပေ။ ချောင်ဖုန်းသည် အစီအရင်ထဲက ထွက်ပြီး သူ့ကို စောင့်နေဖို့ပြောကာ ဂူလမ်းကြောင်းတစ်လျှောက် လျှပ်စီးအလျင်ဖြင့် ပျံသန်းဝင်သွား၏။

ချောင်ဖုန်းသည် ရတနာများကို တွေ့သော်များလည်း စိတ်မဝင်စားဘဲ ရှေ့ဆက်သွားတဲ့အခါမှတော့ ချီဝိညဥ်စွမ်းအင်များစွာ ဖြာထွက်နေသော နေရာကျယ်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ထိုအခန်းတွင် သူ့ရဲ့ချီစွမ်းအင်များသည် အလိုအလျောက်တိုးလာသည်ဟု ချောင်ဖုန်းသည် ခံစားလိုက်ရ၏။

ချောင်ဖုန်းသည် ထိုစွမ်းအား၏ အရင်းအမြစ်ကို စစ်ဆေးကြည့်လိုက်တဲ့အခါ အစီအရင်ရတနာတစ်ခုမှ ထွက်ပေါ်လာတာကို သိလိုက်ရသည်။

All Chapters