အခန်း (၁၉၈)
Vol. 14 Ch. 198
သို့သော် ထိုအစီအရင်ရတနာ၏ နယ်နိမိတ်အတွင်းတွင် အချိန်ကြာမြှင့်စွာ နေထိုင်မိတာနဲ့ ကျင့်ကြံခြင်းစွမ်းအင်များအားလုံးသည် တစ်ပြိုင်နက်အစုပ်အယူခံရမည်ဖြစ်၏။ ချောင်ဖုန်းသည် အဲ့လောက်ရက်စက်သော အစီအရင်ရတနာမျိုးကို မတွေ့ရှိဖူးသေးပေ။
ချောင်ဖုန်းကြည့်နေစဥ်မှာပဲ သဏ္ဍာန်မဲ့သောအနက်ရောင်စွမ်းအားများသည် ချောင်ဖုန်းကို လာရောက်တိုက်ခိုက်ကြ၏။ ချောင်ဖုန်းသည် သဘာဝမီးတောက်ကိုထုတ်လွင့်လိုက်တဲ့အခါ အနက်ရောင်စွမ်းအင်များသည် ချောင်ဖုန်းအနားမရောက်ခင်မှာပဲ လောင်ကျွမ်းသွားကြသည်။
ချောင်ဖုန်းသည် သူ့ကို့တိုက်ခိုက်လာသော အနက်ရောင်စွမ်းအင်များထွက်ပေါ်သောလနေရာသို့ ချက်ချင်း ပျံသန်းသွားလိုက်၏။
ထိုနေရာသို့ ရောက်တဲ့အခါ ချောင်ဖုန်းသည် အခေါင်းတစ်ခေါင်းကို တွေ့ရှိလိုက်ရသည်။ ချောင်ဖုန်းသည် သဘာဝမီးတောက်ဖြင့် အခေါင်းကို တိုက်ခိုက်လိုက်တဲ့အခါမှာ အခေါင်းကြီးသည် ဘေးသို့ ရွေ့သွားပြီး ချောင်ဖုန်းရဲ့ တိုက်ခိုက်ခြင်းကို ရှောင်လိုက်၏။
ထို့နောက် အော်ရယ်သံနဲ့အတူ ခေါင်းတလားထဲမှ အနက်ရောက် စွမ်းအားမျှင်များသည် ချောင်ဖုန်းရှိသို့ တစ်ပြိုင်နက်ရောက်ရှိလာခဲ့သည်။ ချောင်ဖုန်းသည် ထိုစွမ်းအားမျှင်များကို ရှောင်ရှားပြီး ခေါင်းတလားရှိသို့ ပြေးဝင်လိုက်၏။
ချောင်ဖုန်းသည် သူ့စွမ်းအားများကို ရှောင်ရှားနေတဲ့အခါ ခေါင်းတလားထဲမှ ဒေါသထွက်သံများ ထွက်ပေါ်လာခဲ့သည်။ ချောင်ဖုန်းသည် ပြေးနေရင်း ကိုယ်ပွားလိုက်ပြီး ခေါင်းတလားရှိသို့ ပြိုင်တူ ပြေးဝင်လိုက်၏။
အနက်ရောင်စွမ်းအင်လုံးများသည် ခေါင်းတလားအတွင်းမှ အစုလိုက်အပြုံလိုက် ထွက်ပေါ်လာခဲ့၏။ကိုယ်ပွားများသည် များစွာသော စွမ်းအင်လုံးများရဲ့ တိုက်ခိုက်မှု အောက်တွင်ပျောက်ကွယ်သွားပင်မယ့် ချောင်ဖုန်းသည် ခေါင်းတလားရဲ့ အနီးကပ်ကို ရောက်ရှိသွားနိုင်ခဲ့ပြီး ကိုယ်ပိုင်လက်သီးစွမ်းအားဖြင့် ထိုးချလိုက်သည်။
ထိုအခါ ခေါင်းတလားကြီးသည် ကွဲအက်သွားကွာ ပျက်ဆီးသွားခဲ့ပြီး အထဲမှ လူတစ်ယောက်ထွက်ပေါ်လာခဲ့၏။ ထိုလူသည် အလွန်ပိန်လွန်းနေသောကြောင့် အရိုးများစွာပင် ပေါ်ထွက်နေခဲ့သည်။
မျက်လုံးမှိတ်ထားသော အဖိုးအိုကြီးသည် မျက်လုံးများ ပွင့်လာခဲ့ပြီး "မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ အနိူင်းမဲ့နယ်ပယ်အဆင့် ရောက်ရှိနေတာပဲ ၊ ငါရဲ့တိုက်ခိုက်ချက်တွေက မင်းအပေါ်မသက်ရောက်တာ မထူးဆန်းတော့ပါဘူး " ဟု အဖိုးအိုကြီးသည် ညည်းတွားလိုက်သည်။
ထို့နောက် အဖိုးအိုသည် "သူက ငါ့ကို ဖမ်းဖို့ မင်းကို လွှတ်လိုက်တာမလား......မင်းမှာ အရည်အချင်းရှိပေမယ့် ငါ့ကိုဖမ်းဖို့ လွယ်ကူမှာ မဟုတ်ဘူးနော် "ဟု ပြောလိုက်၏။ ထိုချိန် ရီချုံနဲ့ ရန်ယိုသည် ချောင်ဖုန်းခန္ဓာကိုယ်ထဲမှ ထွက်ရှိလာခဲ့ပြီး ဒေါသထွက်စွာဖြင့် တစ်ရှိန်ထိုး တိုက်ခိုက်လိုက်သည်။
အဖိုးအိုရဲ့ ခန္ဓကိုယ်ကြီးသည် ထိုင်နေလျက်ပင် လျင်မြန်စွာ ရှောင်လိုက်ပင်မယ့် ရီချုံနဲ့ ရန်ယိုရဲ့ တိုက်ခိုက်မှု အောက်တွင် ဒဏ်ရာရရှိသွားခဲ့၏။ အဖိုးအိုသည် ဧရာမခေါင်းနှစ်လုံးနဂါးနှစ်ကောင်ကို တွေ့လိုက်ရတဲ့အခါ နောင်တရသွားခဲ့ပြီး "နတ်ဆိုးနဂါးညီနောင်လား........မင်းတို့မသေသေးဘူးလား ၊ နောက်ပြီး ဒီကောင်လေး ခန္ဓာကိုယ်ထဲ ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ " ဟု ပြောလိုက်သည်။
ချောင်ဖုန်းသည် " ရီချုံနဲ့ရန်ယို ........မင်းတို့နှစ်ယောက်က ဒီအဖိုးကြီးကို သိနေတာလား " ဟု မေးလိုက်၏။ ထိုအခါ ရီချုံသည် "အကိုကြီး..... ရီချုံတို့ကို ဝိုင်းထောင်ချောက်ဆင်ဖမ်းတဲ့အထဲမှာ ဒီလူလဲ ပါတယ် " ဟု ပြောလိုက်သည်။
အဖိုးအိုသည် နတ်ဆိုးနဂါးညီနောင်ကို တွေ့တဲ့အခါ သူလုပ်ခဲ့မိတာများကို နောင်တပင် ရနေခဲ့၏။ နတ်ဆိုးနဂါးညီနောင်ကို ဖမ်းစဥ်အခါတွင် အစီအရင်ဖွဲ့စည်းပုံကို ထိန်းချုပ်သောသူမှာ ထိုအဖိုးအိုပင် ဖြစ်သည်။ချောင်ဖုန်းသည် သူ့ကို ဖမ်းရန်ရောက်ရှိလာတာမဟုတ်တာကို အဖိုးအိုသည် သိရှိသွားခဲ့၏။
အဖိုးအိုသည် နတ်ဆိုးနဂါးညီနောင်ကို တောင်းပန်နေခဲ့သည်။ ထို့နောက် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ခဲ့သော အကြောင်းအရာများကို ရှင်းပြပါတော့သည်။
ထိုအချိန်တွင် အဖိုးအိုသည် လူငယ်လေးတစ်ယောက်သာ ရှိသေးပြီး အစီအရင်ဆရာကြီးတစ်ယောက်ပင် ဖြစ်၏။ သို့သော် သိုင်းကျင့်ကြံမှု အဆင့်တွင် အလွန်နိမ့်ကျသောကြောင့် သူ့ကိုယ်သူ အားမရပေ။
ထိုချိန်မှာပဲ ကျင့်ကြံမှု မြင့်မားသော အနိူင်းမဲ့နယ်ပယ်အဆင့် ဆရာကြီးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး အပေးအယူလုပ်ခဲ့၏။ အနိူင်းမဲ့နယ်ပယ်အဆင့် ဆရာကြီးသည် နတ်ဆိုးညီနောင်နှစ်ပါးအား ဖမ်းပေးနိုင်လျှင် အနိူင်းမဲ့နယ်ပယ်အဆင့်ထိရောက်အောင် ဆောင်ရွက်ပေးမည်ဟု ကတိပေးခဲ့သည်။
ထို့ကြောင့် အဖိုးအိုသည် နတ်ဆိုးညီနောင်နှစ်ပါးအား သူ့လူများနဲ့အတူ ဖမ်းဆီးနိုင်ပေးခဲ့၏။ အနိူင်းမဲ့နယ်ပယ်အဆင့်ဆရာကြီးသည် သူ့ဂတိအတိုင်း သူ့ကျင့်ကြံမှုတွေ တိုးတက်လာအောင် အမှန်တကယ်ပင် လုပ်ဆောင်ပေးခဲ့သည်။
ထို့ကြောင့် အဖိုးအိုသည် အနိူင်းမဲ့နယ်ပယ်အဆင့်သို့ တက်နိုင်ခဲ့ပြီး အထက်နယ်မြေသို့ တက်နိုင်ခဲ့၏။ သို့သော် အဖိုးအိုသည် အနိူင်းမဲ့နယ်ပယ်အဆင့်ဆရာကြီးရဲ့ လို့ဝှက်ချက်တစ်ခုကို သိရှိသွားခဲ့တဲ့အချိန်က စပြီး အထက်နယ်မြေ၏ လုံခြုံသောနေရာများတွင် ပုန်းကွယ်၍ နေရပါတော့သည်။
ထို့ကြောင့် သူသည် ရေခဲစွယ်နယ်မြေ၏ အစွန်ဖျားတွင် ရှိသော ဂူကြီးတစ်ခုအတွင်းသိူ့ ရောက်ရှိလာခြင်းပင် ဖြစ်၏။ ချောင်ဖုန်းသည် အဖိုးအိုသိရှိထားသော လို့ဝှက်ချက်ကို မေးမြန်းကြည့်လိုက်သည်။
ထို့လို့ဝှက်ချက်ကတော့ အနိူင်းမဲ့နယ်ပယ်၏ အထွဋ်အထိပ်အဆင့်ကို ရောက်နေသော ဆရာကြီးသည် နတ်ဘုရားအဆင့်ကို တက်လှမ်းရန်အတွက် လိုအပ်သော ကျင့်ကြံမှုစွမ်းအားများကို တခြားသူများထံမှ လိုက်လံ စုပ်ယူခြင်းပင် ဖြစ်၏။
ထိုဆရာကြီးသည် လူတစ်ယောက်ကို အနိူင်းမဲ့နယ်ပယ်အဆင့်ထိရောက်အောင် ဆောင်ရွက်ပေးပြီး အချိန်တန်လျှင် ထိုလူအားသတ်ပစ်ပြီး ကျင့်ကြံမှု စွမ်းအားများကို စုပ်ယူခြင်းပင် ဖြစ်ပေသည်။
ချောင်ဖုန်းသည် ထိုလူသာ နတ်ဘုရားဖြစ်သွားလျှင် အောက်နယ်မြေသည်လည်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူးဆိုတာ သိရှိသွားခဲ့၏။
အဖိုးအိုသည် အရာအားလုံးပြောပြပြီးတဲ့နောက် နာကျင်စွာ အော်ဟစ်သံနဲ့အတူ သူတစ်ဘဝလုံး ကျင့်ကြံလာခဲ့သည် စွမ်းအင်များအား ချောင်ဖုန်းကို ထုတ်ပေးလိုက်ရင်း သူ့ကို ခွင့်လွှတ်ဖို့ ရီချုံနဲ့ ရန်ယိုအား တောင်းပန်လိုက်လေသည်။
အဖိုးအိုသည် အနိူင်းမဲ့နယ်ပယ်အလယ်အလတ်အဆင့်ကို ထိုးဖောက်နေချိန်တွင် တိုက်ခိုက်ခံလိုက်ရတာကြောင့် ဒုက္ခိတတစ်ယောက်ဖြစ်သွားခဲ့ခြင်းပင်ဖြစ်သည်။ သို့သော် သူ့ရဲ့ ကျင့်ကြံမှုစွမ်းအားများသည် အလွန်ပင် တန်ဖိုးရှိသေး၏။
အဖိုးအိုသည် ထိုဆရာကြီးအား နတ်ဘုရားမဖြစ်အောင် ဆောင်ရွက်ဖို့ ချောင်ဖုန်းတို့ကို အကူအညီတောင်းပြီးနောက် သူ့ကိုယ်သူ သတ်သေသွားလေသည်။ ချောင်ဖုန်းသည် အဖိုးအိုရဲ့ ကျင့်ကြံမှုစွမ်းအားကို တစ်ခါ စုပ်ယူဖို့ ပြင်ဆင်လိုက်ပြီး ရီချုံတို့အား စောင့်ကြည့်ခိုင်းလိုက်၏။
ချောင်ဖုန်းသည် အဖိုးအိုရဲ့ ကျင့်ကြံမှုစွမ်းအားကို စုပ်ယူနေချိန်မှာ လူ၁၀ယောက်သည် ချောင်ဖုန်းရှိနေသော အခန်းထဲသို့ ရောက်ရှိလာခဲ့သည်။ ထိုလူတွေကတော့ ယင်ဖန်နဲ့ ကွမ်ရီတို့ အဖွဲ့ပင် ဖြစ်၏။
ချောင်ဖုန်းရဲ့ နောက်တွင် အဖိုးအိုတစ်ယောက်ကို တွေ့တဲ့အခါ ယင်ဖန်နဲ့ ကွမ်ရီသည် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး ထိုအဖိုးအိုသည် သူတို့ကို ရှာဖွေနေသော အဖိုးအိုဖြစ်နေမလားဟု ခန့်မှန်းလိုက်၏။
ယင်ဖန်နဲ့ ကွမ်ရီသည် သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားများကို ထုတ်လွင့်လိုက်ပြီး ချောင်ဖုန်းရှိသို့ ပြေးဝင်သွားကြသည်။ထိုချိန်မှာ ရီချုံနဲ့ရန်ယိုသည် ချောင်ဖုန်းရှေ့မှ လျှပ်တစ်ပြက်ပေါ်လာခဲ့၏။ဧရာမခေါင်းနှစ်လုံးနဂါးကြီးကို တွေ့လိုက်ရတဲ့အခါ ၁၀ယောက်လုံးသည်လိပ်ပြာလွင့်မတက် ဖြစ်သွားလေသည်။